♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 17, 2015

" ပျိုမေ - မောင်တို့ အသုံးဝင်စေဖို့" အမာရွတ်တွေ အမဲကွက်တွေဖုံးပေးတဲ့ မိတ်ကပ်လေးပါ...ဟီးဟီး...ဆေးမဆိုးဘူးနော် ဆေးအုပ်ရုံလေးပါ..




ကျွန်မရှာဖွေတွေ့ရှိထားတဲ့ အသုံးဝင်မယ့်ဆေးနည်းလေးတွေနဲ့အသုံးဆောင်လေးကိုဝေဌချင်လို့ပါ။ အချို့သောမိန်းမပျိုလေးတွေစကပ်အတိုဝတ်ချင်ပေမယ့် ခြေသလုံးသားအေ၇ာင်မညီတာတို့.. ခြေထောက်က မွှေးညှင်းပေါက်တွေ ကျယ်နေတာတို့. ဒဏ်ရာဟောင်းလေးတွရှိတာနဲ့ ဒူးခေါင်းမဲနေတာတို့ အရမ်းကိုအဆင်ပြေမယ့်
အသုံးဆောင် Sally Hensen airbrush leg ပါ။ မြန်မာမိန်းကလေးတွေအများစုက ထမီရှည်ရှည် စကပ်ရှည်ရှည်လေးတွေ ၀တ်နေကျမို့ (မိန်းကလေးတိုင်မဆိုလိုပါ) ခြေထောက်ကိုတော်ရုံဂရုမစိုက်ခဲ့ကြဘူး။ အခုချိန်မှာ စကပ်တွေ ဘောင်းဘီတိုတွေခေတ်စားလာတာရယ်၊ နိုင်ငံရပ်ခြားမှာ အများနဲ့ လျှော်ညီအောင်ဝတ်ကြ ရတဲ့အခါ.. ဟောင်ကောင်လေဆိပ်မှာ တစ်ခါသာဆုံဖူးခဲ့တဲ့အန်တီတစ်ယောက်က ဟိုမှာ သူလဲမြန်မာဘဲ ဆိုပီး ပြတော့ ကူးက ဘယ်လိုသိတာလဲမေးတော့ သူ့ခြေထောက်ကိုကြည့်ပါလားတဲ့.. စကပ်တိုတို ၀တ်ထားပီး အနာရွတ်အမဲတစ်ချို့နဲ့ အမျိုးသမီးကိုလှမ်းပြတော့ ..အဲဒီအချိန်ကနေစပီး အဆင်ပြေသုံးနိုင်မယ့်ပစ္စည်းကိုရှာနေခဲ့တာ.. ကူးလဲခြေထောက်မှာမြေပုံလိုအမှတ်လေးရှိတယ် တော်ရုံဆိုအတိုတွေမ၀တ်ဘူး။ အတိုဝတ်ရင် သူများ attention ပိုဖြစ်တာနဲ့ မသိတဲ့သူတွေက tatoo ထင်ပြီးလာလာမေးလို့ ကြာတော့ စိတ်ပျက်ပီးမ၀တ်ဖြစ်တော့တာ။ အခြားကောင်မလေးတွေအတိုဝတ်တာတွေ့ရင်သိပ်သဘောကျတာ..အရင်ကကြားဖူးတာကြပေမယ့် သေချာမစမ်းခဲ့ရဘူး။ အခုကိုယ်တိုင်ဝယ်စမ်းကြည့်ပီး အရမ်းကိုအဆင်ပြေတာကြောင့် ဝေဌလိုက်တာပါ။ အရောင်ကို ကိုယ့်အသားရေထက်နဲနဲညိုတာကိုရွေးဝယ်ပါ။ ဒီက အဖြူမလေးတွေကတော့ သူတို့အသားရည်ထက်များကြီးညိုတာလိမ်းတယ်... ဒါကြောင့်သူတို့ခြေထောက်လေးတွေကြည့်လိုက် ရင် အမြဲတမ်း ချောမွတ်ပီး စင်းနေတာဘဲ... ရေစိုလဲခံပါတယ်... Spray type ကပိုကောင်းပါတယ်။ ဈေးလဲအဲလောက်မကြီးပါဘူးရှင်။ အွန်လိုင်းမှာရှာဝယ်လို့ရပါတယ်။




ပုံကို google က ယူပါတယ်ရှင့်။

မျက်ကွင်းညိုသူများ။ ။ မျက်လုံးနားမှအရေးကြောင်းများနဲ့ မျက်နှာ တင်းရင်းလှပစေဖို့.. - မုန်လာဥနီ နဲနဲ (ကြိတ်၊ ထောင်း) -နွားနို့၊ ဂျုံ ၊ သံပုရာသီး တစ်စိပ် အားလုံးပျစ်အောင်မွှေပီး လိမ်းပါ.. ၁၅ မိနစ်သာထားပါ.. မျက်နှာရေနွေးနဲ့သစ်ပါ...တစ်ခါလုပ်ကြည့်ပီးလို့ ကိုယ့်မျက်နှာလေး တင်းတင်းမွတ်မွတ်လေးဖြစ်လို့အဆင်ပြေရင် တစ်ပတ် ၂ ခါလောက်လုပ်လို့ရပါတယ်။ အသားရည်အမျိုး မျိုး ကွဲတာကြောင့် အနည်းငယ်လိမ်းပီးအရင်စမ်းကြည့်ပါ။

ပါးစပ်နံပျောက်နည်း။ ။.... ခါတိုင်းလုပ်နေကြလုပ်ရိုးလုပ်စဉ်တွေနဲ့ နည်းလည်းတွေကိုတော့ ထပ်မပြောတော့ပါဘူး။ သွားကျမ်းမာရေးပုံမှန်လုပ်နေပေမယ့် အခြေနေအမျိုးမျိုးကြောင့် ပါးစပ်နံနေတဲ့သူတွေအတွက် ဒါလေးကတော့ အထိရောက်ဆုံးနဲ့အသုံးတစ်ကယ်တည့်မယ့်နည်းလေးပါ။ မနက်သွားတိုက်ပီး တစ်ခါ၊ ညဖက်သွားတိုက်ပီးတစ်ခါ ဆိုဒါမှုန့် Baking soda နဲ့ သံပုရာရည်ရောပီး ပလုတ်ကျင်းပေးပါ.. ၃ ရက်ဘဲ စမ်းကြည့်ပါ။ အချိုးအစားကတော့ ဆိုဒါမှုန့် လက်ဖက်ရည်တစ်ဇွန်း၊ သံပုရာတစ်လုံးပါ... သောက်ရေတစ်ခွက်စာရေထည့်ပီးဖျော်ပါ။ သုံးမကုန်ရင် ရေခဲသေတ္တာထဲထည့်သိမ်းပါ။

 ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေသူများအတွက်။ ။
 ရေနွေးနွေးမှာ သံပုရာသီးတစ်လုံးကိုအရေညှစ်.ပီး မချက်ထားတဲ့ အုန်းဆီ (Virgin coconut oil) လက်ဖက်ရည်တစ်ဇွန်းထည့်မွှေပီးသောက်ပေးပါ.. မနက်တစ်ခွက် ညတစ်ခွက်ဘဲ.. ပျောက်ပြီ..
 အစားမှားလို့ရင်ပူနေသူများအတွက်။ ။ ဆိုဒါအနည်းငယ်ရေဖျော်ပီးသောက်ပါ..

 နိုင်ငံရပ်ခြားကိုသွားမယ့် ပျိုမေတွေအတွက်ရာသီဥတုအရမ်းကွာဟတဲ့နိုင်ငံတွေသွားမယ်ဆိုရင် သနပ်ခါးက လွဲလို့ အခြားမျက်နှာလိမ်းအသုံးဆောင်တွေကို ကိုယ်နေမယ့်နိုင်ငံရောက်မှဘဲ ၀ယ်လိမ်းရင်ပိုအဆင်ပြေပါတယ်။ ထုတ်ကုန်ခြင်းအတူတူ... အရည်အသွေးနဲ့ အမျိုးစား နေရာ ဒေသကွဲပြီး ရောင်းတာမို့ မျက်နှာလိမ်းအသုံး ဆောင်တွေယူလာရင် အဆင်မပြေဖြစ်ပီး တင်းတိပ်..၀က်ခြံနဲ့အမဲစက်တွေထွက်လာ တတ်တာမို့ သတိထားကြပါလို့။

Posted by စန္ဒကူး
Credit : loveluvv.blog

No comments:

Subscribe

လာလည်သူများ

free counters