♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 28, 2015

"ချစ်တွေနှစ်ဦးကြားမှာ ချိုးဖောက်ပစ်သင့်တဲ့ စည်းမျဉ်းစည်းကမ်းများ"

သင်ဟာ အရင်ထားခဲ့ဖူးတဲ့ ရည်းစားတွေနဲ့ အဆင်မပြေတဲ့အရာတွေမှန်သမျှ နောက်ထပ်ထားမယ့် ချစ်သူနဲ့ပါ မဆင်မပြေနိုင်တော့ဘူးလို့ တွေးရင်မှားမှာပေါ့။ အတိတ်ကို အတိတ်မှာထားခဲ့ပါ။ တစ်ခါတစ်လေ ချစ်သူရည်းစားတွေကြား လျစ်လျူရှုထားရမယ့် စည်းမျဉ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူငယ်ချင်းလိုနေပြီးမှသာ ချစ်သူတွေဖြစ်ရင် အဆင်ပြေမယ်။ သူက သူငယ်ချင်းကောင်းလည်း ဖြစ်ရမယ် ဆိုတာမျိုး။
သူငယ်ချင်းဆိုတာ သူငယ်ချင်းပါပဲ။ ကိုယ်နဲ့အိမ်ထောင်ပြုမယ့်သူဟာ သူငယ်ချင်းဖြစ်ရမယ်ဆိုတာမျိုးဟာ အူကြောင်ကြောင်နိုင်လွန်းတဲ့ အတွေးပါ။

၂။သင်နဲ့ သင့်ချစ်သူဟာ ပွဲတိုင်းအတူ တက်ရမယ်ဆိုတာမျိုး။
ဒီလို အတွေးမျိုးကလည်း ခုခေတ်မှာ မတွေးသင့်တောပါဘူး။ ချစ်သူနှစ်ဦး တပူးတွဲတွဲနဲ့ ချစ်ကြတာမျိုးရှိတာ သိပ်ကောင်းတဲ့အရာပေါ့။ ဒါပေမယ့် ဘယ်လိုပွဲမျိုးမဆို သူနဲ့ကိုယ်နဲ့ အတူတူသွားရမယ်ဆိုတဲ့ တယူသန်အတွေးမျိုးကိုတော့ ဖယ်ထုတ်ထားသင့်ပါတယ်။

၃။သူဘာတွေကြိုက်တတ်သလဲဆိုတာ သိအောင်လုပ်ပြီး သူနဲ့အတူ လိုက်လုပ်ရမယ်ဆိုတာမျိုး။
သူက ဂေါ့ဖ်ရိုက်တာကိုနှစ်ခြိုက်တယ်ဆိုတော့ ကိုယ်ပါဂေါ့ဖ်လိုက်ရိုက်ရမယ်ဆိုတာမျိုးကလည်း ပေါကြောင်လွန်းလှတဲ့ အတွေးမျိုးပေါ့။ တစ်ယောက်အကြိုက် တစ်ယောက်သိထားပြီး ကိုယ်ဝါသနာပါရာကို သီးသန့်လုပ်ဆောင်လို့ရတာပဲလေ။

၎။ဒေါသတွေနဲ့ အိပ်ယာမ၀င်ပါနဲ့ ဆိုတာမျိုး။
ချစ်သူနှစ်ဦး ရန်ဖြစ်ပြီး ဒေါသတွေထွက်၊ ပြဿနာကို ဆက်မရှင်းတော့ပဲ အိပ်ယာဝင်လိုက်ရတာမျိုးရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။ ဘာလို့လဲဆိုတော့ မနက်အိပ်ယာနိုးလာရင် ဒေါသတွေလည်း လျော့ကျနေတဲ့အပြင် ညက ငါတို့ဘာလို့ဒီလောက်ထိ ဖြစ်ကြရသလဲလို့တောင် ပြန်တွေးမိချင် တွေးမိနေတော့မှာပါ။

၅။ချစ်သူနှစ်ဦးကြား ဘာလျှို့ဝှက်ချက်မှ မထားနဲ့ဆိုတာမျိုး။
ဖောက်ပြန်ပြီး လျှို့ဝှက်ထားတာမျိုးလည်း မဟုတ်၊ ဘာမှမဟုတ်တဲ့ အရေးမပါတဲ့အကြောင်းအရာတိုင်းကိုတော့ သူ့ကို ပြန်ပြောပြနေဖို့ မလိုပါဘူး။ ဥပမာ ကိုယ့်အမေက "ဟဲ့ နင့်ကောင်လေး စီးတဲ့ဖိနပ်ကလည်း ကြည့်ရဆိုးလိုက်တာ

"ထိုင်းစတိုင် ငါးဖယ်ကြော်" (Wut Yee Food House)

ထိုင်းဟင်းအနှစ်နဲ့ ငါးဖယ်ကို ရောနုယ်ပြီ ကြော်ထားတဲ့ ငါးဖယ်ကြော်လေးပါ။ ချိုချိုစပ်စပ် အရသာရှိတဲ့ ငါးဖယ်ကြော်က အစားပြေအဖြစ် စားဖို့ရော၊ ထမင်းနဲ့တွဲဖက် စားသုံးဖို့ပါ အလွန် သင့်တော်ပါတယ်။ စားနေကျ ငါးဖယ်ကြော် အရသာနဲ့ မတူပဲ တမူထူးခြားတဲ့ အရသာကိုပါ ရရှိမှာပါ။ ချက်နည်းလေး ကြည့်လိုက်ရအောင်…

ထိုင်းဟင်းအနှစ် အတွက် ပါဝင်ပစ္စည်းများ
၁။ ဇီယာစေ့ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (လှောင်ပြီသား)
၂။ နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ငရုတ်သီး အနီခြောက် – ၄ တောင့် (ရေစိမ်ပြီ နှုတ်နှုတ်စဉ်းပါ)
၎။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)

၅။ စပါးလင် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
၈။ ပဒယ်ကော – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
၉။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း (ညှက်အောင် ထောင်းထားပါ)

ငါးဖယ်ကြော်အတွက် ပါဝင်ပစ္စည်းများ
၁။ ထိုင်းဟင်းအနှစ်
၂။ ငါးဖယ်ခြစ် – ၂၅ကျပ်သား
၃။ ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
၎။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း

" မြန်မာနိုင်ငံ သျှမ်းပြည်တောင်ပိုင်း၏ ပျောက်ဆုံးနေသော ကမ္ဘာ"

  မြန်မာနိုင်ငံတွင် အံ့အားသင့်စရာ အများအဟြး ရှိနေသည်။ ထိုအထဲတွင် ရွှေအင်းတိန် ဘုရားလည်း အပါအ၀င် ဖြစ်သည်။ ရွှေအင်းတိန် ဘုရားအကြောင်းကို ဗြိတိန် အခြေစိုက် ဒေးလီးမေးလ် သတင်းစာက စက်တင်ဘာ ( ၃၀) တွင် ဓာတ်ပုံ မှတ်တမ်းများနှင့် ဖော်ပြခဲ့ပြီး ပျောက်ဆုံးနေသော ကမ္ဘာဟု ခေါင်းစဉ် တပ်ခဲ့သည်။ ဆောင်းပါးထဲတွင် ရွှေအင်းတိန်ဘုရား တည်ရှိရာ နေရာကို အံ့အားသင့်ဖွယ်ရာ ရေးသားခဲ့သည်။
           မြန်မာနိုင်ငံတောအုပ် တစ်နေရာတွင် တဖြည်းဖြည်း ပျက်စီးလာသည့် ရှေးဟောင်း စေတီများရှိသည့် နေရာအဖြစ် ရေးသား ဖော်ပြခဲ့သည်။ ယင်းနေရာကို သီးခြား ကမ္ဘာအဖြစ် တင်စားခဲ့ပြီးရေ လမ်းခရီးဖြင့်သာ သွားရောက်နိုင်သည်ဟု ဆိုထားသည်။ ယင်းနေရာကို မည်သို့ သွားလာရမည်ကို ဒေသခံများသာ သိရှိသည်ဟု ဆောင်းပါးရှင်က ဆက်လက် ရေးသားခဲ့သည်။
          ရွှေအင်းတိန်ကို ရောက်ရှိသည်နှင့် လှပသည့် သဘာဝ ရှုခင်းများကို မြင်ရမည် ဖြစ်သည်။  ဈေးသည်များ၊  နွားများ၊ အ၀တ်လျှော်နေသာ အမျိုးသမီးများ မြင်တွေ့ရမည် ဖြစ်သည်။ ယင်းပတ်ဝန်းကျင်မှာ ခေတ်နောက်ကျနေသော်လည်း သစ်ပင်များကြားတွင် ဖုံးကွယ်နေသည့် ဘုရားများကြောင့်    စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ထောင်ပေါင်း များစွာသော ဘုရားများကြားတွင် အချို့ ဘုရားများမှာ အလှူရှင်များကြောင့် ရွှေရောင်များဖြင့် ကြည်ညိုစရာ ကောင်းနေသည်ကို တွေ့ရမည် ဖြစ်သည်။ အချို့စေတီများသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်း နေပြီး ရှေးဟောင်း ဘုရားများ၏ သမိုင်းကို ဒေသခံများပင် အတိအကျ မသိရှိကြောင်း ဆောင်းပါးရှင်က ရေးသားခဲ့သည်။ ယင်းဒေသရှိ ဘုန်းတော်ကြီးကျောင်းများသည်  စေတီများကို ပြုပြင် ထိန်းသိမ်း နေသော်လည်း အချို့ စေတီတော်များမှာ တောထဲတွင် တဖြည်းဖြည်း ပျောက်ဆုံး သွားနေကြောင်း ရေးသား

" မွေးနေ့ပွဲမှာ ကိုယ်တိုင် ချက်ပြုတ်ဧည့်ခံခဲ့တဲ့ ( ၁၀၃) နှစ်အရွယ် အဘွားအို"


အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတွင် နေထိုင်သည် အဘွားအိုသည် အသက် ( ၁၀၃) နှစ်မွေးနေ့ကို အကောင်းဆုံး ဖြတ်သန်းခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့သည် မေရီကော့တာ အတွက် (၁၀၃) နှစ်ပြည့် မွေးနေ့ဖြစ်ခဲ့သည်။ မွေးနေ့ပွဲကို ပြုလုပ်ရာတွင် တက်ရောက်လာသူများကို ကိုယ်တိုင် တည့်ခင်း ကျွေးမွေးခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ မေရီကော့တာသည် လက်ရှိအချိန်ထိ ကိုယ်တိုင် ကားမောင်းနိုင်ဆဲ ဖြစ်သည်။ မွေးနေ့ပွဲကို လုပ်အားပေးအဖြစ် ၀င်ရောက် လုပ်ကိုင်နေသည့် လူမှုကယ်ဆယ်ရေး နေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မေရီ ကော့တာသည် ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီး နောက်နှစ်ပေါင်း (၂၀) ကျော်ကြာအထိ ယင်းနေရာတွင် လုပ်အားပေးအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မွေးနေ့ပွဲကို ကျင်းပရာတွင် တက်ရောက်လာသူ ဧည့်သည့်များကို ကိုယ်တိုင် အရက်စပ်ပေးခြင်း၊ ကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာများကို ကျွေးမွေးခြင်း၊ မွေးနေ့ကိတ်လှီးခြင်း စသည်တို့ကို အသက်အရွယ်နှင့် မလိုက်အောင် ပြုလုပ်ခဲ့ခြင်းကြောင့်

"ထင်ပေါ်ဖို့ အတွက်ဆိုရင် သေရင်သေပါစေ နံရိုး(၆) ချောင်းလည်း ဖယ်ရှားဝံ့တဲ့ မော်ဒယ်"

ဆွီဒင်မော်ဒယ်တစ်ဦးသည်  ကာတွန်းဇာတ်ကောင်လို ဖြစ်ဖို့ နံရိုးခြောက်ချောင်း ဖယ်ရှားခဲ့ကြောင်း ဒေးလီးမေးလ်း သတင်းတစ်ရပ်တွင်  ရေးသားဖော်ပြခဲ့သည်။ အသက် ( ၂၅) နှစ်အရွယ်ရှိ ပစ်ဇီဖောက်စ်သည် သေးသွယ်သည့် ခါးရရှိစေရန် နံရိုးတွေကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပစ်ဇီဖောက်စ်၏ ခါးဆိုက်သည် (၁၄) လက်မသာရှိပြီး အသေးငယ်ဆုံး ခါးအဖြစ် သတ်မှတ် ခံရမည်ဖြစ်သည်။ ပစ်ဇီဖောက်စ်သည် ကာတွန်းဇာတ်ကောင်လို လှပသူဖြစ်လာရန် မျက်နှာ၊ နှာခေါင်း၊ တင်ပါး စသည်များကိုလည်း ခွဲစိတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ပစ်ဇီဖောက်စ် အနေဖြင့် ကုန်ကျငွေ ဒေါ်လာ ( ၁၁၉၂၀၀) အထိရှိခဲ့ကြောင်း သိရသည်။ ပစ်ဇီဖောက်စ်သည် ယခင်က ဆွီဒင်တွင် နေထိုင်သူဖြစ်ပြီး အီလက်ထရောနစ် ဘာသာရပ်ဖြင့် ကျောင်းပြီးထားသူ ဖြစ်သည်။ ထို့နောက် အမေရိကန်သို့ ရောက်လာပြီး မော်ဒယ်အဖြစ် လုပ်ကိုင်ရန် ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
          ပစ်ဇီဖောက်စ်က မိမိ၏ ထူးခြားသော အလှအပကို အံ့အားသင့်သူ အများအပြား ရှိကြောင်း၊ ထို့ကြောင့် လာရောက် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ မိမိပြုလုပ်သည့် နည်းလမ်းမှာ မှားယွင်းသည်ကို သိရှိနေသော်လည်း စိတ်ဝင်စားသူများ ရှိခဲ့ကြောင်း၊ မိမိအနေဖြင့် ယခုကဲ့သို့ ပြုပြင်ထားခြင်းကို နှစ်သက်မိကြောင်း ပြောကြားခဲ့သည်။ ပစ်ဇီဖောက်စ်သည် ကာတွန်းဇာတ်ကောင်များ ကိုနှစ်သက်သူဖြစ်ပြီး ယင်းအတိုင်းပြုလုပ်ရန် စိတ်ကူးရခဲ့သည်။ ပစ်ဇီဖောက်စ်က မိမိသည် ကာတွန်းဇာတ်ကောင် အမျိုးသမီးများလို ဖြစ်ချင်ကြောင်း၊ ထို့ကြောင့် မိမိ၏ခါးကို သေးငယ်အောင် ပြုလုပ်လိုခဲ့ကြောင်း ထို့ပြင် ရင်၊ တင်နှင့် မျက်နှာတို့ကိုလည်း အလှပဆုံး ဖြစ်အောင် ပြုလုပ်လိုခဲ့ကြောင်း၊ မိမိအနေဖြင့် နံရိုးကိုဖယ်ရှာပြီး ခါးကိုသေးငယ်အောင် ပြုလုပ်ခဲ့ကြောင်း၊ ယင်းမှာ

" ယာဉ်တိမ်းမှောက်မှုကြောင့် ပျားကောင်ရေ နှစ်သန်း လွတ်မြောက်သွား"

 
ပျားအုံများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးသည် မတော်တဆ ဖြစ်မှုနှင့် ကြုံခဲ့သောကြောင့် တိမ်းမှောက်ခဲ့ပြီး ပျားကောင်ရေ နှစ်သန်းလည်း လွတ်မြောက်ပျံသန်း သွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး ယာဉ်သွားလာမှုကို ပိတ်လိုက်ရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်က တရုတ်နိုင်ငံ ယူနန်ဒေသတွင် ဖြစ်ပွားခဲ့ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့သည်။ ထိုသို့ဖြစ်ပွား ခဲ့မှုကြောင့် လွတ်မြောက်လာသော ပျားများသည် ပျားမွေးမြူသူနှင့် ယာဉ်မောင်း တို့ကို လိုက်လံတုပ်ခဲ့ သောကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။ ယာဉ်မောင်းနှင့် အတူ ပါလာသည့် ခွေးသုံးကောင်သည် ပျားတုပ်ခံရမှုကြောင့် သေဆုံးခဲ့သည်။
          ယင်းနေရာကို မီးသတ်တပ်ဖွဲ့ဝင်များ ရောက်လာခဲ့ပြီး ပျားမွေးမြူသူနှင့် ယာဉ်မောင်းတို့ကို ကယ်တင်နိုင်ရန် အတွက် မိနစ် ( ၄၀) အချိန်ယူခဲ့ရသည်။ ထို့နောက် ပျားများကို ရှင်းလင်းသွားရန် ဒေသတွင်း ပျားမွေးမြူရေး လုပ်ကိုင်သူများကို အကူအညီ တောင်းခံရသည်။ နာရီပေါင်း ( ၂၀) နီးပါး ဆောင်ရွက်ပြီးမှသာ ပျားများကို ရှင်းလင်းနိုင်ခဲ့ပြီး လမ်းအားပြန်ဖွင့်ပေး

November 27, 2015

"သင့်ချစ်သူဟာ သင့်အပေါ် ဒီလိုတွေပြုမူဆက်ဆံတယ်ဆိုရင် သင်ဟာသူ့အချစ်ကို သံသယဖြစ်ဖို့လို"

 
ကိုယ့်ကောင်လေးကို ချစ်တာလည်း ချစ်တာပေါ့။ ဒါပေမယ့် သူ့အပြူအမူတွေက သံသယရှိစရာ အချက်တွေ တွေ့လာရပြီလား။ ဒါမှမဟုတ် လက်မခံသင့်တဲ့ အရာတွေ တွေ့လာရပြီလား။ ဘယ်လိုအချက်တွေက ချစ်သူရည်းစားတွေကြား ဖြစ်လေ့ရှိတာမို့ နားလည်ပေးသင့်သလဲ၊ ဘယ်လိုအချက်တွေကတော့ ကိုယ်လက်ခံပေးဖို့ မဖြစ်နိုင်ဘူးလဲဆိုတာတွေကို ကွဲကွဲပြားပြား သိထားပါမှ သူ့ကို သတိပေးသင့်တာပေး၊ လက်တွဲသွားသင့်ရင် လက်တွဲသွားရမှာပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်လေးက ကိုယ့်အပေါ် ဒီလို အပြူအမူတွေ လုပ်တတ်သလားဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။နှစ်ယောက်သား မုန့်အတူတူစားတဲ့အခါ တစ်ခါမှ ကျသင့်ငွေကို ပေးချေတတ်သူ မဟုတ်ဘူးဆိုရင်

ကိုယ်နဲ့အတူ တစ်သက်လုံးနေသွားမယ့်သူက ကိုယ်နဲ့အပြင်သွားတဲ့အချိန်တိုင်း၊ စားသောက်ကြတဲ့အချိန်တိုင်း ဘယ်တော့မှ ငွေမရှင်းတတ်သူဖြစ်နေမယ်။ ဒါမှမဟုတ် တစ်ယောက်တစ်ဝက် ကျသင့်ငွေပေးချေရတဲ့ အခါမှာတောင် မသိသလိုလုပ်နေပြီဆိုရင်တော့ ဒါစဉ်းစားစရာအချက်ပါပဲ။

၂။အတူနေ မိဘတွေကို အော်ငေါက်နေတတ်သူဆိုရင်

ကိုယ်က ကိုယ့်ချစ်သူအိမ်ကို အလည်လိုက်သွားမိလိုက်တဲ့အခါ သူနဲ့ သူ့မိဘတွေကြား ဆက်ဆံရေးကို အကဲခတ်ပါ။ မိဘတွေကို အော်ဟစ်တတ်တဲ့ ချစ်သူဟာ တစ်ချိန်ကျရင် ကိုယ့်ကို အော်ဟစ်မကြိမ်းမောင်းဘူးလို့ ဘယ်လိုအာမခံနိုင်မှာလဲ။

၃။အရင်ရည်းစားကို ရူးနေတာလို့ ခဏခဏ ပြောတတ်သူဆိုရင်

ရှေ့မှာထားခဲ့တဲ့ ရည်းစားအကြောင်း စကားစပ်မိလို့ ပြောလိုက်တာမျိုးဟာ ခုလက်ရှိနှစ်ဦးကြားက ဆက်ဆံရေးကို

" ခေတ်နဲ့အညီ လက်သည်းပုံဖော် ဒီဇိုင်းအသစ်တွေ "

 

"ရေအောက်ကမ္ဘာထဲကို ရောက်သွားသလိုခံစားရမယ့် မြေအောက်ရထား "



တရုတ်နိုင်ငံ ရှန်ဒုန်းခရိုင် ကွမ်ဒေါင်းမြို့မှာ ရေအောက်ကမ္ဘာရထားတစီးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပွဲဦးထွက်   ဖန်တီးပြုလုပ်လာတယ်လို့သိရပါတယ်။



ရေအောက်ကမ္ဘာရထားဆိုလို့ ရေအောက်ကမ္ဘာထဲအထိ သွားစီးရမယ့် ရထားတော့မဟုတ်ပါဘူး။ မြေပြင်ပေါ်မှာ စီးရတဲ့

"ပျားရည်၊ ပျားရည်ကမ္ဘာနှင့် သစ်တော သစ်ပင် "


“ပျားရည်ထွက်ကုန် ရရှိစေရန်မှာ တစ်ခုတည်းသော နည်းလမ်းသာရှိသည်။ ပျားများနေထိုင်ရန် လေ၊ ရေ၊ ရာသီ ဥတု၊ သစ်တောသစ်ပင် တို့သာဖြစ်သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် လေကောင်းလေသန့်၊ ရေကောင်း ရေသန့်ရှိသည်။ သစ်တော၊ သစ်ပင်များ ရှိဖို့သာ လိုသည်”
မြန်မာ့ပျားရည်သည် ဂျပန်နိုင်ငံ နှင့် အိန္ဒိယဈေးကွက်တို့တွင် မျက်နှာပန်းလှနေခြင်း အကြောင်းမှာ အရည်အသွေး ကောင်းမွန်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ပျားမွေးမြူရေးလုပ်ငန်းမှ ထုတ်လုပ်သည့် မြန်မာ့ပျားရည်သည် ပြည်ပမှဝယ်လိုအား များပြားသလို သဘာဝအလျောက်ရရှိသည့် ပျားအုံမှရသော ပျားရည်သည်လည်း ပြည်တွင်း၌ စားသုံးမှုများပြားကြောင်း သိရသည်။ ပြည်တွင်း၌ စားသုံးမှု များပြားလာသလို၊ ဈေးနှုန်းမြင့်မားကာ ဈေးကွက်ရှိနေသည်ကိုလည်း တွေ့ရသည်။

ဒေသအလိုက် ပျားဖွပ်သမားများအဖို့လည်း တစ်နေ့စာအတွက် ဝမ်းစာ ဖူဖူလုံလုံ ရရှိစေသည်။ ပျားတစ်အုံတွေ့လိုက်ပါက ပျားသလက်ကိုပါ ရောင်းစားရပြီး ပျားရည်ရောင်းရငွေသည် လက်ရှိပေါက်ဈေးအရ တစ်ဆယ်ကျပ်သား ၁,၅ဝဝ ကျပ်မှ ကျပ် ၂,ဝဝဝ အထိ ရရှိနိုင်ပေသည်။ ထို့ ကြောင့် မြန်မာစကားပုံတွင် 'ခလုတ် ထိတော့ အမိတ၊ ပျားရတော့ မယား ဖို့' ဟု ဆိုရိုးစကားရှိခဲ့သည်။ ပျားရည်နှင့်ပတ်သက်၍လည်း 'ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ၊ ပျားရည် နှင့် ဝမ်းချသည်၊ စားရကံကြုံတော့ မုတ်ဆိတ် ပျားစွဲ၊ ပျားကိုပုံပြု ပညာ ဥစ္စာစု' စသည်ဖြင့် တွေ့ရသည်။

ပျားရည်ပေါများသည့် သီတင်း ကျွတ်၊ တန်ဆောင်မုန်းလတို့တွင် ပျားဖွပ်သမားများ၊ ပျားရှာသမားတို့သည် တောအနှံ၊ တောင်အနှံ့ ခြေရာချင်း ထပ်လောက်အောင် များလှသည်။ ယမန်နှစ်ကထက် ယခုနှစ်တွင် ပျားရည်ပိုရှာရသည်ဟု သိရ၏။ နောက် မိုးကောင်းသောကြောင့် သစ်ပင် ခြုံကြီးများ ပေါသည့်အတွက် ပျားစွဲကြခြင်းဖြစ်သည်ဟု ပျားဖွပ်သမားတို့က ပြောပြကြသည်။


ပျားရည်၏အသုံး
စာရေးသူတို့ အညာမြေလတ် ဒေသတွင် အုံပျားရည်နှင့် သစ် ခေါင်းပျားရည်ဟူ၍ နှစ်မျိုးရှိရာ၊ အုံပျားရည်ထက် သစ်ခေါင်းပျားရည် က ဈေးပိုကောင်းကြောင်း သိရသည်။ လက်ရှိပေါက်ဈေးအရ အုံပျားရည် တစ်ဆယ်ကျပ်သား ၁၅ဝဝ ကျပ်၊ သစ်ခေါင်းပျား၊ မြေအောင်းပျားရည် သည် တစ်ဆယ်သား ကျပ် ၂,၅ဝဝ မှ ၃,ဝဝဝ အထိ ရှိသည်။ ပျားရည်စစ်စစ်များ ဖြစ်ပေသည်။

ပျားရည်ကို သွားရေစာတစ်မျိုးအဖြစ် စားသုံးခြင်း မဟုတ်ပါ။ ပျားရည်ကို ဆေးဘက်ဝင်သည့် ပစ္စည်းတစ်မျိုး အဖြစ် အသုံးပြုကြသည်။ အသက်အရွယ်ကြီးသူများ၊ ဆရာတော်ကြီးများအတွက်

"လုပ်ငန်းခွင်အတွက် အင်္ဂလိပ်စာသင်ယူနိုင်သည့် apk " ( ကိုပေါက် )


နေ့စဉ်အလုပ်ခွင်တွေမှာပြောနေရတဲ့စကားတွေကို ဒီapp မှာလေ့လာလို့ရပါတယ်..ဥပမာ.ကွန်ပျူတာပြသနာ..Business Meetings နှင့် Phone Answer လိုမျိုးနေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေကို အင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကို အသေးစိတ်လေ့လာလို့ရပါတယ်...

November 26, 2015

" ကိုယ့်အချစ်သူအပေါ် တကယ်ကောင်းတဲ့ ယောင်္ကျားတွေဟာ ဒီအချက် ( ၇) ချက်ကို ဘယ်တော့မှာ ပြုလုပ်လေ့မရှိတာ"



ခုပြောပြမယ့် အကြောင်းဟာ ယောင်္ကျားကောင်းတွေအကြောင်း ဆိုတာထက် ကိုယ့်ချစ်သူမိန်းကလေးအပေါ် တကယ်ချစ်၊ တကယ်ကောင်းတဲ့သူတွေအကြောင်းလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူတို့တွေ ပြုမူလုပ်ဆောင်လိုက်တဲ့ အရာတွေကြောင့် သူတို့ရဲ့ ချစ်သူကောင်မလေးဟာ  အကြပ်ရိုက်သွားတာမျိုး မရှိတတ်သလို အချစ်ရေးကိုလည်း ပိုမိုခိုင်မြဲအောင် ထိန်းထားနိုင်ကြတာတွေ့ရပါတယ်။
 
၁။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုး မလုပ်ပါဘူး။
မင်းဆံပင်သာ ဒီ့ထက်ရှည်မယ်ဆိုရင် သိပ်ကောင်းမှာပဲ တို့၊ ဒီ့ထက်ပိန်မှ ချစ်မှာနော်တို့ စသဖြင့် ကိုယ့်ချစ်သူကောင်မလေးရဲ့ အားနည်းချက်တစ်ခုခုကို ထောက်ပြပြောဆိုလေ့ရှိတဲ့သူတွေဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် ချစ်သူကောင်းမဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် သူနဲ့ပတ်သက်သမျှအရာရာတိုင်းကို လက်ခံနားလည်ပေးနိုင်တဲ့သူသာ ကောင်းမွန်သင့်တော်တဲ့ ချစ်သူပါ။
 
၂။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူရဲ့ privacy ကို မချိုးဖောက်တတ်ပါဘူး။
 သင်တို့နှစ်ဦးမှာ ခိုင်မြဲတဲ့အချစ်ရေးဘယ်လောက်ရှိရှိ သင့်ချစ်သူဟာ သင်မရှိတဲ့အချိန် သင့်ဖေ့စ်ဘွတ်ခ်အကောင့်ကို ၀င်စစ်တာမျိုး၊ အီးမေးလ်ကို ၀င်ကြည့်တာမျိုးတွေ ဘယ်တော့မှ မလုပ်တတ်ပါဘူး။ နှစ်ယောက်သား အတူတူသုံးတယ်ဆိုတာကတော့ တစ်မျိုးပါ။ ဒါက ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က သင့်ဖုန်းခေါ်ဆိုမှု ဘယ်လိုဆိုတာမျိုးကိုလည်း သင့်ဖုန်းကောက်ယူ စစ်ဆေးတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါ ဘူး။
 
၃။ယောင်္ကျားကောင်း တစ်ယောက်ဟာ သူ့ချစ်သူရဲ့ အရည်အချင်းကို ဂုဏ်ယူတယ်၊ အရည်အချင်းတိုးတက်အောင်လည်း အဘက်ဘက် ပံ့ပိုးပေးတယ်။
သင်ဟာ သင့်ချစ်သူနဲ့အတူ လက်တွဲဖြတ်သန်းပြီးတဲ့နောက်ပိုင်း သင့်ရည်မှန်းချက်၊ သင်ဖြစ်ချင်တာတွေကို အကောင်အထည် ဖော်လာနိုင်ပြီလား။ သင့်အဖြေက ရက်စ်ဆိုရင်တော့ သင့်ချစ်သူဟာ သင့်အတွက် တကယ်ကိုသင့်တော်တဲ့ သူပါ။ သူဟာသင့်ဖြစ်ချင်တာတွေ လုပ်နိုင်ဖို့ ပံ့ပိုးပေးနိုင်မယ်။ ဒီလိုမဟုတ်ရင်တောင် စိတ်ဓာတ်ခွန်အားပေးနိုင်မယ်။ သင်အောင်မြင်လာတာကို ပျော်ရွှင်မယ်၊ ဂုဏ်ယူမယ်ဆိုရင် သင်ပဟာ ချစ်သူကောင်းတစ်ယောက်ကို ရရှိထားတာလို့ မှတ်ပါ။
 
၎။ယောင်္ကျားကောင်းဆိုတာကိုယ့်ချစ်သူကို ဒီအချစ်ရေးမှာ အထီးကျန်တယ်လို့ ခံစားရအောင် မလုပ်ဘူး။
အချစ်ရေးဆိုတာ နှစ်ဦးနှစ်ဖက် ဖြစ်တည်ရစ်ဖွဲ့လာတဲ့ သံယောဇဉ်ကြိုးကို အခြေတည်တာပါ။ အစပိုင်းက သဲသဲလှုပ်ပြနေပြီး တစ်ဖြည်းဖြည်းနဲ့ စိတ်မပါတော့သလို၊ ဒီအရေးက သူနဲ့မဆိုင်တော့သလို ပုံစံမျိုး ပြုမူနေတဲ့ချစ်သူဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ ကိစ္စတစ်ခုခုကို သူနဲ့မဆိုင်ဘူးဆိုပြီး ဘေးထွက်ရပ်တတ်တဲ့ ယောင်္ကျားမျိုးးဟာလည်း ယောင်္ကျားကောင်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။
 
၅။ယောင်္ကျားကောင်းဟာ ကိုယ့်ချစ်သူအပေါ် ဘယ်တော့မှ မလိမ်ညာပါဘူး။
နှစ်ဦးသား ပြသနာတက်တာတွေ ရှိကောင်းရှိမယ်။ ဒါဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမယ့် ဒီလိုတက်တဲ့ပြသနာတွေဟာ သင့်အပေါ်မှာ သူအခါခါလိမ်ညာလို့ ဖြစ်ရတာမျိုးဆိုရင်တော့ သင့်ချစ်သူဟာ သင့်အပေါ်မှာ ကောင်းတဲ့သူတစ်ယောက်တော့

" ဒူလာရောဂါ အတွက် အာလူးနှင့် အာလူးရဲ့ အံ့မခန်းဘွယ်ရာ အသုံးဝင်ပုံများ"

 
အစားအသောက်တန်ဖိုး။
ကျနော်တို့ နေ့စဉ်နီးပါး စားသုံးနေကြတဲ့ အာလူးဟာ အာဟာရ တန်ဖိုး မြင့်မားစွာ ပါဝင်ပါတယ်။ အာလူးမှာ ပါဝင်တဲ့ အဓိကဓာတ် ကတော့ ကစီဓာတ် ဖြစ်ပေမယ့် ဇီဝဗေဒ တန်ဖိုး အမြင့်ဆုံး ဖြစ်တဲ့ ပရိုတင်း ပမာဏ အမြောက်အများလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ အယ်လ်ကာလီ ဆားဓာတ်လည်း ပါဝင်သေးတယ်။ နောက်ပြီး ဆိုဒါ၊ ပိုတက်ရှ်နဲ့ ဗီတာမင် အေဓာတ်၊ ဘီဓာတ် တို့လည်း ပါဝင်ပါတယ်။

ဒါကြောင့် အာလူးမှာ ပါဝင်နေတဲ့ အဲ့ဒီ အာဟာရ တန်ဖိုးတွေ မပျက်မစီးပဲ အပြည့်အ၀ စားသောက်စေနိုင်ဖို့ အခွံ မနွှာပဲ ချက်ပြုတ် သင့်ပါ တယ်။ ဘာလို့လဲဆိုတော့ အာဟာရ အဖြစ်ဆုံး အပိုင်းဟာ အခွံရဲ့ အောက်ဘက်နားမှာ တည်ရှိပြီး၊ အဲ့ဒီ သီးသန့်အလွှာဟာ ပရိုတိန်းနဲ့ သတ္တုဆားဓာတ်များ ကြွယ်ဝလွန်းတာကြောင့် ဖြစ်ပါတယ်။

သဘာဝ အကျိုးအမြတ်နဲ့ အနာရောဂါကို နိုင်နင်းသော ဓာတ်သတ္တိများ။
အာလူးမှာ ဆေးဘက်ဆိုင်ရာ အရည်အသွေး အမြောက်အများ ပါဝင်ပါတယ်။ အယ်လ်ကာလိုင်း ဓာတ်သတ္တိ အားပြင်းတဲ့ အစာတွေထဲမှာ တခု အပါအ၀င်ဖြစ်တဲ့ အတွက်ကြောင့်၊ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အယ်လ်ကာလီ ဓာတ်ကို ထိန်းသိမ်းပေးတဲ့ နေရာမှာ အလွန် အကူ အညီ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အက်စစ်ဓာတ် လွန်ကဲတဲ့ ရောဂါတွေ အတွက်လည်း သဘာဝ အဆိပ်ဖြေဆေး အဖြစ် အသုံးပြု နိုင်ပါတယ်။ နောက်ပြီး ယူရစ် အက်စစ်နဲ့ အချဉ်ဓာတ်တွေ ကိုလည်း ပျော်ကျစေတယ်။ ဒါ့အပြင် အစာအိမ် နဲ့ အူထဲမှာ ဖြစ်တတ်တဲ့ အချဉ်ပေါက်ခြင်း ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ အစာခြေလမ်းကြောင်း မှာ ရှိနေတဲ့ အကျိုးပြု  ဘက်တီးရီးယားတွေ ကြီးထွားပွားများစေဖို့လည်း ကူညီပေးပါတယ်။

အာလူးမှာ ဒီလို အကောင်းလွန်နေတဲ့ အချက်တွေ ရှိနေပေမယ့် အ၀လွန်သူတွေ စားသုံးဖို့တော့ မသင့်တော်ပါဘူး။ ပြီးတော့ ကာလသား ရောဂါ ခံစားနေရတဲ့ လူတွေနဲ့ ကာမ အားတိုးချင်တဲ့ လူတွေအတွက်လည်း အာလူးစားသုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ အာလူးမှာ ဆိုလာနိုင်း (solanine) လို့ သိကြတဲ့ အယ်လ်ကာလီ အဆိပ် တမျိုးပါဝင်နေပါတယ်။ အဲ့ဒီအဆိပ်ဟာ အာရုံကြော တွေကို အဆိပ်သင့် စေနိုင်ပြီး၊ လိင်အင်္ဂါတွေရဲ့ အာရုံခံစားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဆိုလာနိုင်း အဆိပ်ဟာ အထူးသဖြင့် အာလူး အခွံပေါ်မှာ ပျံ့နှံ့ တည်ရှိပြီး၊ အစိမ်းရင့်ရောင် ရှိတတ်ပါတယ်။

အာလူးနဲ့ ရောဂါကုထုံး။
အာလူးဟာ ရောဂါအချို့ကို ပျောက်ကင်းစေနိုင်တဲ့ အဖိုးတန်ဆေးနည်း တခုအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ကာလကြာရှည်စွာ ၀မ်းချုပ်ခြင်း၊ အူလမ်းကြောင်းအတွင်း သွေးအဆိပ်ဖြစ်ခြင်း၊ ယူရစ်အက်စစ်ကြောင့် ဖြစ်ပေါ်သော ရောဂါများ၊ ကျောက်ကပ်နဲ့ သက်ဆိုင် သောရောဂါ အစရှိတဲ့ ရောဂါတွေကို ပျောက်ကင်း စေတယ်။ (chronic constipation, intestinal toxaemia, uric acid diseases, renal calculi or stone and dropsy) လိုအပ်ရင်တော့ လအတော်ကြာ စားသုံးပြီးတဲ့အခါ ရလာဒ်ကောင်းတွေကို ခံစားလာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာလူးကို အမျိုးမျိုး ချက်ပြုတ် ပြင်ဆင် စားသောက်နိုင်တယ်။ ဥပမာ - အာလူးမီးဖုတ်၊ အာလူးစွတ်ပြုတ် နဲ့ အာလူးပြုတ် အစရှိသည်ဖြင့် စားသုံးနိုင်တယ်။ မုန်လာဥနီ၊ သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်ညင်းထုပ်၊ တရုပ်မုန်လာ အစရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေကိုလည်း အာလူးနဲ့အတူ ရောနှော စားသုံးသင့်ပါတယ်။

ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်သောရောဂါများ။
အာလူးကို ဟင်းသီးဟင်းရွက် အစားနည်းခြင်းနှင့် ဗီတာမင်စီ ချို့တဲ့ခြင်းများကြောင့် ဖြစ်ပေါ်သော ရောဂါများအတွက် အကောင်းဆုံး ဓာတ်စာ အဖြစ် မှတ်ယူနိုင်ပါတယ်။

ဒူလာရောဂါ။
အာလူးစိမ်းဖျော်ရည်ကို ဒူလာရောဂါ အတွက် အကောင်းဆုံး ကုထုံး အဖြစ် သတ်မှတ်နိုင်တယ်။ အာလူးစိမ်းကို ကြိတ်ခြေကာ စတီးဇွန်း တဇွန်း (သို့မဟုတ်) နှစ်ဇွန်း ခန့် ရအောင် အရည်ညှစ်ပြီး အစာမစားမီ သောက်သုံးနိုင်ပါတယ်။ ဒီလို သောက်သုံးခြင်း အားဖြင့် ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ အက်စစ်ဓာတ် လျော့နည်း သွားပြီး၊ ဒူလာ (သို့မဟုတ်) အဆစ်အမြစ်

" ပုဂ္ဂလပညတ် ဓာတ်စာ စားနည်းများ " (၁)

 
ဘလော့ဂါ မောင်နှစ်မတွေဖြစ်ကြတဲ့ ညီမဆုမွန်နဲ့ ကိုကွီနိုင်းတို့က စီဘောက်မှာ ရေးသွားကြ တာတွေ့လို့ “ပုဂ္ဂလပညတ် ဓာတ်စာများ” ကို ဆရာကြီးဦးသာတင့်ရဲ့ ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်းမှ ကူးယူတင်ပြပေးလိုက်ပါတယ်။ ရှေးက တင်ပြခဲ့တဲ့ အခြေခံတွေကို သိရှိနားလည်ပြီး ဖြစ်မယ်လို့ ယူဆထားသော်လည်း ဘယ်လိုစားသောက် သုံးစွဲရမလဲဆိုတာ အနည်းငယ်ထပ်မံရှင်းပြချင်ပါတယ်။
က၊ ခ၊ ဂ၊ ဃ၊ င တို့သည် လည်းကောင်း၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ တို့သည် လည်းကောင်း ၊ ယ၊ လ၊ ဝတို့သည်လည်းကောင်း ယင်းဗျည်းတို့၏ အသံပါသမျှတို့သည်လည်းကောင်း သောမ ပညတ်များဖြစ်ကြသည်။ လဂိုဏ်း ဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်ကျော်၊ မောင်ဝင်း၊ မောင်မြ၊ မောင်သိန်း စသည်များတွင် အရင်းနာမ်ကိုယူရသည်။ သက်မဲ့ဖြစ်လျှင် အဖျားနာမ်ကို ယူရသည်။
ပုဂ္ဂလပညတ် ဓာတ်ဆရာ၏အလိုအားဖြင့် ရေသတ္တဝါဖြစ်လျှင် အဖျားနာမ်ကိုယူလေ့ရှိသည်။
သောမ ပညတ်အမည်ရှိသူသည် သောမပညတ်အမည်ရှိသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- မောင်ကျော်သည် သောမပညတ်အမည်နှင့်ဆုံးသော ကြက်၊ ဝက်၊ ဘဲ၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ ငါးပြေမ၊ ငါးဖယ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရှောက် စသည့် တို့ဖြစ်သည်။)
စ၊ ဆ၊ ဇ၊ ဈ၊ ည တို့သည်လည်းကောင်း၊ ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ တို့သည်လည်းကောင်း တ၊ ထ၊ ဒ၊ ဓ၊ န တို့သည်လည်းကောင်း၊ ကောက်သည်လည်းကောင်း၊ သည်လည်းကောင်း ယင်းဗျည်း တို့၏ အသံပါသမျှတို့သည် လည်းကောင်း ပါပ ပညတ်များဖြစ်ကြသည်။ နေဂိုဏ်းဖြစ်သည်။
လူ၏အမည်များဖြစ်သော မောင်အုန်း၊ မောင်ဉာဏ်၊ မောင်ထွန်း၊ မောင်ရွှေ တို့သည် ပါပ ပညတ် (နေဂိုဏ်း) များဖြစ်သည် ။ ပါပပညတ် ပါသောအမည်ရှိသူသည် ပါပပညတ် အမည်ပါသော ဆေးဝါး၊ အစားအစာတို့ကိုသာ စားသောက်ရမည်။ (ဥပမာ- အောင်း၊ ကုလားအုပ်၊ ဆိတ်၊ နွား၊ ထုံး၊ ငါးအိုက်၊ ငါးရံ့၊ ငါးတန်၊ ပုစွန်၊ ဂန့်အိပ်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ရွှေဖရုံ စသည့် တို့ဖြစ်သည်။)
မိမိတို့ဂိုဏ်းနှင့် သက်ဆိုင်ရာ အစားအသောက်များကို စားခြင်းသည် နာမ်ဆေးဟု ခေါ်ဆို ခြင်းပင်ဖြစ်သည်။
သောမဂိုဏ်းသားသည် မိမိတို့နှင့် မသင့်သော၊ ပါပပညတ်ပါသော ဆေးဝါး အစာအာဟာရ ဝတ္ထုမှန်သမျှတို့ကို အပြင်မှရှူရန်၊ မှိုင်းနံ့ခံရန်၊ လိမ်းရန်၊ စိမ်ပေးရန်သာလျှင် ပြုလုပ်ရသည်။ ယင်းသို့ပြုလုပ်ခြင်းကို ရုပ်ဆေးဟုခေါ်သည်။ ပါပဂိုဏ်းသားတို့သည်လည်း ထို့နည်းတူစွာ ပင်ဖြစ်သည်။
ပုဂ္ဂလပညတ် ဓာတ်စာများ
သာမန်အားဖြင့် လူတို့ နေ့စဉ်စားသုံးနေကြသည့် အစားအစာများကို နေဂိုဏ်း၊ လဂိုဏ်း ခွဲခြား ပေးပါသည်။ မိမိတို့ဂိုဏ်းဝင်အစားအစာများကိုသာ ရွေးချယ်စားသောက်ရန် အရေးကြီးပါ သည်။ အောက်တွင်ဖော်ပြထားသည့်အစာများတွင် ရေသတ္တဝါ၊ ကုန်းသတ္တဝါ၊ သစ်သီး၊ သစ်ရွက်၊ သစ်မြစ်၊ သစ်ဥ ..စသည်များ ပါဝင်ပါသည်။ ယင်းတို့ကို အချဉ်ပြုလုပ်ခြင်း၊ အခြောက်ပြုလုပ်ခြင်း၊ ယိုပြုလုပ်ခြင်း၊ ငါးပိပြုလုပ်ခြင်း၊ ဒိန်ချဉ်ပြုလုပ်ခြင်း၊ ထောပတ် ပြုလုပ်ခြင်း၊ အစိမ်းအတိုင်းစားသောက်ခြင်း စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို စားသောက်နိုင်ပါသည်။ ထိုသို့စားသောက်ရာတွင် အဆိပ်အတောက် ဖြစ်စေသည်အထိ အချဉ်တည်ထားခြင်း၊

"မိုးကြိုးပစ် လွတ်ကြစေ"

 
ကျွန်တော်တို့မြန်မာလူမျိုးများ တစ်ခုခုအလေးအနက်ထားပြောချင်လျှင် ``ဘုရားစူးပါစေရဲ့။ မိုးကြိုးပစ်ပါစေရဲ့။´´ စသည်ဖြင့်ကျိန်ပြောတတ်ကြသည်။ မိုးကြိုးဆိုသည်မှာ အင်အားပြင်းထန်သော၊ လူကို သေစေနိုင်သော၊ အန္တရာယ်ပေးနိုင်သောအရာဟုသိကြသည်။ သြောင်းတစ်ရာ့ရှစ်ကွက် ဂါထာလာ ``၀ရဇိတ်လက်နက် ဗြဟ္မာစက်၊ မိုးကြိုးလက်နက် သိကြားစက်´´ ဆိုတာကိုလည်း လူကြီးတွေ ရွတ်ဆိုတာကြားဖူးသည်။ အမိအဘ ကိုစော်ကားသူမိုးကြိုးပစ်တတ်တယ်ဟုလည်း လူကြီးတွေဆုံးမ တာနာယူခဲ့ဖူးသည်။ တစ်ချို့ဂမ္ဘီရလိုက်စားသည့် သူများကျတော့ မိုးကြိုးသွား ဆိုတာကိုသဲကြီးမဲကြီး လိုက်ရှာကြပြန်သည်။ မိုးကြိုးသွားရရင် ``ဘာကောင်းတယ်၊ သေနတ်ပီးတယ်၊ မီး မကူးဘူး´´ စသည်ဖြင့်ယုံတမ်းစကားတွေငယ်ငယ်က ကြားခဲ့ဖူးသည်။ အခုအထိတော့ မိုးကြိုးသွားဆိုသည်မှာ ဘာမှန်းမသိ။ မိုးကြိုးသွား ရသွားသည့်သူကိုလဲ မမြင်ဘူးသေး။ မိုးဦးကျလေဦးကျ တ၀ုန်းဝုန်းမိုးချိန်းသံနှင့်အတူ ၀င်းလက်တောက်ပသွားသည့် အလင်းတန်းကိုကြည့်ပြီးငယ်ငယ်က တအံ့တသြနှင့် ကောင်းကင်ပေါ်က ဘယ်သူဓါတ်မီးနှင့် လှမ်းလှမ်းထိုးသလဲဟု ကလေးဘ၀က အဖေ့ကိုမေးဖူးသည်။ အဖေကတော့ ခပ်လွယ်လွယ်ပင် ကောင်းကင်ပေါ်က သိကြားမင်းကြီးက မိဘစကားနားမထောင်သည့်သူများကို မိုးကြိုးလက်နက်နှင့်လှမ်းဆုံးမကြောင်းပြောတတ်သည်။ ဒီလိုနဲ့အသက်တွေကြီးလာတော့ မိုးကြိုးနဲ့ယဉ်ပါးလာ ကြသည်။ ငယ်ငယ်ကလိုတော့အကြောက်မကြီးတော့။ ဒါပေမယ့် မကြာခဏ ဂျာနယ်တွေမှာ မိုးကြိုးအပစ်ခံရ၍ သေဆုံးသောသတင်းများမကြာခဏတွေ့လာတော့ မိုးကြိုးအကြောင်းပြန်တွေးလာမိသည်။ မိုးကြိုးဆိုတာဘာလဲ။ မိုးကြိုးဘာလို့ပစ်တာလဲ။ မိုးကြိုးပစ်လျှင် ဘယ်လိုရှောင်ရမလဲ စသည်ဖြင့် သိပ္ပံပညာရှုထောင့် အမြင်တွေကိုသိချင်လာမိတော့သည်။ အဓိကအားဖြင့်တော့ တန်ဖိုးရှိလှတဲ့ လူသားတွေရဲ့အသက်ဆုံးရှုံးမှုရှောင်လွှဲနိုင်စေချင်ပါသည်။

မိုးကြိုးဆိုတာဘာလဲ

"* မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လောနဲ့ နန်းဦးပြင်*"

 
ခွန်ဆမ်လောနဲ့ နန်းဦးပြင်"
To:

*အဲ့ဒီ ကြယ်လေးတွေ ပေါ်လာတော့ မယ်နော် ... *

မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လောနဲ့
နန်းဦးပြင်

မိုင်းကိုင် - တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်....
မိုင်တရာကျော်ဝေးပါတယ်...။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့
လမ်းအတိုင်းသွားမယ်ဆိုရင်တော့..
..တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင်
အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား>
မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့...။

ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး... ကျိုင်းတောင်း မြို့မှာနေတာဖြစ်ပါတယ်...

ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်...
ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်>
လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်..
ကြားထဲမှာ..မိုင် ၁၀၀ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့
ခွန်ဆမ်လောဟာ
မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။
သူတို့ ချစ်သူ နှစ်ဦးဟာ
နမ့်တိန်းချောင်းကလေးအနီးမှာ...ဆုံတွေ့ပြီး ချစ်စကားပြောလေ့ရှိကြတယ်..။
နံဘေးက နမ့်တိန်းချောင်းရေစီးသံ ကဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့
ချစ်စကား
လေးတွေကို.. နန်းဦးပြင်လေးဟာ ကေင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။
ဒီအခါ နန်းဦးပြင်ဟာ “ နမ့်တိန်းချောင်းရယ်.. ပီဆမ်လောပြောလာမဲ့စကားကို
နားထောင်ပါအုံး...မဆူနဲ့ ”လို့ပြောတော့တာပေါ့။
အဲဒါနဲ့ နမ့်တိန်းချောင်းလေးဟာနန်းဦးပြင် အလိုကျ တိတ်ဆိတ်
ငြိမ်သက်သွားလိုက်တာ.....ခုချိန်အထိတိုင်အောင်
ရေစီးသံ မကြားရတော့ဘူးလို့ ဆိုပါတယ်..။
နန်းဦးပြင်ပြောလိုက်လို့..နန့်တိန်းချောင်းဟာ
ငြိမ်သက်သွားတယ်လို့ခေတ်အဆက်ဆက်လက်ခံ
ယူဆ ခဲ့ကြပါတယ်..။
မိုင်းကိုင်မြို့ရဲ့ ထူးခြားချက်တွေထဲက တစ်ခုဆိုပါတော့။

ခွန်ဆမ်လောကို... ခွန်ဆမ်လော အမေက သူ့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း
နဲ့တိတ်တဆိတ်သဘောတူထားတာပါ...။
ခွန်ဆမ်လောကို နန်းဦးပျဉ်းနဲ့လက်ထပ်ပေးမယ်လို့လဲ.. နန်းဦးပျဉ်းကို
ကတိပေးထားတာပေါ့..။ ခွန်ဆမ်လော ကတော့
သူ့ချစ်သူ နန်းဦးပြင်ကိုပဲ လက်ထက်နိုင်မယ်လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ...

November 25, 2015

" ကြက်ဥတစ်လုံးကို ဖောက်လိုက်ရာမှာ ထူးဆန်းစွာ နောက်ထပ်ကြက်ဥတစ်လုံး ထပ်ထွက်လာ "

 
အမျိုးသမီးတစ်ဦးဟာ ကြက်ဥတစ်လုံးကို ဖောက်လိုက်ရာမှာ အထဲကနေ ပုံစံမပျက်ကြက်ဥတစ်လုံး ထပ်ထွက်လာတာကို
မြင်တွေ့ ရပြီးနောက် မှင်တက်သွားခဲ့ပါတယ်။

အမျိုးသမီးဖြစ်သူ Jane Keast ဟာ ကြက်ဥအကြီးကြီးတစ်လုံးကို ဒယ်အိုးထဲ ဖောက်ကြော်စဉ်မှာ နောက်တစ်လုံးထွက်လာတယ်လို့ ခင်ပွန်းဖြစ်သူ Chris Keast ကို ပြောပြခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက သူမနောက်နေတယ်ထင်ပြီး မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် ဒယ်အိုးပေါ်က ကြက်ဥနောက်တစ်လုံးကို တွေ့ ပြီးမှာတော့ Chris ဟာ သူ့ ရဲ့ဖုန်းကို အပြေးယူပြီး ဒီရှားပါးဖြစ်စဉ်ကို အမိအရမှတ်တမ်းတင်ခဲ့ပါတယ်။ ကြက်ဥ အတွင်းထဲ က ထွက်လာတဲ့ကြက်ဥဟာ ၂ ပဲနိ အကြွေစေ့တစ်စေ့လောက်သာရှိပြီး အခွံက လုံးဝ ပျက်စီးမှုမရှိသေးဘူးလို့ ဆိုပါတယ်။

Jane ဟာ အဆိုပါကြက်ဥကို ဖောက်ကြည့်ခဲ့ရာမှာတော့ အထဲမှာ အနှစ်မပါဘဲ၊ အကာဘဲ ပါရှိတာကို တွေ့ ရှိခဲ့ရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ဒီရှားပါးဖြစ်စဉ်ဟာ သဘာဝရဲ့ဆန်းကြယ်မှုတစ်ခုဖြစ်ပြီး ကြက်မ ဥဥနေတုန်း လန့် ဖျပ်ခြောက်ခြားသွားရင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ကိုင်သူ၊ အသက် ၆၀ အရွယ် Chris က “ ကျွန်တော်တို့ မှာ ကြက် ၁၉ ကောင်ရှိပြီး အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေတွေကို ကြက်ဥရောင်းပါတယ်။ တစ်ညနေ

"ကိုယ့်ချစ်သူရဲ့ ဖခင်၊ ယောက္ခထီးနဲ့ တွေ့ရတော့မယ်ဆိုရင် ဒါတွေကြိုတင်ပြင်ဆင်သွားဖို့လို "

 
ကိုယ့်ချစ်သူရဲ့ ဖခင်နဲ့တွေ့ဆုံရမယ့် ပထမဆုံးအကြိမ်ဆိုတာ သင့်အတွက် အလွန်ပဲ တုန်လှုပ်စရာကောင်းနေပါလိမ့်တယ်။ သင့်ကောင်မလေးဖခင်ရဲ့ အထင်ကြီးမှုကို ရယူဖို့ဆိုတာ ပြောသလောက် လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ရုပ်ရှင်တွေထဲကနဲ့ အပြင်လောကမှာ တထပ်တည်းကျတဲ့ ဇာတ်ဝင်ခန်းက ဒီဇာတ်ဝင်ခန်းပါပဲ။ ဖခင်တိုင်းက သူတို့သမီးရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်မချတတ်ကြပါဘူး။ အထူးသဖြင့် သူမတို့ဘ၀ကို အခြားအမျိုးသားတစ်ဦးရဲ့ ဦးဆောင်မှုနောက်ကို ထည့်လိုက်ရမယ်ဆိုတဲ့အခါမှာပေါ့။ ဒါကြောင့် အကောင်းဆုံး ဆိုတာတွေထဲက အကောင်းဆုံး တစ်ယောက်ကို ရွေးပေးချင်တတ်ကြပါတယ်။ ဒီအခါ သူနဲ့တွေ့တဲ့ ပထမဆုံးအကြိမ်မှာ သင့်အပေါ်ကို အထင်ကြီးသွားစေဖို့က အလွန်ပဲ အရေးကြီးတာကြောင့် ဒီအချက်လေးတွေကို အနည်းငယ် လေ့လာထားဖို့တော့ လိုပါလိမ့်မယ်။

လက်ဆောင်တစ်ခုယူသွားပါ

 လိုအပ်တဲ့ ကြိုတင်လေ့လာမှုတွေ ပြုလုပ်ပြီး သူ့အတွက် လက်ဆောင်တစ်ခုပါအောင် ယူသွားပါ။ သစ်သီးခြင်းတွေနဲ့ ၀ိုင်ပုလင်းတွေဟာ သင့်တော်ပြီးအမြင်လှပေမယ့် အရမ်း ပုံမှန်ဆန်ပါတယ်။ အဲဒီအစား သူနှစ်သက် တတ်တဲ့အရာ ၊ သူ့အတွက် တကယ် လိုအပ်မယ့် အရာတစ်ခုကို အချိန်ယူလေ့လာပြီးမှ ယူသွားပေးပါ။ သင့်ကောင်မလေးကလည်း သင့်ရဲ့လက်ဆောင်ဟာ သူ့ဖခင်ရဲ့အကြိုက်နဲ့ ကိုက်မကိုက် ဆုံးဖြတ်ပေးပါလိမ့်မယ်။ တကယ်လို့များ သူ့အကြိုက်နဲ့အမှန်တကယ်ကိုက်တဲ့ လက်ဆောင် ရွေးချယ်ပေးခဲ့ နိုင်ရင်တော့ ဒီညစာစားပွဲ ချိန်းဆိုခြင်းမှာ သင့်အတွက် ပထမဆုံးအောင်မြင်မှုကြီး ရလိုက်တာပါပဲ။ တာထွက် ကတော့ကောင်းခဲ့ပါပြီ။

အကောင်းဆုံးဖြစ်အောင် ၀တ်ဆင်ပါ

 သူ့အနေနဲ့ သူ့ရဲ့သမက်လောင်းကို တစ်ခါမှမမြင်ဖူးပါဘူး။ သူ့သမီးရဲ့ ပြောပြချက်တွေနဲ့ သင့်ကို စိတ်ကူးပြီးပုံဖော်ကြည့်နေပါလိမ့်မယ်။ ဒါကြောင့် အသက်ရွယ်နဲ့လိုက်ဖက်အောင် ၀တ်ဆင်ပါ။ အထက်တန်းပြီးခါစ ဆယ်ကျော်သက်လေးလို မသပ်မရပ် (ဒါမှမဟုတ်) မရင့်ကျက်တဲ့အသွင်နဲ့ မသွားမိပါစေနဲ့။ သပ်ရပ်စွာနဲ့ ပုံစံကျစွာ ၀တ်စုံပြည့်ဝတ်ဆင်သွားပါ။


ပုံမှန်သာ နေထိုင်ပါ

သူမရဲ့ဖခင်ဟာ သင်အလွန်လေးစားရတဲ့ သူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုပါစို့။ သူ့ရဲ့အထင်ကြီးမှုကို ရယူချင်တာကြောင့် အရမ်းကြီးပြာယာခတ်အောင် ကြိုးစားလေလေ အခွင့်အရေး ပိုနည်းလေလေပါပဲ။ ဒါကြောင့် လူတွေရဲ့နှစ်သက်မှုနဲ့

"အရမ်းသ၀န်တိုတတ်တဲ့ ချစ်သူ ကိုယ့်ကို ယုံကြည်လာစေဖို့ လုပ်ဆောင်ပေးရမယ့် အချက် (၂) ချက်"

 
သင့်ချစ်သူကောင်လေးက သင့်ကိုအမြဲတမ်း သ၀န်တိုနေပါသလား။  ဒီလိုချစ်သူမျိုးနဲ့အတူ ရှိရတာဟာ သင့်အတွက် စိတ်ကသိကအောက် ဖြစ်စရာကောင်းလှပါတယ်။ တကယ်လို့များ သင့်ကိုတခြားကောင်လေးတွေနဲ့ သူက စွပ်စွဲပြောဆိုနေမယ်ဆိုရင် သင်တို့နှစ်ဦးကြားက အချစ်ရေးဟာ ချောမွေ့နိုင်ဖို့ ခဲယဉ်းသွားပါပြီ။  ဒီတော့ သ၀န်တိုတတ်တဲ့ ချစ်သူနဲ့ ဆက်ဆံပြောဆိုရာမှာ သင့်အနေနဲ့ နည်းလမ်း (၂)ချက်ကို သေချာပိုင်ဆိုင်စွာ သုံးပေးနိုင်မယ် ဆိုရင်တော့ သင့်ချစ်သူဟာ သင့်ကို ယုံကြည်စိတ်ချလာပါလိမ့်မယ်။ ပြောချင်တာက ခုလို လုပ်ဆောင်လိုက်လို့ သူ့ဘက်က သင့်ကိုလုံးဝသ၀န်မတိုတာမျိုးတွေ မဟုတ်ပါဘူး။ ဒါပေမယ့် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အရင်က ထက်တော့ဖြည်းဖြည်းချင်း ပြန်အဆင်ပြေလာပါလိမ့်မယ်။
 
၁။သူပြောတာကို နားထောင်ပေးပါ။ ညှိုပေးပါ။ ဒါမဖြစ်နိုင်ဘူးဆိုပြီး စွတ်မငြင်းဆိုတာ၊ ငြင်းခုံတာ မလုပ်ပါနဲ့။
 
သင့်ချစ်သူက သူပြောချင်တာတွေကို ပြောဆိုနေချိန် သင်က ငြိမ်ငြိမ်လေး နားထောင်ပေးလိုက်ပါ။ သူပြောဆိုနေတာ သင့်အတွက် စိတ်အနှောင့်အယှက် အကြီးအကျယ်ဖြစ်နိုင်ပေမယ့် သူ့ကိုမစွန့်လွှတ်နိုင်ဘူးဆိုတဲ့ စိတ်ကိုထည့်ထားလိုက်ရင် သင်အဆုံးထိ နားထောင်ပေးဖို့ ၀န်မလေးတော့ပါဘူး။ သူ့ကိုပြန်ငြင်းနေရင် ပြသနာပိုကြီးရုံကလွဲလို့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပြန်ငြင်းမနေပါနဲ့။ သူဆိုလိုချင်တာက ဘာလဲဆိုတာ အဆုံးထိ နားထောင်ပေးပါ။ ဒီအချက်က သင့်ဆီက သူ အလေးပေးတာကို ပိုလိုနေတာကြောင့်လည်း ခုလို ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ သူခံစားနေရာတွေက ဘာလဲဆိုတာ အဆုံးထိ နားထောင်ပြီး သိအောင်ကြိုးစားပါ။ ဒါမှမဟုတ် ခုလိုတွေဖြစ်နေတာ နှစ်ယောက်တည်း ရှိနေချိန် ပိုနည်းလို့လား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ခုထိပိုရင်းနှီးတဲ့ဆက်ဆံရေး လိုချင်တာလားဆိုတာတွေကို သိအောင်လုပ်လိုက်ပါ။
 
၂။သင်ပေးနိုင်တဲ့ အနေအထား စည်းဝိုင်းတစ်ခုကို သတ်မှတ်ထားပြီး သင့်ဆီက သူဘာလိုချင်နေသလဲဆိုတာကို သိအောင်မေးပါ။
 
ခုလို သူခံစားနေရတာ၊ မယုံကြည်တာတွေက သင်ခုဘယ်မှာရှိနေတယ်၊ ဘယ်သူနဲ့ရှိနေတယ်ဆိုတာ သူ့ကိုပေးမသိလို့များလား။ တစ်ချို့ကိစ္စတွေမှာကျတော့ သူကသင့်ကို စပြောသင့်တာမျိုးတွေလည်း ရှိပါတယ်။ သူ့ဘက်က

"နားကြပ်တံ ဂွမ်းချောင်းလေးတွေကို အခြားဘယ်နေရာတွေမှာ ကောင်းမွန်စွာ အသုံးပြုနိုင်သေးသလဲဆိုတာ"

သင်တို့နားတွေ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့ နားကျပ်ဂွမ်းချောင်းလေးတွေဟာ တကယ်တော့ နားသန့်ရှင်းရေးလုပ်ဖို့တင် အသုံးဝင်တာ မဟုတ်ပါဘူး။ ဒီဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်းပေါင်းများစွာ ရှိနေတာမို့ အားလုံးသိရအောင် ပြောပြပေးလိုက်ပါတယ်။

၁။သွားလေရာကို ရေမွှေးပုလင်း သယ်မယ့်အစား ဂွမ်းချောင်းလေးတွေကို သယ်ယူသွားနိုင်ပါတယ်။
ကိုယ်ဆွတ်နေကျ ရေမွှေးရနံ့လေးကို အချိန်တိုင်း ခန္ဓာကိုယ်ပေါ်မှာ သင်းပျံ့နေစေဖို့ ရေမွှေးပုလင်းကို သွားလေရာ သယ်သွားပြီး စွတ်စရာမလိုပါဘူး။ ဂွမ်းချောင်းလေးတွေကို ရေမွှေးဖျန်းဆွတ်လိုက်ပြီး  ပုံမှာပြထားသလို ပလတ်စတစ်အိတ်ထဲထည့်ပြီး လွယ်လွယ်ကူကူ ယူသွားလိုက်ရုံပေါ့။ ပြီးရင်း တစ်ခုချင်းစီကို ထုတ်ပြီး လည်ပင်း၊ လက်ကောက်ဝတ်လေးတွေမှာ ဂွမ်းထိပ်ကလေးနဲ့ တို့ထိလိုက်ရုံနဲ့ ရနံ့လေးတွေ သင်းသွားမှာပါ။ဘယ်လောက်မိုက်သလဲ။

၂။နှုတ်ခမ်းနီဆိုးတဲ့အခါ ဂွမ်းချောင်းလေးတွေနဲ့ အနားသတ်လိုက်ပါ။
နှုတ်ခမ်းနီဆိုတဲ့အခါ လျှံသွားတာမျိုးတွေ ဖြစ်တတ်တယ်ဆိုရင် ဂွမ်းချောင်းလေးတွေနဲ့ သပ်သပ်ရပ်ရပ်လေး တို့ပေးပါ။ ပိုပြီး သေသပ်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းသားအနားတွေကို ဂွမ်းချောင်းလေးတွေနဲ့ ပေါင်ဒါမှုန့်တို့ပြီး အပြီးသတ်လိုက်ပေါ့။

၃။ဆံပင်အရင်နားတွေကို ဂွမ်းချောင်းလေးတွေနဲ့ အရောင်ညီအောင် ဖန်တီးပါ။
ဆံပင်အရင်းနားတွေက အရောင်တွေပြောင်းပြီး ကြည့်မကောင်းအောင် မညီမညာဖြစ်နေပြီဆိုရင်တော့  ဂွမ်းချောင်းလေးတွေကို အိုင်းရှဲဒိုးနည်းနည်းသုတ်ပြီး ခုန မညီမညာဖြစ်နေတဲ့ ဆံပင်ရင်းတွေကို ကာလာညှိုလိုက်ရုံပါပဲ။

၎။ဒရိုင်ယာကိုလည်း ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။
ကိုယ့်ရဲ့ ဒရိုင်ယာမှာ ဖုန်တွေကပ်နေပြီလား၊ ဒါမှမဟုတ် ဂျီးတွေဖြစ်နေပြီလား။ ဒါဆို ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်လိုက်ရုံပေါ့။ ဘာခက်တာမှတ်လို့။

၅။ကြပ်နေတဲ့ဇစ်ကိုလည်း ဂွမ်းချောင်းသုံးပြီး အဆင်ပြေအောင် လုပ်နိုင်ပါတယ်။
ကိုယ်ဝတ်မယ့်အင်္ကျံဇစ်က ကြပ်နေတယ်ဆိုရင် ဂွမ်းချောင်းမှာ ရှန်ပူနည်းနည်းစွတ်ပြီး ကြပ်နေတဲ့နေရာကို

" မိန်းမကောင်းအင်္ဂါ (၆၄) ရပ် "

ယင်းတို့ ကား 
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ .....................................၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................၁ ရပ်
(၆)အသံလက္ခဏာ ......................................၃ ရပ်
(၇)မျက်နှာလက္ခဏာ ....................................၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ....................................၄ ရပ်
(၁၀)ဆံပင်လက္ခဏာ .....................................၃ ရပ် ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။ (စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ် 
၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ

November 24, 2015

" မိန်းကလေးရင်ထဲက စကား "


(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။ ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။ 


(၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။ တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ

(၃) ယောက်ျား သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ် ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။

(၄) မိန်းမ သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။

(၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။ ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။ လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။ ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။

(၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး စိမ်းစိမ်းသွားတော့တယ်။

"ဘယ်လိုတားစီးရမလည်းကွယ်"

  
 
ချစ် သူ ရေ
"နင့်"ကိုယ်လေ "ငါ" အရမ်းချစ်ခဲ့မိတာ
"ငါ" ကိုယ် "ငါ" တောင်အရမ်းအံ့သြတယ်
"နင့်" အကြောင်းတွေ "က"မှ"အ"အဆုံး
"ငါ"အရာအားလုံး အသိဆုံးလေ
အစဉ်ခြင်မဲ့စွာရယ် အချစ်ကြီးချစ်ခဲ့တဲ့
"ငါ့"မျက်မမြင် နှလုံးသားလေးကို
"ငါ"ဘယ်လို တားစီးရပါမလည်း
ချစ် သူ ရယ် .........

ချစ် သူ ရေ
"နင်"မကြင်နာတာတွေ သိတာပေါ့
ရှောင်ဖယ်မရအောင် ဇွတ်တရွတ်နဲ့
ချစ်နေမိသူက "ငါ" ရယ်ပါလေ
ယုတ္တိမရှိတဲ့ "နင့်"စကားတွေကို
ခေါင်းကလေးသာ အခါခါညိတ်ရင်း
"နင့်" အချစ်ဥာဉ်ဆိုး တွေကိုမှ
ဒီရင်မှာ လာလာ စွဲငြိနေတော့
စိတ်နာကာ မုန်းလိုက်ချင်ပေမယ့်
"ငါ့"နှလုံးသားရဲ့ အချစ်စစ်တွေက
ခွင့်ပြုခြင်း အလျင်းမရှိလေတော့
"ငါ"ဘယ်လို တားစီးရပါမလည်း
ချစ် သူ ရယ် ......
ချစ် သူ ရေ
ဆုံးရူံးမှု့တိုင်းသာ အသနားခံလို့ရရင်
"ငါ" အယူခံတော့ ဝင်ချင်မိတယ်
"ငါ" လေ "နင့်"ကိုယ် ပေးဆပ်ခဲ့တဲ့
အရာအားလုံးက အဖြူထည်တွေပါ
မေတ္တာဟာ အသွားအပြန်ရှိပေမယ့်
"ငါ" ကြမှမရှိတာတော့ ရင်နာမိတယ်
မေ့လိုက်ပါဆိုတဲ့ စကားကိုတော့
ဘယ်တောမှ မပြောလိုက်ပါနဲ့ 
"နင့်"ကိုယ်လေ လက်တွဲဖော်ပါလို့

" မြန်မာမင်းများ လက်ထက်က စုန်းမရေချအစီအရင် "

 
မြန်မာမင်းလက်ထက် ရက်စက်ကြမ်းကြုတ်တဲ့ စုန်းမတွေကို စုန်းမပါလို့ မင်းမိန့်နဲ့ ဖမ်းပီး ရေချစီရင်ရတယ်။ စုန်းမရေချခံရတာထဲမှာ အဓိကတော့ ဇော်ဂနီစုန်းတွေပဲ ။ ဇော်ဂနီစုန်းဆိုတာလေး နည်းနည်းရှင်းပြရအုန်းမှာပေါ့။ မှတ်ထားဖို့ တစ်ခုကတော့ ဇော်ဂနီက စုန်းပဲ။ အဆင့်မြင့်စုန်းပေါ့။ အိန်းတလိမ့်စုန်း (၃၇)မင်းနတ်တွေကို စေပါး ခိုင်းစား ဖမ်းစားနိုင်တဲ့ အဆင့်ရှိတယ်။ အဲ့ဒါကြောင့် ဇော်ဂနီလို့ ခေါ်တာပေါ့။ ကာကနီကတော့ စုန်းမဟုတ်ဘူး။ နဖူးမှာ နဖူးစီး ၊ မှန်ကူကပါတဲ့ နတ်စိမ်းမျိုးကို ကာကနီလို့ ခေါ်တာပေါ့။ မင်းညီနောင်တို့ ကိုကြီးကျော်တို့ ရေငန်ပိုင်ဦးရှင်ကြီးတို့ စတဲ့ နတ်စိမ်းတွေကို ကာကနီလို့ အများအားဖြင့် ခေါ်ကြတယ်။ စောစောက စကားကို ပြန်ဆက်တာပေါ့။ မင်းမိန့်နဲ့ ဖမ်းစီးတယ်ဆိရင် စုန်းကဝေ မပြောနဲ့ အဆင့်မြင့်တဲ ကာကနီ ဇော်ဂနီနတ်တွေတောင် မလွန်ဆန်ဝံ့ကြဘူး။ နာခံရတယ်။ မင်းမိန့်ပြန်ရင် နတ်စိမ်းကအစ နာခံရတယ်လေ။ စုန်းမရေချတာကိုလည်း အရင်မင်းတွေက တော်ရုံတန်ရုံမလုပ်ပါဘူး။ အရမ်းဆိုးတဲ့ စုန်းကဝေကိုပဲ လုပ်ကြတာများပါတယ်။
ပထမဦးစွာ ဇော်ဂနီစုန်းမတွေကို ရေချစီရင်ဖို့ လုပ်ရတဲ့ အစီအရင်မှာ စုန်းမကို ရေချမယ်ဆိုရင် မြစ်ထဲမှာ ရေချရတယ်။ ဘယ်လိုရေချဖို့ စီရင်ရသလဲဆိုတော့ သတ္တဝေဠုတဲ့။
တံရူးဝါး (တံစူးဝါး)ကို ခွဲပီး ခုနစ်ချောင်းရအောင် စိတ်ခြမ်းရတယ်။ အဲ့ဒီ ၀ါး (၇)ခြမ်း ကပ်အောက်မှာ ဆီးသားကို လက်ကိုင်သားနှစ်ချောင်းခံပြီး တုပ်ချည်ထားရတယ်။ ပြီးရင် ရေလုံအိုးကြီးထဲမှာ အိမ်(၇)အိမ်သားတို့ရဲ့ ကျင်ကြီးကျင်ငယ်ရေတွေ စုထည့်ပီး အဲ့ဒီ (၇)အိမ်က ရက်ဆက်ပုန်းရည်တွေ လောင်းထည့်ရတယ်။ စောစောက တံစူးဝါးနဲ့ လေးတစ်စင်းလုပ် ၊ တံစူးဝါးနဲ့ပဲ မြား (၇)စင်းလုပ် ၊ အဲ့ဒီ မြား (၇)စင်းရဲ့ မြားရွက်ကို လင်းတအတောင် တပ်ရတယ်။ သည်တော့ လင်းတအတောင် မြားရွက်တပ် တံစူးလေး နဲ့ မြားကြီး (၇)စင်းလည်း ရပီ။ တစ်ခါ မြားငယ် (၇)စင်း ထပ်လုပ်။ နောက်ပီးရင် ပန်း (၇)မျိုး။ ဆူးက (၇)မျိုး စု။ လင်းတအကောင် (၇)ခုစု။ ဒီနောက် မြားကြီးတစ်စင်း။ ပန်းတစ်ပွင့် ။ အဲ့ဒီနောက် ဆူးတစ်ဆူးစီပုံ ။ ခုနှစ်မျိုး ခုနှစ်ပုံ ရအောင်ပုံရတာပေါ့။
အဲ့ဒါတွေ ပီးရင် လက်ရဖမ်းဆီးထားတဲ့ စုန်းမကို ထဘီအဖြူ ၀တ်ပေးရတယ်။
ဆံပင်ကိုလည်း ဆံထုံး (၇)ထုံး ထုံးရတယ်။ ထုံးပီးရင် မြားငယ် (၇)ချောင်းကို ဆံထုံးခုနစ်ထုံးထဲမှာ တစ်ခုစီ ထိုးစိုက်ထည့်ရတယ်။ အဲ့လို လုပ်ပီးတာနဲ့ စုန်းမရဲ့လက်မ နှစ်ခုကိုပူး။ ကြိုးနဲ့ချည် ခြေမနှစ်ခုပူး ကြိုးနဲ့ ချည်ရတယ်။ ပြီးနောက် ဇော်ဂနီစုန်းမရဲ့ခါးကို သမန်းကြိုးနဲ့ ချည်ရတယ်။ စုန်းမရဲ့လည်ပင်းမှာတော့ (၇)တောင်ရှည်တဲ့ သမန်းကြိုးကို

"အရောင်စွမ်းအင်ကို အသုံးချ၍ အချစ်ကိုအရယူနည်း "

အချစ်ကိုရယူနည်းပေါင်းများစွာရှိတဲ့နေရာမှာ ဒီတစ်ခေါက်တော့ အရောင်စွမ်းအင်အသုံးချနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ -
(၁) ပန်းနုရောင်ကတ်ထူပြား
(၂) အဖြူရောင်ကတ်ထူပြား
(၃) အနက်ရောင်ကတ်ထူပြား
(၄) ဖယောင်းတိုင်တစ်ချောင်း
(၅) သော်ကပန်းများ

         လိုအပ်မှာဖြစ်ပါတယ်။
          ပထမဆုံး မိမိကြိတ်ချစ်နေရသူရဲ့ချွေးတစ်စက်ကို အဖြူရောင်ကတ်ထူပြားပေါ်မှာတင်ပါ။ ထို့နောက် မိမိကြိတ်ချစ်နေသူ၏နဖူးပြင်ကိုနမ်းနေသည်ဟု အာရုံပြုကာ ပန်းနုရောင်ကတ်ထူပြားကို နူးညံ့ညင်သာစွာနမ်းရှိုက်လိုက်ပြီးနောက် အဖြူရောင်ကတ်ပြားကိုအခြေမှာထားကာ အနက်ရောင်ကတ်ပြားကို အလယ်မှာထားပြီး ပန်းနုရောင်ကတ်ပြားကို အပေါ်ဆုံးမှာထားကာ သော်ကပန်းကို ပတ်ပတ်လည်ခြံရံကာ ဖယောင်းတိုင်ကို ကတ်ထူပြားသုံးခုထပ်ထားသည့်အပေါ်တွင် တင်ထွန်းကာ ဖယောင်းတိုင်ကို မျက်တောင်မခတ်ဘဲ စေ့စေ့ကြည့်ပြီး မိမိနှလုံးသားကိုဆုပ်ကိုင်ကာ "အော်ကာဆုခွဲဘီးလိယိတ်" ဟု (၇)ခေါက်ရွတ်ဆိုပေးရမှာဖြစ်ပြီး ဖယောင်းတိုင်ငြိမ်းသည်အထိ ဖယောင်းတိုင်အနီးမှာ မိမိချစ်ရသူကို အာရုံပြုထားရမှာပဲဖြစ်ပါတယ်။
         ဒီနည်းရဲ့ထူးခြားချက်ကတော့ ယောက်ျားလေးမှမိန်းကလေး၊ မိန်းကလေးမှယောက်ျားလေး၊ ယောက်ျားလေးမှယောက်ျားလေး၊ မိန်းကလေးမှမိန်းကလေးချင်းချစ်သူများ

"ကြက်သွန်နီ၏ ထူးခြားသော ဆေးဖက်ဝင်အာနိသင်များ Medicinal benefits of onions"

စာရေးသူငယ်စဉ်က ပြေးလွှားဆော့ကစားရင်း မိမိ အိမ်နီးချင်းအိမ်မှ မွေးထားသော ခွေးတစ်ကောင်က မျက်စိနောက်ပြီးလိုက်ကိုက်ရာ ခြေသလုံး တွင် သွေးများယိုစီးကျပြီး အပေါက် ငယ်နှစ်ပေါက်ဖြစ် သွားပါသည်။ အိမ်ရှင် အဒေါ်ကြီးက အငို တိတ်အောင်ချော့မော့ပြီး ခွေးကိုက်နာ ကိုရေဖြင့် လောင်း ပြီး သေချာဆေးကြောပေးပါသည်။ ထို့နောက် သူ့အိမ်မီးဖိုချောင်မှ ကြက်သွန်နီဥကြီး တစ်ဥကိုယူ၍ ဓားဖြင့်ပြားအောင် ရိုက်ပြီး ခွေးကိုက် သည့်အပေါက် အစွယ်ရာပေါ်တွင်ဖိအုပ်ပြီး ပုဆိုးဟောင်းတစ်ထည်ကို ဆုတ်ဖြဲပြီး ပတ်တီး စည်းပေးပါသည်။ စည်းထားသောနေရာမှ တစစ်စစ် ကိုက်နေပြီး တစ်နာရီခန့် ကြာသောအခါ သက်သာ သွား ပါသည်။ နောက် တစ်နာရီခန့်ကြာသောအခါ ပတ်တီးကို ဖြည်ပေးသည်။ ကြက်သွန်နီဥမှာ သွေး များနှင့်အဆိပ်များကို စုပ်ယူသွားပြီး မဲနက်သွားသည် ကို ကိုယ်တွေ့ တွေ့ရဖူးပါသည်။ ပြီးမှ အနာ ကို ဆေးဝါရည် အနာကျက်ဆေးကို ပေးပါသည်။ ခွေးမှာလည်း အိမ်မွေးခွေး ဖြစ် သဖြင့် စိတ်ချရပါသည်။ အနာလည်းမရင်းဘဲ နောက်နှစ်ရက်တွင် ပျောက်ကင်းသွားပါသည်။ ကြက်သွန်နီ၏ အစွမ်းကို ငယ်စဉ်က ကြုံရခြင်းဖြစ်ပါသည်။ ကြက်သွန်နီသည် အိမ်ရှင်မများ ဟင်းချက်ရာတွင် နေ့စဉ်မပါမပြီး၊ မရှိမဖြစ်သော မီးဖိုချောင်သုံး အမယ်တစ်မျိုးဖြစ်သည်။ အာဟာရအနေ နှင့်လည်း ရေငွေ့ဓာတ်နှင့်ကစီဓာတ်များစွာပါဝင်သည်။ ဆီးရွှင် စေသော ဓာတ်လည်း ပါဝင်သည်။ အသားဟင်းများချက်လျှင်လည်း ကြက်သွန်နီဥ ထည့်ချက်လျှင်လည်း လျင်မြန်စွာနူးစေနိုင်သည်။ မကောင်းသောအနံ့ အသက်များကိုလည်း စုပ်ယူနိုင်စွမ်းရှိသည်။
ကြက်သွန်နီနှင့်ချက်သောဟင်း များသည် အစာကြေနိုင်စွမ်းရှိသည်။ ရှေးဟောင်းမြန်မာဆေးကျမ်းတစ်စောင်ဖြစ်သော {{ရှူတော် မူဆေး အဘိဓာန်ကျမ်း}} ကြီးတွင် . . .ကြက်သွန်နီသည် လေ၊ သလိပ်၊ သည်းခြေ၊ ရတ္တပိတ်နာ (သွေးကြောပိတ်ရောဂါ)၊ အဖျား ချောင်းဆိုး၊ ကုတ်ဟီးနာတို့ကို နိုင်၏။ ဆီးကိုရွင်စေတတ်၏။ သုတ်ကိုပွားစေတတ်၏ဟု ဆိုထားသည်ကို တွေ့ရသည်။ စာရေးသူ၏ဖခင် အသက်ရှစ်ဆယ်ကျော်အဖိုးသည် ကြက်သွန်နီကို ပါးပါးလှီး၊ သံပုရာရည်၊ ရှောက်ရည်ဆမ်းပြီး ထမင်းစားတိုင်းတွဲဖက်စားလေ့ ရှိသည်။ သူသည် နယ်သတင်းထောက်တစ်ဦးဖြစ်ပြီး ယခုအခါ သက်ကြီးကန် တော့ ခံသတင်းစာ ပညာရှင်ဖြစ်သည်။ သူ့တွင် လူကြီးများဖြစ်လေ့ရှိသည့် ဆီးကျိတ်ရောင် ရောဂါမဖြစ်ခြင်းမှာ ကြက်သွန်နီကိုနေ့စဉ် မှန်မှန်စား သုံးခဲ့ ခြင်းကြောင့် ဖြစ်ကြောင်းပြောပါသည်။ ကြက်သွန်နီမှာ ဆီးကောင်းသည်မှာ အမှန်ပင်ဖြစ်ပါသည်။ လွန်ခဲ့သော ရက်အနည်း ငယ်က မိုးများစွာရွာပြီး လမ်းများရေမြုပ်သဖြင့် ဖိနပ်ရေစိုဖြင့် ကျောင်းသွားရသော သမီးငယ်တစ်ဦးမှာ ဆီးအောင့်ပြီး အပေါ့သွားေ သာအခါ များများမသွား၊ တစ်စက်ချင်းသွားနေသဖြင့် ဒုက္ခရောက်သည်။ ထိုသို့ဖြစ်နေ သူကို ကြက်သွန်နီဥကြီး ကို ထောင်းပြီး ပိတ်စဖြင့်ထုပ်၍ အရည်ညှစ်ယူပြီး သကြားတစ်ဇွန်းနှင့် စပ်တိုက်သည်။ မကြာမီပင် ဆီးများသွားပြီး ဆီးအောင့်ဝေဒနာမှာ သက်သာသွားကြောင်းတွေ့ရသည်။ နားကို ဆံပင်ညှပ်သည့် ကလစ်ဖြင့် နားချေးကလော်မိရာမှ ရောင်ပြီး နားကိုက်နေသူ တစ်ဦးမျာ ဆေးရုံဆေးခန်းနှင့် ဝေးသည့် နေရာတွင်ဖြစ်သဖြင့် ဒုက္ခရောက်နေရာ တိုင်းရင်းဆေးမြီးတို သိနားလည် သူ တစ်ဦးက ကြက်သွန်နီဥကို မီးကင်၍ အရည်ညှစ်ပြီး နားအတွင်းသို့ထည့်ပေးရာ နားကိုက်သက်သာသွား သည်ဟု ကိုယ်တွေ့ကြုံသူ တစ်ဦးက ပြောပြပါသည်။ ဆရာဝန်နှင့်ဝေးသည့်အရပ်တွင် အသုံးဝင်သော ဆေးမြီးတို၊ ဆေးနည်းတိုဖြစ်ပါသည်။ ဦးခေါင်း အရေပြား ဗောက်ထခြင်း၊ ယားယံခြင်းဖြစ်ပါက တန်ဖိုးကြီး ခေါင်းလျှော်ရည် များ မသုံးစွဲနိုင်လျှင် မီးဖိုချောင်သုံး ကြက်သွန် နီဖြင့် ပျောက် ကင်းနိုင်ပါသည်။ ကြက်သွန်နီဥကို ထက်ခြမ်းခြမ်း ပြီး ဦးခေါင်းအရေပြားအတွင်း စိမ့်ဝင်အောင် ပွတ်ပြီး ခေါင်းလျှော်ပေးပါ၊ နေ့စဉ်မှန်မှန်ပြုလုပ်လျှင် ဗောက်များ ပျောက်သွားပါလိမ့်မည်။ အချို့က ကြက်သွန်နီဥအရည်၊ ရှောက်ရည်၊ ပျားရည် ၃ မျိုးရောစပ်ပြီး လိမ်းလျှင်လည်း ဦးခေါင်းမှ ဗောက်များအချပ်လိုက်ကွာကျ ပျောက်ကင်းသည်ဟုဆိုပါသည်။ ကြက်သွန်နီ ၏ဆေးဘက်ဝင်အသုံး များမှာ-
ကြက်သွန်နီ၏ဆေးဘက်ဝင်အသုံးများမှာ
၁။ ကြက်သွန်နီကို အစိမ်းစားခြင်းဖြင့် ဆီးကောင်းစေသည်။
၂။ ကြက်သွန်နီဥကို မီးဖုတ်၍စားခြင်းဖြင့် လေသက်စေနိုင်သည်။
၃။ ထိပ်ပြောင်သောနေရာတွင် ကြက်သွန်နီဥကိုထက်ပိုင်းဖြတ်၍ ပွတ်ပေးလျှင်ဆံပင်ပြန်ပေါက်စေ နိုင်သည်။
၎။ ဆံပင်ဖြူလျှင် ကြက်သွန်နီဥမှညှစ်၍ရသောအရည်ကို နေ့စဉ် ဦးခေါင်းတွင်ပွတ်ပေးလျှင် ဆံပင်ပြန်နက်စေနိုင်သည်။
၅။ ကင်းကိုက်၊ ပျားတုပ်၊ ပုရွက်ဆိတ်ကိုက်သည့် အနာများတွင် ကြက်သွန်နီဥကိုထက်ပိုင်း ဖြတ်၍ပွတ်ပေးခြင်းဖြင့် သက်သာစေ နိုင်သည်။
၆။ အကျိတ်နှင့် သက်တန့်ရောင်နာများတွင် ကြက်သွန်နီကို မီးအုံး ၍ခပ်နွေးနွေးအုံပေးလျှင် ပျောက်ကင်းသည်။
၇။ ညအိပ်မပျော်လျှင် ကြက်သွန်နီဥကြီးကို ပြုတ်၍လည်းကောင်း၊ ရေနွေးငွေ့ဖြင့်ပေါင်း၍လည်းကောင်း

November 23, 2015

"မအင်္ဂါထဲ သေနတ်ဖွက်ထားတဲ့ အမျိုးသမီးကို ထောင် ၃နှစ်ချ " ဒါ.. ဆော့စရာလားဟင်..ထပေါက်ရင် ဘယ့်နှင့်လုပ်မလဲ..

 
အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ယောနိထဲကို ကျည်ဆံအပြည့်ဖြည့်ထားတဲ့ သေနတ်ဖွက်ထားခဲ့တာကြောင့် ထောင်သုံးနှစ်
ချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သူ့နာမည်ကတော့ Dallas Archer ပါ။ အမေရိကန်ပြည်ထောင်စု၊ တန်နက်စ်စီပြည်နယ်၊ ကင်းစပေါ့မြို့မှာ ယာဉ်စီးကမ်းချိုးဖောက်ရာကနေ တရားမဝင်လက်နက်သယ်ဆောင်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့သူ့ကို လိုင်စင် သံသယမှုနဲ့ ကားရပ်ခိုင်းခဲ့ပြီး စစ်ဆေးခဲ့ရာ သူ့ရဲ့ပေါင်ကြားမှာ အမျိုးအမည်မသိ ပစ္စည်းတစ်ခုကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီး ရဲအရာရှိဟာ သူ့ကို အိမ်သာထဲခေါ်သွားပြီး စစ်ဆေးရာမှ သူ့ရဲ့ ပစ္စည်းထဲမှာဖွက်ထားတဲ့ .22 ပစ္စတိုတစ်လက်ကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီသေနတ်ကို ကားအရောင်းသမားဟောင်း အသက် ၇၀အရွယ်ရှိ John Souther ရဲ့ကားထဲကနေ ခိုးယူခဲ့တာဖြစ်ကြောင်း

"အကောင်း မမှတ်နဲ့ "

 
ရုံးတစ်ရုံးမှာ မိတ္တူကူးစက်ပျက်လို့ Service Center ကို လှမ်းခေါ်တော့ စက်ပြင်ဆရာရောက်လာတယ်။ တောင်ကြည့်မြောက်ကြည့်လုပ်ပြီးတော့ သူကပြောတယ်……

“ဖုံနည်းနည်းဝင်သွားလို့ ဂျမ်းဖြစ်သွားတာပါ၊ ဒီအဖုံးလေးကို ဆွဲဖြုတ်ပြီး အတွင်းက ဖုန်တွေကို ကိုယ့်ဘာသာကိုယ် သုတ်လိုက်ရင် ကောင်းသွားပါလိမ့်မယ်၊ ကျနော်တို့လုပ်ပေးရင် ဒေါ်လာ ၅၀ ယူပါတယ်” 
“အိုကေလေ… ဒါဆို ကိုယ်ဘာသာကိုယ်ပဲ လုပ်လိုက်ပါမယ်”

“ဟုတ်ကဲ့… သွားပြီနော၊ နောက်လိုတာရှိရင် ခေါ်လိုက်” 
“ဒါနဲ့ နေပါအုံးဗျ၊ ခင်ဗျား အဲလိုအကြံပေးလိုက်လို့ ကျနော်တို့ ကိုယ့်ဟာကိုယ် လုပ်လိုက်တော့ ခင်ဗျားတို့ ကုမ္မဏီက ပြင်ဆင်ခ မရတော့ဘူးပေါ့၊ ကုမ္မဏီသူဌေးသိရင်တော့ ခင်ဗျားကို ဆူတော့မှာပဲ”
 “မဆူပါဘူး၊ ဒါမျိုးပြောဖို့ သူက ခိုင်းထားတာပါ”
“ဟင်… ဟုတ်လား၊ ဘာလို့လဲဗျ” “အဲလို ဘာမသိညာမသိနဲ့ ကိုယ်တိုင်လျှောက်လုပ်တော့မှ စက်က

"ဘယ်မိန်းကလေးမဆို တမ်းတမ်းစွဲဖြစ်သွားစေနိုင်သည့် နည်းလမ်း(၈)ခု"



သင့်အနေနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ချင်ပါသလား။ ဘယ်မိန်းကလေးတွေကမဆို ကြွေသွားစေနိုင် လောက်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ စိတ်ထားမြင့်မြတ်တာကနေစပြီး ပျော်ရွှင်တတ်တာအထိ လိုက်နာ စရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲကမှ မိန်းကလေးတိုင်း သင့်ကိုတမ်းတမ်းစွဲဖြစ်နေစေဖို့ အရေးကြီးတဲ့ အချက်(၈)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သူမနဲ့တစ်ခါလောက် သေချာချိန်းတွေ့ပြီး လျှောက်လည်ပါ။ ဒီလိုချိန်းတွေ့နေချိန်မှာ သူမကိုအမှန်တကယ် မြတ်နိုးချစ်ခင်ကြောင်း ပေါ်လွင်ပါစေ။ ပြီးရင် ရက်အနည်းငယ်ကြာအောင် သူမကို ရှောင်နေလိုက်ပါ။ သူမက သင့်ကို မျှော်နေပါစေ။

၂။ သင့်ရဲ့ဘ၀က ပြီးပြည့်စုံနေတယ်ဆိုတာကို သူမ သိပါစေ။ သင်က ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနေတယ် ဆိုတာကို သူမ သိဖို့ လိုအပ်ပါတယ်။ သင့်ဘ၀ဟာ သူမအတွက် စိတ်လှုပ်ရှားစရာဖြစ်လေလေ၊ သူမအနေနဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်လာလေလေပဲဖြစ်ပါတယ်။

၃။ လျို့ဝှက်ဆန်ဆန်ဖြစ်ဖို့လည်း လိုပါတယ်။ သင့်နဲ့ပတ်သက်ပြီး အားလုံးကို သူမသိတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။ သင့်မှာဖုံးကွယ်လျို့ဝှက်ထားတာတွေရှိတာနဲ့အမျှ သူမကပိုပြီး အာရုံစိုက်သိချင်နေမှာ ဖြစ်ပါတယ်။ သင့်ဘ၀နဲ့ပတ်သက်လို့ မသိမသာလေးဆိုရုံပဲ ဖော်ထုတ်ပြသပြီး သူမရဲ့စိတ်ဝင်စားမှုကို ရယူထားခြင်းအားဖြင့် သင့်နဲ့အတူအချိန်ဖြုန်းဖို့ကို သူမစိတ်အားထက်သန်လာပါလိမ့်မယ်။

၎။ ပွဲတိုးတဲ့သူလည်း ဖြစ်ပါစေ။ အ၀တ်အစား ၀တ်စားဆင်ယင်မှုနဲ့ ဖက်ရှင်ကို ဂရုစိုက်ဖို့ကို ဆိုလိုတာပါ။ ကောင်းကောင်းမွန်မွန် ၀တ်စားထားရမယ်ဆိုတိုင်းလည်း ၀တ်စုံပြည့်အကျအနချည်းပဲ ၀တ်နေဖို့မဟုတ်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အ၀တ်အစားတွေနဲ့လည်း လန်းနေဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သင့်ကို ကြည့်လိုက်တိုင်းမှာ လန်းတယ်လို့ မြင်သွားစေဖို့ပဲဖြစ်ပါတယ်။

၅။ အမျိုးသမီးတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေအကြားမှာ ထင်ရှားပြီး လူချစ် လူခင်များ တာမျိုးကို ဆိုလိုတာပါ။ ဒီလို အမျိုးသမီးတွေရဲ့ ရင်းနှီးခင်မင်မှုကို ရရှိထားတတ်တဲ့ အမျိုးသားတွေကို မိန်းကလေးတွေက သူမတို့ရဲ့သက်ဆိုင်သူအဖြစ် ရှိစေလိုတတ်ကြပါတယ်။

၆။ ရိုးရှင်းလွန်းလို့ မရပါဘူး။ သင့်အနေနဲ့ စိတ်ဝင်စားစရာကောင်းသူ တစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ မိန်းကလေးတွေက

"ကိုလူဆိုးများ မြာစွံရသည့် အကြောင်းအရင်းကို တွေ့ရှိ"

 
ကိုလူကောင်းကြီးများကို မိန်းမလှများက ခေါက်ထားပြီး ကိုလူဆိုးကြီးများနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြပုံကို လူများမြင်ဖူးကြုံဖူးကြမည် ဖြစ်သည်။ လူဆိုးကြီးများ မြာစွံရပုံ အကြောင်းအရင်းကို ပညာရှင်များက သိရှိလိုသောကြောင့် လေ့လာခဲ့ရာ ယခုတော့ အကြောင်းအရင်း တချို့ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။

          ဘာစီလိုနာ ဆေးရုံကြီးမှ ပညာရှင် တစ်စုသည် စွဲလမ်းလွန်စိတ်၊ ယုံမှားလွန်စိတ် ရှိသူများ အပါအ၀င် စိတ်ပိုင်းဆိုင်ရာ အစွန်းရောက်သူ အမျိုးသားနှင့် အမျိုးသမီး(၁၀၀၀) ခန့်ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ တချို့သော  ကိုယ်ရည် ကိုယ်သွေး တချို့သည် ချစ်မှုရေးရာတွင် အောင်မြင်စေတတ်ကြောင်း လေ့လာမှုအရ သိရှိခဲ့ရသည်။ အလေ့လာခံများ ချစ်သူ မည်မျှထားရှိခဲ့သည်၊ သားသမီး မည်မျှရရှိသည်၊ ရာထူးရာခံနှင့် ၀င်ငွေအဆင့်တို့ကို  လေ့လာကြည့်ခဲ့ကြောင်း ဆေးရုံကြီးမှ ဖာနန်ဒို ဂူတီရက်ဇ်က ပြောဆိုခဲ့သည်။

          အစွန်းရောက်တတ်သူများသည် ချစ်သူများများရ၊ သားသမီးများများ ရတတ်ကြောင်း ဂူတီရက်ဇ်က ပြောသည်။ သို့သော် ကျားမနှစ်မျိုးစလုံး ရလဒ်တူသည်တော့ မဟုတ်ပါ။ စွဲလမ်းလွန်စိတ်များသည့် အမျိုးသားများသည် အမျိုးသမီးများထက် ကာလရှည် လက်တွဲမည့် ချစ်သူကို ရှာဖွေရာတွင် ပိုမိုအောင်မြင်တတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

          ချစ်သူ ပိုမိုရရှိစေသော အမူအကျင့်များမှာ ရှေးဘိုးဘေးများထံမှ အမွေဆက်ခံ ရရှိသော အမူအကျင့်များနှင့် သက်ဆိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဖာနန်ဒို ဂူတီရက်ဇ်က ပြောဆိုခဲ့သည်။ အစွန်းရောက်လောက်အောင်  ရဲရင့်ခြင်းကြောင့် လူသားမျိုးနွယ်သည် ဆက်လက် တည်မြဲနေခြင်း ဖြစ်ကြောင်း သူကဆိုသည်။

          ယင်း ကိုယ်ရည် ကိုယ်သွေးသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အရ အကျိုးအမြတ် ရရှိခြင်းဖြစ်ကြောင်း လေ့လာမှု

" ဗိုလ်တစ်ထောင် ဘုရား မှ မမြနန်းနွယ် ၏ ဘဝဖြစ်စဉ် "

 မြန်မာပြည်ကြီး ထီးရိပ် နန်းရိပ် ကွယ်ပြီ ဆို တော့မြန်မာတစ်ပြည်လုံး တိုင်းရင်းသား အားလုံး ကြိမ်မီးအုံး သည့်နှယ် နှလုံးသား မှာ ခံစားနေကြရသည်။ နယ်ချဲ့ကိုလိုနီ ကို တွန်းလှန် ရန် နေရာဒေသ အနှံ့ လက်နက်စွဲ ကိုင်တော်လှန်ကြသည်။

မြန်မာပြည်ကြီး လွတ်လပ်ရေး ရစေရန် ရှမ်းပြည် ရှိ မိုင်းပွန်စော်ဘွားကြီး စောခွန်တီ သည်လည်း မျိုးချစ်တော်လှန်ရေး သမားဖြစ်ရကား မိဘမဲ့ တူမတော် "နန်းခမ်း" အား ကြည့်ရှုစောင့်ရှောက်ရန် ခက်ခဲလာ သည်။

တော်လှန်ရေးသမား ဆိုတော့ အချိန်ခါ မရွေး နေရာဒေသ အနှံ့ သွားလာ လှုပ်ရှားနေရ သည်။ အရွယ်ရောက်နေသော တူမတော် နန်းခမ်း ကိုခေါ်ဆောင်သွားလို့ က မဖြစ်ဆို တော့
မိုးကုတ်မြို့ မှကျောက်တွင်း သူဌေး ဦးအောင်ဇံ မိသားစု ထံခေါ်သွားပြီး အပ်နှံ ထားရသည်။

နန်းခမ်း အပေါ် ဦးအောင်ဇံ မိသားစု ကလည်း သားသမီး အရင်းပမာ စောင့်ရှောက်ပေးခဲ့ ကြသည်။
တကယ်တော့ စော်ဘွားသွေး ရှမ်းမျိုးနွယ် ဖြစ်သည့် နန်းခမ်း ၏ချောမော လှပမှု ဘာသာ တရား အဆုံး အမအောက် နေသူလေး မို့ မိုးကုတ်မြို့ ကျောက်တွင်း သူဌေးကြီး ဦးဘကောင်း ၏ သား  ကိုချမ်းသာ ကနှစ်သက် သဘောကျလေသည်။

ကိုချမ်းသာ ၏ မိဘ များ ကလည်း သားဖြစ် သူနှစ်သက် သဘောကျနေသည့် နန်းခမ်း အားရွှေလမ်း ငွေလမ်း ခင်း လာကြသည်။ အချိန် ကာလ ၁၈၉၇ ခုနှစ်ဖြစ်သည်။ ကိုချမ်းသာနှင့် မနန်းခမ်း လက်ထပ် ခဲ့ကြ သည်။ သီပေါမင်း ပါတော်မူပြီး ဆယ်နှစ် ကျော် ကာလဖြစ်သည်။

သက္ကရာဇ် ၁၉၀၆ ခုနှစ် ဒီဇင်ဘာ ၂၂ရက် စနေနေ့ (၁၂၆၈ ခုနှစ် ပြာသို လဆန်း ၉ ရက်နေ့ ) မှာ ကိုချမ်းသာ မနန်းခမ်း တို့မှာ မနန်း (ခေါ်) မြနန်းနွယ် ကို မွေးဖွား ခဲ့လေ သည်။
(မောင်နှမ သားချင်း ကိုတော့ စာရေးသူ လေ့လာ မှု အားနည်း လို့ မသိပါ)
 

 မြနန်းနွယ် တွင် အစ်မကြီး မြနန်းရှင် ညီမငယ် မြနန်းဝေ ရှိသည် ကိုတော့ လေ့လာမှု အရ သိရပါသည်။ အစ်မကြီး မြနန်းရှင် မှာ ညီမလတ်မြနန်းနွယ် လောက် သိပ်မနူးညံ့ ပါ။ ဒေါမာန်ကြီးသည်။ ဒိုးဒိုးဒေါက်ဒေါက် ရှိ ပေသည်။

သို့သော် ဘာသာရေးကိုင်းရှိုင်းပြီး သူ့ဆိုင်ရာ သာသနာ့နယ်မှာ သာသနာပြု နေပါသည်။
အစ်မတော် မြနန်းနွယ် တို့မှာ ကျောင်းပညာ အတန်း ပညာတတ်မြောက် စေရန် မိုးကုတ် မြို့ မှာသာ ပညာ သင်ကြားခဲ့သည်။ 

အတန်း ပညာမှာ ထူးချွန် ထက်မြက် သူမို့ မိဘ များက သားသမီးရှေ့ရေး မျှော်တွေးဆ ကာ အိန္ဒိယ ပြည်သို့ မမြနန်းနွယ် အား တက္ကသိုလ် ပညာ

"အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး "


 

“လေပူ” ဆိုသော စကားကို အနောက်တိုင်း ဆရာဝန်များအဖို့ ဆေးပညာ ဝေါဟာရ မရှိပါ။ မြန်မာလူမျိုးများ အဖို့မှာ လူတိုင်းသိသော စကား ဖြစ်ပါသည်။  “လေပူထလို့၊ လေပူတွေ အထက်လှန်လို့၊
လေပူထပြီး အာခေါင်တွေ ခြောက်လို့၊ လေပူလှန်ပြီး အာသီးရောင်လို့၊ အစာအိမ်မှာ လေပူထလို့၊ လေပူလှန်ပြီး သွားဖုန်းတွေ ကြွလို့၊ ကောက်ညှင်းပေါင်း စားပြီး လေပူထလို့၊ ပုစွန်ခြောက်တွေ စားပြီး လေပူလှန်ပြီး ကြို့ထိုးလို့၊ နှလုံးအပူရိုက်ပြီး မောလို့၊ လေပူထပြီး နှလုံးတွေတုန်လို့” စသော စကားလုံးများမှာ အရပ်ထဲတွင် ကြားနေကျ စကားလုံးများ ဖြစ်ပါသည်။ တလောက သူငယ်ချင်း ဆေးပညာ မဟာသိပ္ပံဘွဲ့ ရထားသော ဆရာဝန်ကြီးတစ်ဦးကို “လေပူ” အကြောင်း ပြောပြပြီး သူငယ်ချင်းတို့ အနောက်တိုင်း ဆေးပညာ အယူအဆမှာ ဘယ်လိုကြောင့် ဖြစ်နိုင်သလဲဟု မေးရာ သူက “အစာအိမ်မှာ အက်ဆစ်ရည် (HCL) အထွက်များရာကနေပြီး အငွေ့ပျံလာတဲ့ အက်ဆစ်ငွေ့ပေါ့ကွာ၊ Gas Flatulance လို့ ပြောနိုင်တာပေါ့" သူရှင်းပြသော သဘောအရ အစာအိမ်အတွင်းတွင် အက်ဆစ် အချဉ်ရည်များ လွန်ကဲပြီး အငွေ့ပျံကာ အပေါ်သို့ တက်ခြင်းဖြစ်သည်။

ရေနံတွင်းများတွင် gas ထွက်သကဲ့သို့ အစာမျိုပြွန်မှ လည်ချောင်း၊ အာခေါင်၊ နှုတ်ခမ်း၊ လျှာ၊ သွားဖုံးများအထိ တက်လာမည်။ လောင်ကျွမ်းမည်။ ဒေသနာ ဆေးပညာတွင် လေမျိုးရှစ်ဆယ်ဟု ဆိုကြသော်လည်း အဓိကမှာ ဥဏှတေဇောကြောင့်ဖြစ်သော ဥဏှဝါယော (လေပူ) သာလျှင် လူကို မနေနိုင်အောင် ဒုက္ခပေးသော လေမျိုး ဖြစ်သည်။ တစ်ခါက ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါသည်။ စာရေးသူ၏ သမီးအလတ်လေး ဖျားပြီး ဗိုက်ဖောင်းလာသဖြင့် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် ပြသည်။ ထိုဆရာဝန်ကြီးက ဝမ်းကိုက်ပိုး စစ်ခိုင်းသည်။ ဝမ်းကိုက်ပိုး မတွေ့။ အူပိတ်သည် ထင်သဖြင့် ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးထံ သွားခိုင်းပြန်သည်။ ထိုဆရာဝန်ကြီးက လက်အိတ်ဖြင့် သမီးလေး၏ စအိုပေါက်ကို နှိုက်ကြည့်သည်။ ဝမ်းများ ထွက်ကျလာသဖြင့် သူက လက်အိတ်ကို ချွတ်ပြီး “အူတော့ မပိတ်ပါဘူး။ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုနဲ့ ဆက်ပြပါ” ဟု ပြောသည်။ စာရေးသူက “ဆရာကြီး ကျွန်တော် ဗမာလေဆေး တိုက်လို့ ရမလား” ဟု မေးကြည့်ရာ “မရဘူးဗျ၊ ဗမာလေဆေးတွေ မတိုက်နဲ့၊ သူတို့က တစ်ဆိတ်ရှိ လေ၊ လေပဲ ပြောနေတာ။ လေဆိုတာ မြင်ရလို့လား” ဟု ပြောပါသည်။ ကိုယ်တွေ့ ဖြစ်ပါသည်။

ထိုဆရာဝန်ကြီးသည် စာရေးသူကို တိုင်းရင်းဆေးသိပ္ပံဆင်း ဆရာမှန်း မသိပါ။ နောင် ၃ နှစ်ခန့်အကြာတွင် ထိုဆရာဝန်ကြီးသည် လေဖြတ်ပြီး ပါးရွဲ့သွားကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။ ပါးရွဲ့ခြင်းသည် ဦးနှောက်အတွင်းမှ တိုက်ရိုက်ဆက်သွယ်သော နံပါတ် (၇) နာဗ် (Nerve) ကြောမကြီး ရောင်ရမ်း၍ ဖြစ်သည်ဟုသာ ထိုဆရာဝန်ကြီး သိမည်ထင်ပါသည်။ အာရုံကြောအတွင်းမှ လေကို ဆရာဝန်ကြီး မြင်နိုင်မည် မထင်ပါ။ စာရေးသူ၏ ညီမဖြစ်သူကလည်း မေ့ဆေးဆရာဝန်ကြီးဖြစ်ပြီး သမီးတူမ ဖြစ်သူကလည်း ဆရာဝန်မလေး ဖြစ်သဖြင့် “လေ” နှင့် ပတ်သက်သော ရိုးရာဆေးပညာ မြန်မာဆေးပညာ အယူအဆများကို သူတို့ ဆေးပညာနှင့် အမြင်ချင်းတူအောင် မကြာခဏ

November 22, 2015

"အကွက်မြင်တဲ့သူ ... "

မြို့ငယ်လေးတစ်မြို့မှာ အမျိုးသားတစ်ဦးဟာ လေမှုတ်တူရိယာဖြစ်တဲ့ ထရမ်းပက်နဲ့ သေနတ်တွေ
ရောင်းတဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပါတယ်။
တစ်နေ့မှာတော့ ဆိုင်ရှင်ရဲ့အိမ်နီးချင်းဖြစ်သူ အလည်ရောက်လာပြီး "ခင်ဗျားရဲ့ ထူးဆန်းတဲ့ ဆိုင်က
အခြေအနေဘယ်လိုလဲဗျ"
ဆိုင်ရှင် - "ကျုပ်ဆိုင်က ထူးဆန်းတယ်... ဟုတ်လား။ ခင်ဗျား ဘာကိုပြောချင်တာလဲဗျ"
အိမ်နီးချင်း - "ထရမ်းပက်နဲ့ သေနတ်ကို တွဲရောင်းတာမို့ ပြောတာလေဗျာ"
ဆိုင်ရှင် - "ဒီတော့ ဘာဖြစ်လဲဗျ"
အိမ်နီးချင်း - "ဘာမှမဖြစ်ပါဘူးဗျာ။ ခင်ဗျားဆိုင်မှာ ထရမ်းပက်နဲ့ သေနတ် ဘယ်ပစ္စည်း
ပိုရောင်းရလဲဆိုတာပဲ ကျုပ်ကို ပြောပြစမ်းပါ"
ဆိုင်ရှင် - "ရောင်းရတဲ့ အရေအတွက်က မျှတယ်ဗျ။ တစ်ယောက်ယောက်က ထရမ်းပက်တစ်ခု
ဝယ်သွားပြီဆိုတာနဲ့ သူ့အိမ်နီးချင်း တစ်ယောက်ယောက်က သေနတ်တစ်လက်
လာဝယ်တော့တာပဲ"

Credit : http://myanmar.mmtimes.com/index.php/home-page/144-the-pulse/16604-2015-11-18-09-53-20.html

" အရူးဟာ အရူးပဲ ယုံလို့မရဘူး.. ကိုယ့်မြေးကိုယ် ရေနှစ်သတ်တဲ့ အဖိုးအိုအရူး "

 
အမျိုးသားတစ်ယောက်ဟာ စိတ်ကျန်းမာရေးဌာန (သို့) အရူးထောင်က လွတ်မြောက်ပြီး ၂ ပတ်ခန့်အကြာမှာ အထီးကျန်စိတ်ဝေဒနာ(Autism) ကိုခံစားနေရတဲ့ သူ့ရဲ့ မြေးလေးကို ရေနှစ်ပြီး သတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ Stewart Greene ဆိုသူဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သူ့ရဲ့ သမီးဖြစ်သူ Joanne Green ဈေးဝယ်ထွက်နေစဉ်မှာ အိမ်မှာကျန်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် Alex Robinson ကို သတ်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်.

Joanne Green ရဲ့ ပြောကြားချက်အရ သူမ ဈေးဝယ်ပြီး အိမ်ပြန်အရောက်မှာ သူမရဲ့ ဖခင်ဖြစ်သူဟာ စီးကရက် တစ်လိပ်ကို လိပ်သောက်နေရင်းနဲ့ "ငါ Alex ကိုရေနှစ်သတ်လိုက်ပြီ" လို့ အေးအေးဆေးဆေး ပြောပြခဲ့ပါတယ်တဲ့။ "ရေချိုးကန်ကရေပြည့်နေပြီး Alex ဟာ ရေကန်ထဲမှာရောက်နေပါတယ်။ သူ့မျက်နှာလေးပဲ ရေပေါ်ပေါ်နေပြီး မျက်လုံးတွေကတော့ ပိတ်နေပါတယ်။ သူသေပြီလို့ထင်တဲ့အတွက် ကျွန်မ 999 ကို ဖုန်းဆက်ခဲ့ပါတယ်" လို့ Joanne က ပြောပြခဲ့ပါတယ်။

Stewart Greene ဟာ လင်ကွန်းမြို့မှာရှိတဲ့ Peter Hodgkinson Centre က မလွတ်မြောက်ခင်မှာလည်း ဆေးရုံဝန်ထမ်းတစ်ဦးကို တိုက်ခိုက်ခဲ့ပါသေးတယ်။ သမီးဖြစ်သူ Joanne က ပြောပြခဲ့တာကတော့ သူမရဲ့ ဖခင်ဟာ လူ့အဖွဲ့အစည်းရဲ့ အဝေးမှာနေလိုတဲ့အတွက် တစ်ခုခုလုပ်မှာကို သူမ

"အအိပ်နည်းခြင်းသည် ကျောက်ကပ်ကို ဆိုးရွားစွာထိခိုက်စေပါသည် "


တစ်ညကို အိပ်ချိန် ၅နာရီနဲ့အောက် အိပ်စက်ခြင်းက ကျောက်ကပ်ပျက်စီးမှု အန္တရာယ်ကို သိသိသာသာ မြင့်တက်စေတယ်လို့ သုတေသနရပ်က ဆိုထားပါတယ်။

ကျောက်ကပ် ကောင်းကောင်းအလုပ်လုပ်ဖို့အတွက်ကို လုံလောက်စွာအိပ်စက်ဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်သုတေသီတွေက သက်သေပြခဲ့တာပါ။ ဘော့စ်တွန် အမျိုးသမီးဆေးရုံမှ ကျွမ်းကျင်ပညာရှင်တွေဟာ လူအယောက် ၄၀၀၀ကို ဆယ်စုနှစ်တစ်စုကျော် လေ့လာစမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။

တစ်ညကို ၅နာရီအောက် အိပ်တဲ့သူတွေအနေနဲ့ တစ်ည ၈နာရီကျော် အိပ်စက်တဲ့သူတွေနဲ့ယှဉ်ရင် ကျောက်ကပ်လုပ်ဆောင်မှုတွေဟာ ၆၅ရာခိုင်နှုန်းပိုပြီး ခပ်မြန်မြန် ကျဆင်းလာပါတယ်။

ဒီလေ့လာတွေ့ရှိချက်တွေကို ဆန်ဒီရေးဂိုး မှာပြုလုပ်ခဲ့တဲ့ ဆေးပညာ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

"ပထမဆုံး ချိန်းတွေ့ချိန်မှာ ဝေးဝေးရှောင်သင့်တဲ့ အစားအစာများ"

 
 အလို! ဒီလောက်တောင် ဇယားများနေရင် ကြက်သွန်ဖြူစားပြီး အာဘွားလုပ်လိုက်..ဟီးဟီး

ချစ်သူဆီက ချစ်အဖြေရပြီ။ "ဝေး .... ပျော်စရာကြီး။ လျှောက်လည်ကြမယ်"
ချစ်သူတွေ တရားဝင်ဖြစ်သွားပြီးတဲ့နောက် ပထမဆုံးအကြိမ် ချိန်းတွေ့ကြရတဲ့အခါ အတွေ့အကြုံ
ရှိထားသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းနဲ့အများတော့ ရင်ခုန်စိတ်လှုပ်ရှားကြမှာပါ။
အကြည့်ချင်းဆုံတဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်မယ်၊ အပြုံးတွေ ဖလှယ်ကြမယ်၊ တချို့တွေလည်း
အနမ်းတွေ အလဲအလှယ် လုပ်ချင်လုပ်ကြပါလိမ့်မယ်။
သေချာတာတစ်ခုကတော့ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး တစ်ခုခုကို စားသောက်ကြမှာပဲ ဖြစ်ပါတယ်။
ဒီအဆင့်မှာ "အသွားမတော်ရင် တစ်လှမ်း၊ အစားမတော်ရင် တစ်လုပ်"ဆိုတဲ့ ဆိုရိုးစကားအတိုင်း
မသွားသင့်တဲ့ ဆိုင်ကိုသွားပြီး မစားသင့်တဲ့ အစားအစာမျိုးကိုများ စားလိုက်မိလို့ကတော့ သင့်ရဲ့
အချစ်နေ့ရက်ကလေးဟာ ပျက်စီးသွားနိုင်ပါတယ်။
ပထမဆုံးချိန်းတွေ့မှုဟာ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ
မရှိသင့်၊ မကြုံရသင့်ဘူးဆိုတာကို သင်လည်း လက်ခံတယ် မဟုတ်လား။
တကယ်လို့ သင်က အစားမက်သူဆိုရင်တောင် ပထမဆုံးချိန်းတွေ့ချိန်မှာ သင့်ကို
အခက်တွေ့စေမယ့် မစားသင့်တဲ့ အစားအစာတွေကို အောင့်အီးတော့ပဲဖြစ်ဖြစ်
ရှောင်ကြဉ်လိုက်ပါ။ အဲဒီအတွက် အကျိုးခံစားရမှာပါ။

ဟမ်ဘာဂါ၊ ကြက်ကြော်
ချိန်းတွေ့တာဆိုတော့ အဲကွန်းကောင်းကောင်းနဲ့ အေးအေးဆေးဆေး ထိုင်လို့ ကောင်းတဲ့ဆိုင်မျိုးကို
ရွေးတတ်ကြပါတယ်။
ဒီလိုဆိုင်အများစုကလည်း ဟမ်ဘာဂါလိုမျိုး အစားအစာတွေ ရနိုင်ပါတယ်။
သိပ်စားချင်တယ်ဆိုရင်တောင်မှ သည်းခံလိုက်ပါ။ မှာမစားပါနဲ့။ သင်လည်း သိတဲ့အတိုင်း
ဟမ်ဘာဂါဆိုတာက လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ပါးစပ်ကြီးကို အားပါးတရဖြဲပြီး ကိုက်စားမှသာ
အဆင်ပြေတာမဟုတ်လား။
သင့်အဖော်ရှေ့မှာ ကိုယ့်မှာရှိတဲ့ သွားတွေ အကုန်လုံးကို ဖွင့်ဟပြသချင်မှာတော့ မဟုတ်ပါဘူး။
ကြက်ကြော်လည်း အတူတူပါပဲ။ လက်နဲ့ စားရတဲ့ အစားအစာတွေ ဖြစ်တာမို့ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ကြည်နူးနေရတဲ့အချိန်မှာ တကယ့်ကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
ဓား၊ ခက်ရင်းတို့နဲ့ ဖဲ့စားမယ်လို့တော့ မပြောနဲ့နော်။ ငါးနှစ်အရွယ်ကလေးလေး
လူကြီးလူကောင်းဟန်ဖမ်းနေတဲ့ပုံစံမျိုး ပေါက်နေပါလိမ့်မယ်။
ဒီတော့ ချစ်သူက KFC (သို့) Lotteria သွားမယ် လို့ အကြံပြုလာရင် No လို့သာ ပြောလိုက်ပါ။

အုန်းနို့ခေါက်ဆွဲ
မုန့်ဟင်းခါးကို 'အိန္ဒြရှင်' လို့ အမည်တပ်မယ်ဆိုရင် အုန်းနို့ခေါက်ဆွဲကိုတော့ 'မာယာများသူ'လို့
ခေါ်ဝေါ်သမုတ်ရပါမယ်။
မုန့်ဟင်းခါးဖတ်တွေဟာ ပျော့ပျော့အိအိလေးမို့ ဇွန်းနဲ့ လိုသလောက်လေး အဆင်ပြေပြေ

" ဗေဒါရီရဲ့ဟင်းလျာ (ငါးပုပ်ခြောက်သုပ်)"

ဒီတစ်ပတ် ဗေဒါရီရဲ့ဟင်းလျာကတော့ ငါးပုပ်ခြောက်သုပ်လေးပဲ ဖြစ်ပါတယ်။
ပြင်ဆင်ရတာ အင်မတန်မှကို လွယ်ကူသလို ခံတွင်းလည်း သွက်စေပါတယ်။
ထမင်းပူပူလေးနဲ့စားလို့ လိုက်ဖက်လှသလို အဆန်းထွင်ပြီးစားချင်ရင်တော့ သင်္ကြန်ထမင်းလိုမျိုး
ထမင်းကိုရေဆမ်းပြီး အသုပ်လေးနဲ့ တွဲဖက်စားနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ငါးပုပ်ခြောက် အနည်းငယ်
  • ကြက်သွန်နီ ၂ လုံး
  • သံပရာသီး ၁ လုံး
  • နံနံပင်နဲ့ ငရုတ်သီးစိမ်း အနည်းငယ်
  • ဆီ အနည်းငယ်
ပြင်ဆင်ပုံ
ငါးပုပ်ခြောက်ကို မီးအေးအေးနဲ့ ကင်ပါ။
အထက်၊ အောက် လှန်ကင်ပြီး အသင့်အနေအထားရပြီဆိုရင် အနေတော်အတုံးလေးတွေ တုံးပါ။
ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး နံနံပင်ကို နုပ်နုပ်စဉ်းထားပါ။
အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ငါးပုပ် ခြောက်၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ ဆီတို့
Subscribe

လာလည်သူများ

free counters