♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 19, 2015

"ဆွဲဆောင်မှုရှိသော အမျိုးသားများက တကိုယ်ကောင်းဆန်ဟု ဆို" ..ဟိုက် သေရော..!!!

 
 


ဆွဲဆောင်မှုရှိသော အမျိုးသားများမှာ ဆွဲဆောင်မှုရှိသော အမျိုးသမီးများထက် ပိုမိုတကိုယ်ကောင်းဆန်လေ့ ရှိကြောင်း စစ်တမ်းတရပ်က ရေးသားဖော်ပြသည်။ လန်ဒန်ရှိ ဘရူနိုတက္ကသိုလ်က အဆိုပါစစ်တမ်းကို ကောက် ယူခဲ့ခြင်းဖြစ်ပြီး ကြည့်ကောင်းသော ယောက်ကျားများက သာမန်အသွင်အပြင်ရှိသော ယောက်ကျားများထက်
အတ္တကြီးသည်ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတွေဟာ သူတို့ကို တခြားသူတွေက ပိုမိုတန်ဖိုးစေဖို့ အပြင်းအထန်ကြိုးပမ်းလေ့ ရှိပါတယ်။ အကြောင်းကတော့ သူရဲ့ ဆွဲဆောင်မှုရှိမှုကို သူတို့စိတ်ထဲမှာ တန်ဖိုးကြီးမားတဲ့ ဆုလာဘ်တစ်ခ အဖြစ် မှတ်ယူထားလို့ပဲ ဖြစ်ပါတယ်။” ဟု အဆိုပါ စစ်တမ်းကို ဦးဆောင်ပြုလုပ်ခဲ့သော ခေါင်းဆောင်ဖြစ်သော မိုက်ကယ်ပရိုက်စ်က ဆိုသည်။

ကြည့်ကောင်းသော သူများမှာ သာမန်လူများနှင့် တစ်မိုင်ခရီးပိုသွားမည် မဟုတ် ကြောင်း၊ သူတို့ကိုယ်သူတို့ အများထက် ရှေ့ရောက်နေသူများဟု ထင်မှတ်ထားကြကြောင်း ပရိုက်စ်က ဆိုသည်။ သို့သော် ပရိုက်စ်နှင့်အဖွဲ့က ဆွဲဆောင်မှုရှိသော အမျိုးသားများက ဆွဲဆောင်မှုရှိသော အမျိုးသမီးများထက် ပိုမို တစ်ကိုယ်ကောင်းဆန်သည်ဟူသော အချက်ကို သေချာရှင်းမပြခဲ့ပေ။
အဆိုပါစစ်တမ်းကို ရိုးရှင်းစွာပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လူတစ်စုထံမှ လူတစ်ဦးနှင့်တစ်ဦး အကြား ငွေမည်မျှပေးသည်ဟူသော ကိစ္စကို သဘောထားကောက်ခံ ခဲ့ရာတွင် ရုပ်ချောသော အမျိုးသားများထံမှ ငွေနည်းနည်းသာ ရသည်ဟု ပြောကြားခဲ့ကြသည်။ ဆေးလိပ်သောက်သော အမျိုးသားများသည်လည်း စိတ်ကူးယဉ်တတ်သော ဆယ်ကျော်သက်ကောင်မလေး များထက် ကပ်စေးနှဲသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

 ပရိုက်စ်နဲ့ အဖွဲ့က စစ်တမ်းအရ အမျိုးသားများအနေဖြင့် ပိုမိုဆွဲဆောင်မှုရှိလေလေ၊ စီးပွားရေးနှင့် လူမှုဆက်ဆံရေး တန်းတူဖြစ်မှုများတွင် အားနည်းလေလေပင် ဖြစ်ကြောင်း နောက်ဆုံးကောက်ချက် ချခဲ့သည်။

Credit : Planet Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Shwe Chit Thu.Com

No comments:

Subscribe

လာလည်သူများ

free counters