♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 18, 2015

" ပထမဆုံး သမီးရည်းစားချိန်းတွေ့နေ့မှာ ကုန်ကျစရိတ်တွေကို ဘယ်သူပေးဆောင်သင့်လဲ "

ပထမဆုံး ချစ်သူရည်းစားချိန်းတွေ့ရက်တွေဆိုတာ အလွန်အရေးကြီးပါတယ်။ တကယ်တော့ စိတ်ကူးယဉ်ဆန် အချစ်ဇာတ်လမ်းကို စတင် ပုံဖော်ရတဲ့နေ့ဖြစ်ပါတယ်။ ချစ်သူရည်းစားဖြစ်သူနဲ့ ပထမဦးဆုံး ချိန်းတွေ့ရက်ကို ပြန်လည် သုံးသပ်ပြောဆိုမှု လုပ်တိုင်း မကြာခဏဆိုသလို အမျိုးသမီးတစ်ဦး အမေးခံရတဲ့ ပထမဆုံးမေးခွန်းက “သူရှင်းခဲ့သလား” ဆိုတာ ဖြစ်ပါတယ်။

တစ်ယောက်တည်းသမား ၈၀% ကျော်က ပထမဦးဆုံးချိန်းတွေ့နေ့မှာ ယောက်ျားလေးဘက်မှ အကုန်အကျ အားလုံးကျခံသင့်တယ်လို့ ယူဆကြပါတယ်။ ယနေ့ခေတ် အမျိုးသမီးဝါဒ တိုးတက်လာပြီး တန်းတူအခွင့်အရေး အတွက် တိုက်ပွဲဝင်နေတဲ့ ခေတ်ကြီးမှာ အမျိုးသမီးများနဲ့ အမျိုးသားများ အားလုံး မပြောင်းလဲချင်တဲ့ လူမှုရေးဆိုင်ရာ သဘောတူညီချက်တချို့ ရှိနေပါတယ်။ တကယ်လည်း အမျိုးသမီးများက ပထမဆုံး သမီးရည်းစား ချိန်းတွေ့ရက်မှာ သူတို့ ပိုက်ဆံအိတ်ကို ထိတောင် မထိခဲ့ကြပါဘူး။ အများစုကလည်း စားသောက်ပြီးလို့ ယောက်ျားလေးဘက်မှ အကုန်အကျခံ ရှင်းလိုက်တာဟာ အဆင်ပြေ ကောင်းမွန်တဲ့ သမီးရည်းစား ချိန်းတွေ့ ရက်တစ်ရက်ဖြစ်ကြောင်း သဘောတူကြပါတယ်။
အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ အပြင်အတူထွက်တိုင်း ကိုယ်ပဲ လိုက်ရှင်းနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေဟာ ပထမနေ့မှာတော့ စားသောက်ဆိုင်မှာ ကျွေးမွေးပြုစုခံရတာ ကြိုက်နှစ်သက်တတ်ကြပါတယ်။ အမျိုးသမီးတစ်ဦးကို အပြင်လိုက်ထွက်ဖို့ ကိုယ့်ဘက်က စခွင့်တောင်းခဲ့ရင် ကုန်ကျ စရိတ် အားလုံး ကိုယ်ကပဲ ခံသင့်ပါတယ်။ ချိန်းတွေ့မှု အဆင်မပြေဖြစ်ခဲ့လို့ သူမနဲ့ နောက်လုံးဝ ထပ်မတွေ့တော့ဖို့ ဆုံးဖြတ်ခဲ့ရင်တောင် ကျသင့်တဲ့ ဘေလ်အားလုံး မိမိကပဲ ရှင်းလိုက်တာ ယဉ်ကျေးရာ ရောက်ပါတယ်။
အမျိုးသမီးတို့… ဒီလိုပြောလိုက်လို့ ငွေရှင်းချိန်ရောက်တဲ့အချိန်မှာ ကုလားထိုင်နောက်မှီထိုင်ပြီး မျက်နှာလွှဲ ပစ်ရမယ်လို့လည်း မဆိုလိုတာပါဘူး။ ယောက်ျားလေး အများစုကလည်း ကောင်မလေးဘက်ကမှ “တို့ရှင်းပေးမယ်” ဆိုတဲ့ စကားလေးတော့ ကြားချင်ကြပါတယ်။
Ref:timesofindia.indiatimes.com
Credit : trend.com.mm

No comments:

Subscribe

လာလည်သူများ

free counters