♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 19, 2015

" ဟိုလိုတွေ ဒီလိုတွေကြောင့် လက်မထပ်ပါနဲ့…လက်ထပ်ချင်ရင်တော့..ဟော့ အောက်ဆုံးမှာ ရေးပြထားသလိုထပ်နော်.."


(၁) အတူနေချင်လို့ဆိုပြီး လက်မထပ်ပါနဲ့

(၂) အရွယ်ရောက်လာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မထပ်ပါနဲ့၊

(၃) အသက်ကြီးလာလို့ လက်မထပ်ပါနဲ့၊အထီးကျန်လို့ဆိုပြီး လက်မထပ်ပါနဲ့၊

(၄) ကိုယ့်ကို ငွေရေးကြေးရေး အထောက်အကူပေးနိုင်ဖို့ လက်မထပ်ပါနဲ့၊

(၅) မှားယွင်းစွာ ရလာတဲ့ ကလေးအတွက် လက်မထပ်ပါနဲ့၊

(၆) သူ့ကို မဆုံးရှုံးချင်လို့ဆိုပြီး လက်မထပ်ပါနဲ့၊

(၇) မိသားစုဖိအားတွေကြောင့် လက်မထပ်ပါနဲ့၊

(၈) လက်ထပ်တဲ့အတွေးအခေါ်ကို နှစ်ခြိုက်လို့ လက်မထပ်ပါနဲ့၊

(၉) ကိုယ်မြင်တွေ့နေရတဲ့ လက်ထပ်ဂါဝန်လှလှလေးတွေ ၀တ်ချင်လို့ လက်မထပ်ပါနဲ့၊

(၁၀) သူငယ်ချင်းတွေအားလုံး အိမ်ထောင်ပြုကုန်လို့ ကိုယ်လက်မထပ်ပါနဲ့၊

ဒါပေမယ့်…
လက်ထပ်ပါ…
ကိုယ်သူ့ကို မြတ်မြတ်နိုးနိုးချစ်နေလို့
လက်ထပ်ပါ၊
သူ ဒါမှမဟုတ် သူမက ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်း၊ မိတ်ဆွေဖြစ်နေလို့ လက်ထပ်ပါ၊
ဘာလို့လဲဆိုတော့ အဲဒီအချစ်တွေ ပျက်ပြယ်ခဲ့ရင်တောင်…
သူ ဒါမှမဟုတ် သူမက ကိုယ့်ကိုပြုံးစေနိုင်လို့ပါပဲ…

Credit : အညတရ
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။ မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Shwe Chit Thu.Com

No comments:

Subscribe

လာလည်သူများ

free counters