ပစ်ဇီဖောက်စ်က မိမိ၏ ထူးခြားသော အလှအပကို အံ့အားသင့်သူ အများအပြား ရှိကြောင်း၊ ထို့ကြောင့် လာရောက် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ မိမိပြုလုပ်သည့် နည်းလမ်းမှာ မှားယွင်းသည်ကို သိရှိနေသော်လည်း စိတ်ဝင်စားသူများ ရှိခဲ့ကြောင်း၊ မိမိအနေဖြင့် ယခုကဲ့သို့ ပြုပြင်ထားခြင်းကို နှစ်သက်မိကြောင်း ပြောကြားခဲ့သည်။ ပစ်ဇီဖောက်စ်သည် ကာတွန်းဇာတ်ကောင်များ ကိုနှစ်သက်သူဖြစ်ပြီး ယင်းအတိုင်းပြုလုပ်ရန် စိတ်ကူးရခဲ့သည်။ ပစ်ဇီဖောက်စ်က မိမိသည် ကာတွန်းဇာတ်ကောင် အမျိုးသမီးများလို ဖြစ်ချင်ကြောင်း၊ ထို့ကြောင့် မိမိ၏ခါးကို သေးငယ်အောင် ပြုလုပ်လိုခဲ့ကြောင်း ထို့ပြင် ရင်၊ တင်နှင့် မျက်နှာတို့ကိုလည်း အလှပဆုံး ဖြစ်အောင် ပြုလုပ်လိုခဲ့ကြောင်း၊ မိမိအနေဖြင့် နံရိုးကိုဖယ်ရှာပြီး ခါးကိုသေးငယ်အောင် ပြုလုပ်ခဲ့ကြောင်း၊ ယင်းမှာ
မိမိအတွက် ပထမဆုံး ဆောင်ရွက်ခဲ့သည့် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပစ်ဇီဖောက်စ်သည် နံရိုးများကို ပြီးခဲ့သည့်လက ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ငါးနာရီ အချိန်ယူ ခဲ့ရသည်ပာု သိရသည်။ နံရိုးဖယ်ရှားရာတွင် ကုန်ကျငွေ ဒေါ်လာ(၉၀၀၀) ရှိခဲ့ပြီး ကြိုတင်ပြင်ဆင်ရာတွင် ခြောက်ပတ်ကြာ ခဲ့သည်။ နံရိုးကို ဖယ်ရှားခဲ့သော်လည်း နှစ်ရက်ခန့်သာ နားနေခဲ့ရပြီး မူလအခြေအနေ ပြန်ရောက်ခဲ့သည်။ သို့သော် နံရိုးသည် ကိုယ်တွင်း ကလီစာများကို ကာကွယ်ပေးသည့် အရာဖြစ်သောကြောင့် ပစ်ဇီဖောက်စ် အတွက် စိုးရိမ်စရာ ဖြစ်လာဖွယ် ရှိသည်ဟု ဆိုထားသည်။ ပစ်ဇီဖောက်စ်သည် ခွဲစိတ်မူ ( ၁၅) ကြိမ် ပြုလုပ်ခဲ့သော်လည်း ၂၀၁၆ တွင် ခွဲစိတ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=49793
No comments:
Post a Comment