♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 29, 2015

" ကားစီးရေပေါင်း (၈၅၀၀) တင်ဆောင်နိုင်စွမ်းရှိတဲ့ သဘောင်္ကြီး "

 
 ပြီးခဲ့တဲ့ရက်ပိုင်းမှာ အင်္ဂလန်နိုင်ငံကို ဆိုက်ရောက်လာတဲ့ သင်္ဘောကြီးဟာအလွန်ကြီးမားတာကြောင့်
 မြင်ရသူအပေါင်း အံ့အား သင့်စေခဲ့ပါတယ်။ ဒီသင်္ဘောကြီးဟာ မော်တော်ကားတွေကို သယ်ယူ ပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး ကားစီးရေ ( ၈၅၀၀) စီး တင်ဆောင်နိုင်စွမ်း ရှိကြောင်း သိရပါတယ်။ ဒီသဘောင်္ပာာ တရုတ်နိုင်ငံကနေ အင်္ဂလန်ကို ခုတ်မောင်းလာတာ ဖြစ်ပြီး ကားတင်ဆောင်တဲ့ သဘောင်္တွေထဲမှာ အကြီးဆုံး ဖြစ်ကြောင်း သိရပါတယ်။ ကားစီးရေ (၈၅၀၀) စီး တင်ဆောင်နိုင်တာကြောင့် ကားတစ်စီးစီကို တိုင်းတာပြီး တွက်ချက်ပါက (၂၆) မိုင်အထိ ရှည်လျားသွား နိုင်ကြောင်း သိရပါတယ်။ သဘောင်္ဟာ ဘောလုံးကွင်း (၁၀) ကွင်းစာရှိပြီး အလွန် ကြီးမားနေတာကြောင့် ဗြိတိန်မီဒီယာတွေမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
      အရှည်က မီတာ ( ၂၀၀) ၊အလျားက (၃၆) မီတာရှိပြီး သင်္ဘောကုန်းပတ် အကျယ်ဟာ ( ၇၁၄၀၀)စတုရန်း မီတာ ရှိပါတယ်။ ကားတွေသီးသန့် တင်ဆောင်နိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သင်္ဘောကို အခြားကုန်ပစ္စည်းတွေ တင်နိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ဒီသင်္ဘောအမည်က Hoegh Autoliners ဖြစ်ပြီး နော်ဝေကုမ္ပကီ တစ်ခုအမည်ဖြင့် မှတ်ပုံတင်ထားခြင်း ဖြစ်ပါတယ်။ ဒီသင်္ဘောကို တည်ဆောက်ရာမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံး စံနှုန်းတွေ သတ်မှတ်ထားကာ
တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသင်္ဘောမျိုးတွေ ဆက်လက် တည်ဆောက်သွားဖို့ ရှိကြောင်း သိရပါတယ်။ ဒီသင်္ဘောကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရေချခဲ့တာ ဖြစ်ပြီး အရှေ့အာရှနဲ့ ဥရောပကို သွားလာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဖရိကနဲ့ အခြားနိုင်ငံတွေကို သွားလာဖို့ စီစဉ်ထားပါတယ်။ ဒီသင်္ဘောဟာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အီတလီ၊ စပိန်၊ နယ်သာ လန်၊ ဘယ်လ်ဂျီယံစတဲ့ နိုင်ငံတွေကို သွားလာခဲ့ပြီး ဖြစ်ပါတယ်။
      သင်္ဘောနောက်ခန်းမှာ  အမြင့်  (၆ ဒသမ ၅) မီတာ၊ အကျယ် (၁၂) မီတာရှိတဲ့ ကုန်ပစ္စည်းတွေ သိုလှောင်နိုင်တဲ့ နေရာရှိပြီး ယင်းနေရာမှာ တန်ချိန် ( ၃၅၀) ကို တင်ရှိနိုင်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီး ဆင် (၇၅) ကောင်ရဲ့ အလေးချိန်နဲ့ ညီမျှကြောင်း သိရပါတယ်။ ကားစီးရေ အများအပြား တင်ဆောင်နိုင်တဲ့ သင်္ဘောကြီး အင်္ဂလန်နိုင်ငံ တိုင်ဝီယာဆိပ်ကမ်းကို ဆိုက်ရောက်လာခြင်းဟာ အထူးအဆန်း ဖြစ်ခဲ့ပြီး ဒီသင်္ဘောအကြောင်း အသေးစိတ်ကို ဒေးလီးမေးလ် သတင်းစာက ဓာတ်ပုံတွေနဲ့တကွ သိရှိအောင် ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Credit : http://messengernewsjournal.com/General/Eventure/detail.php?id=43528

No comments:

Subscribe

လာလည်သူများ

free counters