♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 4, 2016

" သူ…ကိုယ့်လူဟုတ်ရဲ့လား "

 အချစ်
ယောက်ျားဆိုတဲ့ ထူးဆန်းသတ္တဝါတွေဟာ ချစ်တတ်လွန်းရင်လည်း ထားစရာနေရာ မရှိအောင် ချစ်တတ်ကြသလို အရေးမထားဘူးဆိုရင်လည်း မိန်းကလေးတစ်ယောက်ကို ခြေဆေးစရာ ရေအိုင်တစ်ခုလောက်ပဲ သဘောထားတတ်သူတွေဖြစ်ပါတယ်။ သူတို့မြတ်နိုးတန်ဖိုးထားတဲ့ အရာအတွက်ဆိုရင် မိုးကိုဒူးနဲ့တိုက်ရလည်း ဝန်မလေးတတ်ပေမဲ့ ပေါ့ပေါ့ပျက်ပျက်အရာတွေ အတွက်များတော့ လက် တစ်မြှောက်စာလောက်တောင် အင်အားစိုက်ထုတ်ကြည့်ဖို့ ပင်ပန်းတတ်ကြပါတယ်။ မိန်းကလေး တစ်ယောက်ကို တကယ်မချစ်တဲ့သူဟာ တကယ်ချစ်တဲ့သူနဲ့ အများကြီးကွာပါတယ်။ လူတွေက ပြောလေ့ရှိပါတယ်။ “ကိုယ်ချစ်တာကို ရင်ထဲမှာပဲထားပါ။ ထုတ်မပြနဲ့။ ရောင့်တတ်တတ်တယ်တဲ့”။ ကျွန်မကတော့ ဒီစကားကို မထောက်ခံချင်ပါဘူး။ လူတစ်ယောက် တကယ် အချစ်နဲ့တွေ့တဲ့အခါမှာ ရင်ထဲမှာပဲ ထားလို့မရပါဘူး။ သူ့အလိုလိုပဲ ခံစားချက်တွေက အပြုအမူ၊ အပြောအဆိုတွေမှာ ထင်ဟပ်လာတာပါ။ ကိုယ်ချစ်တဲ့မိန်းမတစ်ယောက်ရှေ့မှာ ဘယ်လိုပဲ ဟန်ဆောင်ဟန်ဆောင် မချစ်ဘူးလို့ ထင်အောင်လုပ်လို့မရသလို ကိုယ်တကယ်မချစ်တဲ့ မိန်းမတစ်ယောက်ရှေ့မှာလည်း အချိန်အကြာကြီး ချစ်ဟန်ဆောင်လို့ မရနိုင်ပါဘူး။ ကိုယ့်ကိုမချစ်တဲ့ယောက်ျားမှန်း သိသိကြီးနဲ့ ကိုယ့်ဒုက္ခကိုယ့်ရှာချင်မိတဲ့ မိန်းကလေးတွေ မဖြစ်စေဖို့ ကိုယ့်လူကို သေချာဆန်းစစ်ပါ။ ဒီအပြုအမူတွေရှိနေရင်တော့…သေချာတယ် ။သူ ကိုယ့်လူ မဟုတ်ပါဘူး။
-သူ့ဖုန်းကို အချိန်မရွေးကိုယ်ကိုင်ခွင့်ရှိလား။
ကိုယ် သူ့ဖုန်းကိုကိုင်လို့မရအောင် တစ်ခုခုနဲ့ ကာကွယ်ထားတတ်လား။ သူ့ဖုန်းကို ကိုင်ရင် မကြိုက်တဲ့ အမူအရာတွေရှိနေလား။
-ဝေ့လည်ကြောင်ပတ်လုပ်နေလား။
စေ့စပ်ဖို့၊ လက်ထပ်ဖို့၊ လူကြီးတွေနဲ့ လိုက်တွေ့ဖို့တို့လို အရေးကြီးတဲ့ မှတ်တိုင်တွေအတွက် စိတ်ဝင်စားရဲ့လား။ဒီအကြောင်းအရာတွေက ကိုယ်တစ်ယောက်တည်းနဲ့ပဲဆိုင်တဲ့ အကြောင်းတွေလို၊ ကိုယ်ကပဲ
စိတ်အားတက်ကြွနေသလို ဖြစ်နေမယ်ဆိုရင်တော့ ဒီလူကို ပြန်စဉ်းစားလိုက်ပါဦး။
-ဖေ့စ်ဘွတ်မှာ single ပါလို့ ဟစ်ကြွေးနေတုန်းပဲလား။
ချစ်သူရှိပါတယ်လို့ အထင်မခံနိုင်သေးတဲ့ အနေအထားဆိုတော့ သူ့အတွက် မျှော်လင့်စရာက ကိုယ်တစ်ယောက်တည်း မဟုတ်တာကို ပြနေတာပါပဲ။ ကိုယ့်အတွက် စာရင်းမရှိလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်နဲ့ယှဉ်ရွေးဖို့ပဲ ဖြစ်ဖြစ်ကြိုးစားနေတယ်လို့ မခံစားရရင်တော့ ဒီလူကို ဆက်တွဲလိုက်ပါ။
-ကိုယ့်အပေါ် သူ့ရဲ့ စိတ်ဝင်စားမှုက သာမန်ကာလျှံကာဖြစ်တာ များလာတယ်။
ကိုယ်ဆံပင်ပုံစံပြောင်းထားလည်း မသိ၊ ကိုယ်ဘယ်သူနဲ့ အဆင်မပြေဖြစ်နေလည်းဆိုတာ စိတ်မဝင်စား၊ ကိုယ့်ခံစားချက်တွေကိုလည်း ဝေမျှပေးတာမရှိတာတွေ မကြာခဏ ကြုံနေရတယ်ဆိုရင် အချိန်မနှောင်းသေးခင် နောက်ဆုတ်လိုက်ပါ။ အမြန်ရိုးအီလွယ်တဲ့ယောက်ျားတွေက အိမ်ထောင်ကျပြီးမှ ပြင်သွားတတ်တယ်လို့ မကြားဖူးသေးလို့ပါ။
-သူနဲ့ပတ်သက်ပြီးလည်း မသိရတာများတယ်။
သူ့ဘဝအကြောင်း၊ သူ့ရည်မှန်းချက်၊ သူနေချင်တဲ့ ဘဝမျိုးတွေကို ကိုယ့်ကိုအသိပေးလိုစိတ် သူ့မှာမရှိဘူး။ အလုပ်ထဲမှာဘာတွေဖြစ်တယ်ဆိုတာရော ပြောပြလေ့မရှိသလို သူ့အပေါင်းအသင်းတွေနဲ့ရော ကိုယ့်ကို မိတ်ဆက်ပေးလေ့မရှိရင် သူက ကိုယ့်ကိုဘယ်လောက်အသိအမှတ်ပြုသလဲဆိုတဲ့ အဖြေပဲဖြစ်ပါတယ်။ ကိုယ်က သူ့ပတ်ဝန်းကျင်မှာ ဘယ်လောက်အထိ ပါဝင်ပတ်သက်ခွင့်ရှိသလဲဆိုတာ စဉ်းစားကြည့်နိုင်မှာပါ။
Ref:yourtango
ခင်သူဇာ – Trend Myanmar

Credit : http://www.lwinpyin.com/2016/08/%e1%80%9e%e1%80%b0-%e1%80%80%e1%80%af%e1%80%ad%e1%80%9a%e1%80%b9%e1%80%b7%e1%80%9c%e1%80%b0%e1%80%9f%e1%80%af%e1%80%90%e1%80%b9%e1%80%9b%e1%80%b2%e1%82%95%e1%80%9c%e1%80%ac%e1%80%b8.html

No comments:

Subscribe

လာလည်သူများ

free counters