♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 4, 2016

" သင့်ဖေ့စ်ဘွတ်ခ်ပေါ်မှာ အတိတ်က အဆက်ဟောင်းဇာတ်လမ်းတွေ ပေါ်မလာစေချင်ဘူးဆိုရင်"

 Facebook, ဓာတ်​ပုံ
Facebook ရဲ့ News feed က ‘On This Day’ ဆိုတဲ့ အတိတ်ကနေ့ ရက်တွေကို ပြန်ဖော်ပေးတဲ့ feature ကြောင့် သင့်ရဲ့ပျော်ရွှင်ဖွယ်ရာ အတိတ်ဖြစ်ရပ်လေးတွေကို ပြန်ပြောင်းအောက်မေ့စေနိုင်ပါတယ်။ အခုအချိန်မှာ သင်စိတ်ညစ်နေရရင်တောင် အရင်က မွေးနေ့ ၊အားလပ်ရက်နေ့ ဒါမှမဟုတ် တက္ကသိုလ် ကျောင်းပွဲတွေမှာ သင့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ခဲ့ရတာတွေကို ပြန်မြင်ပြီး စိတ်ကြည်နူးစေနိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေမှာ သင့်ရဲ့ပြတ်သွားတဲ့ အဆက်ဟောင်းနဲ့ အရင်နှစ်တွေက အတူပျော်နေခဲ့တဲ့ ဓာတ်ပုံတွေပြန်ပေါ်လာရင်တော့ စိတ်မချမ်းမြေ့မှုတွေ ဖြစ်ရမှာပါ။ ဒီထက်ဆိုးတာကတော့ သေဆုံးသွားပြီ ဖြစ်တဲ့ သူငယ်ချင်း၊မိသားစုဝင် တစ်ယောက်ယောက်နဲ့ ဓာတ်ပုံတွေပြန်ပေါ်လာရင်ပေါ့။
အခုအခါမှာတော့ Facebook ဟာ သင့်ရဲ့ပျော်ရွှင်စရာနေ့ ကို စိတ်ညစ်စရာမဖြစ်ရအောင်လို့ ရွေးချယ်စရာ option တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ အခုလို အရင်အတိတ်က အမှတ်ရစရာ အတိတ်ဟောင်းတွေ ပြန်ပေါ်လာတာကို
မလိုချင်သူတွေအတွက် အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
Facebook ကို ၀င်ပါ။ On This Day page ဖြစ်တဲ့ facebook.com/onthisday ကို သွားပါ။
Page ရဲ့ ကာဗာဖိုတို ညာဘက်အောက်ခြေနားက ‘Preferences’ ခလုတ်ကို ကလစ်နှိပ်ပါ။
Edit ကို ကလစ်လိုက်ရင် People နဲ့ Dates ဆိုပြီး ရွေးချယ်စရာနှစ်ခုပေါ်လာပါလိမ့်မယ်။
သင် အမှတ်တရဖြစ်မနေချင်တဲ့ လူ ဒါမှမဟုတ် ရက်စွဲတွေကို ရွေးထည့်ပေးလိုက်ပါ။
ဒီနည်းနဲ့ သင့် news feed မှာ သင် အမှတ်တရမဖြစ်ချင်တဲ့ အကြောင်းအရာပို့ စ်တွေ၊ ဓာတ်ပုံတွေကို ဖျောက်ထားနိုင်ပါတယ်။

Ref: Mirror
ဟန်နီ – Trend Myanmar
Credit : http://www.lwinpyin.com

No comments:

Subscribe

လာလည်သူများ

free counters