
တရုတ်နိုင်ငံ ရှန်ဒုန်းခရိုင် ကွမ်ဒေါင်းမြို့မှာ ရေအောက်ကမ္ဘာရထားတစီးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပွဲဦးထွက် ဖန်တီးပြုလုပ်လာတယ်လို့သိရပါတယ်။

ရေအောက်ကမ္ဘာရထားဆိုလို့ ရေအောက်ကမ္ဘာထဲအထိ သွားစီးရမယ့် ရထားတော့မဟုတ်ပါဘူး။ မြေပြင်ပေါ်မှာ စီးရတဲ့ ရထားပါ။ ရထားထဲသို့ ၀င်ရောက်လိုက်တာနဲ့ ရေအောက်ကမ္ဘာထဲကို ရောက်သွားရသလို ခံစားရအောင် အတွင်းပိုင်းအပြင်အဆင်တွေကို ရေအောက်ကမ္ဘာလို ဖန်တီးပြင်ဆင်ထားခြင်းဖြစ်ပါတယ်။

ပြောရရင်တော့ ကွမ်းဒေါင်းမြေအောက်ရထားရဲ့ အတွင်းပိုင်းအပြင်အဆင်များဟာ သရီးဒီပုံစံ ရေးဆွဲထားတဲ့ ရေအောက်ကမ္ဘာ မြင်ကွင်းတွေနဲ့ အလှဆင်ထားတာဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဒီရေအောက်ကမ္ဘာပုံစံ ပြင်ဆင်ထားတဲ့ မြေအောက်ရထားလိုပဲ သရီးဒီပုံစံရေးဆွဲဖန်တီးမယ့် အခြားသော အကြောင်းအရာပုံစံဒီဇိုင်းတွေလည်း ထပ်ထွက်လာဖို့ ရှိဦးမယ်လို့ ရထားပို့ဆောင်ရေးကုမ္ပဏီတခုက ဆိုပါတယ်။
Ref:people’s daily china
Credit : http://blog.irrawaddy.org/2015/11/blog-post_52.html?m=1
No comments:
Post a Comment