♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 24, 2015

" စာအိတ်..စာအိတ်ခေါင်းတွေကို ကပ်တော့မယ်ဆိုရင် လျှာနှင့် လုံးဝမလျှက်ပါနှင့်..."

 
ကယ်လီဖိုးနီးယား ပြည်နယ်ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီး တစ်ဦး အလုပ်လုပ်ခဲ့ဖူးလေသည်။ တစ်နေ့ တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီး တံဆိပ်ခေါင်း ကပ်ပေးလိုက်မိသည်၊ ရေမြုပ် ကိုမသုံးလိုက်မိ။ ၄င်းနေ့တွင်းချင်းပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။
တစ်ပါတ်လောက် ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။ ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်က ဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။ သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ
မပါဘဲဖြစ်နေလေသည်။နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက် ထမင်းပင် မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး
တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်....ဒီမှာနာလို့ သေတော့မယ် ဆိုပြီးတော့ အတင်းအကျပ်တောင်းဆိုရတော့သည်။သူ့ လျှာကို ဆရာဝန်က ဌ-မပေ ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီး တစ်လုံး ရှိနေသည်ကိုတွေ့ ရသည်။ minor surgery (ဘယ်လို ပြန်ရမည်ကို မသိပါ....အသေးစား ခွဲ စိတ်မှု ဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်
.... ဆေးပညာတွင် major surgery နှင့် minor surgery ဆို ကာ နှစ်မျိုးနှစ်စား ရှိသည်....... အသက်အန္တရာယ်နှင့် မနီးသော ခွဲစိတ်မှု အသေးစားများကို minor surgery ဟုခေါ်ပါသည်.)။ Major surgery လုပ်ပေးရန် သူမကို ပေးသင့်သည့်ထုံဆေး၊ မေ့ဆေးတို့ ကို ပေးပြီး အဆင် သင့် ရှိနေစေပါသည်။ ထို့ နောက် ဆရာဝန်က စပြီးခွဲ စိတ်တော့သည်။
ဆရာဝန်က လျှာကို အလျားလိုက် အပေါက်ဖြစ်သွားအောင် ခွဲစိတ်လိုက်တော့ .... ပိုးဟပ် အရှင် တစ်ကောင် တွားလျက် ထွက်လာလေ၏။..ပိုးဟပ်ဥများသည် စာအိပ် ချိပ်ပေါ်တွင် ရှိနေကြလေ၏။ တံတွေး၏ အနွေးဓါတ်နှင့် စိုစွတ်ထိုင်းမှိုင်းမှုတို့ ကြောင့်သူမ၏ လျှာပေါ်တွင် ပိုးဟပ်ဥ
သည်ကောင်းစွာပေါက်ဖွါးနိုင်ခဲ့လေသည်။ ဒီအကြောင်းအရာသည် CNNသတင်းဌာနက ပင်လျှင် ကြေငြာ ခဲ့ဖူးသော အစစ်အမှန်သတင်းဖြစ်ပါသည်။
ကျွန်မ စာအိတ်လုပ်စက်ရုံတစ်ရုံ မှာအလုပ်လုပ်ဖူးပါတယ်.... စာအိတ်မှာသုတ်ဖို့  ကော်စေးတွေထဲ့ထားတဲ့ လင်ပန်းတွေထဲမှာ ပေါလောမျောနေတဲ့ ဟာတွေကိုသာ ရှင်တို့ မြင်မိသွားရင် ဟုတ်မှဟုတ်ပါလေစလို့ ကိုယ့်မျက်စိကို တောင် မယုံနိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်.....ကျွန်မတော့ စာအိတ်တွေဆို ရင် လျှာနဲ့ မလျက်တာ နှစ်ပေါင်း များစွာ ကြာပါပြီကော... ဟု အဲန်ဒီဟျူမ်းက ရေးသား ဖော်ပြဖူးလေ၏။လွန်ခဲ့တဲ့ ၃၂ နှစ်လောက်ခန့် က စာစီစာရိုက်တိုက်တစ်တိုက်မှာ ကျွန်မ အလုပ်လုပ်ဖူးတယ်...
ကျွန်မတို့ ကို စာစီစာရိုက်တိုက်ပိုင်ရှင် က ဘယ်တော့မှ စာအိတ်တွေကို လျှာနဲ့မလျက်ဖို့ သတိပေး ပြောကြပေမယ့်အစတုန်းကတော့ ဘာကိုဆိုလိုမှန်းနားမလည် ခဲ့ပါဘူး......တစ်နေ့တော့ စာအိတ် အလုံး ၂၅၀၀ ယူဖို့ ဂိုဒေါင်ထဲကို
ကျွန်မသွားရပါတယ်.......အဲဒီမှာ စာရိုက်ပြီးသား( စာအိတ်ပေါ်မှာ ခသာစညေပ ၏ နာမည်ကို ဖော်ပြခြင်း၊ ပို့ သူ ...လက်ခံသူ တို့ ၏ နာမည်များရေး ရန်နေရာများ ရိုက်ပေးထားခြင်း စသည်ကို ဆိုလိုပါသည်...)။ စာအိတ်တွေထည့်တဲ့ ပုံးနှစ်ပုံးထဲမှာ ပိုးဟပ်တွေ အုပ်စုလိုက် ဟိုပြေးဒီပြေး ပြေးနေတာ အများကြီးပဲ.........ဥတွေကလည်း နေရာတိုင်း ပြန့်ကျဲနေတာ....ပိုးဟပ်တွေက စာအိတ်က ကော် တွေကို လိုက်ပြီးစားနေတာလေ.။
ဒီစာဖတ်ပြီးရင် သင်လည်းပဲ စာအိတ်ဖြစ်စေ၊ တံဆိပ်ခေါင်းဖြစ်စေ ဘယ်တော့မှ လျှာနဲ့လျက်တော့မှာမဟုတ်ဘူးးးး...............။
နောက်ဆုံးစာကြောင်းလေးဖြစ်တဲ့ သင်ရွံသွားလိမ့်မယ် ဆိုတာကလွဲလို့ ကျန်တာတွေ တစ်ချက်မှ မမှန်ပါဘူး။ အဆိုးရွားဆုံး လိမ်ဆင်ကြီးကတော့ CNNသတင်းဌာနမှာ ဖော်ပြခဲ့ဖူးတယ် ဆိုတာပါပဲ။
နံပါတ်တစ် - ပိုးဟပ်ဥကို မျက်စေ့နဲ့ မြင်နိုင်ပါတယ်။
နံပါတ်နှစ် - စာအိတ်ဟာ ပြောင်ချောပါ။ လျှာနဲ့ စာအိတ်ကို လျက်ချိန်မှာ လျှာကွဲသွားဖို့ မဖြစ်နိုင်ပါဘူး။
နံပါတ်သုံး - ပိုးဟပ်ဥတွေဟာ ပဲတောင့်ရှည်လိုပဲ အံကလေးနဲ့ လာပါတယ်။ တစ်အံမှာ ဥပေါင်းများစွာ ရှိပါတယ်။ တစ်တွဲလုံးသာဆိုရင် တော်တော်ကြီးတဲ့အတွက် လျှာနဲ့ လျက်တဲ့အချိန်မှာ ၀င်သွားဖို့ မဖြစ်နိုင်ပါ။
နံပါတ်လေး - ပိုးဟပ်အမဟာ ဥပေါက်ခါနီးမှ ဥကို ဥချလိုက်တာပါ။ ကြက်ဥ၊ ဘဲဥတို့လို ဥထားပြီး အကြာကြီးနေမှ ပေါက်တာ မဟုတ်ပါဘူး။
နံပါတ်ငါး - CNN မှာ ဖော်ပြခဲ့ဖူးတယ် ဆိုတာ လုံးဝ မဟုတ်ပါ။




ဘာပဲဖြစ်ဖြစ် လျှာနှင့်မလျက်တာ အကောင်းဆုံးပါ... ရေစွတ်ပြီးကပ်လိုက်ပါ.... အန္တရာယ်ကင်းပါ
တယ်.....  ဒီလို ဖော့ရေစွတ်ထားတာလေးတွေ ရှိသင့်ပါတယ်...စာတိုက်တွေမှာ ထားသင့်ပါတယ်.. ပိုက်ဆံရေရင်လည်း တံတွေးကို မသုံးပဲ ဒီလိုဖော့ ရေစွတ်ထားတဲ့ spong damper တွေကို ငွေတိုက် (ဘဏ်)တွေမှာ အသုံးပြုသင့်ပါတယ်...လူတကာကိုင်ထားတဲ့အရာ ဆို
တော့ ပိုးပေါင်းစုံ ကပ်နေတတ်ပါတယ်......

creadit to ဒေါက်တာလမ်းမတော်သား@အချစ်တက္ကသိုလ်

Credit : http://kaungkinnatmin.blogspot.co.uk/2015/01/blog-post.html?m=0

No comments:

Subscribe

လာလည်သူများ

free counters