ရောသမ ချစ်မိတ်ဘော်ဘော်တို့ရေ ..... ဧည့်သည်တွေ ထမင်းစားဖိတ်ထားတာ...ဝရန်ဒါထွက်ရင်း ဘယ်ပျောက်ကုန်ကြ
တယ်မသိပါဘူး.....တွေ့အောင်ရှာပေးနိုင်သူကို ငွေဒင်္ဂါး ငါးကျပ် ဆုလဒ်ချီးမြှင့်ပါ့မယ်.....
ကျေးဇူးနော်...
ဟိဟိ..
၁. သူမရဲ့ ရုပ်ရည်သွင်ပြင်ကို ဘယ်တော့မှ အပြစ်မပြောပါနဲ့
၂. သူမရဲ့ ကိုယ်ရေးကိုယ်တာတွေကို မနှောင့်ယှက်ပါနဲ့
၃. သူမကို ဘယ်တော့မှ စိတ်ဓာတ် မကျပါစေနဲ့
၎. သူမရဲ့ တန်ဖိုးကို သိထားပါ
၅. သူမကို နောက်ပိုင်း ပို့မထားပါနဲ့
သိပ် သည်းတဲ့ လေထုထဲ တွဲခိုနေတဲ့ အအေးဒဏ် ဟေမာန်ဆန်လွန်းလို့ ခက်နေတယ် အင်း…..ဒီဇင်ဘာ မာနကလဲ အထက်စီးကပဲလေ မင်းအလုပ် မင်းလုပ်ပါ ငါ အရှုံးပေးလဲ မင်းပြုံးမယ်တောင် မထင်ပါဘူး သေလောက်အောင်ချမ်းစမ်းပါ twenty firstရယ်။။ ကျဆုံးမှုကို ဖော်ကျူးတဲ့  lyrics တွေ ငါ အခန်းထဲ ပျံ့ လွင့်နေတဲ့ ည…. အိုကေပါတယ် ပြောရင်း ညကိုကျော်ဖို့  ကြိုးစားနေတုန်း ငိုမဲ့မဲ့ နဲ့  ပြောတယ် “သူအန်ချင်လို့ ”တဲ့ “မင်းကွာ ငါလုံအောင် ခြုံပေးထားရက် နဲ “့ ဒီလိုနဲ့ ပဲ နှလုံးသားကိုနှစ်သိမ့် ဖို့  ညရဲ့တ၀က်ကျော်ကျော်ကို တစ်စုံတစ်ယောက် ပုံရိပ်အောက် မှောက်ချလိုက်တာ အလွမ်းသံစဉ်တွေတောင် တိုးတိတ်သွားတယ်ထင်ပါ ရဲ့ ။။ ခက်ပါလားဟ ဘ၀ဆိုတာတွေတွေးနေပြီးမှ ဒီရေသင်ခန်းစာတွေ နားလည်ပြီးမှ ဆန္ဒဆိုတာတွေ ချင့်ချိန်ပြီးမှ တစ်ပတ်လည်ခဲ့တာလား…. ထိုည ထိုအချိန် (သူမပြောသလို) တိတိကျကျလေးကျေကွဲနေရပြန်ရော။။ တောက်ပတဲ့  မာကျူရီည အပြင်ဘက်က ဟိုင်းဝေးလမ်းမတွေထက် အသက်၀၀ ရှူချင်တယ် ဒီရာသီ