♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 9, 2016

" နေအိမ်မှ စိတ်ဆိုး၍ ထွက်သွားသူ ပြန်လာစေသော ဆုတောင်း ဂါထာမန္တာန် " (Mg Pauk)

 
မိသားစုဝင် တစ်ဦးဦးဖြစ်စေ၊ ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ၊ သားဖြစ်စေ၊ သမီးဖြစ်စေ၊ တူ, တူမ, မြေး, မြစ် စသည်ဖြင့် တစ်ဦး တစ်ယောက်သည် စကားပြော အဆင်မပြေ၊ စိတ်သဘောထားချင်း မတိုက်ဆိုင်၊ စိတ်အခန့်မသင့်၊ စိတ်ဆိုးပြီး အခြား အရပ်တစ်ပါး တစ်နေရာရာသို့ ထွက်သွားလျှင် မိသားစုဝင် တစ်ဦးဦးမှ အောက်ပါ ဆုတောင်းဂါထာမန္တာန်ကို နေအိမ် ဘုရားဆောင်တွင် အလင်းတိုင်၊ အမွှေးတိုင်၊ ဆွမ်း၊ ရေချမ်းကပ်လှူ ပူဇော်၍ (၃၇) ခေါက် ရွတ်ဖတ်ပေးပါ။ (၇) ရက် ဆက်တိုက် ပြုလုပ်ပေးရပါမည်။ စိတ်ဆိုး ဆင်းသွားသူ အိမ်ပေါ် ပြန်ရောက်လာလျှင် ရပ်ထားပါ။ (၇) ရက် လုပ်ရန် မလိုတော့ပါ။

ဘုရားဆောင်ရှေ့တွင် ရွတ်ဖတ် ဆုတောင်းရမည့် ဂါထာမန္တာန်မှာ -

  * ဧဝံ အစိန္တိယေ၊ အစိန္တိယာ၊ ပသန္နံနာ၊ ဝိပါကောဟောတု၊ အစိန္တိယော၊ အနုတ္တရာပုရိသ ဓမ္မအာအာသော၊ မေတ္တဉ္စအာပေါ။

အထက်ပါ ဂါထာမန္တာန် ဆုတောင်းကို ဘုရားဆောင်တွင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ အလင်းတိုင်၊ အမွှေးတိုင် ပူဇော်ပြီး (၃၇) အုပ်
ရွတ်ဖတ်ပေးပါ။ (၇) ရက်အတွင်း သတင်းသော်လည်း ကြားရမည် (သို့မဟုတ်) နေအိမ်မှ ဆင်းသွားသူ ပြန်လာပါလိမ့်မည်။

ငွေကုန်ကြေးကျ မရှိပဲ မိမိ မိသားစုကိုယ်တိုင် ပြုလုပ်နိုင်သည့်အပြင် ကုသိုလ်လည်းရ၊ စိတ်ချမ်းသာရသည့် နည်းစနစ်ကောင်းဖြစ်၍ တင်ပြလိုက်ရပါသည်။

(* နေရာတွင် ဥုံခံ၍လည်း ရွတ်ဆိုနိုင်ပါသည်။)

ချမ်းမြေ့ သာယာကြပါစေ...

* - * - * - * - * - *

{"သိဒ္ဓိမိုး" မဂ္ဂဇင်း၊ အမှတ် (၄၀)၊ (၂၀၀၉) ခုနှစ်၊ ဇန်နဝါရီလထုတ် (အုပ် (၄၀) ပြည့် အမှတ်တရ အထူးထုတ်) ၌ ပါရှိသည့် "နတ်မောက် "မင်းသန့်နိုင်" ၏ ဆောင်းပါးအား ပြန်လည် တင်ပြသည်။}





www.mcmm.ga


Credit : http://www.maungpauk.org/2016/06/by-chan-lay-mcmm_9.html 

No comments:

Subscribe

လာလည်သူများ

free counters