♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 4, 2016

" သင့်ရဲ့ ဖူးစာကို ရှာနိုင်မယ့် နည်းလမ်း "

 
 
ကျွန်တော်တို့ လူသားအားလုံးဟာ တစ်သက်လုံး တူတူနေရမယ့် ဖူးစာပါသူတွေကို ရှာတွေ့ချင်ကြတာပါပဲ။ သင့်ရဲ့ ဖူးစာပါသူနဲ့တွေ့ရင် သင် ဆွဲဆောင်မှုကို ထိန်းချုပ်မရနိုင်အောင် ခံစားရပြီး အလိုလို ရင်းနှီးနေသလို ခံစားရတတ်ပါတယ်။ ရုပ်ရှင်တွေကလဲ အဲလို အချစ်ဇာတ်လမ်းမျိုးကို အသားပေးရိုက်ထားကြတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဖူးစာ ဘာကြောင့် ဖြစ်လာသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသေးပါဘူး။ စိတ်ပညာကတော့ လူနှစ်ယောက်ကို လိုက်လျောညီထွေ ဖြစ်အောင် ဘာက လုပ်ပေးလဲဆိုတာ ရှာတွေ့ခဲ့ပြီ ဆိုပါတယ်။

လိုက်လျောညီထွေခြင်း

Dating Site တွေကတော့ သင့်နဲ့ ကိုယ်ရည်ကိုယ်သွေး အကြိုက် ဝါသနာတူသူတွေကို ရှာပေးပါတယ်။ ကိုယ်ရည်ကိုယ်သွေး အကြိုက် ဝါသနာတူမှ ဖူးစာ ဆုံနိုင်တာ ဆိုပါတယ်။ အဲဒါက နားထောင်လို့ကောင်းပေမယ့် တကယ့် လက်တွေ့မှာတော့ မှားနေပါတယ်။

စမ်းသပ်ချက်တစ်ခုမှာ တွေ့ရတာကတော့ ပျော်ရွှင်သူနဲ့ မပျော်ရွှင်သူ စုံတွဲတွေဟာ လိုက်လျောညီထွေ ဖြစ်မှုမှာ တူတူလောက်ပါပဲ။ ပျော်ပြီး ချစ်ခင်နေကြတဲ့ စုံတွဲတွေကတော့ သူတို့ဘဝမှာ လိုက်လျောညီထွေ ဖြစ်မှုက အရေးမပါပါဘူး လို့ ဆိုကြပါတယ်။ အချစ်ကို လုပ်တာ သူတို့ ဖြစ်ပြီး လိုက်လျောညီထွေမှုက လုပ်တာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

ဒါပေမယ့် မပျော်တဲ့၊ အဆင်မပြေကြတဲ့ စုံတွဲတွေကတော့ မေးလိုက်တာနဲ့ လိုက်လျောညီထွေ မဖြစ်မှုကိုပဲ အပြစ်ပုံချကြပါတယ်။ လက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်းမှာ လိုက်လျောညီထွေ ဖြစ်ဖို့ အရမ်းအရေးကြီးတယ်လို့

" ဧည့်သည်များကို ဖျော်ဖြေရန် ဖော်ချွတ်အကမယ်များ ငှားရမ်းခဲ့သည့် အသုဘအခမ်းအနား "

 
တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ သူမသေဆုံးခင်မှာ သူ့ရဲ့အသုဘအခမ်းအနားအတွက် ဖော်ချွတ်အကမယ်တွေကို ငှားရမ်းဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။ မစ္စတာကျင်းဆိုသူ အမျိုးသား သေဆုံးပြီးနောက် သူ့ရဲ့ဆန္ဒအတိုင်း ကျန်ရစ်ခဲ့သူတွေက အသုဘအခမ်းအနားမှာ ဖော်ချွတ်အကမယ်တွေ ငှားရမ်းပေးခဲ့ရပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းအရ တရုတ်ပြည်တွင်း အကမယ်နှစ်ဦးဟာ မစ္စတာကျင်းရဲ့ ခေါင်းတလား နံဘေးမှာ Maroon 5 ရဲ့ Move Like Jagger သီချင်းနဲ့ မြူးမြူးကြွကြ ကပြနေခဲ့တာ တွေ့ရပါတယ်။ သေဆုံးသူ အမျိုးတွေရဲ့ ရှေ့မှာပဲ ကပြဖျော်ဖြေနေကြတာဖြစ်ပြီး အကမယ်တစ်ဦးဆိုရင် သူ့ရဲ့ခန္ဓာကိုယ် တစ်ဝက်လောက်ကို ခေါင်းတလားပေါ် တင်ပြီး ကပြလိုက်ပါသေးတယ်။

ဒီလို အကမယ်တွေ ခေါ်ယူလိုက်ခြင်းအားဖြင့် သူ့ရဲ့ အသုဘအခမ်းအနားကို လူအများအပြားလာရောက်ကြမယ်လို့ မစ္စတာကျင်းက မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒီအသုဘအခမ်းအနား ပြုလုပ်ခဲ့တဲ့ အချိန်အားဖြင့် လအနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး အခုမှ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာပါ။ တရုတ်ပြည်မှာတင်မဟုတ်ပဲ ထိုင်ဝမ်မှာလည်း အသုဘအခမ်းအနားအချို့မှာ လူစည်ကားဖို့ ဖော်ချွတ်အကမယ်တွေကို ဖိတ်ခေါ်တာမျိုးတွေရှိပါတယ်။

တရုတ်နိုင်ငံအတွင်း အသုဘအခမ်းအနားတစ်ခု မှ ဖျော်ဖြေမှု ဒီလိုလုပ်ဖို့ ပွဲစီစဉ်ခဲ့သူနဲ့ ဖျော်ဖြေသူအားလုံးကို

" တရုတ်တွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်ပြီး ဖြတ်သန်း သွားလာသူအချို့ ပြုတ်ကျပျောက်ဆုံး "

 တရုတ်​, တွင်း​ပေါက်​ကြီး
တရုတ်နိုင်ငံတွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်ပြီး လမ်းပိုင်းတစ်ခုပျက်စီးခဲ့ကာ ဖြတ်သန်းသွားလာသူ လူတစ်ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဟီနန်ပြည်နယ်ရှိ ကျန်းကျိုးမြို့ထဲတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့စဉ်အတွင်း ဖြစ်ပေါ်လာသည့် အလျား ၃၀ မီတာ၊ အကျယ် ၂၀ မီတာနှင့် ကိုးမီတာနက်သည့် တွင်းကြီးထဲသို့ လူသုံးဦးထက်မနည်း ပြုတ်ကျခဲ့သည်ဟု မျက်မြင်သက်သေများ၏ ပြောစကားကို Beijing Youth Daily သတင်းစာက ကိုးကားဖော်ပြခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးရာတွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းအောက်တွင် မြှုပ်ထားသည့် ရေပိုက်များ ကျိုးပဲ့ခြင်းကြောင့် မြေပြိုကျမှု ဖြစ်ခဲ့သည်ဟု ဖော်ပြထားကြောင်း ပြည်နယ်ရှိ မီးသတ်သမားများက လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။
တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ပြုတ်ကျခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးသမားများက ကယ်တင်နိုင်ခဲ့သည်ဟု Beijing Youth Daily တွင် ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် သြ ဂုတ် ၂ ရက်တွင် ပျောက်ဆုံးနေသူများကို ရှာဖွေရာတွင် လျှပ်စစ်စက်ဘီး သုံးစီး၊ အိတ်များ၊ ဖိနပ်များနှင့် အ၀တ်အစားအချို့ကို တွေ့ရှိခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် နိုင်ငံ၏ တစ်ရှိန်ထိုး

" သင့်ဖေ့စ်ဘွတ်ခ်ပေါ်မှာ အတိတ်က အဆက်ဟောင်းဇာတ်လမ်းတွေ ပေါ်မလာစေချင်ဘူးဆိုရင်"

 Facebook, ဓာတ်​ပုံ
Facebook ရဲ့ News feed က ‘On This Day’ ဆိုတဲ့ အတိတ်ကနေ့ ရက်တွေကို ပြန်ဖော်ပေးတဲ့ feature ကြောင့် သင့်ရဲ့ပျော်ရွှင်ဖွယ်ရာ အတိတ်ဖြစ်ရပ်လေးတွေကို ပြန်ပြောင်းအောက်မေ့စေနိုင်ပါတယ်။ အခုအချိန်မှာ သင်စိတ်ညစ်နေရရင်တောင် အရင်က မွေးနေ့ ၊အားလပ်ရက်နေ့ ဒါမှမဟုတ် တက္ကသိုလ် ကျောင်းပွဲတွေမှာ သင့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ခဲ့ရတာတွေကို ပြန်မြင်ပြီး စိတ်ကြည်နူးစေနိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေမှာ သင့်ရဲ့ပြတ်သွားတဲ့ အဆက်ဟောင်းနဲ့ အရင်နှစ်တွေက အတူပျော်နေခဲ့တဲ့ ဓာတ်ပုံတွေပြန်ပေါ်လာရင်တော့ စိတ်မချမ်းမြေ့မှုတွေ ဖြစ်ရမှာပါ။ ဒီထက်ဆိုးတာကတော့ သေဆုံးသွားပြီ ဖြစ်တဲ့ သူငယ်ချင်း၊မိသားစုဝင် တစ်ယောက်ယောက်နဲ့ ဓာတ်ပုံတွေပြန်ပေါ်လာရင်ပေါ့။
အခုအခါမှာတော့ Facebook ဟာ သင့်ရဲ့ပျော်ရွှင်စရာနေ့ ကို စိတ်ညစ်စရာမဖြစ်ရအောင်လို့ ရွေးချယ်စရာ option တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ အခုလို အရင်အတိတ်က အမှတ်ရစရာ အတိတ်ဟောင်းတွေ ပြန်ပေါ်လာတာကို

" ယခုလအတွင်း ရိုက်ကူးမယ့် အိန္ဒြာကျော်ဇင်မိသားစု စီစဉ်တဲ့ဇာတ်ကား "

 အိန္ဒြာကျော်ဇင် , ရုပ်​ရှင်​ထုတ်​လုပ်​​ရေး
ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်ခဲ့သည့် အိန္ဒြာကျော်ဇင်က ၎င်းတို့ထုတ်လုပ်ရေး မုဒြာ၏ ပထမဆုံး ရုပ်ရှင်ကို ယခု သြဂုတ်လအတွင်း စတင်ရိုက်ကူးမည်ဟု ပြောသည်။
‘‘သြဂုတ် ၁၀ ရက်နေ့လောက် စရိုက်မှာပါ။ အစ်မတို့ ရိုက်ချင်တဲ့ ဇာတ်လမ်းကိုပဲ ရေး ခိုင်းထားပြီး ရိုက်ကူးမှာပါ’’ဟု အိန္ဒြာကျော်ဇင်ကပြောသည်။
ဇာတ်ကား၏ အမည်ကို Reflection ဟု အမည်ပေး ထားပြီး ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ၀တ်မှုံရွှေရည်နှင့် ပက်ထရစ်ရှာတို့ အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်ကာ ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်မည်ဖြစ်သည်။
အနုပညာအလုပ်ကို စိတ်ဝင်စားသောကြောင့် စီးပွားရေးလုပ်ကိုင်ရာတွင် ရုပ်ရှင်ထုတ်လုပ်ရေးကိုသာ လုပ်ကိုင် ခဲ့ခြင်းဖြစ်ပြီး

" သူ…ကိုယ့်လူဟုတ်ရဲ့လား "

 အချစ်
ယောက်ျားဆိုတဲ့ ထူးဆန်းသတ္တဝါတွေဟာ ချစ်တတ်လွန်းရင်လည်း ထားစရာနေရာ မရှိအောင် ချစ်တတ်ကြသလို အရေးမထားဘူးဆိုရင်လည်း မိန်းကလေးတစ်ယောက်ကို ခြေဆေးစရာ ရေအိုင်တစ်ခုလောက်ပဲ သဘောထားတတ်သူတွေဖြစ်ပါတယ်။ သူတို့မြတ်နိုးတန်ဖိုးထားတဲ့ အရာအတွက်ဆိုရင် မိုးကိုဒူးနဲ့တိုက်ရလည်း ဝန်မလေးတတ်ပေမဲ့ ပေါ့ပေါ့ပျက်ပျက်အရာတွေ အတွက်များတော့ လက် တစ်မြှောက်စာလောက်တောင် အင်အားစိုက်ထုတ်ကြည့်ဖို့ ပင်ပန်းတတ်ကြပါတယ်။ မိန်းကလေး တစ်ယောက်ကို တကယ်မချစ်တဲ့သူဟာ တကယ်ချစ်တဲ့သူနဲ့ အများကြီးကွာပါတယ်။ လူတွေက ပြောလေ့ရှိပါတယ်။ “ကိုယ်ချစ်တာကို ရင်ထဲမှာပဲထားပါ။ ထုတ်မပြနဲ့။ ရောင့်တတ်တတ်တယ်တဲ့”။ ကျွန်မကတော့ ဒီစကားကို မထောက်ခံချင်ပါဘူး။ လူတစ်ယောက် တကယ် အချစ်နဲ့တွေ့တဲ့အခါမှာ ရင်ထဲမှာပဲ ထားလို့မရပါဘူး။ သူ့အလိုလိုပဲ ခံစားချက်တွေက အပြုအမူ၊ အပြောအဆိုတွေမှာ ထင်ဟပ်လာတာပါ။ ကိုယ်ချစ်တဲ့မိန်းမတစ်ယောက်ရှေ့မှာ ဘယ်လိုပဲ ဟန်ဆောင်ဟန်ဆောင် မချစ်ဘူးလို့ ထင်အောင်လုပ်လို့မရသလို ကိုယ်တကယ်မချစ်တဲ့ မိန်းမတစ်ယောက်ရှေ့မှာလည်း အချိန်အကြာကြီး ချစ်ဟန်ဆောင်လို့ မရနိုင်ပါဘူး။ ကိုယ့်ကိုမချစ်တဲ့ယောက်ျားမှန်း သိသိကြီးနဲ့ ကိုယ့်ဒုက္ခကိုယ့်ရှာချင်မိတဲ့ မိန်းကလေးတွေ မဖြစ်စေဖို့ ကိုယ့်လူကို သေချာဆန်းစစ်ပါ။ ဒီအပြုအမူတွေရှိနေရင်တော့…သေချာတယ် ။သူ ကိုယ့်လူ မဟုတ်ပါဘူး။
-သူ့ဖုန်းကို အချိန်မရွေးကိုယ်ကိုင်ခွင့်ရှိလား။
ကိုယ် သူ့ဖုန်းကိုကိုင်လို့မရအောင် တစ်ခုခုနဲ့ ကာကွယ်ထားတတ်လား။ သူ့ဖုန်းကို ကိုင်ရင် မကြိုက်တဲ့ အမူအရာတွေရှိနေလား။
-ဝေ့လည်ကြောင်ပတ်လုပ်နေလား။
စေ့စပ်ဖို့၊ လက်ထပ်ဖို့၊ လူကြီးတွေနဲ့ လိုက်တွေ့ဖို့တို့လို အရေးကြီးတဲ့ မှတ်တိုင်တွေအတွက် စိတ်ဝင်စားရဲ့လား။ဒီအကြောင်းအရာတွေက ကိုယ်တစ်ယောက်တည်းနဲ့ပဲဆိုင်တဲ့ အကြောင်းတွေလို၊ ကိုယ်ကပဲ
Subscribe

လာလည်သူများ

free counters