♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 22, 2015

" ဗေဒါရီရဲ့ဟင်းလျာ (ငါးပုပ်ခြောက်သုပ်)"

ဒီတစ်ပတ် ဗေဒါရီရဲ့ဟင်းလျာကတော့ ငါးပုပ်ခြောက်သုပ်လေးပဲ ဖြစ်ပါတယ်။
ပြင်ဆင်ရတာ အင်မတန်မှကို လွယ်ကူသလို ခံတွင်းလည်း သွက်စေပါတယ်။
ထမင်းပူပူလေးနဲ့စားလို့ လိုက်ဖက်လှသလို အဆန်းထွင်ပြီးစားချင်ရင်တော့ သင်္ကြန်ထမင်းလိုမျိုး
ထမင်းကိုရေဆမ်းပြီး အသုပ်လေးနဲ့ တွဲဖက်စားနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ငါးပုပ်ခြောက် အနည်းငယ်
  • ကြက်သွန်နီ ၂ လုံး
  • သံပရာသီး ၁ လုံး
  • နံနံပင်နဲ့ ငရုတ်သီးစိမ်း အနည်းငယ်
  • ဆီ အနည်းငယ်
ပြင်ဆင်ပုံ
ငါးပုပ်ခြောက်ကို မီးအေးအေးနဲ့ ကင်ပါ။
အထက်၊ အောက် လှန်ကင်ပြီး အသင့်အနေအထားရပြီဆိုရင် အနေတော်အတုံးလေးတွေ တုံးပါ။
ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး နံနံပင်ကို နုပ်နုပ်စဉ်းထားပါ။
အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ငါးပုပ် ခြောက်၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ ဆီတို့
ရောထည့်၊ သံပရာသီး ညှစ်ထည့်ပြီး သမအောင် နယ်ပါ။
ဒီလိုဆိုရင် ငါးပုပ်ခြောက်သုပ်လေး ရပါပြီ။

Credit : http://myanmar.mmtimes.com/index.php/timeout/tea-break/16580-2015-11-18-06-25-35.html

No comments:

Subscribe

လာလည်သူများ

free counters