♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 29, 2015

" နားဖာချေးကို ဘယ်တော့မှ မကလော်သင့် "

 
သင့်ရဲ့နားအတွင်းမှာ ဖြစ်ပေါ်လာတဲ့ နားဖာချေးဟာ နားအတွင်းမှာပဲ ထားသင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ “ နားဖာချေးဆိုတာ ဆိုးကျိုးပေးတဲ့ ကြောက်စရာပစ္စည်းတစ်ခု မဟုတ်ပါဘူး။ ပြီးတော့ နားဖာချေး ကို ထုတ်ကလော်ပစ် စရာလည်း မလိုပါဘူး” လို့ နား၊နှာခေါင်း၊လည်ချောင်းဆရာဝန် Peter Roland က ရှင်းပြပါတယ်။

နားဖာချေးဟာ နားကိုအကျိုးပြုတဲ့ လုပ်ငန်းတွေလည်း ဆောင်ရွက်ပေးတာမျိုး ဘယ်တော့မှ ကလော် မဖယ်ရှားသင့်ပါဘူး။ နားဖာချေးဟာ အလိုလိုသန့် စင်သွားနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး နားကို ကာကွယ်မှု၊ ချောမွေ့ စေမှုနဲ့ ဘက်တီးရီးယားရန်က ကာကွယ်ပေးတဲ့စွမ်းရည်တွေရှိပါတယ်။  အပြင်ဘက် နားလမ်းကြောင်းထဲက အကျိတ်ဂလင်းလေးတွေဟာ မကြာခဏ ရေကို ပန်းထုတ်ပေးပြီး အဆိုပါ ရေဟာ အမွှေးနဲ့ အရေပြားအသေတွေနဲ့ ပေါင်းစည်းသွားကာ နားဖာချေးဆိုတာ ဖြစ်လာပါတယ်။ အစာဝါးစားတာ နဲ့ တခြား မေးရိုးလှုပ်ရှားမှုတွေကနေ နားဖာချေးဟာ နားထဲက ဖုန်မှုန့် ၊အညစ်အကြေးနဲ့ တခြားသေးငယ်တဲ့ အမှုန်အမွှားတွေကို ကပ်သယ်ပြီး အပြင်ကို အလိုလို ထွက်သွားတတ်ပါတယ်။

ဂွမ်းတံ၊ နားဖာကလော်နဲ့ တခြား ပြင်ပပစ္စည်းတွေ အသုံးပြုပြီး နားကလော်တာက နားစည်ရဲ့ မိမိဘာသာ သန့် စင်တဲ့လုပ်ငန်းကို ပျက်ယွင်းစေနိုင်ပြီး နားဖာချေးကို အတွင်းထဲထိ တွန်းပို့ သလိုဖြစ်ကာ နားကိုက်ခဲ နာကျင်တာကနေ နားလေးတဲ့အထိ ဖြစ်နိုင်ပါတယ်။

နားကို သူ့ သဘာဝအတိုင်း ဒီတိုင်းထားတာ အကောင်းဆုံးဖြစ်ပြီး အရမ်းနာဖာချေးတွေ ပြည့်နေပြီး
အပြင်ကို ထွက်မလာတဲ့အခါမျိုးမှ ဖယ်ရှားထုတ်သင့်တယ်လို့ ဆိုပါတယ်။ မိမိဘာသာ မလုပ်ဆောင်သင့်ဘဲ နားကျွမ်း ကျင်သူဆရာဝန်။ပညာရှင်တွေမှာသာ လုပ်ဆောင်သင့်ပါတယ်။
Ref: livescience
 

Credit : http://www.trend.com.mm/2015/08/28/health-7528

No comments:

Subscribe

လာလည်သူများ

free counters