♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 29, 2015

" ဘယ်လိုကောင်လေးတွေကို ကောင်မလေးတွေ ကြွေကြသလဲ ..."

 
 
မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့

၁။ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။ ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲ။

၂။စကားပြောတဲ့အခါ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြောတတ်တဲ့ ယောင်္ကျားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါတယ်။

၃။ဘေးနားကပ်ပြီး စကားပြောကြည့်လိုက်လို့ ကိုယ်နံ့သင်းသင်းလေး ရနေတတ်တဲ့ ဘဲမျိုးကို ကောင်မလေးတွေက သိပ်ကိုကြွေတာပါ။ ရေမွှေးတွေ အသားကုန်ဆွတ်ထားတာမျိုးလည်း မဟုတ်၊ ဒါမှမဟုတ် ချွေးနံ့တွေ တထောင်းထောင်းထွက်နေတာမျိုးလည်း မဟုတ်တဲ့ ကောင်လေးမျိုးပေါ့။ (ဟီးဟီး)

" နားဖာချေးကို ဘယ်တော့မှ မကလော်သင့် "

 
သင့်ရဲ့နားအတွင်းမှာ ဖြစ်ပေါ်လာတဲ့ နားဖာချေးဟာ နားအတွင်းမှာပဲ ထားသင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ “ နားဖာချေးဆိုတာ ဆိုးကျိုးပေးတဲ့ ကြောက်စရာပစ္စည်းတစ်ခု မဟုတ်ပါဘူး။ ပြီးတော့ နားဖာချေး ကို ထုတ်ကလော်ပစ် စရာလည်း မလိုပါဘူး” လို့ နား၊နှာခေါင်း၊လည်ချောင်းဆရာဝန် Peter Roland က ရှင်းပြပါတယ်။

နားဖာချေးဟာ နားကိုအကျိုးပြုတဲ့ လုပ်ငန်းတွေလည်း ဆောင်ရွက်ပေးတာမျိုး ဘယ်တော့မှ ကလော် မဖယ်ရှားသင့်ပါဘူး။ နားဖာချေးဟာ အလိုလိုသန့် စင်သွားနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး နားကို ကာကွယ်မှု၊ ချောမွေ့ စေမှုနဲ့ ဘက်တီးရီးယားရန်က ကာကွယ်ပေးတဲ့စွမ်းရည်တွေရှိပါတယ်။  အပြင်ဘက် နားလမ်းကြောင်းထဲက အကျိတ်ဂလင်းလေးတွေဟာ မကြာခဏ ရေကို ပန်းထုတ်ပေးပြီး အဆိုပါ ရေဟာ အမွှေးနဲ့ အရေပြားအသေတွေနဲ့ ပေါင်းစည်းသွားကာ နားဖာချေးဆိုတာ ဖြစ်လာပါတယ်။ အစာဝါးစားတာ နဲ့ တခြား မေးရိုးလှုပ်ရှားမှုတွေကနေ နားဖာချေးဟာ နားထဲက ဖုန်မှုန့် ၊အညစ်အကြေးနဲ့ တခြားသေးငယ်တဲ့ အမှုန်အမွှားတွေကို ကပ်သယ်ပြီး အပြင်ကို အလိုလို ထွက်သွားတတ်ပါတယ်။

ဂွမ်းတံ၊ နားဖာကလော်နဲ့ တခြား ပြင်ပပစ္စည်းတွေ အသုံးပြုပြီး နားကလော်တာက နားစည်ရဲ့ မိမိဘာသာ သန့် စင်တဲ့လုပ်ငန်းကို ပျက်ယွင်းစေနိုင်ပြီး နားဖာချေးကို အတွင်းထဲထိ တွန်းပို့ သလိုဖြစ်ကာ နားကိုက်ခဲ နာကျင်တာကနေ နားလေးတဲ့အထိ ဖြစ်နိုင်ပါတယ်။

နားကို သူ့ သဘာဝအတိုင်း ဒီတိုင်းထားတာ အကောင်းဆုံးဖြစ်ပြီး အရမ်းနာဖာချေးတွေ ပြည့်နေပြီး

" တရုတ်အိုဘားမား ဆိုပါလား .....အလိုလေး!!! ...သောက်ကျိုးတော့ နည်းရချေရဲ့ မောင်....

 

တရုတ်နိုင်ငံဟာ အတုလုပ်တဲ့ နေရာမှာ သမ္မတကြီး အိုဘားမားတောင်ချန်မထားဘူးလို့ ပြောရမှာ
 ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံသား တစ်ဦးဟာ အမေရိကန် သမ္မတကြီး အိုဘားမားပုံစံနဲ့ တူအောင် ပြုလုပ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒေးလီးမေးလ် သတင်းစာကတော့ ဘေဂျင်း အိုဘားမားလို့ ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ အမြဲတမ်း ကောင်းမွန်ခြင်း မရှိပေမယ့် အသက် (၂၉)နှစ်အရွယ်ရှိ Xiao Jiguo ဟာ သမ္မတ အိုဘားမားနဲ့ တူအောင် ဖန်တီးယူထားပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါက ရှန်ဇန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနား တစ်ခုမှာ အိုဘားမား ဒီဇိုင်းပုံစံနဲ့ တက်ရောက် လာခဲ့တာကြောင့် အများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
      Xiao Jiguo ဟာ ဆီချွန် အရပ်ဒေသမှာ နေထိုင်ပြီး အိုဘားမားကို လေးစား အားကျသူ ဖြစ်ပါတယ်။ ၂၀၁၂က ပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ အိုဘားမားပုံစံနဲ့ သရုပ်ဆောင်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် အိုဘားမားပုံစံ အတုခိုးကာ အစီအစဉ်ပေါင်း များစွာမှာ ပါဝင်ခဲ့ပါတယ်။ Xiao Jiguo ဟာ ဒီနှစ်အစောပိုင်းမှာ မျက်နှာကို ခွဲစိပ်ပြီး အိုဘားမားပုံစံ ပိုတူအောင် ပြုလုပ်ခဲ့ပါတယ်။ အိုဘားမား မိန့်ခွန်းတွေကို အင်တာနက်က အကြိမ်ပေါင်းများစွာ ကြည့်ရှုပြီး စကားပြောဆိုတဲ့ အမှုအရာကအစ

" ကားစီးရေပေါင်း (၈၅၀၀) တင်ဆောင်နိုင်စွမ်းရှိတဲ့ သဘောင်္ကြီး "

 
 ပြီးခဲ့တဲ့ရက်ပိုင်းမှာ အင်္ဂလန်နိုင်ငံကို ဆိုက်ရောက်လာတဲ့ သင်္ဘောကြီးဟာအလွန်ကြီးမားတာကြောင့်
 မြင်ရသူအပေါင်း အံ့အား သင့်စေခဲ့ပါတယ်။ ဒီသင်္ဘောကြီးဟာ မော်တော်ကားတွေကို သယ်ယူ ပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး ကားစီးရေ ( ၈၅၀၀) စီး တင်ဆောင်နိုင်စွမ်း ရှိကြောင်း သိရပါတယ်။ ဒီသဘောင်္ပာာ တရုတ်နိုင်ငံကနေ အင်္ဂလန်ကို ခုတ်မောင်းလာတာ ဖြစ်ပြီး ကားတင်ဆောင်တဲ့ သဘောင်္တွေထဲမှာ အကြီးဆုံး ဖြစ်ကြောင်း သိရပါတယ်။ ကားစီးရေ (၈၅၀၀) စီး တင်ဆောင်နိုင်တာကြောင့် ကားတစ်စီးစီကို တိုင်းတာပြီး တွက်ချက်ပါက (၂၆) မိုင်အထိ ရှည်လျားသွား နိုင်ကြောင်း သိရပါတယ်။ သဘောင်္ဟာ ဘောလုံးကွင်း (၁၀) ကွင်းစာရှိပြီး အလွန် ကြီးမားနေတာကြောင့် ဗြိတိန်မီဒီယာတွေမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
      အရှည်က မီတာ ( ၂၀၀) ၊အလျားက (၃၆) မီတာရှိပြီး သင်္ဘောကုန်းပတ် အကျယ်ဟာ ( ၇၁၄၀၀)စတုရန်း မီတာ ရှိပါတယ်။ ကားတွေသီးသန့် တင်ဆောင်နိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သင်္ဘောကို အခြားကုန်ပစ္စည်းတွေ တင်နိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ဒီသင်္ဘောအမည်က Hoegh Autoliners ဖြစ်ပြီး နော်ဝေကုမ္ပကီ တစ်ခုအမည်ဖြင့် မှတ်ပုံတင်ထားခြင်း ဖြစ်ပါတယ်။ ဒီသင်္ဘောကို တည်ဆောက်ရာမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံး စံနှုန်းတွေ သတ်မှတ်ထားကာ

" ကိုယ်အသက်ရူတာ ပုံစံမှန်ရဲ့လား "


ကိုထိုက်
           အသက်ပြင်းပြင်း တစ်ချက် ရှိုက်သွင်း လိုက်ရတာလောက် လူကို သက်သောင့် သက်သာ ရှိစေတာမျိုး နှစ်ခုမရှိ။ လူကို ထိုမျှနေထိုင် ကောင်းစေသော အမူအကျင့်လေး လုပ်ဖို့ လူတွေ မေ့နေကြသည်ဟု ဆိုလျှင် စာဖတ်သူ အံ့သြလိမ့်မည်။
          လူအများစုကြီးသည် ကိုယ်ဘယ်လို အသက်ရူနေလဲ သေချာ မစဉ်းစားကြ။ အသက်ရူခြင်းသည် သဘာဝအတိုင်း ဖြစ်နေသော ကိစ္စဟုသာ လွယ်လွယ် သဘောထားတတ်ကြသည်။ ရလဒ် အဖြစ်ကား လူသားတို့သည် မထိရောက်သော အသက်ရူနည်းဖြင့် ရှင်သန် နေကြတော့သည်။ ရူသွင်းသည့် လေကို စွမ်းအင်အဖြစ် ပြောင်းပေးနေသော အဆုတ်ကို ရာနှုန်းပြည့် အသုံးချတတ်သူ နည်းပါးလှသည်။ လူသား၏ အဆုတ်တွင်း တစ်သျူးများကို ဖြန့်ခင်းလိုက်လျှင် တင်းနစ် တစ်ကွင်းစာလောက် အကျယ်ရှိသည်။
အသက်ရူပုံမှားလျှင် ဒါတွေဖြစ်တတ်သည်။

ပုံမှန်ထက်ပိုပြီး သက်ပြင်းတွေ ချနေမိခြင်း။
          ထိုသို့ ဖြစ်နေပြီဆိုလျှင် မိမိသည် အသက်ကို မကြာမကြာအောင့် ထားတတ်ခြင်းကြောင့် ဆိုတာ သတိပြုပါ။ အသက်အောင့်ထားခြင်းကြောင့် ခန္ဓာကိုယ်သည် အောက်စီဂျင် ငတ်မွတ်လာပြီး အောက်စီဂျင်များများ ပြန်ရူသွင်းဖြစ်အောင်  အလိုလို သက်ပြင်း ချလာမိခြင်း ဖြစ်သည်။

မကြာမကြာ သမ်းဝေနေခြင်း။
          အသက်ကို အပေါ်ယံလောက်သာ ရူသည့် အကျင့်ကြောင့် ဖြစ်သည်။ အဆုတ်ထဲထိ ရောက်အောင် နက်နက်နဲနဲ အသက်ရူလေ့ ရှိသူများသည် တစ်မိနစ်ကို ငါးခေါက်မှ ရှစ်ခေါက် ၀န်းကျင်သာ အသက်ရူကြသည်။ အပေါ်ယံလောက်သာ

" ဒမ်ဒရိုဗီယမ် သစ်ခွအကြောင်း – Dendrobium အပိုင်း(၁) "

 
ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးကို အားလုံးရင်းနှီးဖူးပြီးသားဖြစ်ကြမှာပါ။
ဒမ်ဒရိုဘီယမ်(Dendrobium)သစ်ခွတွေကို ဈေးတွေ စူပါမားကတ်တွေမှာ အများဆုံးတွေ့
ရတတ်ပါတယ်။ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ သို့ပေမယ့် သစ်ခွဆိုတာကလည်း
အလွန်ဂရစိုက်ရတဲ့မျိုးမဟုတ်လား။

တစ်ပင် နှစ်ပင်စိုက်တာမဟုတ်ဘဲ အများအပြား တစ်နိုင်တစ်ပိုင်စိုက်မယ်ဆိုရင်တော့
ကိုယ်စိုက်တဲ့သစ်ခွမျိုးရဲ့   သဘာဝကိုသိထားတာအကောင်းဆုံးပါ။ နည်းစနစ်အတိအကျ
အပူအချိန်တွေ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် သူကြိုက်နှစ်သက်တဲ့ အနေအထားမျိုး
လုပ်ပေးနိုင်တယ်ဆိုရင် သစ်ခွဟာ ဖြစ်ထွန်းတတ်တဲ့ အပင်မျိုးပါ။

အခု ပို့စ်လေးမှာ ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးနဲ့ မိတ်ဆက်ပေးပြီး ဘယ်လိုပြုစုပျိုးထောင်
ရတယ်ဆိုတာကိုပါ ရေးသားပေးမှာဖြစ်ပါတယ်။ ဒမ်ဒရိုဘီယမ်လို့ခေါ်လိုက်လို့  မသိဘူး
လို့ ထင်နေကြမှာပါ။ ဓာတ်ပုံလေးမြင်ရင်တော့ သြော် ဒီသစ်ခွမျိုးပဲဆိုတာ သိကြမှာပါ။

ကျွန်တော်တို့ မြန်မာပြည်မှာ အစိုက်များတဲ့ ဒမ်ဒရိုဘီယမ်မျိုးလေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေ။

August 28, 2015

" ဂျပန်နိုင်ငံက ကီရှီဘူတာမှာ ရုံပိုင်အဖြစ် ကြောင်မလေးနီတာမာကို ခန့်အပ်"


ဂျပန်နိုင်ငံကျေးလက်ဒေသတစ်ခုက ရထားဘူတာမှာ ရုံပိုင်အဖြစ်ခန့်အပ်ခံလိုက်ရတဲ့ ကြောင်တစ်ကောင်အတွက်တော့ ယူရမယ့်တာဝန်ဝတ္တရားက ကြီးမားလွန်းနေပါတယ်။ ဒီကြောင်မလေးရဲ့ရှေ့မှာ ရုံပိုင်တာဝန်ယူခဲ့တဲ့ကြောင်ဟာ ကမ္ဘာကျော်ပြီး အခက်အခဲကြုံခဲ့တဲ့ဘူတာနဲ့ ဘဏ္ဍာရေးအဆင်မပြေခဲ့တဲ့ရထားလိုင်းကို ကူညီခဲ့သူဖြစ်လို့ နာမည်ကြီးတဲ့ ကြောင်လေးတစ်ကောင်ပါပဲ။ ဒါ့အပြင် အဲဒီကြောင်ဟာ ဦးထုပ်တစ်လုံးကို လိုက်ဖက်ညီအောင် ဘယ်လိုဆောင်းရမလဲဆိုတာကို လည်း သိရှိခဲ့သူပါ။

တာမာလို့အမည်ရတဲ့ ယခင်ဘူတာရုံပိုင်ကြောင်မလေးဟာ အသက် ၁၆ နှစ်အရွယ်အရောက်မှာ ၀ါကာယာမာလျှပ်စစ်ရထား လိုင်းက ကီရှီဘူတာရဲ့ရုံပိုင်အဖြစ် ၈ နှစ်ကြာ တာဝန်ယူပြီးနောက် ဇွန်လ ၁၆ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လူချစ်လူခင်များတဲ့ တာမာရဲ့နာရေးကိုတော့ လူထောင်ပေါင်းများစွာလာရောက်ပြီး ၀မ်းနည်းကြောင်းပြသခဲ့ကြပါတယ်။ ရုံပိုင်ကြောင်မလေးသေဆုံးပြီးနောက်မှာတော့ ရိုးရာဓလေ့အတိုင်း ၀မ်းနည်းခြင်းကာလကို ရက် ၅၀

"သွေးအေးအေးနှင့် မြင်းကိုသေနတ်နှင့်ပစ်သတ်တဲ့ ဇနီးသည်ကို အရမ်းချစ်သွားတဲ့ ခင်ပွန်း" (ဟာသ)

 
တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ
မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက
အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို
အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...
"ကျွန်တော်တို့တွေ Honeymoon အတွက် အိန္ဒယက ရှင်းမလား (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။

ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကိုအသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့

" သူခိုးဖမ်းနည်း " ဖတ်သာကြည့်ကြပါတော့....

 
တစ်ခါတုန်းကပေါ့ဗျာ...
တောရွာကြီးတစ်ရွာမှာ အလွန်တရာမှချမ်းသာပြီး အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူဌေးကြီး
တစ်ရောက်ရှိတယ်ဗျ ။ သူဌေးကြီးဟာပစ္စည်းဥစ္စာချမ်းသာပင်မဲ့ ဇနီးမယားတော့မရှိဘူး
တစ်ရောက်ထဲနေတယ် လိုအပ်မှသူများကိုခေါ်ခိုင်းလေ့ရှိတယ်။ တစ်နေ့ပေါ့ဗျာ သူဌေး
ကြီးဟာ အရေးကြီးကိစ္စတစ်ခုနဲ့ ရက်အကြာကြီးခရီးတစ်ခုသွားဘို့ အကြောင်းပေါ်လာသ
တဲ့ဗျ ခရီးသွားလေ့မရှိတဲ့သူဌေးကြီးဟာ ခရီးရှည်သွားရမယ်ဆိုတော့ သူရဲ့ဥစ္စာပစ္စည်း
တွေကိုစိတ်မချဘူးလေ သူများအပ်ခဲရင်လဲ စိတ်မချ ထားခဲရမှာလဲစိတ်မချသယ်လဲမသွား
နိုင်ဆိုတော့ သူဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားနေပါတယ်။

   ဒီလိုနဲ့စဉ်းစားရင်းသူဌေးကြီးဟာ အကြံတစ်ခုရပါတော့တယ် အဲ့ဒိအကြံကိုလက်တွေ့
အကောင်အထည်ဖေါ်ပါတော့တယ် သူရဲ့ရွှေတွေငွေတွေကို အားလုံးမြေကြီးထဲမြုပ်ခဲ့
ပါတယ်  ရွှေတွေငွေတွေထားတဲ့အခန်းထဲမှာတော့ သူနဂိုအတိုင်းအားထားခဲ့ပါတယ်.
ရွှေငွေထည့်တဲ့သေတ္တာကြီးလဲဒီအတိုင်းထားခဲ့ပါတယ် သူဟာခရီးသွားခါနီးမှာတော့
အိမ်နီးနားချင်းတွေကိုမှားထားခဲ့ပါတယ် ကျွန်တော်ခရီးသွားလို့ အိမ်ထဲကတစ်ရောက်
ရောက်အော်သံကြားရင် ၀ိုင်းကြည့်ပေးကြပါလို့ မှားထားခဲ့သတဲ့ သူဌေးကြီးကတော့
အေးအေးဆေးဆေး သူခရီးကိုထွက်သွားပါတော့တယ်။

   သူဌေးကြီးသူအိမ်မှာမရှိဘူးခရီးသွားတယ်ဆိုတာကို ခပ်တုန်းတုန်းသူခိုးတစ်ရောက်က

" လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေ"


 
 လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။
 
အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း

" လူလိမ် သတိထားပါ (ကျမဒီလောက်မအပါ) "

 
လူရယ်လို့ဖြစ်လာရင် တစ်နေ့နေ့ တချိန်ချိန်မှာတော့ လူလိမ်လူညာလူယုတ်မာတွေနဲ့ ဆုံတွေ့ရမှာမလွဲပါဘူး
လောဘနောက်လိုက်သွားရင်တော့ သေခြာပေါက်ဒုက္ခရောက်မှာပါဘဲ စဉ်ချင်တုံ တရားလေးမမေ့ကျပါနဲ့
ကျမ မနေ့ညကပူပူနွေးနွေး ကြုံလိုက်ရတဲ့ လူလိမ်တစ်ယောက်ရဲ့ လိမ်နည်းလေးကို အများသူငါသိရလေအောင်
ပြောပါရစေ အားလုံးလဲ သတိထားနိုင်အောင်လို့ပါ

ဖြစ်ပုံကဒီလို
တိုက်ကြီးက ကျမခြံကို ရောင်းဖို့ သတင်းစာမှာ ကြောငြာထည့်ဘူးပါတယ် ဆက်သွယ်ရမဲ့ ဖုံးအပါအ၀င်ပေါ့
မနေ့ည ၈နာရီ ၁၅လောက်မှာ လူတစ်ယောက်ဖုံးဆက်လာပါတယ် ခြံဝယ်ချင်လို့ပါတဲ့ ပိုင်ရှင်လား အကျိုးဆောင်လားတဲ့ ကျမကပိုင်ရှင်ပါလို့ပြောတော့ သူကတိုက်ကြီးကရဲမှူးသိန်းအောင်ပါတဲ့ ၃ဧကလောက်ခွဲရောင်းပါတဲ့ ဒီည ၉နာရီခွဲငွေလာချေပါ့မယ်တဲ့ ကျမအိမ်လိပ်စာတောင်ပြောလိုက်မိတယ်
ကျမဒီအထိလိမ်နေမှန်းမသိသေးဘူး
ဒီအတိုင်းငွေချေလို့မရဘူး သက်ဆိုင်ရာလူကြီးတွေရှေ့မှာ လုပ်မှရမယ်လို့ပြောလိုက်တယ်
အဲ့ဒီအချိန်မှာ ဖုံးလိုင်းက သိပ်မကြားရတော့ဘူး ဒါနဲ့ ကျမပြန်ခေါ်လိုက်ပါ့မယ်ဆိုပြီး ဖုံးချလိုက်တယ်
အပြင်သွားနေတဲ့ ကျမအမျိုးသားကို ဖုံးဆက်ပြီးပြန်လာခိုင်းလိုက်တယ်
ပြီးတော့ သူဆီကိုပြန်ဆက်လိုက်တယ် တခြားဖုံးတစ်လုံးနဲပါ့ ပထမတစ်ခေါက် ဖုံးချလိုက်တယ်
ဒုတိယတစ်ခေါက်ခေါ်တော့ ကိုင်တယ် ရန်ကုန်မှာသူအစည်းအဝေးလာတက်တာပါတဲ့ သူ့မှာ ပိုက်ဆံပါပါတယ်တဲ့ တစ်ခါထဲ့ချေပါ့မယ်တဲ့ ခြံကိုေ၇ာက်ဘူးလို့လားဆိုတော့ သူရောက်ဘူးပါတယ်တဲ့ ထက်ကြည့်ရာမလိုပါဘူးတဲ့
ကျမခြံအပိုင်က အုပ်ချုပ်ရေးမှူးကိုသိလားဆိုတော့ သိပါတယ်တဲ့ ကျမမသင်္ကာမကင်းစဖြစ်လာတယ် ကျမအကိုကြီးဖြစ်တဲ့ တိုက်ကြီး အထက ကကျောင်းအုပ်ကိုသိလားဆိုတော့ အဲလောက်တော့ မသိဘူးတဲ့ အသံကလည်း လူငယ်သံဖြစ်နေတယ် ရဲမှူးတစ်ယောက်ရဲ့ အသက်က အနည်းဆုံးတော့ ၅၀ပတ်ဝန်းကျင်လောက်ဖြစ်ရမယ်လေ ပြီးတော့ ရဲမှူးတစ်ယောက်က ကျမဆီကို ညကြီးမိုးချုပ် ခြံဝယ်ဖို့

" မလေးရှားစတိုင် အုန်းထမင်း " (Wut Yee Food House)

 

မလေးရှားစတိုင် အုန်းထမင်းနှင့် ကြက်သားဟင်းလေးပါ။ မြန်မာ အုန်းထမင်းနဲ့ ချက်နည်း ခပ်ဆင်ဆင်ပေမယ့် အနံ့ရော၊ အရသာပါ ကွဲပါတယ်။ မလေးရှားစတိုင် အုန်းထမင်းမှာ ငရုတ်သီးပါတာမို့ စပ်စပ်လေးနဲ့ တမျိုး စားလို့ကောင်းပါတယ်။ ချက်နည်းလေးကို တူတူကြည့်ရအောင်…
အုန်းထမင်းအတွက် ပါဝင်ပစ္စည်းများ
  • အုန်းနို့နှစ် – ၁၀၀ ဂရမ်
  • ဆန် (basmati) – နို့ဆီဘူုး ၂လုံး ( ၂ရေ၊ ၃ရေ ဆေးထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရေ – နို့ဆီဘူး ၃လုံး
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပျဉ်တော်သိမ်းရွက် – ၄-၅ရွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ငရုတ်သီးနီ – ၂တောင့် (ပါးပါးလှီးပါ)
  • နံနံပင် – အလှဆင်ရန်
အုန်းထမင်း ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီပူထိုးပေးပါ။
၂။ ပြီမှ ဆနွင်းမှုန့်၊ အုန်းနို့နှစ်၊ ပျဉ်တော်သိမ်းရွက်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ

August 27, 2015

ငါးမျက်စိနာအတွက် မရိုးပင်


ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။

ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။

စာမေးပွဲရက်မတိုင်ခင် ကျောင်း သားတွေကို ထောင်ကလွှတ်ပေး ဖို့ တောင်းဆို


ရတနာပုံတက္ကသိုလ်မှာ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ကျောင်းသားတွေ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြနေစဉ်။ Photo: RFA
 မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ၄ ဦးဟာ စာမေး ပွဲဖြေရမယ့်ရက်နီးလာပြီဖြစ်တာကြောင့် သူတို့အားလုံးကို လွှတ်ပေးဖို့ နိုင်ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အကျဉ်းထောင်ဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို ပညာဆက်လက်

" တကယ်လို့သာ သူကိုယ့်ကို စိတ်ဝင်စားနေမယ်ဆိုရင် အွန်လိုင်းမှာ ဘယ်လိုဇာတ်လမ်း စလိမ့်မလဲ"


ကိုယ်စိတ်ဝင်စားနေတဲ့သူက လူမှုကွန်ယက်မှာ ရှိနေတာမို့ ကိုယ်ကပဲ သွားပြီး friend request ပို့ရမလား။ သူပို့တာကိုစောင့်ရမလား အမြဲဇဝေဇ၀ါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သင်က မိန်းကလေးဆိုရင် ပိုလို့တောင် စဉ်းစားပါဦးမယ်။ နောက်တစ်ချက်က သူက ကိုယ့်ကို friend request ပို့လိုက်ပြီး လက်ခံလိုက်ပြီပဲ ထားပါတော့။ သူ့ရဲ့ အွန်လိုင်းပေါ်က အနေအထားတစ်ချို့ကို သုံးသပ်ပြီး ကိုယ့်ကိုစိတ်ဝင်စားနေသလားဆိုတာ ဒီအချက်တွေကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

၁။သူက စိတ်တော့ စိတ်ဝင်စားတယ် ဒါပေမယ့် အီစီကလီလောက်ပဲဆိုရင်
ဖေ့စ်ဘွတ်ခ်မှာ friend request ပို့လိမ့်မယ်။
Instagram တို့ Twitter တို့မှာ ကိုယ့်ကို follow လုပ်လိမ့်မယ်။
ကိုယ့်ပုံတွေကို Like လုပ်လိမ့်မယ်။
လာ chat ရင် chat လိမ့်မယ်။ (သိပ်တော့မသေချာဘူး)

၂။သူက ကိုယ့်ကို ပိုးပန်းဖို့အထိ၊ ကိုယ့်ကိုလိုက်မယ်ဆိုပြီး စဉ်းစားထားပြီဆို၇င်
ကိုယ့် Facebook စတေးတပ်စ်မှာ ကွန်မန့်ဝင်ရေးလိမ့်မယ်။
နှစ်ယောက်စလုံးကြိုက်တဲ့ မြူးဇစ်အဖွဲ့၊ အနုပညာရှင်ပုံ၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဖက်ရှင်ပုံ စတာတွေမှာ ကိုယ့်ကို tag ပေးလိမ့်မယ်။
ကိုယ်နဲ့ပတ်သက်တဲ့ တစ်ယောက်စ၊ နှစ်ယောက်စကိုပါ ခင်မင်အောင် လုပ်လိမ့်မယ်။ သင့်နဲ့ chat တဲ့အခါ

" ဇနီးဖြစ်သူက ခင်ပွန်းထက် ၀င်ငွေပိုကောင်းပါက ခင်ပွန်းဖြစ်သူ ဖောက်ပြန်နိုင်ခြေ ပိုများ"

 
အရင်ခေတ်တွေမှာတော့၊ ယောင်္ကျားဆိုတာ အိမ်ကို စားစရာနဲ့ ပိုက်ဆံပြန်သယ်လာပြီး မိန်းမက အိမ်မှာပဲ နေရတဲ့ ခေတ်ပေါ့။ မိန်းမဖြစ်သူဟာ ဟင်းချက်မယ်၊ ပန်းကန်ဆေးမယ် အိမ်သန့် ရှင်းရေးလုပ်မယ်၊ ကလေးထိန်းမယ် စသဖြင့် အိမ်တွင်းတာဝန်ကိုပဲ ထမ်းဆောင်နေခဲ့ရပါတယ်။

အခုခေတ်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ပညာအရည်အချင်းတတ်မြောက်ကြပြီး တစ်ခါတစ်လေမှာ မိန်းမတွေက ယောင်္ကျားတွေထက် ၀င်ငွေပိုကောင်းနေကြပါတယ်။ ဒီအချက်ဟာ အိမ်ထောင်ရေးကို ထိခိုက်မှုရှိစေနိုင်လား။
၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း လူငယ်ထုကို အပြန်အလှန်လေ့လာဆန်းစစ်မှု အမျိုးသားသုတေသနဌာနက အချက်အလက်တွေကို ထုတ်ယူပြီး သုတေသနပညာရှင်တွေဟာ လိင်မတူနှစ်ခြိုက်တဲ့ အသက် ၁၈ နှစ်ကနေ ၃၂ နှစ်အတွင်း စုံတွဲတွေနဲ့ သူတို့ တစ်ဦးချင်း ရှာနိုင်တဲ့ ငွေပမာဏကို ဆက်စပ်လေ့လာခဲ့ပါတယ်။

သုတေသနပညာရှင်တွေရဲ့ တွေ့ ရှိချက်အရ အမျိုးသားတွေဟာ သူတို့ ဇနီးထက် ၀င်ငွေပိုရှာနိုင်ရင် သစ္စာမဲ့ ဖောက်ပြန်နိုင်ခြေ ပိုနည်းပြီး ဇနီးဖြစ်သူက ၀င်ငွေ ပိုရှာနိုင်တယ်ဆိုရင်တော့ အမျိုးသားဟာ ငွေရှာလွယ်တဲ့ ဇနီး ဖြစ်သူကို ဖောက်ပြန်နိုင်ခြေ ၁၅

" အမွေးအမျှင်ထူတဲ့ ယောက်ျားတွေက မိန်းကလေးတွေကို ပိုမိုဆွဲဆောင်နိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြချက် (၃)ခု"

 
အမွေးအမျှင်ထူတဲ့ယောက်ျားတွေကို သင်ကြိုက်ကြိုက်၊မကြိုက်ကြိုက် အမျိုးသမီး အများစုကတော့ အဆိုပါ ယောက်ျားမျိုးကို ပိုမိုနှစ်သက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ပါးသိုင်းမွေးနဲ့ ကောင်လေးတွေပေါ့။ ဘာလို့ အမွေးအမျှင်ထူတဲ့ ယောက်ျားတွေက မိန်းမတွေကို ပိုဆွဲဆောင်နိုင်တာပါလဲ။

၁။ သူတို့ မှာ testosterone ကျားဟော်မုန်းပါဝင်မှု ပိုများပါတယ်။
ယောက်ျားတွေမှာ testosterone ပါဝင်မှုပိုများရင်၊ သူတို့ ဟာ လိင်ဆက်ဆံလိုစိတ် ပိုများပြီး၊ အသက်ရှည်ကျန်းမာကာ၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုလည်း ပိုရှိပါတယ်။ ရိုးသားမှုလည်းရှိပြီး အင်အားပိုမိုပြည့်ဝကာ အကောင်းမြင်ဝါဒလည်း ပိုများတယ်လို့ ဆိုပါတယ်။

၂။ ဥာဏ်ရည်ထက်တယ်
ဆရာဝန်တွေနဲ့  ပညာအရည်အချင်းမြင့်တဲ့ယောက်ျားတွေမှာ ရင်ဘတ်အမွှေး ပိုမိုတွေ့ ရှိရတယ်လို့ ခန္ဓာကိုယ် အမွှေးအမျှင်နဲ့ ဥာဏ်ရည် ဆက်စပ်မှုကိုလေ့လာနေတဲ့ စိတ်ရောဂါအထူးကုဆရာဝန် Dr.Aikarakudy Alias က ပြောပါတယ်။

၃။ ကျန်းမာရေးပိုကောင်းတယ်
အမွှေးအမျှင်ထူတဲ့ ယောက်ျားတွေဟာ သူတို့ ခန္ဓာကိုယ်မှာ လာရောက်စွဲကပ်တဲ့ ကပ်ပါးပိုးတွေကို

" တရုတ်ပြည်မှ အမျိုးသားတစ်ဦး၏ တင်ပါးရှိ ဝမ်းစွန့် ပြွန်ဝအတွင်း ဆယ်လက်မအရွယ် လက်နှိပ်ဓါတ်မီး စိုက်ဝင်"

 
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ က အမျိုးသားတစ်ယောက်ဟာ ဆယ်လက်မ အရွယ်ရှိတဲ့ လက်နှိပ်ဓာတ်မီး စအိုထဲ စိုက်ဝင်နေမှုကြောင့် ဆေးရုံရောက်လာခဲ့ပါတယ်။“ ဆယ်နှစ်အတွင်း ကျွန်တော် ဒီလိုဖြစ်ရပ်မျိုးတွေကို ခွဲစိတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီထက်ပိုကြီးတာဆိုလို့ စားဖိုမှူးတစ်ယောက်ရဲ့ စအိုထဲ ညှပ်ဝင်နေတဲ့ သခွားသီးတစ်လုံး ကိုပဲ တွေ့ ဖူးပါတယ်” လို့ ခွဲစိတ်ဆရာဝန် ဒေါက်တာ Sun က ပြောပါတယ်။

သင် ထင်နေတာနဲ့ ဆန့် ကျင်ဘက်ပါပဲ။ ဒီ လက်နှိပ်ဓာတ်မီးဟာ ကာရာအိုကေဘား တစ်ခုများ စကားများရင်းနဲ့ ထိုလူရဲ့ စအိုထဲ အတင်းထည့်ခံခဲ့ရတာဖြစ်နိုင်ကြောင်း ဒေသခံသတင်းတွေက ဆိုပါတယ်။ တရုတ်ဆေးဝါး ဆိုင်ရာ ကွမ်ကျိုးတက္ကသိုလ်နဲ့ တွဲဘက်ဆေးရုံက ဒေါက်တာ Sun က ဆရာဝန်တွေဟာ ဓာတ်မီးကို ဖယ်ရှားဖို့ ဆရာဝန်တွေဟာ နှစ်နာရီကြာ ခွဲစိတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

“ လူနာက ပုံမှန်အခြေအနေမှာရှိနေပါပြီ၊ နောက်ထပ်နှစ်ရက်လောက်တော့ အူတွင်းသွေးယိုစိမ့်မှုကို

"ဆေးရုံ၏ မှားယွင်းမှုကြောင့် ဟွန်းဒူးရပ်စ် မိန်းကလေးတစ်ဦး အသက်ရှင်လျက် မြေမြှုပ်ခံခဲ့ရဟု မိသားစု စွပ်စွဲ "

                          အသုံးမကျတဲ့ လူတစ်စုကြောင့် မကြွေသင့်ပဲ အကြွေစောခဲ့ရတဲ့ လုံမငယ်

ဟွန်ဒူးရပ်စ်တွင် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ဆေးရုံက သေဆုံးပြီဟု မှားယွင်း
ကောက်ချက်ချမှုကြောင့် အသက်ရှင်နေဆဲဖြင့် မြေမြှုပ် သင်္ဂြိုဟ်မိခဲ့ကြောင်း မိန်းကလေး၏ မိသားစုများက စွပ်စွဲ ပြောကြားလိုက်သည်။

အသက် ၁၆ နှစ်ရှိ နေဆီ ပီရက်ဇ်သည် ကိုယ်ဝန်ဆောင်ထားသည့် မိန်းကလေး တစ်ဦးဖြစ်ပြီး သူမကို မြှုပ်နှံထား၍ တစ်ရက်အကြာ၌ အုတ်ဂူထဲမှ အော်သံ ကြားရသောကြောင့် မိသားစုများက ဂူကို ဖြိုဖျက်ကာ အခေါင်းကို ထုတ်ယူ စစ်ဆေးခဲ့ကြသည်။

ဆွေမျိုးများက အုတ်ဂူကို ဖြိုပြီး အခေါင်းကို ဖွင့်ကြည့်ချိန်တွင် ပီရက်ဇ်မှာ လှုပ်ရှားမှု ကင်းမဲ့နေပြီ ဖြစ်သည်။ သို့သော်လည်း ခန္ဓာကိုယ်သည် ပူနွေးနေဆဲဖြစ်သလို လက်ပေါ်တွင်လည်း ကုတ်ခြစ်ထားသည့် အရာများ တွေ့ရကြောင်း သူမ၏ မိသားစုများက ပြောကြားခဲ့သည်။ ထို့အပြင် အခေါင်း၏ အပေါ်ပိုင်း မှန်အဖုံးမှာလည်း ထုရိုက်ထားသည်ဟု ယူဆရသည့် အခြေအနေကြောင့် ကွဲကြေနေသည်။

“ကျွန်တော်က သူ့သင်္ချိုင်းမြေပုံပေါ်မှာ လက်တင်မိတဲ့ အချိန်မှာ အထဲက ဆူဆူညံညံ အသံတွေ ကြားလိုက်ရတယ်”ဟု သူမ၏ ခင်ပွန်းဖြစ်သူ ရူဒီဂွန်ဇာလက်ဇ်က ပြောကြားခဲ့သည်။ ၎င်းက “ထုရိုက်တဲ့ အသံတွေ အရင်ကြားတယ်။ နောက်တော့ သူ့အသံကို ကြားမိတယ်။ သူက အော်ဟစ်ပြီး

" စေတန်ဂြိုဟ်ကို နောက်ပြန်ပတ်နေသော လတစ်စင်းကို ကာစီနီ အာကာသယာဉ် က စူးစမ်းလေ့လာ"

 
ဝါရှင်တန် ၊ ၂၀-၈-၂၀၁၅

ဧရာမ ဓာတ်ငွေ့လုံးကြီး ဖြစ်သော စေတန်ဂြိုဟ် ကို ပြောင်းပြန် လှည့်ပတ်နေသည့် Norse လ အစုအဝေးတွင် လအငယ်စား အလုံးရေ ၆ဝ ခန့်ပါရှိရာ နာဆာပိုင် ကာစီနီ အာကာသယာဉ် က၄င်း Norse လအစုအဝေး မှ Hyrrokkin လကို စူးစမ်းလေ့လာ နေကြောင်း သိရသည်။

စေတန်ဂြိုဟ်ကို လှည့်ပတ်နေသောလများတွင် Titan ကဲ့သို့ တိမ်ဖုံး နေသောလ၊ Enceladus ကဲ့သို့ ရေမှုတ်ထုတ် သောလ၊ Mimas ကဲ့သို့ ကြယ်အသေ နှင့် တူသောလ တို့ကို နာဆာက စူးစမ်း လေ့လာခဲ့ပြီး ဖြစ်ရာ ၄င်းတို့သည် စေတန်ဂြိုဟ်နှင့် အကွာအဝေး အားဖြင့် နီးစပ်ကြောင်း၊ စေတန်နှင့် တဖြည်းဖြည်း အလှမ်းကွာဝေး သွားသောလများ နောက်ထပ် အစင်း ၆ဝ ခန့်ရှိရာ စေတန်ကို အဝေးမှ လှည့်ပတ် နေသောလ များအနက် Hyrrokkin ကို ကာစီနီ က ပထမဆုံး စတင်လေ့လာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' Hyrrokkin ပါဝင်တဲ့ Norse အုပ်စုမှာ လပေါင်း ၂၉ စင်း ရှိပါတယ်။ အဲဒီထဲက အရွယ်ကြီးတဲ့ Phoebe ဆိုတဲ့လကိုပဲ အသေးစိတ် လေ့လာဖူး ပါတယ်။ ဒီတစ်ပတ် မှာတော့ Hyrrokkin ကိုလေ့လာဖို့ ရွေးချယ်လိုက် တာပါ။ Hyrrokkin ဟာ အရွယ်အစား အားဖြင့် အတော်ကြီး သေးငယ်

August 26, 2015

"မမတွေသိထားသင့်တဲ့ ကိုယ့်ချစ်သူ ကိုကိုတွေစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာများ "

 ယောက်ျားလေးတိုင်းက သူတို့ မိန်းကလေးတွေကို ချစ်ကြပါတယ်။ အဲဒါကြောင့်လည်း တချက်တလေ ဘဝင်မကျတာရှိပေမယ့် မပြောကြတာပါ။ ကိုယ်ကဘာ အမှားမှ မလုပ်မိပေမယ့် သူက သက်ပြင်းအကြီးကြီးချပြီး ဘာမှမပြောပဲ နေတာ သူတို့ ဂေါက်နေတာ ဟုတ်ချင်မှဟုတ်မယ်။  ယောက်ျားလေးတွေ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ မသိဆိုးဆိုးမိတဲ့ ကျွန်မတို့ရဲ့ အကျင့်လေးတွေ ကို သတိထားမိအောင် တင်ပေးလိုက်ပါတယ်နော်။


1.  ကိုယ့် အချစ်ရေးကို သူများကို ပြောပြတာ
ဘယ်လောက်ပဲ ကောင်းနေတဲ့ relationship ဖြစ်ပါစေ၊ စိတ်အခန့်မသင့်တဲ့ အချိန်မျိုးဆိုတာရှိကြတာပါပဲ။ ယောက်ျားလေးတွေက အဲလိုမျိုးအချိန်တွေမှာ ရေငုံနှုတ်ပိတ်ပြီး နေလိုက်တာများတယ်။ ကျွန်မတို့က ထုံးစံအတိုင်း  ဘေးမှရှိတဲ့သူငယ်ချင်းတွေကို ပြောပြ၊ ခံစားချက်တွေ ဖဘ wall ပေါ်တင် ရင်ဖွင့်ရမှပေါ့သွားတာ မဟုတ်လား? ဒါကို ကိုယ့်အထုပ်ကိုယ်ဖြည်တယ်လို့ သူတို့က ယူဆကြတယ်။ သူတို့သဘောက အခက်အခဲရှိတဲ့ အခါ နှစ်ယောက်ပဲ ညှိမယ်၊ ကြားလူ အကြံဉာဏ်တောင်းစရာမလိုဘူး။ အဲလို။
...

2. ဂိမ်းဆော့တုန်း စကားသွားပြောတာ
 သူတို့က အာရုံက တစ်ခုဆို တစ်ခုပဲ။ ဦးနှောက်ဖွဲ့စည်းပုံ မတူတော့ ကျွန်မတို့လို ဖုန်းလည်းပြော၊ နှုတ်ခမ်းနီဆိုး၊ တပြိုင်ထဲမှာ ကြိုးသိုင်းဖိနပ်စီး အဲလို မလုပ်နိုင်ကြဘူး။ ဂိမ်းဆိုတာကို အပျင်းပြေဖို့ လောက်သာ ကျွန်မတို့က ဆော့ကြပေမယ့်၊ ဂိမ်းနိုင်တာက သူတို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်စေတဲ့ အောင်မြင်မှုကြီးတရပ်လို့ ယူဆထားကြပြန်တယ်။ ကိုယ်က အဲဒီအချိန်သူ့ကို

" မိန်းကလေးတစ်ယောက်အနေဖြင့်တစ်ပတ်ကို ခေါင်းဘယ်နှကြိမ် လျှော်သင့်သလဲ "

တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲဆိုတဲ့မေးခွန်းကို မဖြေခင် အအေးမပတ်အောင် ခေါင်းလျှော်နည်းကို ဦးစွာဖြေပေးပါ့မယ်။ 

မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ ခေါင်းလျှော်ခြင်းက လူကို အအေးပတ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆံပင်အုံကောင်းသူတွေ၊ ဆံပင်ထူသူတွေက နောက်စေ့ (ဦးခေါင်းအောက်ခြေ၏ အနောက်ဘက်)တစ်ဝိုက်မှာ အုံပြီးကိုက်ခဲနေတတ်တာမျိုးပါ။ အဲဒီလိုမဖြစ်ရအောင် ကျွန်မရဲ့ခေါင်းလျှော်နည်းကို အောက်ပါအတိုင်း မျှဝေပေးပါ့မယ်။
ကျွန်မက ခေါင်းကို ရက်သတ္တတစ်ပတ်ကို တစ်ကြိမ် (တနင်္ဂနွေနေ့) ပဲ လျှော်ပါတယ်။ (နွေခေါင်ခေါင် ပူပြင်းတဲ့ရာသီတွေမှာတော့ ချွေးထွက်တဲ့အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအရ တစ်ပတ်ကို နှစ်ကြိမ်လျှော်ဖြစ်ပါတယ်။)

ဦးစွာ တစ်ခေါင်းလုံးအနှံ့က ဆံပင်တွေ စိုသွားအောင် ရေလောင်းချပါတယ်။ ပြီးရင် မိမိလျှော်နေကျ ခေါင်းလျှော်ရည် Shampoo နဲ့ ဦးရေပြားရော ဆံသားတွေအနှံ့ ကုတ်၍-ပွတ်၍-နှိပ်နယ်၍သော်လည်းကောင်း လျှော်ပါတယ်။
အားရပါးရ ပွတ်နယ်ပြီးတဲ့အခါမှာ လက်ခုပ်ထဲကို ရေနည်းနည်းစီထည့်၍ ငယ်ထိပ်၏အနောက်ဘက်ပေါ်သို့  လက်ခုပ်ထဲကထိုရေကို လောင်းပါတယ်။ ခေါင်းလျှော်ရည်နဲ့  ချေး(ဂျီး)ရည်တွေကို လက်နဲ့ဆုပ်၍ ညှစ်ချပါတယ်။

" နေပြည်တော် အမျိုးသားပြတိုက် အကြောင်းတစေ့တစောင်း "

 
 မြန်မာတို့၏ ဂုဏ်ယူဖွယ် ယဉ်ကျေးမှုအမွေအနှစ် များကို ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ရှေးဟောင်း သုတေသနပြတိုက်ကြီးဖြစ်သည့် နေပြည်တော်အမျိုးသား ပြတိုက်သို့ ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် ကျွန်တော် ရောက်ရှိခဲ့ပါသည်။
နေပြည်တော် အမျိုးသားပြတိုက်သည် နေပြည် တော် ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမပေါ်ရှိ ကြာပန်းအဝိုင်းအနီးတွင် တည်ရှိသည်။ အမျိုးသား ပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်တို့သည် ရာဇသင်္ဂဟ လမ်းမပေါ်တွင် တစ်ဆက်တည်း တည်ရှိနေကြသည်။
အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားမှုများကို ဖော်ထုတ် ရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသောယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ဖော်ထုတ်ရန်၊ မိမိတို့လူမျိုး၏ (Soft Power) စွမ်းဆောင်ချက်များကို ဖော်ထုတ် ရန်၊ အမျိုးသားအဆင့်နှင့်လျော်ညီသော နိုင်ငံတော်နှင့် လူမျိုး၏ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေရန်၊ ထိန်းသိမ်း မှုစနစ်၊ ပြသမှုစနစ်မှန်ကန်သော အဆင့်အတန်းမြင့်မား သည့် ပြတိုက်ဖြစ်စေရန်နှင့် ဆွဲဆောင်မှုရှိသော ခေတ်မီ ပြတိုက်ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည် ဆောက်ခဲ့သည့် နေပြည်တော် အမျိုးသားပြတိုက်ကြီး ကို ၃၄ ဒသမ ၇၉ ဧကကျယ်ဝန်းသည့် မြေကွက်ပေါ်တွင် ၂ဝ၁ဝ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့က ပန္နက်တင်ခဲ့သည်။နေပြည်တော်ပြတိုက် စီမံကိန်းလုပ်ငန်းတွင် အဆောင် ငါးဆောင်ပါဝင်သည့်အနက် အဆောင်အေနှင့်ဘီတို့ကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ပထမအဆင့်ဖွင့်လှစ်ခဲ့သည်။
နေပြည်တော် အမျိုးသားပြတိုက်အား နိုင်ငံတကာ အဆင့်မီ ပြတိုက်ကြီးတစ်ခုအဖြစ် တည်ဆောက်နေစဉ် အဆင့်အတန်းမြင့်မား၍ ထိန်းချုပ်မှုစနစ်ကောင်းမွန် မှန်ကန်သော ခင်းကျင်းမှုများပြုလုပ်နိုင်ရန် အိန္ဒိယ၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံ ပြတိုက်ပညာရှင်များထံမှ အကြံÓဏ်များရယူခဲ့သည်။ ပြည်ပပညာရှင်များက မြန်မာနိုင်ငံသို့ သင်တန်းများလာရောက်ပို့ချခဲ့သည့် အပြင် ဂျပန်နိုင်ငံနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြတိုက် နှီးနှောဖလှယ် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ရာ အမျိုးသားပြတိုက်မှ ဒုတိယညွှန်ကြားရေး

" စားသုံးရန်မသင့်တဲ့ အမှတ်တံဆိပ် (၂၇)မျိုး ထုတ်ပြန်ကြေညာ "

 
 ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန် ခွင့်မပြုသော

" အရပ် ခြောက်ပေ နှစ်လက်မရှိသော စက်ရုပ်လူသားကို တောတွင်းလွှတ်၍ စမ်းသပ် "

Atlas, a Humanoid Robot, Takes a Walk in the Woods

ဝါရှင်တန် ၊ ၂၁-၈-၂၀၁၅

အရပ်အမြင့် ခြောက်ပေ နှစ်လက်မ ရှိပြီး အလေးချိန် ၃၃ ပေါင်ထိရှိသော သံစက်ရုပ် တစ်ရုပ်ကို သစ်တောကြီး အတွင်း လွတ်လွတ် လပ်လပ် ပြေးလွှား သွားလာ စေသည့် တောတွင်း စမ်းသပ်မှု တစ်ခုကို Google ၏ ဌာနခွဲ Boston Dynamics စက်ရုံကြီးက စမ်းသပ်ခဲ့ကြောင်း ထုတ်ဖော် ပြောလိုက်သည်။

လက်ရှိ အမေရိကန် နိုင်ငံတွင် ကျင်းပနေသော Robo-Olympics ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် နေကြသော သံစက်ရုပ်များ မကြာခဏ လဲကျ နေသော်လည်း ယနေ့ တောတွင်း လွှတ်ထားသော သံစက်ရုပ် ကမူ လုံးဝ လဲကျခြင်း မရှိဘဲ ၄င်း၏ လှုပ်ရှားမှုများကို ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးထား နိုင်ခဲ့သည်။

အဆိုပါ စက်ရုပ်အမည်ကို Atlas ဟု အမည် ပေးထားပြီး လူသူမနီးသော သစ်တောကြီး များတွင် နေတတ်၊ သွားတတ် ကာ လက်နှင့် ခြေထောက်တို့ကို အသုံးပြု၍ တောင်ကုန်းများ ပေါ်သို့ လူတစ်ဦး ကဲ့သို့ ဖယ်ရှား ရှင်းလင်း သွားလာနေတတ်ကြောင်း သိရသည်။ သစ်တောကြီး အတွင်း လူတစ်ဦး ကဲ့သို့ တွေ့ကြုံ လာသော အခက်အခဲ များကို ဖြေရှင်းနိုင်စွမ်း ရှိရာ ကျေနပ်ကြောင်း Boston Dynamics ကို တည်ထောင်သူ မက်ရေးဘက် က ပြောပြသည်။

Boston Dynamics လုပ်ငန်းကြီးက ၄င်းတို့ တီထွင်လိုက်သော သံစက်ရုပ် များသည် တစ်ချိန်တွင်

" ဧရာဝတီတိုင်း သလပ်ခွါသစ်တောကြိုးဝိုင်းမှ ဖမ်းမိသော ဖွတ်ဖြူ ကြီးကို နေပြည်တော်သို့ ပင့်ဆောင်မည် "

 
သြဂုတ်လ ၂၁
ဧရာဝတီတိုင်း သလပ်ခွါသစ်တောကြိုးဝိုင်းမှာသြဂုတ်လ၁၉ရက်နေ့က အရှည်၎ပေ ၆လက္မ
လုံးပတ်၁၇လက္ခခွဲခန့်ရှိသော ဖွတ်ဖြုကြီးတကောင်ကိုမျှစ်လာတူးသော ပိန်ဇလုပ်ကျေးရွာမှ မောင်မြင့်သန်း

 ကဖမ်းမိခဲခြင်းဖြစ်ပြီး တာဝန်သိစိတ်ဖြင့်သလပ်ခွါသစ်တောကြိုးဝိုင်းမှ တောခေါင်ဦးသိန်းဖေ ထံ
လာရောက်အပ်နှံခဲ့ကြောင်း အဆိုပါ ရှားပါးဖွတ်ဖြုကြီးဖမ်းမိသောသတင်းကို ပဲခူးတိုင်းဝန်ကြီးဦးဥာဏ်ဝင်း မှ
လာရောက်ကြည့်ရှု့ပြီး နေပြည်တော်ရှိဆင်ဖြုတော်များထားရှိရာ အဆောင်တော်တွင်
ပင့်ဆောင်ရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

မြန်မာဘုရင်များလက်ထက်တွင် ဆင်ဖြုတော်များကိုတန်ဘိုးထားသကဲ့သို့ ဖွတ်ဖြုတော်များကိုလဲ
တန်ဘိုးထားခဲ့ကြောင်း ငါးစီးရှင်ကျော်စွာလက်ထက်ကပုပ္ပားခရိုင်တွင်ဖမ်းမိခဲ့သော ဖွတ်ဖြုတော်ကြီးမှာလဲ
မြန်မာရာဇဝင်တွင် ပထမဦးဆုံးဖမ်းမိသောဖွတ်ဖြုကြီးဖြစ်ကြောင်း ကုန်းဘောင်ရာဇဝင်အတွဲ၂
အခန်း၃တွင် မှတ်တမ်းတင်ထားကြောင်းသိရပါသည်။

ယခုဖမ်းမိသော ဖွတ်ဖြုတော်ကြီးမှာ မြန်မာနိုင်ငံတွင်ဒုတိယဖမ်းမိသော ဖွတ်ဖြုတော်ကြီးဖြစ်ကြောင်း
မြန်မာ့သစ်တောပညာရှင်ဒေါက်တာနိုင်မင်းထွန်း မှပြောကြားခဲ့ပြီး ဖွတ်ဖြုတော်၏ ကြန်အင်လက္ခဏာမှာ
မျက်လုံး ပန်းရောင် ၊ မျက်ခွံ ပန်းရောင်ရှိပြီးအရေခွံမှာ ပန်းရောင်နီ ၊ ခြေသည်းခွံအနီရောင်
ကျောကုန်းမှာ ဌက်ပျောဖူးကိုင်းသဏ္ဍန်ရှိပြီးအမြီးမှာ ဆင်စွယ်ဖြောင့်ပုံစံနှင့် ပြည့်စုံသဖြင့်

August 25, 2015

" လှတောသား.... မည်းချက်က ထူးပုံ " (ဟာသ)


" တရုတ်နိုင်ငံမှ ရွှေနဲ့ ပြုလုပ်ထားတဲ့ ယွမ် (၁၀) သန်းတန် အမျိုးသမီးအတွင်းခံ "

 
 
အမျိုးသမီး အတွင်းခံတွေကို ပုံစံအမျိုးမျိုး ထုတ်လုပ်နေရာ တရုတ်နိုင်ငံမှ တီထွင် ဖန်တီးလိုက်တဲ့ အမျိုးသမီး အတွင်းခံဟာ ရွှေအစစ်နဲ့ ပြုလုပ်ထားတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ နာမည်ကျော် အတွင်းခံတွေကို ထုတ်လုပ်တဲ့ ဗစ်တိုးရီးယား စီးကရက်ဟာ ဖက်ရှင်ပြပွဲတစ်ခုမှာ ကျောက်မျက်ရတနာတွေနဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ (၁၀)သန်းတန် အတွင်းခံကို ပြသခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံမှာ ပြသခဲ့တဲ့ ရွှေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံဟာ ကာလတန်ကြေး ပေါင် ( ၄၀၀၀၀၀)လောက် ရှိပြီး တရုတ်ယွမ်ငွေနဲ့ တွက်ချက်ပါက ယွမ် (၁၀) သန်း ရှိနိုင်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၂၀)ရက်က ကျရောက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ချစ်သူများနေ့မှာ ရွှေနဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးအတွင်းခံကို ပြသခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ Liao ning မြို့ရှိ ကျောက်မျက် ရတနာဆိုင်က အမျိုးသမီး မော်ဒယ်တစ်ဦးနဲ့ ကြော်ငြာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးအတွင်းခံကို ပန်းဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး စုစုပေါင်း ရွှေအလေးချိန် လေးကီလို ကုန်ကျကာ ခြောက်လ

" ရေခဲကန် ပြိုကျမှုကြောင့် မြစ်ကြီးနား ရေကြီးနိုင်ဟု သတိပေး "

ဟိမ၀န္တာက ရေခဲကန်တွေ ပြိုကျ လျှံကျမှုကြောင့် ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ ရုတ်တရက်ရေကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ဟိမ၀န္တာတောင်တန်းတွေပေါ်မှာ သဘာဝမဟုတ်တဲ့ ရေခဲကန်တွေဖြစ်ပေါ်နေပြီး အဲ့ဒီရေခဲကန်တွေ ပြိုကျလျှံကျရင် မြစ်ကြီးနားမှာ ရေကြီးနိုင်တယ်လို့ သူက ပြောပါတယ်။

“ဟိမ၀န္တာတောင်ပေါ်မှာ မိုးကောင်းနေတော့ အဲ့ဒီမှာ သဘာဝမဟုတ်တဲ့ကန်တွေ ရှိနေတယ်၊ သဘာဝမဟုတ်တဲ့ကန်ဆိုတာက ဟိမ၀န္တာတောင်မှာ ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲတွေ အရေပျော်တာ များလာပြီးတော့ ပျော်ကျလာတဲ့ရေတွေက မြေနိမ့်တနေရာမှာ သွားစုတာ ကြာတော့ ရေကန်ကြီးတွေ ဖြစ်လာတာ၊ အဲ့ဒီကန်တွေက သဘာဝ မဟုတ်တော့ တောင့်တင်းခိုင်မာမှု မရှိဘူး၊ တောင်ပေါ်မှာ မိုးများပြီဆိုရင် ကန်အောက်ခြေမြေတွေက မခိုင်တော့ မြေပြိုကျ၊ ကျတော့ ကန်ထဲမှာရှိတဲ့ ရေတွေက အရှိန်အဟုန်နဲ့ တောင်ပေါ်က တောင်အောက်ကို ဆင်းတော့ သူနဲ့ဆက်စပ်နေတဲ့ မြစ်တွေထဲ ဆင်းဆိုတော့ အဲ့ဒီမှာ ဧရာဝတီမြစ်လည်း ပါတယ်လေ။”

ဟိမ၀န္တာတောင်ကို စောင့်ကြပ်ကြည့်ရှုနေတဲ့ အဖွဲ့ နှစ်ဖွဲ့ကလည်း အဲ့ဒီကန်တွေ ပြိုကျနိုင်ကြောင်း သတိပေးထားတယ်လို့ ပြောပါတယ်။

အလားတူ အဖြစ်မျိုး မြစ်ကြီးနာမြို့မှာ ၂၀၀၄ခုနှစ်က ဖြစ်ပွားခဲ့ဖူးပြီး မြစ်ကြီးနားမြို့မှာ တနေ့တည်း ရေ

" မိန်းကလေးနှင့် ယောက်ျားလေး တွေ့ဆုံချိန် အနေရခက်ဆုံးအချိန်များ "


(၁ ) ဆံပင်ကျွတ်ပြီး ဆံဖြူသူ

အများစုလူငယ်တွေမှာ ဆံပင်နက်နက်ကိုပိုင်ဆိုင်ချင်နေကြသည်။ အထူးသဖြင့် ကောင်မလေးနှင့် ကောင်လေးတွေ့ချိန်တွေမှာ၊ အကယ်၍ ကိုယ့်ဆန့်ကျင်ဖက်လူငယ်ဟာ ဆံပင်ဖြူခြင်းဖြစ်စေ ဆံပင်ကျွတ်နေခြင်းဖြစ်စေ ကိုယ်က လက်ခံရခက်သော လက္ခဏသို့ရောက်ရှိသွားနိုင်သည်၊ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ဖြူခြင်းတို့ကြောင့် စတွေကြသော ချစ်သူတွေအတွက် အမှတ်ကောင်းမရနိုင်ပေ။

(၂ ) ခန္ဓကိုယ်ပေါ်တွင် ဂျိုင်းချွေးနံ့သူ

မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ ချွေးနံ့ကနည်းနည်းတော်သေးသည်။ ကျိုင်းချွေးသည် ဆူးရှပြီး တဖက်လူမခံရပ်နိုင်အောင်ဖြစ်သည်၊ နောက် မြို့အံချင်သောစိတ်ကိုပိုမိုပေါက်စေသည်၊ ဤသို့ကြောင့် တဖက်လူကိုလည်းပြေစေသော အကြောင်းရင်းတခုဖြစ်သည်။

(၃ ) လက်သည်းမှာ ဂျီးကပ်နေသူ

များသောအားဖြင့် မိန်းကလေးသည် လက်သည်းအလှအပကိုတော့လိုချင်ကြ ပိုင်ဆိုင်ခြင်ကြသည်။ သို့ပေမယ့် သန့်ရှင်းဖို့ကြတော့ အချိန်မရှိရတာနဲ့ ပြင်းရတာနဲ့ တဖက်လူကို ရွမ်စေသည်။
နောက် လက်သည်းရှည်ထားသောယောက်ျားလေးသည် အမှန်မှာ လက်သည်ရှည်ရှိသူသည်

" ဂျပန်လူမျိုးတချို့ လူ့ နောက်ဖေး (အခင်းကြီး) ကို တော်တော်နှစ်သက်ပုံရတယ် ထင်ပ"


ဂျပန်နိုင်ငံစားသောက်ဆိုင်တစ်ဆိုင်က သူတို့ဆိုင်ရဲ့ စားစရာမီနူးသစ်တစ် ခုကိုမိတ်ဆက်လိုက်ပြီးနောက်မှာ စားသုံးသူ၈၅ရာခိုင်နှုန်းတို့က နောက်တစ်ခါပြန်စားဖို့စိတ်ကူးမရှိကြတော့တာကိုစားသောက်ဆိုင်စစ်တမ်းရရှိ
ခဲ့တယ်လို့ သိရပါတယ်။
စားစရာရဲ့ နာမည်ကြားရုံနဲ့တင် အရသာခံချင်စိတ်ပျောက်သွားတယ်လို့ ပြောရလောက်ကို ဖြစ်သွားစေတဲ့ စားစရာအသစ်က မစင်အရသာဟင်းလျာ ပဲဖြစ်ပါတယ်။ ဆိုင်က အဆိုပါဟင်းလျာအသစ်ကို ပြီးခဲ့တဲ့ လက စတင်ချက် ပြုတ်ခဲ့ကာ စားစရာမီနူးထဲမှာ ထည့်သွင်းဧည့်ခံခဲ့တာဖြစ်ပါတယ်။
အဆိုပါ ရှီမီဇူဟင်းဆိုင်ရဲ့ မီနူးအသစ်က ခံတွင်းထဲကိုထည့်ဖို့ ခက်ခဲလောက် အောင်ဖြစ်တဲ့ယင်းစားစရာက
အမှန်တကယ်တော့ လူတွေရဲ့မစင်နဲ့ချက် ပြုတ်ထားတာမျိုးမဟုတ်ပဲ

"အတတ်ဆန်းထွင် အလုပ်မရှိ ပြောင်ဖူးမွေးကျစ်တဲ့ ၉ တန်းကျောင်းသူလေးများရဲ့ သရဲခေါ်ပြီး ကစားမိတဲ့အဖြစ် "


 

 ကျောင်းမှာ ဆရာမတွေ၊ အိမ်မှာ မိဘတွေမသိအောင် သရဲခေါ်တဲ့ ဂိမ်းတို့ ၊ဖျာလိပ်နတ်ခေါ်တာတို့ စူးစမ်းချင်တဲ့ မိန်းကလေးတော်တော်များများ လုပ်ဖူးကြမှာပါ.. ကျွန်မတို့လည်း စမ်းသပ်ခဲ့ဖူးပါတယ်.. တစ်သက်မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးက ကျွန်မတို့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာပါ…
တစ်နေ့မှာ စုံညီပွဲတော်နီးလာလို့ လူရွေးကြတော့ ကတဲ့အဖွဲ့ထဲမှာ ကျွန်မပါသွားပါတယ်.. ရွေးလိုက်တာ အားလုံးမိန်းကလေးတွေချည်းပဲ… ကျွန်မအပါအဝင် အားလုံးပေါင်းဆယ့်တစ်ယောက်… စာမသင်ရဘဲ အကပဲတိုက်နေတော့ ကျွန်မတို့လည်း ပျော်နေကြတာပေါ့.. ဒါပေမယ့် အရမ်းပင်ပန်းပါတယ်.. ကျွန်မတို့ကို အကတိုက်ဖို့ အတွက် စာမသင်တဲ့ အခန်းတစ်ခန်းပေးထားပါတယ်… တစ်ဖြည်းဖြည်း ဆယ့်တစ်ယောက်လုံးပေါင်းမိပြီး ခင်သွားတယ်..

တစ်ရက် အကတိုက်မယ့် ဆရာမက အဝတ်အစားအတွက် အပြင်သွားတာကို အခွင့်ကောင်းယူပြီး အားလုံးအတန်းထဲ ပြန်မဝင်ဘဲ တစ်ခုခု ဆော့ကြမယ်လို့စဉ်းစားရင်း စဉ်းစားရင်းနဲ့  ပေါ်လာတာ သရဲ ခေါ်ပြီး ဆော့မယ် မေးကြမယ်ပေါ့…
(အဲဒီ ကစားနည်းက အလယ် နေရာမှာ ရေသန့်ဗူး အဖုံးလေးထားပြီးခေါ်ရပါတယ်.. ပေါ့တဲ့အရာလေးဆိုရင်လည်း ပါတယ်.. အဲဒီအဖုံးလေးမှာ သုံးယောက်ထက် ပိုလက်ထောက် လို့မရပါဘူး… )

အဲဒါနဲ့ ဘယ်သူခေါ်မလဲပေါ့နော်.. ကြောက်တတ်တယ့်သူလည်းပါတော့ သေချာခေါ်ရဲမှရမှာလေ…

August 24, 2015

" အူတဲ့ မိန်းမနှင့် လိမ္မာတဲ့ မိန်းမ..အူတဲ့ ယောက်ျားနှင့် လိမ္မာတဲ့ ယောက်ျား "

 

အူတဲ့မိန်းမဟာကိုယ့်ယောက်ျားရဲ့အားနည်းချက်ကိုအမြဲမျက်စိတောက်ထောက်ကြည့်နေတတ်ကြတယ်။
 ယော့က်ျားဆိုတာ ကြည့်နိုင်ပါမှ တော်ကာကျတယ်ဆိုတဲ့ သဘောမျိုးပါးနပ်တဲ့မိန်းမကျတော့ 
ကိုယ့်ယောက်ျား ရဲ့ အားသာချက်ကိုပဲ အမြဲသတိထားမိတယ် ၊ ကြည်ညိုအားကိုးတဲ့ပုံစံမျိုး

အူတဲ့ယောက်ျားဟာ ကိုယ့်မိန်းမရဲ့ အားနည်းချက်ကို အမြဲမျက်စိတောက်ထောက်ကြည့်နေတတ်ကြတယ်။ မိန်းမဆိုတာ ကြည့်နိုင်ပါမှ တော်ကာကျတယ်ဆိုတဲ့ သဘောမျိုး
ပါးနပ်တဲ့ယေက်ျားကျတာ့ ကိုယ့်မိန်းမရဲ့ အားသာချက်ကိုပဲ အမြဲသတိထားမိတယ် ၊ မြတ်နိုးဂုဏ်ယူတဲ့ပုံစံမျိုး။


အူတဲ့မိန်းမဟာ နေရာမရွေး ယောက်ျားကို ပြသနာရှာတတ်ကြတယ်။ ယောက်ျား ဖြစ်တဲ့သူက ဘယ်မှာမျက်နာထားရမှန်း တောင်မသိတော့ဘူး၊
ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျား ကိုလူရှေ့သူရှေ့မှာ မျက်နာပေးလေ့ရှိတယ်။
ကွယ်ရာမှာကျတော့ ယောက်ျား ကိုနိုင်အောင် ထိန်းတယ်။


အူတဲ့ ယောက်ျားဟာ နေရာမရွေးမိန်းမ ကို ပြသနာရှာတတ်ကြတယ်။ မိန်းမ ဖြစ်တဲ့သူက ဘယ်မှာမျက်နှာ
ထားရမှန်း တောင်မသိတော့ဘူး၊
ပါးနပ်တဲ့ ယောက်ျားကျကျတော့ မိန်းမကိုလူရှေ့သူရှေ့မှာ မျက်နှာပေးလေ့ရှိတယ်။ ကွယ်ရာမှာကျတော့

မိန်းမကို ကိုယ့်လက်တွင်းနေအောင် ချော့တယ်၊ ချောက်တယ်၊ ယုယတယ်၊ ကြင်နာတယ်၊ ထိန်းတယ်။

အူတဲ့မိန်းမဟာ ယောင်္ကျာံး ကိုအမြဲ နှိမ်တယ်။ ယောက်ျားကို နှိမ်လိုက်ရင် ကိုယ်လည်းအဆင့်ကျသွားမှန်း သူတို့သိပုံမရပါဘူး၊
ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျားကိုအမြဲ ပင့် ထားလေ့ရှိတယ်။
ေ ယောက်ျား ကောင်းစားရင် ကိုယ်လည်းလိုက်ပြီးကောင်းစားတယ် မဟုတ်လား၊

" ဆီးနှင့် အညစ်အကြေးမှ ထုတ်သောရေကို သောက်သုံးပြသသည့် မိုက်ခရိုဆော့ဖ် ထူထောင်သူဘီလ်ဂိတ် "

 
လူ့ကျင်ငယ်ရေနှင့် မစင်များကို ပြန်သန့်စင်ပြီး ထုတ်လုပ်ထားသော ရေသန့်ကို ဘီလ်ဂိတ် ကိုယ်တိုင် သောက်ပြခဲ့ကြောင်း သိရသည်။ အညစ်အကြေး ရေများကို ပြန်သန့်စင်ကာ ရေသန့် ထုတ်ယူသည့် နည်းပညာကို အသုံးပြုကာ ဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ရေကောင်း ရေသန့် ရရှိအောင် ဆောင်ရွက်မည့် စီမံကိန်း လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။
            အညစ်အကြေးရေကို ရေသန့် ဖြစ်အောင် သန့်စင် ပေးမည့် စက်ကို သေချာစွာ စမ်းသပ် ပြီးစီးပါက ယခု နှစ်ကုန်ပိုင်း ကစပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ထိုစက်များ ပေးပို့ သွားမည် ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ် ထူထောင်သူ ဘီလ်ဂိတ်က ပြောသည်။ ကမ္ဘာတစ်ဝန်း လူသား (၇၄၈) သန်းလောက်ထိ ရေကောင်း ရေသန့် ပြတ်လပ် နေကြောင်း ရေသန့် ပရဟိတ အဖွဲ့ကြီး WaterAid ကပြောသည်။
            မစ္စတာဂိတ်၏ ဘလော့ စာမျက်နှာတွင် ဖော်ပြထားသော ဗီဒီယိုအရ စက်၏ တစ်ဖက်ခြမ်းသို့ အညစ်အကြေးရည်များ လောင်း ထည့်လိုက်ပြီး နောက်တစ်ဖက် ထွက်လာသော ရေသန့်ကို မစ္စတာ ဂိတ်က သောက်ပြခဲ့သည်။
         ““ရေသန့်ဘူးထဲက ရေအတိုင်းပဲ။ ဘာအနံ့အရသာမှ အပိုမထွက်ဘူး။ စက်ကို တည်ဆောက်ထားပုံ အဆင့်ဆင့် ကိုလည်း

" စာအိတ်..စာအိတ်ခေါင်းတွေကို ကပ်တော့မယ်ဆိုရင် လျှာနှင့် လုံးဝမလျှက်ပါနှင့်..."

 
ကယ်လီဖိုးနီးယား ပြည်နယ်ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီး တစ်ဦး အလုပ်လုပ်ခဲ့ဖူးလေသည်။ တစ်နေ့ တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီး တံဆိပ်ခေါင်း ကပ်ပေးလိုက်မိသည်၊ ရေမြုပ် ကိုမသုံးလိုက်မိ။ ၄င်းနေ့တွင်းချင်းပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။
တစ်ပါတ်လောက် ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။ ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်က ဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။ သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ
မပါဘဲဖြစ်နေလေသည်။နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက် ထမင်းပင် မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး
တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်....ဒီမှာနာလို့ သေတော့မယ် ဆိုပြီးတော့ အတင်းအကျပ်တောင်းဆိုရတော့သည်။သူ့ လျှာကို ဆရာဝန်က ဌ-မပေ ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီး တစ်လုံး ရှိနေသည်ကိုတွေ့ ရသည်။ minor surgery (ဘယ်လို ပြန်ရမည်ကို မသိပါ....အသေးစား ခွဲ စိတ်မှု ဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်
.... ဆေးပညာတွင် major surgery နှင့် minor surgery ဆို ကာ နှစ်မျိုးနှစ်စား ရှိသည်....... အသက်အန္တရာယ်နှင့် မနီးသော ခွဲစိတ်မှု အသေးစားများကို minor surgery ဟုခေါ်ပါသည်.)။ Major surgery လုပ်ပေးရန် သူမကို ပေးသင့်သည့်ထုံဆေး၊ မေ့ဆေးတို့ ကို ပေးပြီး အဆင် သင့် ရှိနေစေပါသည်။ ထို့ နောက် ဆရာဝန်က စပြီးခွဲ စိတ်တော့သည်။
ဆရာဝန်က လျှာကို အလျားလိုက် အပေါက်ဖြစ်သွားအောင် ခွဲစိတ်လိုက်တော့ .... ပိုးဟပ် အရှင် တစ်ကောင် တွားလျက် ထွက်လာလေ၏။..ပိုးဟပ်ဥများသည် စာအိပ် ချိပ်ပေါ်တွင် ရှိနေကြလေ၏။ တံတွေး၏ အနွေးဓါတ်နှင့် စိုစွတ်ထိုင်းမှိုင်းမှုတို့ ကြောင့်သူမ၏ လျှာပေါ်တွင် ပိုးဟပ်ဥ

"အင်း.. ယောက်ျားတွေ မိန်းမရပြီးရင်. အချိုးတွေဘယ်လို ပြောင်းလာသလဲဆိုတာ ဟော့ဒီမှာသာ ဖတ်ကြည့်ပါတော့အေ"


 ယောက်ျားတွေ မိန်းမ မရခင်ကိုယ့်အခန်း၊ ကိုယ့်ပစ္စည်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်တယ်
မိန်းမရပြီးနောက
ယောက်ျားတွေက အခန်းလည်း မသိမ်းချင်တော့ဘူး။ ပစ္စည်းတွေလည်း လျှောက်ပစ်ထားတတ်တယ်။ အမှန်က မိန်းမရပြီးလို့ သူတို့ပျင်းသွားတာ မဟုတ်ဘူး။ မိန်းမရဲ့ တစ်ဖက်က ပစ္စည်းသိမ်းရင်း၊ တစ်ဖက်က တဗျစ်တောက်တောက် ဆူဆဲနေတဲ့အသံကို သူတို့ကြားချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
နေမကောင်း၊ မကျန်းမမာဖြစ်ရင် ကျိတ်မှိတ်ခံတယ်။ မခံနိုင်တော့ဘူးဆိုမှ ဆေးခန်းပြေးကြတယ်။

မိန်းမရပြီးနောက
ယောက်ျားတွေက ချောင်းဆိုး၊ ခေါင်းကိုက်ရင်လည်း မိန်းမကိုပြောပြတတ်တယ်။ အမှန်က မိန်းမရပြီး သူတို့ပိုချွဲနွဲ့တတ်သွားတာ မဟုတ်ဘူး။ သူတို့အတွက် စိတ်ပူ၊ စိတ်လှုပ်ရှားနေတဲ့ မိန်းမတွေရဲ့ အပြုအစုကို

“ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်”

 

တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။
ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမိုပျော်ရွှင်
နေတတ်ကြတာဟာ
အောက်ပါ အကြောင်းတွေကြောင့်ပါ။

(၁) 'အကောင်းမြင်တတ်ပါတယ်'
+++++++++++++++++++++
ပျော်ရွှင်စွာနေတတ်သူတွေဟာ မကောင်းတဲ့အရာတွေ ဖြစ်ပေါ်လာတာကို
လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။
အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံးမှားမှာပဲလို့
ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

(၂ ) 'အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ်ကြပါတယ်'
+++++++++++++++++++++++++++++++++++++++++++++
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ(Negative)အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။
ချီးကျူးရမှာက ၁၀ခု ရရှိပြီး မကျေနပ်တာ တစ်ခုရှိနေမယ်ဆိုရင်
သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ရှိသလဲ။ ပျော်ရွှင်စွာနေတတ်သူတွေဟာ
ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။
အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီအကောင်းတွေချည်းပဲ

" အခုခေတ်မှာ ....အခုခေတ်မှာ ဘာတွေဖြစ်နေကြသလဲ..ဘယ်လိုတွေနားလည်ရမလဲ..."

အခုခေတ်မှာ
တက်တူးထိုးထားတဲ့သူက အိုက်တတ်လာတယ်.
iPhone သုံးတဲ့သူတွေက အိတ်ကပ်မရှိတော့ဘူး.
ဈေးကြီးနာရီပတ်ထားရင် ခြေထောက်ခဏခဏဖုန်ခါတယ်.
ရွှေသွားတပ်ထားရင် စကားပြောများလာကြတယ်.

အခုခေတ်မှာ
လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.
လက်ထပ်ထားတယ့် သူတွေက လက်မထပ်မထားသလိုပဲ ခွဲနေကြတယ်.
တိရစ္ဆာန်တွေက လူတွေလို အကျီင်္ ဝတ်လာတယ်.လူတွေက တိရစ္ဆာန်တွေလို 
အသားတွေပေါ်လာကြတယ်.
ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်(နွားအို မြက်နုကြိုက်)
မိန်းကလေးက ယောကျာင်္းလေးလို မိုက်ရဲလာကြတယ်.
ယောကျာင်္းလေးက မိန်းကလေးလို ခြောက်လာကြတယ်....
 
အခုခေတ်မှာ
ဆင်းရဲသားက ဂုဏ်အတွက် သူဌေးလို ဟန်ဆောင်လာကြတယ်
သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်
တိတ်တိတ်ပုန်းက မယားကြီးထက် ပိုချစ်ပြလာကြတယ
မယားကြီးက စွန့် ပစ်ခံရမှာကြောက်လို့  အချိန်ပြည့် စိုးထိတ်နေကြရတယ
သူဌေးတွေက မမြတ်ဘူးလို့ ညဉ်းပြီး တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်

August 23, 2015

" ယောက်ျားကံ မကောင်း တာကို အမြန်ဆုံးပြင်ဆင်ပေးနိုင်တဲ့ အချက် ၅ ချက်"


၁. ကိုယ်က မှားတယ် ဆိုပြီး အမြဲတမ်း အရှုံးပေးနေတဲ့ သူ မဟုတ်ဘူးကို အသိပေးဖို့ လိုပါတယ်။
ကိုယ့်မှာ ယုံကြည်မှု မရှိတဲ့ အတွက် ကိုယ့်ချစ်သူ ရဲ့ မကောင်တဲ့ အကျင့်တွေကိုလည်း ခေါင်းငုံ့ ခံတာဟာ မကောင်း တဲ့ အချက်တခုပါ။
ကိုယ်က မလှလို့၊ မတော်လို့၊ ၀နေလို့ ဆိုပြီး ဒီ အချက်လေးတွေ ကို စိတ်ထဲမှာ အမြဲ ထားပြီး ချစ်သူ ကပြောတာတွေ ကို အကုန် လက်ခံနေတတ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူမှ မဟုတ် တဲ့နောက် တယောက် နဲ့တွေ့ ဖို့ဆိုတာလည်း လွယ်တဲ့ ကိစ္စ မဟုတ်တဲ့ အတွက် လက်လျှော့နေတာ လည်း ဖြစ်နိုင် ပါတယ်။
သူကလည်း ဒီအချက်တွေကို အခွင့်ကောင်း ယူပြီးကိုယ့်ကို အနိုင်ယူနေတာကို လက်ပိုက်ကြည့် မနေပဲ ကျွန်မ ဟာ ရှင်ထင်သလို မဟုတ်ဘူး လို့ပြတ်ပြတ် သားသားပြောသင့်တယ် လို့ထင်ပါတယ်။

၂.ကိုယ် ကြိုက်တဲ့ သူကို စိတ်အေးအေးဆေးဆေး ထားပြီးလေ့လာဖို့ လိုအပ်ပါတယ်။
အခုခေတ်မှာ သွားစရာ စားစရာနေရာတွေက တဖြည်းဖြည်း များလာတဲ့ အတွက် ကိုယ်နဲ့ လိုက်ဖက်မယ့် သူနဲ့ တွေ့ဖို့ အခွင့် အရေး ကလည်း များလာမယ်။
ဒီ အခွင့်အရေး ကို ချက်ချင်း အသုံးချပြီး အဖြေကို ချက်ချင်းပေးပြီး လက်ခံလိုက်တာမျိုးကို မလုပ်သင့် ပါ ဘူးသေသေ ချာချာ လေ့လာပြီးမှ ဆုံးဖြတ်သင့်တယ် လို့ ထင်ပါတယ်။

၃. ကိုယ်ကြိုက်တဲ့ သူနဲ့ ဖြစ်တဲ့ ပြသာနာ ကို ရဲရဲ ရင့်ရင့် ရင်ဆိုင်ပါ။
ကိုယ့် မှာတော့ ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ အမြဲတန်း ပြောသမျှကို လက်ခံပြီးဖြစ်နေတဲ့ ပြသာနာကို မဖြေရှင်းပဲ

" တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ် " (ဟာသ)

 
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ
ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။

တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ

“ရွှေ” နှင့်ပတ်သက်သည့် မှတ်သားစရာ ဗဟုသုတများ"

 
  ရွှေဆိုသည်မှာ- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
-၁၄ဲ ရည် (ဆယ့်လေးပဲရည်)
 
-ရွေးသုံးဆယ်စပ်

-မိုးကြိုး
တစ်ကျပ်သား =၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ဲ = ရွေး ၃၀
တစ်မူးသား = ၂ဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး

(ငါးမူးသားကျတော့ ရွေး ၆၀ ဖြစ်ပြီး တစ်မူးသားကျတော့ ၁၅ ရွေးဖြစ်နေခြင်းမှာ ကျနော်လဲမသိ
ရှေးအရင်လူများလက်ထက် ကတည်းက အဲ့ဒီအတိုင်း သုံးနှုန်းခဲ့ကြတာဖြစ်သည်)
(မြန်မာ့ အသုံးအနှုန်းများ၏ တိကျပုံ မှာတစ်ခါတစ်ရံ ထိုသို့ဖြစ်တတ်သည်)
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေဈေး အသုံးအနှုန်းကို
အခေါက်ရွှေနှင့်သာ အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။




အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။ ၁၅ဲ ရည်ဆိုသည်မှာအခေါက်ရွှေ ၁၅ဲ
သားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။
ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂

" မိန်းမလှမြင်ရင် လောကွတ်အချော် ကောင်းတဲ့ ကိုကို ချော်ရင်းချော်ရင်း အနှပ်ခံလိုက်ရမှ ဓမြမှန်းသိသတဲ့ "

 
ကျနော့်နာမည် သန်းထိုက်စိုးပါ
။ တက္ကစီမောင်းပါတယ်။ အင်းစိန် စော်ဘွားကြီးကုန်းပန်းခြံမှာ ဂိတ်ထိုးပါတယ်။ အဲဒီရပ်ကွက်မှာပဲ နေထိုင်ပါတယ်။
၂၀၁၁ လောက်မှာ နယ်မြို့တစ်ခုမှ
ာ အိမ်ထောင်စကျခြဲ့ပီး ချစ်ဇနီးလေးနဲ့အတူ ရန်ကုန်တက်လာပြီး ကျနော်က ကားမောင်းပါတယ်။ ကျနော့်ဇနီးကတော့ အိမ်အလုပ်ပဲ လုပ်ပါတယ်။
ကျနော်တို့လမ်းထ
ဲက ခပ်ငယ်ငယ်၊ ခပ်လှလှ အမျိုးသမီးတစ်ဦးဟာ ကျနော့်ရှေ့ကို ဖြတ်သွားဖြတ်လာတိုင်း ဖော်ရွှေစွာ ပြုံးပြနှုတ်ဆက်တတ်တယ်။ ကျနော့်အမျိုးသမီးရဲ့အသိ ထင်ပါတယ်။
တစ္ညေန အဲဒီအမ်ိဳးသမီးေ
လးက ရေမိုးချိုး၊ ဖီးလိမ်းပြီး ထွက်လာပါတယ်။ ကျနော့်ကားဆီကိုပဲ တည့်တည့်ဦးတည်လာပြီး -
" အကိုရေ၊ ကျမ အောင်ဆန်းဈေးမှ
ာ ဆန်အိတ်သွားမယ်မယ်၊ ဈေးက
ရွှေဆိုင်ကိုလည်း
၁၀ မိနစ်လောက် ၀င်မယ်၊ အသွားအပြန် ဘယ်လောက်ကျမလဲ "
အသွား ၂၅၀၀၊ အပြန် ၂၅၀၀ ဆိုတော့ ၅၀၀၀ ပဲကျပါတယ်။

ဟုတ်ကဲ့ပါ။ ဆန်အိတ်လည်း တင်မယ်၊ စောင့်လည်းစောင်
့ပေးရမယ်ဆိုတော့ ကျမ ၆၀၀၀ ပေးလိုက်ပါမယ်ရှင်။
ဒီလိုနဲ့ သွားကြပါတယ်။ လမ်းမှာလည်း ဟိုအကြောင်း၊ ဒီအကြောင်း စသဖြင့်စကားလက်ဆုံ ပြောဖြစ်ကြပါတယ်
။ အမျိုးသမီးလေးက မြို့သူဆိုပေမယ့်ဖော်ရွှေတယ်၊ စကားလည်း ခင်ခင်မင်မင် ပြောတတ်တယ်။

" ချစ်သူ မိန်းကလေးဟာ ဘဝလက်တွဲဖော် တစ်ယောက်ဖြစ်သင့် မသင့်ဆိုတာ ကိုယ်တိုင် ဖြေကြည့်ပြီး စဉ်းစားကြရအောင် "


 ဟွန့်..ကိုကိုနော်..သူများကိုနော်...ဘိုကြည့်နျာလဲ...
ချစ်သူ မိန်းကလေးဟာ ဘဝလက်တွဲဖော် တစ်ယောက်ဖြစ်သင့် မသင့်ဆိုတာ ကိုယ်တိုင် ဖြေကြည့်ပြီး စဉ်းစားကြရအောင်..................
 
 အောက်မှာ မေးခွန်း ၁၁ ခုရှိပါတယ် မေးခွန်းတွေက ကိုက်ညီမှုရှိရင် YES - မရှိရင် NO ပေါ့ဗျာ။ ၁၀ခုပဲဖြေလဲရပါတယ်။ အားလုံးဖြေလဲ okပါတယ်
မေးခွန်းနံပါတ် ၁၁ ကတော့ - မိဘတွေ သဘောမတူကြတဲ့ အနေအထားပါ။

မေးခွန်းတွေ ဖတ်ပြီး YES ဘယ်နှလုံးရှိလဲ ရေတွက် ကြည့်ရအောင်။
>>xxxxxxxx=====
==============
သင့်ချစ်သူဟာ...
..
၁ - သင် သူနဲ့အတူရှိတဲ့အ
ချိန် လုံခြုံတဲ့နှလုံးသား နွေးထွေးမှုတွေ သူ့ဆီက သင်ရဖူးလား (သင်က ယောက်ကျားလေးဖြစ်လို့ သင်ကပဲ စောင့်ရှောက်တာမျိုးအပြင် သင့်အတွက် သင့်ချစ်သူမိန်းကလေးက နွေးထွေး လုံခြုံစေတာမျိုး)
၂ - သင် သူ့ဆီက အံသြသွားစေမယ့် နှစ်နှစ်ကာကာဖြစ
်စေမယ့် လက်ဆောင်မျိုး ရဖူးလား (သင့်အတွက် အထူးတလည် စဉ်းစားတဲ့ လက်ဆောင်မျိုး ဥပမာ-ချစ်သူချင်းပဲ ခံစားလို့ရတဲ့အရာမျိုး)
၃ - သင် စိတ်အားငယ်ချိန်
သူသင့်ကိုပဲ စိုးရိမ်နေပေမယ့် သူဘာမှမဖြစ်သလို သင့်ကိုအားပေးနေတာတွေ ရဖူးလား
၎ - သင့်မှာ ပျော်ရွှင်စရာ ကြုံလာတဲ့အခါ သင့်ထက်သူက ပိုပြီး ကျေနပ်ပီတိဖြစ်ေ
နတာမျိုး ခံစားဖူးလား
၅ - သင် အအေးဆိုအအေး သင်အပူဆိုအပူ လုပ်တာမျိုးထက် သင်နဲ့သင့်တော်တ
ာကိုပဲ ပေးချင်တယ် အဲ့လိုဖြစ်အောင်လဲ သင့်ကို သူနည်းအမျိုးမျိုးနဲ့ ဖြောင်းဖြပေးလိမ့်မယ် အဲ့လိုအဖြစ်မျိုး ဖြစ်ဖူးလား

" ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ "


မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။
အချိန်ကြာလျှင် ခေါင်းအုံးသည်အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။

ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။

ထို့ကြောင့် ခေါင်းအုံးကိုသန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကိုမကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင်

"အမျိုးသားနှင့် အမျိုးသမီး အကြား စိတ်ဝင် စားဖွယ်ရာ စိတ်အခြေ အနေများ "

 
အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှု ရှိရုံသာမက စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေ တာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိ ထားပါတယ်။
(၁) အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ် ပါတယ်။ အမျိုးသမီး အများစုက အမျိုးသား အများစုထက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာ တတ်ပါ တယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ် ထားပြီးသား အရာ တစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။

(၂) အိုင်ကျူ စစ်ဆေးနည်း ခံယူထားတဲ့ သူတွေကိုလေ့လာမှု တစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသား တွေ ထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိ တတ်ကြပါတယ်။ (၄) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ကူညီ တတ်ကြပါတယ်။

(၅) အမျိုးသမီးတွေက အလုပ်ကြောင့် ရလာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်းတဲ့ အခါမှာ ပိုပြီး အဆိုးမြင် တတ်ကြပါတယ်။

(၆) အမျိုးသမီး အများစုက တချို့အလုပ် ကိစ္စတွေမှာ တော်တယ်လို့ ယုံကြည်ကြပေမယ့် အရာရာ

Subscribe

လာလည်သူများ

free counters