♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 25, 2015

"အရမ်းသ၀န်တိုတတ်တဲ့ ချစ်သူ ကိုယ့်ကို ယုံကြည်လာစေဖို့ လုပ်ဆောင်ပေးရမယ့် အချက် (၂) ချက်"

 
သင့်ချစ်သူကောင်လေးက သင့်ကိုအမြဲတမ်း သ၀န်တိုနေပါသလား။  ဒီလိုချစ်သူမျိုးနဲ့အတူ ရှိရတာဟာ သင့်အတွက် စိတ်ကသိကအောက် ဖြစ်စရာကောင်းလှပါတယ်။ တကယ်လို့များ သင့်ကိုတခြားကောင်လေးတွေနဲ့ သူက စွပ်စွဲပြောဆိုနေမယ်ဆိုရင် သင်တို့နှစ်ဦးကြားက အချစ်ရေးဟာ ချောမွေ့နိုင်ဖို့ ခဲယဉ်းသွားပါပြီ။  ဒီတော့ သ၀န်တိုတတ်တဲ့ ချစ်သူနဲ့ ဆက်ဆံပြောဆိုရာမှာ သင့်အနေနဲ့ နည်းလမ်း (၂)ချက်ကို သေချာပိုင်ဆိုင်စွာ သုံးပေးနိုင်မယ် ဆိုရင်တော့ သင့်ချစ်သူဟာ သင့်ကို ယုံကြည်စိတ်ချလာပါလိမ့်မယ်။ ပြောချင်တာက ခုလို လုပ်ဆောင်လိုက်လို့ သူ့ဘက်က သင့်ကိုလုံးဝသ၀န်မတိုတာမျိုးတွေ မဟုတ်ပါဘူး။ ဒါပေမယ့် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အရင်က ထက်တော့ဖြည်းဖြည်းချင်း ပြန်အဆင်ပြေလာပါလိမ့်မယ်။
 
၁။သူပြောတာကို နားထောင်ပေးပါ။ ညှိုပေးပါ။ ဒါမဖြစ်နိုင်ဘူးဆိုပြီး စွတ်မငြင်းဆိုတာ၊ ငြင်းခုံတာ မလုပ်ပါနဲ့။
 
သင့်ချစ်သူက သူပြောချင်တာတွေကို ပြောဆိုနေချိန် သင်က ငြိမ်ငြိမ်လေး နားထောင်ပေးလိုက်ပါ။ သူပြောဆိုနေတာ သင့်အတွက် စိတ်အနှောင့်အယှက် အကြီးအကျယ်ဖြစ်နိုင်ပေမယ့် သူ့ကိုမစွန့်လွှတ်နိုင်ဘူးဆိုတဲ့ စိတ်ကိုထည့်ထားလိုက်ရင် သင်အဆုံးထိ နားထောင်ပေးဖို့ ၀န်မလေးတော့ပါဘူး။ သူ့ကိုပြန်ငြင်းနေရင် ပြသနာပိုကြီးရုံကလွဲလို့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပြန်ငြင်းမနေပါနဲ့။ သူဆိုလိုချင်တာက ဘာလဲဆိုတာ အဆုံးထိ နားထောင်ပေးပါ။ ဒီအချက်က သင့်ဆီက သူ အလေးပေးတာကို ပိုလိုနေတာကြောင့်လည်း ခုလို ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ သူခံစားနေရာတွေက ဘာလဲဆိုတာ အဆုံးထိ နားထောင်ပြီး သိအောင်ကြိုးစားပါ။ ဒါမှမဟုတ် ခုလိုတွေဖြစ်နေတာ နှစ်ယောက်တည်း ရှိနေချိန် ပိုနည်းလို့လား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ခုထိပိုရင်းနှီးတဲ့ဆက်ဆံရေး လိုချင်တာလားဆိုတာတွေကို သိအောင်လုပ်လိုက်ပါ။
 
၂။သင်ပေးနိုင်တဲ့ အနေအထား စည်းဝိုင်းတစ်ခုကို သတ်မှတ်ထားပြီး သင့်ဆီက သူဘာလိုချင်နေသလဲဆိုတာကို သိအောင်မေးပါ။
 
ခုလို သူခံစားနေရတာ၊ မယုံကြည်တာတွေက သင်ခုဘယ်မှာရှိနေတယ်၊ ဘယ်သူနဲ့ရှိနေတယ်ဆိုတာ သူ့ကိုပေးမသိလို့များလား။ တစ်ချို့ကိစ္စတွေမှာကျတော့ သူကသင့်ကို စပြောသင့်တာမျိုးတွေလည်း ရှိပါတယ်။ သူ့ဘက်က ယုံကြည်ပေးသင့်တာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သင့်ဘက်က သေချာအောင် ဒီတစ်ခါတော့ သင့်ဆီက သူဘာတွေလိုချင်နေတာလဲဆိုတာ မေးလိုက်ဖို့ပါပဲ။ တစ်ခါတစ်လေ သူဖြစ်ချင်တာ သူလိုချင်တာနဲ့ သင်သူ့ကိုဆက်ဆံတဲ့ပုံ၊ ပြန်လည်ဖြည့်ဆည်းပေးနေပုံတွေက ထပ်တူမညီပဲ ကွာဟနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ပထမဆုံး သင်သူ့ကို ဖြစ်စေချင်တာတွေကို လိုက်လျောတာမျိုး၊ မလိုက်လျောတာမျိုးတွေ မပြုလုပ်ခင် သင့်ဘာသာသင် ငါဘယ်လိုအရာမျိုးဆိုရင်တော့ လိုက်လျောလိုက်မယ်။ သူဖြစ်စေချင်သလို နေထိုင်ပေးမယ်ဆိုတာမျိုး သတ်မှတ်ထားလိုက်ပါ။ သူ ဖြစ်စေချင်တဲ့အတိုင်း အားလုံး လိုက်လျော မယ်ဆိုတာကတော့ နည်းနည်းမိုက်ရူးရဲဆန်ပါတယ်။ ဒီတော့ သူအတိအကျသိချင်တဲ့ မေးခွန်းတွေဆိုရင်လည်း သင်အမှန်အတိုင်း ဖြေပေးလိုက်ပါ။ သင့်စိတ်ထဲက တစ်ချို့အရာတွေကို အရမ်းမသိုဝှက်ပဲ သူ့ကို ပေးသိသင့် ပေးသိ လိုက်ပါ။ ရင်ဖွင့်တာမျိုးတွေလည်း လုပ်နိုင်တာပါပဲ။ သင့်ခံစားချက်တွေကို သူ့ကိုဖွင့်ဟလေလေ သင်တို့နှစ်ယောက် ပိုလို့နီးစပ်လာလေလေပေါ့။ ဒါ့ကြောင့် သင်တို့နှစ်ဦးဟာ တစ်ယောက်က ဘာလိုအပ်နေတယ်ဆိုတာကို သေချာအဖြေထုတ်နိုင်၊ ညှိုနှိုင်းနေထိုင်နိုင်မယ်ဆိုရင်တော့ သင်တို့နှစ်ဦးအတွက် တကယ့်ကိုကောင်းမွန်တဲ့ အချစ်ရေးတစ်ခု ဖြစ်လာပါလိမ့်မယ်။

Ref:yourtango

Credit : http://www.trend.com.mm/2015/11/16/relationships-8112

No comments:

Subscribe

လာလည်သူများ

free counters