♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 28, 2015

" ယာဉ်တိမ်းမှောက်မှုကြောင့် ပျားကောင်ရေ နှစ်သန်း လွတ်မြောက်သွား"

 
ပျားအုံများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးသည် မတော်တဆ ဖြစ်မှုနှင့် ကြုံခဲ့သောကြောင့် တိမ်းမှောက်ခဲ့ပြီး ပျားကောင်ရေ နှစ်သန်းလည်း လွတ်မြောက်ပျံသန်း သွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး ယာဉ်သွားလာမှုကို ပိတ်လိုက်ရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်က တရုတ်နိုင်ငံ ယူနန်ဒေသတွင် ဖြစ်ပွားခဲ့ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့သည်။ ထိုသို့ဖြစ်ပွား ခဲ့မှုကြောင့် လွတ်မြောက်လာသော ပျားများသည် ပျားမွေးမြူသူနှင့် ယာဉ်မောင်း တို့ကို လိုက်လံတုပ်ခဲ့ သောကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။ ယာဉ်မောင်းနှင့် အတူ ပါလာသည့် ခွေးသုံးကောင်သည် ပျားတုပ်ခံရမှုကြောင့် သေဆုံးခဲ့သည်။
          ယင်းနေရာကို မီးသတ်တပ်ဖွဲ့ဝင်များ ရောက်လာခဲ့ပြီး ပျားမွေးမြူသူနှင့် ယာဉ်မောင်းတို့ကို ကယ်တင်နိုင်ရန် အတွက် မိနစ် ( ၄၀) အချိန်ယူခဲ့ရသည်။ ထို့နောက် ပျားများကို ရှင်းလင်းသွားရန် ဒေသတွင်း ပျားမွေးမြူရေး လုပ်ကိုင်သူများကို အကူအညီ တောင်းခံရသည်။ နာရီပေါင်း ( ၂၀) နီးပါး ဆောင်ရွက်ပြီးမှသာ ပျားများကို ရှင်းလင်းနိုင်ခဲ့ပြီး လမ်းအားပြန်ဖွင့်ပေး
ခဲ့သည်။ တရုတ်နိုင်ငံတွင် ပျားများ လမ်းမပေါ်သို့ ထွက်ပြေး လွတ်မြောက် သွားသည့် ဖြစ်ရပ်သည် ယခုမှပေါ်ပေါက်ခြင်း မဟုတ်ဘဲ ယခုနှစ်မတ်လတွင်လည်း  ဇီကျန်ဒေသတွင် ပျားများ တင်လာသည့်ကားကို ကုန်တင်ယာဉ် တစ်စင်း တိုက်မိခဲ့သောကြောင့် ၀ရုန်းသုန်းကား ဖြစ်ခဲ့ရကြောင်း သိရသည်။

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=49795

No comments:

Subscribe

လာလည်သူများ

free counters