Smokey
Eye ဆို အမဲရောင်ခြယ်ကြတာများလို့ ဒီတစ်ခေါက် အပြောင်းအလဲလေးဖြစ်အောင်
ခရမ်းရောင်လေးကိုရွေးထားပါတယ်။ တစ်ဆင့်ချင်းဆိုတော့
ကြည့်ရတာလွယ်ကူမယ်ထင်ပါတယ်ရှင်။ အခု tutorial လေးကို
http://www.makeupforlife.net မှယူပါတယ်။

အရင်ဆုံးအနေနဲ့
Eye-primer ကို မျက်ခွံမှာအရင် ထည့်ပါတယ်။ ထည့်ခြင်းဖြင့် မျက်ခွံပေါ်မှာ
ပို ကြာကြာခံပြီး ဘူးမှာ ပြထားတဲ့ အရောင်အတိုင်း ရစေမှာပါ။

ဒုတိယအဆင့်အနေနဲ့က
ခရင်မ်ရှဲဒိုး ခဲရောင်ကို မျက်ခွံတစ်ခုလုံးမှာခြယ်ပါတယ်။ ခဲရောင်အစား
အခြားအရောင်တွေလည်းထည့်လို့ရပါတယ်။ နောက်ထည့်မယ့် shadow မှာပါတဲ့ glitter
တွေ မပြန့်ကျစေဖို့ပါ။

Glitter အလက်ပါတဲ့ အမဲရောင်ရှဲဒိုးကို ခုန cream shadow အတိုင်း ထပ်ခြယ်ပါတယ်။

ပြီးရင်
shadow အမဲရောင်အမှိန် နဲ့ ခုနခြယ်ထားတဲ့ glitter shadow ရဲ့အပေါ်ရယ်၊
မျက်လုံးထောင့် ဘေးစွန်းရယ်ကို အနားလိုက်သတ်ပါ။
မျက်အိမ်ကျဉ်းတဲ့သူတွေဆိုရင်၊ ဘေးသားကိုနည်းနည်းပိုယူပေးရပါမယ်။

မျက်ခုံးရိုးပေါ်စေဖို့highlight အဖြူရောင် နဲ့ မျက်ခုံးအောက် အပြင်ထောင့်ကို ခြယ်ပါတယ်။

ပြီးတော့မှ၊ အလက်ပါတဲ့ ခရမ်းရောင်ကို မျက်ခွံမှာထည့်ပါ။ Dimension ရစေဖို့ အလယ်ကိုများများပိုထည့်ပေးဖို့လိုပါမယ်။

မျက်လုံးအပေါ်နား၊ အောက်နားကို ခဲတံလိုင်နာနဲ့ လိုက်ပါ။

မျက်တောင်အတုတပ်ရတာအဆင်မပြေတဲ့သူတွေအတွက် ဒီအဆင့်ကိုကျော်နိုင်ပါတယ်ရှင်။

အသွင်ဆန်းတဲ့ smokey eye လှလှလေးရပါပြီ။ သေပါပြီ..ဒီအကြည့်နှင့်တင်

မျက်လုံးမှိတ်လိုက်တဲ့အခါ...အာဘွာ့ပေးချင်သလိုဖြစ်လာပြီ..ဟီး

Tutorial မှာသုံးထားတာတဲ့ products တွေက
NARS Arabian Nights Trio Eye Shadow
NARS Jolie Poupee Duo Eyeshadow
NARS Pandora Duo Eyeshadow
တို့ဖြစ်ပါတယ်။
ဒါပေမယ့်
brands တွေအကုန်လုံးမှာ ဒီလိုအရောင် တွေ ရှိနေတာဆိုတော့
ဒါကိုသုံးမှတော့မဟုတ်ပါဘူး။ ကြိုက်နှစ်သက်ရာကို သုံးပြီးခြယ်နိုင်ပါတယ်။
Semester ပြီးခါနီးမှာ
assignment တွေတစ်ခုပြီးတစ်ခု ဆက်နေတာကြောင့်၊ ဘလော့လေးဘက်ကို ခန
မလှည့်ဖြစ်ဖြစ်နေတာပါ။ Christmas ဆိုရင်တော့ အားပါပြီ။ အစဉ်အားပေးကြတဲ့
စာဖတ်သူအားလုံးကိုကျေးဇူးတင်လျက်-
Credit : thanakharmay.blog
No comments:
Post a Comment