မြန်မာမင်းလက်ထက် ရက်စက်ကြမ်းကြုတ်တဲ့ စုန်းမတွေကို
စုန်းမပါလို့ မင်းမိန့်နဲ့ ဖမ်းပီး ရေချစီရင်ရတယ်။ စုန်းမရေချခံရတာထဲမှာ
အဓိကတော့ ဇော်ဂနီစုန်းတွေပဲ ။ ဇော်ဂနီစုန်းဆိုတာလေး
နည်းနည်းရှင်းပြရအုန်းမှာပေါ့။ မှတ်ထားဖို့ တစ်ခုကတော့ ဇော်ဂနီက စုန်းပဲ။
အဆင့်မြင့်စုန်းပေါ့။ အိန်းတလိမ့်စုန်း (၃၇)မင်းနတ်တွေကို စေပါး ခိုင်းစား
ဖမ်းစားနိုင်တဲ့ အဆင့်ရှိတယ်။ အဲ့ဒါကြောင့် ဇော်ဂနီလို့ ခေါ်တာပေါ့။
ကာကနီကတော့ စုန်းမဟုတ်ဘူး။ နဖူးမှာ နဖူးစီး ၊ မှန်ကူကပါတဲ့
နတ်စိမ်းမျိုးကို ကာကနီလို့ ခေါ်တာပေါ့။ မင်းညီနောင်တို့ ကိုကြီးကျော်တို့
ရေငန်ပိုင်ဦးရှင်ကြီးတို့ စတဲ့ နတ်စိမ်းတွေကို ကာကနီလို့ အများအားဖြင့်
ခေါ်ကြတယ်။ စောစောက စကားကို ပြန်ဆက်တာပေါ့။ မင်းမိန့်နဲ့ ဖမ်းစီးတယ်ဆိရင်
စုန်းကဝေ မပြောနဲ့ အဆင့်မြင့်တဲ ကာကနီ ဇော်ဂနီနတ်တွေတောင်
မလွန်ဆန်ဝံ့ကြဘူး။ နာခံရတယ်။ မင်းမိန့်ပြန်ရင် နတ်စိမ်းကအစ နာခံရတယ်လေ။
စုန်းမရေချတာကိုလည်း အရင်မင်းတွေက တော်ရုံတန်ရုံမလုပ်ပါဘူး။ အရမ်းဆိုးတဲ့
စုန်းကဝေကိုပဲ လုပ်ကြတာများပါတယ်။
ပထမဦးစွာ ဇော်ဂနီစုန်းမတွေကို ရေချစီရင်ဖို့ လုပ်ရတဲ့ အစီအရင်မှာ စုန်းမကို ရေချမယ်ဆိုရင် မြစ်ထဲမှာ ရေချရတယ်။ ဘယ်လိုရေချဖို့ စီရင်ရသလဲဆိုတော့ သတ္တဝေဠုတဲ့။
ပထမဦးစွာ ဇော်ဂနီစုန်းမတွေကို ရေချစီရင်ဖို့ လုပ်ရတဲ့ အစီအရင်မှာ စုန်းမကို ရေချမယ်ဆိုရင် မြစ်ထဲမှာ ရေချရတယ်။ ဘယ်လိုရေချဖို့ စီရင်ရသလဲဆိုတော့ သတ္တဝေဠုတဲ့။
တံရူးဝါး (တံစူးဝါး)ကို ခွဲပီး ခုနစ်ချောင်းရအောင်
စိတ်ခြမ်းရတယ်။ အဲ့ဒီ ၀ါး (၇)ခြမ်း ကပ်အောက်မှာ ဆီးသားကို
လက်ကိုင်သားနှစ်ချောင်းခံပြီး တုပ်ချည်ထားရတယ်။ ပြီးရင် ရေလုံအိုးကြီးထဲမှာ
အိမ်(၇)အိမ်သားတို့ရဲ့ ကျင်ကြီးကျင်ငယ်ရေတွေ စုထည့်ပီး အဲ့ဒီ (၇)အိမ်က
ရက်ဆက်ပုန်းရည်တွေ လောင်းထည့်ရတယ်။ စောစောက တံစူးဝါးနဲ့ လေးတစ်စင်းလုပ် ၊
တံစူးဝါးနဲ့ပဲ မြား (၇)စင်းလုပ် ၊ အဲ့ဒီ မြား (၇)စင်းရဲ့ မြားရွက်ကို
လင်းတအတောင် တပ်ရတယ်။ သည်တော့ လင်းတအတောင် မြားရွက်တပ် တံစူးလေး နဲ့
မြားကြီး (၇)စင်းလည်း ရပီ။ တစ်ခါ မြားငယ် (၇)စင်း ထပ်လုပ်။ နောက်ပီးရင်
ပန်း (၇)မျိုး။ ဆူးက (၇)မျိုး စု။ လင်းတအကောင် (၇)ခုစု။ ဒီနောက်
မြားကြီးတစ်စင်း။ ပန်းတစ်ပွင့် ။ အဲ့ဒီနောက် ဆူးတစ်ဆူးစီပုံ ။ ခုနှစ်မျိုး
ခုနှစ်ပုံ ရအောင်ပုံရတာပေါ့။
အဲ့ဒါတွေ ပီးရင် လက်ရဖမ်းဆီးထားတဲ့ စုန်းမကို ထဘီအဖြူ ၀တ်ပေးရတယ်။
အဲ့ဒါတွေ ပီးရင် လက်ရဖမ်းဆီးထားတဲ့ စုန်းမကို ထဘီအဖြူ ၀တ်ပေးရတယ်။
ဆံပင်ကိုလည်း ဆံထုံး (၇)ထုံး ထုံးရတယ်။ ထုံးပီးရင် မြားငယ်
(၇)ချောင်းကို ဆံထုံးခုနစ်ထုံးထဲမှာ တစ်ခုစီ ထိုးစိုက်ထည့်ရတယ်။ အဲ့လို
လုပ်ပီးတာနဲ့ စုန်းမရဲ့လက်မ နှစ်ခုကိုပူး။ ကြိုးနဲ့ချည် ခြေမနှစ်ခုပူး
ကြိုးနဲ့ ချည်ရတယ်။ ပြီးနောက် ဇော်ဂနီစုန်းမရဲ့ခါးကို သမန်းကြိုးနဲ့
ချည်ရတယ်။ စုန်းမရဲ့လည်ပင်းမှာတော့ (၇)တောင်ရှည်တဲ့ သမန်းကြိုးကို
အထုံး(၇)ထုံးထုံးပီး ဆွဲထားရတယ်။ အဲ့ဒီလို လည်ပင်းကြိုး (၇)ထုံးချည်ပီးရင်
ရေထဲရှိ လှေနှစ်စင်းကို ယှဉ်ပီး လှေပေါ်မှာ တံစူးဝါးကပ်ကိုခင်း ။
အဲ့ဒီကပ်ပေါ်မှာ လက်နှစ်ဖက်ကြိုးနဲ့ ချည်နှောင်ထားတဲ့ စုန်းမကို တင်ထားရတယ်။
ဒီလိုလှေပေါ်က တံစူးဝါးကပ်ပေါ်တင်ပြီးရင် လေးသမားအလုပ်က ပေါ်လာပီ။
လေးသမားတွေက တံစူးဝါးလေးကြီးနဲ့ တံစူးဝါး
လင်းတတောင်မြားရွက်တပ်ထားတဲ့ မြားတွေကို အရပ်လေးမျက်နှာ ပစ်လွှတ်ရတယ်။
ပစ်လွှတ်ရင်းနဲ့ ဇော်ဂနီစုန်းကို ဆဲရေးတိုင်းထွာရတယ်။ ဆဲရေးတိုင်းထွာပီး
မြားတွေပစ်တယ်ပေါ့။ မြားကိုပစ်တော့ ကောင်းကင်ပေါ်ကို တစ်စင်း ။
ပထ၀ီမြေကြီးထဲကို တစ်စင်း ။ ရေဆိပ်ရှိရာ တစ်စင်း သုံးစင်းဆဲရေးပီး ပစ်ရတယ်။
ကျန်တဲ့ မြားလေးစင်းကို အရှေ့အရပ်ကို မြားတစ်စင်း ။ အနောက်အရပ်ကို
မြားတစ်စင်း ။ တောင်အရပ်ကို မြားတစ်စင်း ။ မြောက်အရပ်ကို မြားတစ်စင်း
အရပ်လေးမျက်နှာကို ပစ်ရပါတယ်။ မြားပစ်ဆဲရေး တိုင်းထွာပီးရင်တော့
ဇော်ဂနီစုန်းရဲ့ ခန္ဓာကိုယ်ပေါ်ကို ဦးခေါင်းကနေစပြီး မစင်ချေးသေးရေတွေကို
လောင်းချရတယ်။ မစင်ရေ လောင်းချပီးတာနဲ့ လှေဝမ်းနှစ်ခုကို
ထိုးခွဲဖောက်ပစ်ပြီး ရေ (၇)လံ အနက်မှာ ပစ်ချရတယ်။ ဒီလို ရေအနက် (၇)လံမှာ
လှေဖွင့်ရေချလို့ လှေရော စုန်းမရော ရေထဲမြုပ်သွားရင် ကိစ္စပြီးပီ။
သို့သော် ကဝေမြောက်စုန်းတွေ နဲ့ ကဝေစုန်းတွေက ရေမှာမနစ်ဘူး။
အိန့်တလိမ်စုန်း နဲ့ နှစ်ပါးဆက်ထားတဲ့ ဇော်ဂနီစုန်းတွေကျတော့
လည်ပင်းမှာဆွဲထားတဲ့ သမန်းကြိုး (၇)တောင်အရှည် ၊ ကြိုးထုံး (၇) ထုံးမှာ
နှစ်ထုံးနစ်ပီး ငါးထုံးရေပေါ်မှာ ပေါ်နေရောလေ။ တကယ်ဆိုရင် (၇)ထုံးလုံး
ရေနစ်ပီး သေရမှာလေ။ ငါးထုံးပေါ်တော့ ဇော်ဂနီက မသေဘူး။ ဘယ်လောက်စွမ်းသလဲပေါ့
အရင်ခေတ်က စုန်းကဝေတွေကလေ။
အဲ့ဒီလို ရေနစ်ပီး မသေတဲ့ မှော်ကဝေစုန်းမကို မူလအရပ်မှာ
မထားတော့ဘူး။ သူ့ကို ရေထဲကနေ ပြန်ဖော်။ သူ့ကို ဒီအရပ်မှာ မနေစေရ။
မြစ်ကူးချောင်းဖျား အရပ်မှာတောင် သူက ဖမ်းစားနိုင်တာကြောင့် ဟိုး လူမနေတဲ့
အဝေးအရပ်တွေကို နယ်နှင်ဒဏ်ပေးရတယ်။
ကျန် စုန်းသုံးမျိုးဖြစ်တဲ့ ခြေစုန်း ၊ ခေါင်းစုန်း ၊
ကိုယ်စုန်း (ဒီစုန်းအကြောင်းတွေလည်း ကျွန်တော်ရေးထားပီးသားပါ။
ကျွန်တော့်ဆိုဒ်မှာ ရှာဖတ်ကြည့်ပါ။) ကိုတော့ တစ်နှစ်သုံးခွင့်ပြုတယ်။
ရွာထဲရပ်ထဲ အတူနေဖြစ်ပါက အိမ်နီးချင်း (၇)အိမ်က လွန်ပီး မဖမ်းစားနိုင်အောင်
ဆိုင်ရာက စီရင်ပြီး သူတို့ကိုလည်း ချောင်းခြား မြစ်ခြားအရပ်ကို ပို့တယ်။
ရှေးတုန်းကတော့ ရေလားတယ်လို့ ခေါ်တယ်။ အဲ့ဒီလို မြိုင်ရပ်ကို အနှင်ခံရတဲ့
ပညာသည်တွေဆီကနေ စုန်းကဝေပညာတွေ လက်ဆင့်ကမ်းရင်း စုန်းကဝေပညာက
အဓွန့်ရှည်ခဲ့တာပေါ့။ ဘာကြောင့် စုန်းတွေက တောထဲမှာ လူသူမနီးတဲ့နေရာမှာ
ရှိနေသလဲဆိုတာလဲ အဖြေပေါ်လောက်ပီလို့ ထင်ပါတယ်။
ယနေ့ခေတ် စုန်းကဝေများ ဒီလိုအစမ်းသပ်ခံဝံ့လောက်သော တန်ခိုးကြီးကြရဲ့လားပေါ့။
မိုးကြယ်စင်
စာကိုး။ ။ မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း (စတုတ္ထပိုင်း)
စာကိုး။ ။ မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း (စတုတ္ထပိုင်း)
No comments:
Post a Comment