♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 26, 2015

" ဒူလာရောဂါ အတွက် အာလူးနှင့် အာလူးရဲ့ အံ့မခန်းဘွယ်ရာ အသုံးဝင်ပုံများ"

 
အစားအသောက်တန်ဖိုး။
ကျနော်တို့ နေ့စဉ်နီးပါး စားသုံးနေကြတဲ့ အာလူးဟာ အာဟာရ တန်ဖိုး မြင့်မားစွာ ပါဝင်ပါတယ်။ အာလူးမှာ ပါဝင်တဲ့ အဓိကဓာတ် ကတော့ ကစီဓာတ် ဖြစ်ပေမယ့် ဇီဝဗေဒ တန်ဖိုး အမြင့်ဆုံး ဖြစ်တဲ့ ပရိုတင်း ပမာဏ အမြောက်အများလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ အယ်လ်ကာလီ ဆားဓာတ်လည်း ပါဝင်သေးတယ်။ နောက်ပြီး ဆိုဒါ၊ ပိုတက်ရှ်နဲ့ ဗီတာမင် အေဓာတ်၊ ဘီဓာတ် တို့လည်း ပါဝင်ပါတယ်။

ဒါကြောင့် အာလူးမှာ ပါဝင်နေတဲ့ အဲ့ဒီ အာဟာရ တန်ဖိုးတွေ မပျက်မစီးပဲ အပြည့်အ၀ စားသောက်စေနိုင်ဖို့ အခွံ မနွှာပဲ ချက်ပြုတ် သင့်ပါ တယ်။ ဘာလို့လဲဆိုတော့ အာဟာရ အဖြစ်ဆုံး အပိုင်းဟာ အခွံရဲ့ အောက်ဘက်နားမှာ တည်ရှိပြီး၊ အဲ့ဒီ သီးသန့်အလွှာဟာ ပရိုတိန်းနဲ့ သတ္တုဆားဓာတ်များ ကြွယ်ဝလွန်းတာကြောင့် ဖြစ်ပါတယ်။

သဘာဝ အကျိုးအမြတ်နဲ့ အနာရောဂါကို နိုင်နင်းသော ဓာတ်သတ္တိများ။
အာလူးမှာ ဆေးဘက်ဆိုင်ရာ အရည်အသွေး အမြောက်အများ ပါဝင်ပါတယ်။ အယ်လ်ကာလိုင်း ဓာတ်သတ္တိ အားပြင်းတဲ့ အစာတွေထဲမှာ တခု အပါအ၀င်ဖြစ်တဲ့ အတွက်ကြောင့်၊ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အယ်လ်ကာလီ ဓာတ်ကို ထိန်းသိမ်းပေးတဲ့ နေရာမှာ အလွန် အကူ အညီ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အက်စစ်ဓာတ် လွန်ကဲတဲ့ ရောဂါတွေ အတွက်လည်း သဘာဝ အဆိပ်ဖြေဆေး အဖြစ် အသုံးပြု နိုင်ပါတယ်။ နောက်ပြီး ယူရစ် အက်စစ်နဲ့ အချဉ်ဓာတ်တွေ ကိုလည်း ပျော်ကျစေတယ်။ ဒါ့အပြင် အစာအိမ် နဲ့ အူထဲမှာ ဖြစ်တတ်တဲ့ အချဉ်ပေါက်ခြင်း ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ အစာခြေလမ်းကြောင်း မှာ ရှိနေတဲ့ အကျိုးပြု  ဘက်တီးရီးယားတွေ ကြီးထွားပွားများစေဖို့လည်း ကူညီပေးပါတယ်။

အာလူးမှာ ဒီလို အကောင်းလွန်နေတဲ့ အချက်တွေ ရှိနေပေမယ့် အ၀လွန်သူတွေ စားသုံးဖို့တော့ မသင့်တော်ပါဘူး။ ပြီးတော့ ကာလသား ရောဂါ ခံစားနေရတဲ့ လူတွေနဲ့ ကာမ အားတိုးချင်တဲ့ လူတွေအတွက်လည်း အာလူးစားသုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ အာလူးမှာ ဆိုလာနိုင်း (solanine) လို့ သိကြတဲ့ အယ်လ်ကာလီ အဆိပ် တမျိုးပါဝင်နေပါတယ်။ အဲ့ဒီအဆိပ်ဟာ အာရုံကြော တွေကို အဆိပ်သင့် စေနိုင်ပြီး၊ လိင်အင်္ဂါတွေရဲ့ အာရုံခံစားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဆိုလာနိုင်း အဆိပ်ဟာ အထူးသဖြင့် အာလူး အခွံပေါ်မှာ ပျံ့နှံ့ တည်ရှိပြီး၊ အစိမ်းရင့်ရောင် ရှိတတ်ပါတယ်။

အာလူးနဲ့ ရောဂါကုထုံး။
အာလူးဟာ ရောဂါအချို့ကို ပျောက်ကင်းစေနိုင်တဲ့ အဖိုးတန်ဆေးနည်း တခုအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ကာလကြာရှည်စွာ ၀မ်းချုပ်ခြင်း၊ အူလမ်းကြောင်းအတွင်း သွေးအဆိပ်ဖြစ်ခြင်း၊ ယူရစ်အက်စစ်ကြောင့် ဖြစ်ပေါ်သော ရောဂါများ၊ ကျောက်ကပ်နဲ့ သက်ဆိုင် သောရောဂါ အစရှိတဲ့ ရောဂါတွေကို ပျောက်ကင်း စေတယ်။ (chronic constipation, intestinal toxaemia, uric acid diseases, renal calculi or stone and dropsy) လိုအပ်ရင်တော့ လအတော်ကြာ စားသုံးပြီးတဲ့အခါ ရလာဒ်ကောင်းတွေကို ခံစားလာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာလူးကို အမျိုးမျိုး ချက်ပြုတ် ပြင်ဆင် စားသောက်နိုင်တယ်။ ဥပမာ - အာလူးမီးဖုတ်၊ အာလူးစွတ်ပြုတ် နဲ့ အာလူးပြုတ် အစရှိသည်ဖြင့် စားသုံးနိုင်တယ်။ မုန်လာဥနီ၊ သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်ညင်းထုပ်၊ တရုပ်မုန်လာ အစရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေကိုလည်း အာလူးနဲ့အတူ ရောနှော စားသုံးသင့်ပါတယ်။

ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်သောရောဂါများ။
အာလူးကို ဟင်းသီးဟင်းရွက် အစားနည်းခြင်းနှင့် ဗီတာမင်စီ ချို့တဲ့ခြင်းများကြောင့် ဖြစ်ပေါ်သော ရောဂါများအတွက် အကောင်းဆုံး ဓာတ်စာ အဖြစ် မှတ်ယူနိုင်ပါတယ်။

ဒူလာရောဂါ။
အာလူးစိမ်းဖျော်ရည်ကို ဒူလာရောဂါ အတွက် အကောင်းဆုံး ကုထုံး အဖြစ် သတ်မှတ်နိုင်တယ်။ အာလူးစိမ်းကို ကြိတ်ခြေကာ စတီးဇွန်း တဇွန်း (သို့မဟုတ်) နှစ်ဇွန်း ခန့် ရအောင် အရည်ညှစ်ပြီး အစာမစားမီ သောက်သုံးနိုင်ပါတယ်။ ဒီလို သောက်သုံးခြင်း အားဖြင့် ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ အက်စစ်ဓာတ် လျော့နည်း သွားပြီး၊ ဒူလာ (သို့မဟုတ်) အဆစ်အမြစ်
ကိုက်ခဲတဲ့ ရောဂါကို သက်သာစေပါတယ်။

ဒါ့အပြင် အာလူးစိမ်း ဖျော်ရည်ဟာ အစာအိမ်နဲ့ အူအတွင်းမှာ ဖြစ်ပေါ်တဲ့ ရောဂါတွေကို ကုသဖို့ သိပ်ပြီး အဖိုးထိုက်တန်ပါတယ်။ အစာအိမ် အတွင်းပိုင်း ပြည်တည်တဲ့အခါ ဓာတ်စာ အနေနဲ့ အာလူးစိမ်းဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။ အစာအိမ် ရောင်ရမ်းနာ ဖြစ်ရင်လည်း သောက်သုံးနိုင်ပါတယ်။ ဆေးနည်း ကတော့ အစာမစားမီ ကော်ဖီ ပန်းကန် တ၀က်စာကို နှစ်ကြိမ် ကနေ သုံးကြိမ် အထိ သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ အာလူးမှာ ပါရှိတဲ့ ကစီဓာတ်ဟာ  အူရောင်ရမ်းနာနဲ့ အဆိပ်ဖြစ်ခြင်း အစရှိတဲ့ ရောဂါတွေမှာ အနာကို ရောင်ရမ်းမှု မရှိစေရန် ကူညီပေးနိုင်ပါတယ်။

နောက်တမျိုး ကတော့ အာလူးအခွံကို စားသုံးခြင်း ဟာလည်း ဒူလာရောဂါ အတွက် အကောင်းဆုံး ဆေးနည်း ဖြစ်တယ်။ အာလူးအခွံဟာ ဗီတာမင်နဲ့ သတ္တုဓာတ် အင်မတန် ကြွယ်ဝလှပါတယ်။ ဒါကြောင့် အာလူးခွံ ပြုတ်ရည်ဟာ အက်စစ်လွန်ကဲမှု ကြောင့် ခံစားရတဲ့ သာမန် ဖျားနာမှု အတွက် အကောင်းဆုံး ဆေးရည် ဖြစ်ပါတယ်။ အာလူးအခွံကို ရေသေချာ ဆေးပြီး၊ မိနစ် အနည်းငယ်လောက် ပြုတ်ရပါတယ်။ အဲ့ဒီကနေ ရလာတဲ့ အရည်ကို သေချာစစ်ပြီး၊ ဖန်ခွက်တခွက်စာနှုန်းနဲ့ တနေ့ကို သုံးကြိမ် (ဒါမှမဟုတ်) လေးကြိမ် သောက်သင့်ပါတယ်။

အရေပြားပေါ်တွင် အမဲစက် ဖြစ်ခြင်း။
အာလူးစိမ်းရည်ကို သောက်သုံးခြင်း အားဖြင့် အရေပြားပေါ်မှာ ရှိတဲ့ အညစ်အကြေး တွေနဲ့ အမဲစက် တွေကို သန့်ရှင်းစေနိုင်ပါတယ်။ ဒီလိုမျိုး အညစ်အကြေး တွေကို သန့်စင် စေတဲ့ အကြောင်းကတော့ အာလူးတွင်းမှာ ပါရှိတဲ့ ပိုတက်ဆီယံ၊ ဆာလ်ဖာ၊ ဖော့စဖရတ်၊ ကလိုရင်း ဓာတ်သတ္တိ တွေ အများဆုံး ပါဝင်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီတန်ဖိုးရှိတဲ့ ဗီတာမင်တွေ အကုန်လုံးဟာ သက်ရှိ အော်ဂဲနစ် ဒြင်စင်တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထား ခြင်းဖြစ်တာကြောင့် အာလူးကို အစိမ်းအတိုင်း အသုံးပြု မှသာ အော်ဂဲနစ်ဓာတ် အကုန်လုံးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ချက်ပြုတ်ပြီးတဲ့ အခြေအနေ မှာတော့ အော်ဂဲနစ် ဒြပ်ပေါင်းတွေဟာ တန်ဖိုးပြောင်းလဲ သွားပြီး၊ လိုချင်နေတဲ့ ဗီတာမင်ဓာတ်တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ကြိတ်ခြေထုထောင်း ထားတဲ့ အာလူးအနှစ်ရည်ကို အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပါးရေတွန့်ခြင်းနဲ့ အမဲစက်တွေ ဖြစ်ပေါ်လာခြင်း တို့ကို သန့်စင်တဲ့ အခါမှာ အသုံးပြု နိုင်တယ်။ အရေတွန့်နေတဲ့ မျက်နှာ (သို့မဟုတ်) ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်း တွေပေါ်မှာ အာလူးစိမ်း အနှစ်ကို အိပ်ရာမ၀င်ခင် ပွတ်တိုက်ပြီး အုံပေးရတယ်။ ဒီလိုလုပ်ပေးခြင်းဟာ ပါးရေတွန့်ခြင်းကို ပြန်လည် ကောင်းမွန်စေတဲ့ အပြင်၊ အမဲစက် တွေကိုလည်း သန့်စင်ပေးပြီး၊ အရေပြားကို ကြည်လင် သွားစေပါတယ်။

Credit : http://thespiritfruit.blogspot.co.uk/2012/03/blog-post_6415.html

No comments:

Subscribe

လာလည်သူများ

free counters