
၁။ကိုယ့်ကို သူအမေနဲ့ ရင်နှီးစေချင်ပြီး သူအမေ့စကားကို တသွေမတိမ်း နားထောင်စေချင်တယ်။
သူနဲ့ရည်းစားဖြစ်ပြီးမကြာခင်မှာပဲ မတော်ရသေးတဲ့ ယောက္ခမက ခေါ်ခိုင်းတယ်ဆိုလို့ သင်လိုက်သွားရပါလိမ့်မယ်။ ဟိုက ဘာလုပ်၊ ဘယ်သွား၊ ဘယ်လိုလေးနေ ဆိုပြီး မှာကြားတာတွေကို သင့်ချစ်သူကလည်း သင့်ကို နားထောင်စေချင်ပါလိမ့်မယ်။ အဲ့ဒီအတိုင်းလည်း ပြုမူစေချင်ပါလိမ့်မယ်။ ဒါ့အပြင် သူကပဲ သင့်ချစ်သူ ဘာတွေကြိုက်တတ်တာ၊ ဘာလုပ်တာ မကြိုက်ဘူးဆိုတာတွေ သင့်ကို ပြောပြပြီး သင့်ချစ်သူပြောရမယ့် စကားအားလုံးက သူက တာဝန်ယူပြောဆိုသွားပါလိမ့်မယ်။
၂။သားကိုချစ်လို့ အမေ့ကိုပါ သူကြိုက်တတ်တာလေးတွေ လက်ဆောင်ပေးရခြင်း၊ ဖုန်းမကြာခဏဆက်ရတာမျိုးတွေ လုပ်ရပါလိမ့်မယ်။
ကိုယ့်ကောင်လေးက မင်းကိုအမေကတောင် မေးနေသေးတယ်လို့ ပြောလိုက်ခြင်းဟာ သင် သူ့ကို သွားတွေ့စေချင်တာမျိုး၊ မဟုတ်ရင် ဖုန်းဆက်စေချင်တာမျိုးတွေ လုပ်စေချင်တာပါ။ ဒီလောက်မှ အဆင်မပြေရင်တော့ သူ့ကို လက်ဆောင်တွေ ဘာတွေ ၀ယ်သွားပြီး မျက်နှာလုပ်ဖို့ အချိန်ပါပဲ။
၃။ကိုယ့်ချစ်သူရဲ့ ဘ၀မှာ သင်အနေနဲ့ ပထမနေရာ၊ သီးသီးသန့်သန့် ရှိလာနိုင်ဖို့ ခဲယဉ်းပါတယ်။
သင့်ချစ်သူနဲ့ နှစ်ယောက်သားလျှောက်လည်ဖို့ ချိန်းထားပြီးကာမှ အိမ်က ပြန်လာပါလို့ လှမ်းခေါ်ရင် သူက အိမ်မဖြစ်မနေ ပြန်သွားတာမျိုး၊ လက်ဆောင်တစ်ခု ၀ယ်ရင် သင့်အတွက်တစ်ခု ၊ သူ့အမေအတွက်တစ်ခု အတူတူ ၀ယ်တာမျိုး၊ ကိုယ်နဲ့အတူ ရှိချိန်တိုင်း ဖုန်းမကြာခဏ ဖြေနေရခြင်း ဒါမျိုးတွေဟာ သင့်ဘ၀မှာ ကြုံကိုကြုံတွေ့လာရမယ့် အရာတွေပါ။
၎။သင့်မှာ သင့်ချစ်သူကို ဂရုစိုက်ခွင့် အပြည့်အ၀ မရနိုင်သလို အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချတဲ့အခါ သင့်ကို ၀င်ရောက်စွက်ဖက်စေမှာ မဟုတ်ပါဘူး။
သင့်ချစ်သူ နေမကောင်းဖြစ်တဲ့အခါ သူ့ရဲ့အမေက အသေအချာကို ဂရုစိုက်ပေးမှာပါ။ သင်စိတ်ပူစရာမလိုအောင်ကို အပြည့်အ၀ ဂရုစိုက်မှာပါ။ သူနေမကောင်းတဲ့အခါ ဘာတွေဆောင်ရ၊ ရှောင်ရတယ်ဆိုတာလည်း သူသာ အသိဆုံးမို့ သင့်ကို အဲ့ဒီတာဝန်ပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဘ၀နဲ့ဆိုင်တဲ့၊ အလုပ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချတိုင်းမှာလည်း အမေရဲ့အကြံကိုပဲ သင့်ချစ်သူက ဦးစားပေးယူပါလိမ့်မယ်။ သင့်ကိုတော့ ဆုံးဖြတ်ပြီးတော့မှသာ ပြောကောင်းပြောနိုင်ပါတယ်။
၅။သင့်ကို သူ့အမေနဲ့ ပုံစံတူ၊ စိတ်ဓာတ်တူဖို့ သူကြိုးစား (သို့) မျှော်လင့်နေပါလိမ့်မယ်။
အမေကို ချစ်တဲ့သားတွေဟာ သူတို့ချစ်သူ၊ ရည်းစားတွေကိုလည်း သူတို့အမေလိုပဲ ဖြစ်စေချင်ကြပါတယ်။ သူတို့အမေရဲ့ နေထိုင်ပုံမျိုး၊ ဒါမှမဟုတ် ပုံပန်းသဏ္ဍာန်ဆင်တူတာမျိုး၊ ဒါမှမဟုတ် ဖက်ရှင်ဖြစ်ဖြစ်၊ သင့်အပြုအမူလုပ်ဆောင်ချက် တွေပဲဖြစ်ဖြစ် သူ့အမေနဲ့တူစေချင်ကြပါတယ်။ မတူသေးရင်တောင် တူလာဖို့ မျှော်လင့်နေတတ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Shwe Chit Thu .Com
No comments:
Post a Comment