♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
February 21, 2015
"မဖတ်ရသေးသော မိတ်ဆွေများအတွက် အမတ်ကြီး ဦးပေါ်ဦး၏ ဟာသများ"
ဘိုးတော်မင်းတရားကြီး၏ ငယ်ကျွန်အမတ်ကြီး ဦးပေါ်ဦးအနေနဲ့ သူတစ်ပါး ဒုက္ခရောက်လျှင် တတ်စွမ်းသလောက် စောင့်ရှောက်ကူညီတယ်။ ဘုရင်ကိုလည်း မခိုးမခန့် လျှောက်လားလျှောက်ရဲ့၊ ရယ်စရာဖြစ်အောင် လုပ်လားလုပ်ရဲ့၊ အဲဒါတောင်မှ မင်းတရားကြီးက ခွေးမသား ခေါ်လိုခေါ် အရူးလို့ ငေါက်လိုငေါက်နဲ့ အရေးပေးတော်မူတယ်။ …ဦးပေါ်ဦးရဲ့ အိမ်ကို ကြည့်အုံးမလား။
…ထွက်ဝင် ခစားသူတွေ တရုန်းရုန်း၊ လက်ဆောင်ပဏ္ဏာတွေ လာရောက်ဆက်သသူတွေကလည်းတစ်နေ့တစ်နေ့ မနည်းဘူး။
" ကိုရီးယား ထမင်းသုတ်(Bibimbap) စားကြမယ် " ( wut yee food house)
ကိုရီးယားထမင်းသုတ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊
ရေပန်းအစားဆုံး ထမင်းသုတ်တမျိုးဖြစ်ပါသည်။
တချို့ကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။
ပါဝင်သောပစ္စည်းများ
  • အမဲသား (သို့) ကြက်သား [chicken]                    ♦ ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ချက်ပြီသား ထမင်း [cooked rice]                        ♦ ဆန်နို့ဆီဗူး ၁လုံးခွဲ
  • ပဲပင်ပေါက် [bean sprout]                                 ♦ လက်တစ်ဆုပ်စာ (ရေဖြင့်
" အသည်းကျောက်တည်တာ မဖြစ်အောင် ကာကွယ်နိုင်ဖို့နှင့် ကျောက်ကြေအောင်ကုသနည်း.."
**Public Health**
အသည်းကျောက်တည်တာ မဖြစ်အောင် ကာကွယ်နိုင်ဖို့လူဆယ်ဦးမှာ တစ်ဦးနှုန်း လောက်ဟာ အသည်းမှာကျောက် တည်တဲ့ဝေဒနာ ခံစားရ လေ့ရှိပြီး အဲဒီလိုကျောက် မတည်ဖို့အတွက် အရည်များများ သောက်ပေးဖို့လို အပ်ပြီး သန့်စင်တဲ့ ရေများများ သောက်ပေး တာကတော့ အကောင်းဆုံး ပါပဲ။ ဆင်ဆင်ခြင်ခြင် စားရမှာ တွေကတော့ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဟေဇယ်စေ့၊ ပဲပိစပ်၊ ကန်စွန်းဥနဲ့ ချောကလက် စတာ တွေဖြစ်ပြီး အသား
"သလဲသီးဖျော်ရည်တစ်ခွက် သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင် " များများသောက်မိလို့ကတော့..ဒုက္ခော ..ဟိဟိ
အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် သလဲသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်..
သလဲသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သလဲသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
အကြောင်းကတော့ သလဲသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် သလဲသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ သလဲသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။ သလဲသီးမှာ
"မီးတို့ရေ...ဒေါ်လေးပြောပြမယ်နော်... ယောက်ျားတွေကို ထိန်းချင်ရင် ဟော့သလိုလုပ်ပေတော့" ဟီးဟီး..ခ်ခ်ခ်
မီးတိုရေ...ဒီမယ်သေချာမှတ်ထားအေ့...ယောက်ျားတွေကိုထိန်းနည်း ၄ နည်းရှိတယ်အေ့။
February 20, 2015
"သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ် "
ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။
"မိန်းကလေးအများစု သတိမထားမိသည့် အမှားများ"
မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။
(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း
မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ်
"ဆံပင်ညှပ်လို့ စက်ကတ်ကြေးထိရင် HIV ကူးနိုင်သလား(ဗဟုသုတအနေဖြင့် ဖတ်သင့်သည်)"
မေး။ ။ ကျွန်တော်ဆံပင်ညှပ်တာ ဆိုင်မှာ စက်ကက်ကြေး ထိသွားတယ်။ အရမ်းကြောက်တယ် အဓိကကတော့ HiV ကူးစက်မှာကြောက်လို့ပါ။ ပိုးကလေထဲမှာ ဘယ်လောက်ထိနေနိုင်လဲ ဘယ်အချိန်မှာ ဆေးစစ်သင့်လဲ။ နောက်ပြီး ဘယ်နေရာမှာ တိကျတဲ့ ဆေးစစ်ချက်ကို ရနိုင်မလဲ။ ကာကွယ်လို့ရော ရနိုင်မလား အကုန်သိချင်ပါတယ်။
"ဆီးချိုသမားတွေစားဖို့ ဓာတ်စာ"
ဆီးချိုဆိုတာ သွေးတွင်းသကြားဓာတ် မြင့်မားလာရခြင်းကြောင့် ဖြစ်ပေါ်လာ တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုရောဂါအမျိုးအစား
(၁) ခန္ဓာကိုယ်မှ အင်ဆူလင် မထုတ်လုပ်နိုင်တဲ့ အမျိုးအစား၊
(၂) ထုတ်လုပ်ပေးတဲ့ အင်ဆူလင်ကို ခန္ဓာကိုယ်မှ ကောင်းမွန်စွာအသုံး
မချနိုင်တဲ့အမျိုးအစား ဆိုပြီး ခွဲခြားထားပါတယ်။
"မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ"
မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
February 19, 2015
"ဆွဲဆောင်မှုရှိသော အမျိုးသားများက တကိုယ်ကောင်းဆန်ဟု ဆို" ..ဟိုက် သေရော..!!!
ဆွဲဆောင်မှုရှိသော အမျိုးသားများမှာ ဆွဲဆောင်မှုရှိသော အမျိုးသမီးများထက် ပိုမိုတကိုယ်ကောင်းဆန်လေ့ ရှိကြောင်း စစ်တမ်းတရပ်က ရေးသားဖော်ပြသည်။ လန်ဒန်ရှိ ဘရူနိုတက္ကသိုလ်က အဆိုပါစစ်တမ်းကို ကောက် ယူခဲ့ခြင်းဖြစ်ပြီး ကြည့်ကောင်းသော ယောက်ကျားများက သာမန်အသွင်အပြင်ရှိသော ယောက်ကျားများထက်
" ဟိုလိုတွေ ဒီလိုတွေကြောင့် လက်မထပ်ပါနဲ့…လက်ထပ်ချင်ရင်တော့..ဟော့ အောက်ဆုံးမှာ ရေးပြထားသလိုထပ်နော်.."
(၁) အတူနေချင်လို့ဆိုပြီး လက်မထပ်ပါနဲ့
(၂) အရွယ်ရောက်လာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မထပ်ပါနဲ့၊
(၃) အသက်ကြီးလာလို့ လက်မထပ်ပါနဲ့၊အထီးကျန်လို့ဆိုပြီး လက်မထပ်ပါနဲ့၊
The Lord of the Rings: The Fellowship of the Ring (2001) ( မြန်မာစာတန်းထိုး မကြည့်ရသေးသော သူများအတွက်ပါ)
ဒီကားကတော့ တစ်ချိန်မှာ လူကြိုက်များ နာမည်ကြီးလာမယ့် The Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးထားပေးပါတယ်။
" မိန်းမတို့  ရဲ့  လက်နက်များ…တဲ့ " ပျော် စရာ..စာသားလေး အဖြစ်..တင်ပြ.ရုံသက်သက်ပါခင်ဗျာ..ဘယ်သူ့ ကိုမှ..လှောင်ပြောလိုစိတ်မရှိပါဘူး နော်
၁ ။ ပါးစပ်သေနတ်
မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘ၀မှာသိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြတာ—တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင်ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင်
ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် )
" စနစ်ကျကျ ရေချိုးတတ်ပြီလား "
ရေဘယ်လိုချိုးမလဲ
ပင်ပန်း နွမ်းနယ် နေချိန်မှာ ရေစိမ် ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှုပြေ လျော့ပြီး စိတ်ကို လန်းဆန်း သွားစေပါ တယ်။ ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှ မဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ် နဲ့ ခန္ဓာကို အနားရစေပါတယ်။ ဆေး ပညာကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူပင် သောကများ နေသူတွေ အတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ်ကြာတဲ့အခါ ရရှိတဲ့အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက် တာထက် ပိုမို အာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြားအကြောင်းရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
(၁) အရေပြားခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ် ရေထဲကို ဂျုံမှုန့် အနည်းငယ် ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး
February 18, 2015
" ပထမဆုံး သမီးရည်းစားချိန်းတွေ့နေ့မှာ ကုန်ကျစရိတ်တွေကို ဘယ်သူပေးဆောင်သင့်လဲ "
ပထမဆုံး ချစ်သူရည်းစားချိန်းတွေ့ရက်တွေဆိုတာ အလွန်အရေးကြီးပါတယ်။ တကယ်တော့ စိတ်ကူးယဉ်ဆန် အချစ်ဇာတ်လမ်းကို စတင် ပုံဖော်ရတဲ့နေ့ဖြစ်ပါတယ်။ ချစ်သူရည်းစားဖြစ်သူနဲ့ ပထမဦးဆုံး ချိန်းတွေ့ရက်ကို ပြန်လည် သုံးသပ်ပြောဆိုမှု လုပ်တိုင်း မကြာခဏဆိုသလို အမျိုးသမီးတစ်ဦး အမေးခံရတဲ့ ပထမဆုံးမေးခွန်းက “သူရှင်းခဲ့သလား” ဆိုတာ ဖြစ်ပါတယ်။
" BB Cream: ကိုရီးယား မင်းသမီးများရဲ့ အသားအရေ အလှ လျှို့ဝှက်ချက် "
ကိုရီးယားမလေးတွေ အသားအရေလှကြတာကို ကိုရီးယား ဒရာမားကားတွေကြည့်ဖူးသူတိုင်း သတိထားမိကြမှာပါ။ ကျွန်မ ဒီရောက်တော့လည်း အကုန်လုံးက အသားအရေလှမှလှ၊ မျိုးရိုးကြောင့်လားပေါ့။ မဟုတ်ပါဘူး။ သူတို့ မျက်နှာအသားအရေ အဲလို လှပနေတာ BB cream ကြောင့်ပါ။
"ညာလေးတို့ရေ...ကိုကိုတွေ ရူးသွားစေမဲ့ ခရမ်းရောင် smokey eye ခြယ်နည်းလေးကို သုံးကြည့်ပါဦး "
Smokey Eye ဆို အမဲရောင်ခြယ်ကြတာများလို့ ဒီတစ်ခေါက် အပြောင်းအလဲလေးဖြစ်အောင် ခရမ်းရောင်လေးကိုရွေးထားပါတယ်။ တစ်ဆင့်ချင်းဆိုတော့ ကြည့်ရတာလွယ်ကူမယ်ထင်ပါတယ်ရှင်။ အခု tutorial လေးကို http://www.makeupforlife.net မှယူပါတယ်။
အရင်ဆုံးအနေနဲ့ Eye-primer ကို မျက်ခွံမှာအရင် ထည့်ပါတယ်။  ထည့်ခြင်းဖြင့် မျက်ခွံပေါ်မှာ
" ငရဲခွေးကြီးတွေနဲ.မဖဲဝါ " မဖတ်ရသေးသော ချစ်မိတ်ဆွေများအတွက်
တာတေရဲ့ မဖဲဝါအကြောင်း ဖတ်ချင်သူ မိတ်ဆွေများအတွက် စာအုပ်လေးပါ၊ အောက်မှာ ဒေါင်း
နိုင်ပါတယ်.....
စာအုပ်အမည် – ငရဲခွေးကြီးတွေနဲ.မဖဲဝါ
ရေးသားသူ – တာတေ
အမျိုးအစား – (သရဲဇာတ်လမ်း) ၀တ္တုရှည်
 Download
"ကမ္ဘာ့အကြီးဆုံး တင်ပါး ပိုင်ရှင် မမကြီး" အထိုင်အထတော့ ခက်တော့မှာဘဲ..
ပုံမှာ မြင်တွေ့နေရတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး တင် အရွယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပတ်လည် ကို ပေကြိုးနဲ့ တိုင်းရင် ၈ ပေတောင် ရှိပါတယ်။ နည်းတဲ့ အရွယ်ကြီး မဟုတ်ပါဘူး။
February 17, 2015
" ပျိုမေ - မောင်တို့ အသုံးဝင်စေဖို့" အမာရွတ်တွေ အမဲကွက်တွေဖုံးပေးတဲ့ မိတ်ကပ်လေးပါ...ဟီးဟီး...ဆေးမဆိုးဘူးနော် ဆေးအုပ်ရုံလေးပါ..
ကျွန်မရှာဖွေတွေ့ရှိထားတဲ့ အသုံးဝင်မယ့်ဆေးနည်းလေးတွေနဲ့အသုံးဆောင်လေးကိုဝေဌချင်လို့ပါ။ အချို့သောမိန်းမပျိုလေးတွေစကပ်အတိုဝတ်ချင်ပေမယ့် ခြေသလုံးသားအေ၇ာင်မညီတာတို့.. ခြေထောက်က မွှေးညှင်းပေါက်တွေ ကျယ်နေတာတို့. ဒဏ်ရာဟောင်းလေးတွရှိတာနဲ့ ဒူးခေါင်းမဲနေတာတို့ အရမ်းကိုအဆင်ပြေမယ့်
" ဆန်တိုဖူးသုပ် " တို့များ ငယ်ငယ်တုန်းကဆိုရင် တပွဲ ငါးပြားဆို ဗိုက်အပြည့်ဘဲ...
တိုးဖူး အမျိုးမျိုး ရှိတဲ့အနက် ဒီတခါတော့ ဆန်နဲ့လုပ်တဲ့ ဆန်တိုဖူး လုပ်စားဖြစ်တယ်။ လုပ်စားထားတာ တော်တော်ကြာပါပြီ။ ကိုယ်တို့ မြစ်ကြီးနားမှာဆို ဆန်တိုဖူး၊ မြေပဲတိုဖူး၊ ၀မ်းတိုဖူး(တိုဖူးဝါ)၊ ပဲတိုဖူး(ပဲဝါလေး တိုဖူး)၊ ပဲပြား(ပဲပုပ်စေ့တိုဖူး)၊ ကြက်ဥတိုဖူး
"အသက် ၈၈ နှစ်အရွယ်ရှိ အဘိုးတစ်ဦးက သူ့ ရဲ့ သားဖြစ်သူ ၆၅ နှစ်ကို တံမြက်စည်းနဲ့ ရိုက်နှက်ဆုံးမမိခဲ့ တဲ့ အတွက်ဒါဏ်ငွေချမှတ်ခံရ"
တစ်ဦးကို တံမြက်စည်းနဲ့ ရိုက်နှက်ဆုံးမမိခဲ့ တဲ့ အတွက်ဒါဏ်ငွေ ပေါင်စတာလင် ၂၀၀၀( ဒေါ်လာ
 ၃၀၀၀ ခန့် )ပေးဆောင်ဖို့ လက်ခံသဘောတူခဲ့ ပါတယ်...
" ကျွန်တော်သာဆိုယင်တော့ တရားရုံးကို အခုလိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုအတွက်
" ရေခဲတုံး ဖင်ခုထိုင်သူ"
Brrrr ... Wim Hof's daily ice training
အေးရာအေးကြောင်း ကိုရေခဲ
               ကျွန်တော်တို.မြန်မာစကားမှာအေးအေးဆေးဆေးနေချင်သူကိုရေခဲတုံးဖင်ခုထိုင်တယ်လို.
ဆိုရိုးစကားရှိပါတယ်။အခုတော.အဲဒီစကားကတင်စားတာတင်မဟုတ်ပဲတကယ်ဖြစ်လာနေပါပြီ။
" မှားတဲ့အခါလည်း မှားပေမပေါ့ " တော်သေးတာပေါ့...ဂွမ်းဖတ်မို့လို့...
ငယ်ငယ်က ကာတွန်း ဦးအောင်ရှိန်ရဲ့ မော်ဒန်ကာတွန်းမှာ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်တို့ တလွဲလုပ်ပြီးရင် မှားတဲ့ အခါလည်း မှားပေမပေါ့ လို့ ပျော်ပျော်ကြီး အော်လိုက်ကြပဲ ။ ကိုယ်ကိုယ်တိုင်လဲ တလွဲတွေ ခဏခဏမို့ ဦးရှံစားတို့လို အော်ရ ပေါင်းလည်း မနဲတော့ ပါဘူး။ တချို့ တလွဲတွေကို လူသိရှင်ကြား အော်ရမှာ ရှက်တာနဲ့ တိတ်တိတ်လေး နေရတာလည်း ရှိခဲ့ပါရဲ့။ ခုတော့ အသက်ကလဲ ရ လာတော့ သိတ်မရှက်တတ်တော့ ပါဘူး။
February 16, 2015
" ဟာသ များ "
၁။ ကောင်မလေး။ ။ ရှင် ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား.
ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ
ပြန်စစ်ကြည့်ပြီးပြီ..
၂။ ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?
ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..
" အမေကို သိပ်ချစ်လွန်းတဲ့ သားလိမ္မာတွေနဲ့ ချစ်သူဖြစ်ရတဲ့အခါ ဒီလိုအခက်အခဲတွေ ကြုံတွေ့နိုင်" ဟီးဟီး သဘောကျတာကွာ..
တစ်ခါတစ်လေ အမျိုးသားတွေကို နားလည်ပေးဖို့ ကြိုးစားရတာ ခက်ခဲပါတယ်။  အားလုံးမဟုတ်တောင် အချို့ပေါ့လေ။ အဲ့ဒီအချို့သော အမျိုးသားတွေထဲမှာမှ အမေကို အရမ်းချစ်ပြီး အမေ့ စကားတစ်ခွန်းကို မြေ၀ယ်မကျနားထောင်တတ်သူနဲ့ သင်ချစ်သူဖြစ်ပြီဆိုရင်တော့ နာကျင်စရာကိစ္စရပ်တွေကို တွေ့လာနိုင်ပါတယ်။ ဒါဟာ မလွဲမသွေပါပဲ။ ရည်းစားဘ၀မှာ မကြုံရရင်တောင် အိမ်ထောင်ကျပြီး ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့လာနိုင်တယ်ဆိုတာ စဉ်းစားနေစရာတောင် မလိုပါဘူး။ ဒီတော့ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးမှာ အခက်အခဲလေးတွေ ကြုံလာနိုင်တယ်ဆိုရင် ဒါဟာ ဘာတွေများဖြစ်မလဲ။
" ယောကျာ်းတို့ လက်မလွတ်သင့်သော မိန်းမမျိုး " တွေ့တာနှင့် သိမ်းပိုက်ထားပေတော့..
၁။ အကြောင်းပြချက်မရှိ စိတ်ဆိုးသည်ကို ချော့တတ်သော မိန်းမ-
၂ ။အမြဲတစေ ခွင့်လွတ်တတ်သော မိန်းမ -
၃။ အမတယောက်ကဲ့သို့ အကာအကွယ်ပေးသော မိန်းမ -
၎။ အမြဲတစေ အရိပ်တကြည့်ကြည့်ပြုစု စောင့်ရှောက်တတ်သော မိန်းမ –
" ပထမဆုံး ဒိတ်လုပ်တဲ့အခါ သူစားတဲ့ အစားအစာကို ကြည့်ပြီး သူဘယ်လိုလူမျိုးလဲဆိုတာ ခန့်မှန်းနိုင် "
ကိုယ့်ချစ်သူနဲ့ ပထမဆုံး ဆိုင်တစ်ဆိုင်မှာ နှစ်ယောက်ချိန်းတွေ့တုန်းက သူဘာမှာစားခဲ့သလဲဆိုတာ မှတ်မိသေးရဲ့လား။ အဲ့ဒီလိုမှမဟုတ်ပဲ ခုမှ စတွဲကြည့်မယ့် ကောင်လေးနဲ့ စားသောက်ဆိုင်မှာ ချိန်းဆိုထားတယ်ဆိုရင်လည်း သူဘာမှာစားမလဲဆိုတာကို ကြည့်ပြီး သူဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်အနေနဲ့ သုံးသပ်ကြည့်နိုင်တယ်နော်။
၁။ အသားပြား
  နှစ်ယောက်သားဆုံကြတဲ့နေရာက ဥရောပဆိုင် ခပ်သန့်သန့်လေးလား။ ဘယ်လိုဆိုင်မျိုးမှာပဲဖြစ်ဖြစ် သူက ခရင်းနဲ့ဓားနဲ့ အကျအန ကိုင်စားရတဲ့
" ကားပြိုင်မောင်းဂိမ်းအကောင်းဆုံးလေး Asphalt 7: Heat v1.1.1 [Mega Mod] Apk "
sphalt 7 HD apk
ကားပြိုင်မောင်းဂိမ်းအကောင်းဆုံးလေး Asphalt 7: Heat v1.1.1 [Mega Mod] Apk လေးကတော့ ကားပြိုင် ဂိမ်းတွေထဲမှာ မှ ရုပ်ထွက်ကောင်းပြီး ဆော့လို့ကောင်းတဲ့ဂိမ်းလေးပါ အခု ဗားရှင်းအသစ်လေး ထွက်လာလို့ဘော်ဒါတွေအတွက်တင်ပေးလိုက်ပါတယ်ဗျာ (ပုသိမ်အိုင်တီ)
February 15, 2015
  ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာ ငါးမျိုး
ရေခဲသေတ္တာဆိုတာ အစားအစာတွေကို လတ်ဆတ်စေဖို့၊ မပုပ်မသိုးစေဘဲ တာရှည်ခံဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ဆိုပြီး အပူချိန်လျှော့ချ၍ အအေးခံသိမ်းဆည်းထားတဲ့ နေရာလေးဖြစ်တာမို့ ဇိမ်ခံပစ္စည်း မဟုတ်ဘဲ အိမ်တစ်အိမ်အတွက် မရှိမဖြစ် ပစ္စည်းတစ်ခုလေးပါပဲ။ အိမ်ရှင်မများအတွက် သက်မဲ့အတွင်းရေးမှူး (လက်ထောက်)ဆိုလည်း မမှားပါဘူး။
" လူသားမုန့်ဟင်းခါးကို စားမိ၍ ဒုက္ခရောက်ခဲ့ရသော မိသားစု (ဖြစ်ရပ်မှန်) "
ယခုဖော်ပြပေးမယ့် ဇာတ်လမ်းလေးဟာ တစ်ချိန်တစ်ခါတုန်းက မြောင်းမြမြို့အနားက ရွာကလေးတစ်ရွာ မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကလေးပဲဖြစ်ပါတယ်.. လူတစ်ယောက်ရဲ့ အသားဟာ ဘယ်လိုပဲ ဘယ်လောက်ပဲ အရသာရှိရှိ ဇာတ်တူသားစားရင် ပျက်စီးတတ်တဲ့ ဟင်္သာကိုးသောင်းရဲ့ ဥပမာလို ဒီဇာတ်လမ်းလေးကိုလည်း သာဓကထား သံဝေဂယူနိုင်စေဖို့ ရှေးလူကြီး အဆင့်ဆင့်က လက်ဆင့်ကမ်းပြောပြခဲ့ကြပါတယ်.. စာဖတ်ပရိသတ် မန်ဘာများအနေနဲ့လည်း ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ဗဟုသုတရစေရန်ရည်ရွယ်ပြီး ရေးသားလိုက်ရ ပါတယ် ရှင်... စာဖတ်ပရိသတ် မန်ဘာများ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာနဲ့ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ...
" ချစ်သူများနေ့ ဘယ်လိုဖြတ်သန်းနေကြလဲ? " သြော် ဒုက္ခ ဒုက္ခ သမီးလေးရယ်.. မေမေရင်ကျိုးရချေရဲ့ အေ....
ရန်ကုန်မြို့တွင်း လမ်း ဘေးရှိလိင် နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့်ဆိုင်များ ယခုရက်ပိုင်းအ တွင်း အရောင်းသွက်လို့နေသည်။ထိုသို့ရောင်းအားမြင့်တက် လာစေခြင်းမှာ ဖေဖော်ဝါရီ ၁၄ ရက် ဗယ်လင်တိုင်းဒေး(ချစ်သူ များနေ့)နှင့်တိုက်ဆိုင်နေခြင်းက ယင်းဈေးကွက်တွင် အရောင်းအ ၀ယ်ပြုလုပ်နေသူများအတွက် အသစ်အဆန်းတော့မဟုတ်ပေ။
" သတိ!! အသက် ဆယ့်ရှစ်နှစ် ပြည့်သူများ ဖတ်ရန်သာ" ဆယ့်ရှစ်နှစ်အောက် မဖတ်ရ"
" ပုရစ်ကြော်ကြိုက်သူများ သတိထားစရာ " ပုရစ်တွေကို ပိုးသတ်ဆေး သုံးပြီး ဖမ်းထားတာပါခင်ဗျာ"
ဒီနေ့ ကုက္ကိုသီးမှည့်တွေ ကြွေကျနေတာမြင်တော့ ပုရစ်ကြော် ကြိုက်သူတွေအတွက် သတိပေးစရာ ရှိနေတာကို ပြန်အမှတ်ရလိုက်တယ်။ နယ်တွေဖက်မှာ ပုရစ်ကောက်ကြတာ ကျွန်တော်တို့ငယ်ငယ်ကလို မဟုတ်တော့ပါဘူး။
ကျွန်တော်တို့ငယ်ငယ်ကတော့……
ဒီလိုဆောင်းညတွေမှာ မြို့လမ်းမီးတိုင်တွေအောက် ပြေးလွှားပုရစ်ကောက်ပြီး တပျော်တပါး ကြော်စားခဲ့ကြဖူးတယ်။ အဖိုး၊ အဖွားတွေရဲ့ ရွာကိုရောက်တော့ ရွာခံ သူငယ်ချင်းတွေနဲ့ ချောင်းကမ်းပါးမှာ ပုရစ်တွင်းနှိုက်ပြီး၊ ရလာတဲ့ ပုရစ်တွေကို အဒေါ်တွေက အစာသွပ်ကြော်ကျွေးခဲ့ဖူးတယ်။
" eBay တွင် ကိုယ့်ကိုယ်ကို ရောင်းချသည့် အမျိုးသမီး "
ကလေး နှစ်ယောက် အမေ လူးဝစ်ကားတစ် ဆိုသူက စိတ်ကူးထဲက ချစ်သူမျိုးကို ရှာဖွေရန် အတွက် သူ့ကိုယ်သူ eBay မှာ လေလံ တင်ခဲ့ကြောင်း သိရသည်။ သူမက စိတ်ကူးယဉ် ချစ်သူမှာ ဂရိနိုင်ငံသား ဖြစ်ရမည်၊ ယောက်ျားပီသပြီး ခံ့ညားရမည်ဟု ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး၏ ဖော်ပြချက်တွင် အပျို မဟုတ်တော့သော်လည်း အပျိုနီးပါး လှသွေးကြွယ် သေးကြောင်း၊ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး ပျော်ပျော် နေတတ်သူ ဖြစ်ကြောင်း၊ ဖန်တရာ တေနေသည့်
Subscribe
လာလည်သူများ
free counters