စိန်
ကမ္ဘာတစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်များက စိန်သည် ချစ်ခြင်း မေတ္တာ၏ သင်္ကေတ (symbol of love) ဟု ယူဆသည်။ ထို့ကြောင့် ချစ်ရသော သူအား ချစ်သက်သေ အဖြစ် စိန် လက်ဝတ်ရတနာကို ဝယ်ယူ လက်ဆောင် ပေးပြီး အချစ်ကို ဖော်ကျူး မှတ်ကျောက်တင်၏။ လက်ထပ် လက်စွပ်ကို စိန်နှင့် ပြုလုပ်ကာ ဝတ်ဆင်စေ၏။ စိန်သည် symbol of wealth and success ကြွယ်ဝ ချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ် သင်္ကေတဟု လည်း ယူဆနိုင်ပြီး ကြွယ်ဝခြင်းကို ဖော်ပြရန် စိန်ကိုဝတ်၏။ အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန်ကို ဆင်းမြန်းပြီး ဂုဏ်ယူသည်။ ထိုထက်မက စိန် ဟူသော ရတနာသည် လူသားတို့အား ကျက်သရေ မင်္ဂလာ ထည်ဝါခြင်းနှင့် ကံကောင်းခြင်းကို သယ်ဆောင်ပေး သည်ဟူ၍ ယူဆကာ အဆောင်ကျောက် အဖြစ်ဝတ်ဆင်ကြကုန်၏။
ကမ္ဘာတစ်ဝန်းရှိ လူတို့သည် စိန် ကို ဝတ်ဆင် သုံးစွဲရန် ဝယ်ယူသောအခါ ဇန်နဝါရိလတွင် အဓိက ဝယ်ယူလေ့ ရှိသည်။ ဤလတွင် စတင် ပိုင်ဆိုင်သော စိန်သည် မိမိဘဝအတွက် ထူးခြားသော ကံကောင်းခြင်း၊ လာဘ်ပွင့် ခြင်း၊ အောင်မြင် ချမ်းသာခြင်းနှင့် ထင်ပေါ် ကျော်ကြားခြင်း ဓာတ်များ ခိုအောင်းနေသည်ဟူ၍ ယူဆလေ့ ရှိသည်။ ၎င်းအပြင် ဇန်နဝါရီလ မွေးသောသူ အားလုံးတို့၏ ရတနာလက်ဝတ် အဆောင့်ကျောက်သည် စိန် ဖြစ်သည်။
ဇန်နဝါရီ (January) ဟူသော လ၏ အမည်သည် JANUS အမည်ရှိသော အနောက်တိုင်း ဒဏ္ဍာရီမှ နတ်ဒေဝတာ၏ အမည်ကို စွဲယူ မှည့်ခေါ်ထားသည်။ JANUS နတ်ဒေဝတာသည် နှစ်ကာလ တစ်ခုကို စတင် ဖွင့်လှစ်ပေးသူ ဖြစ်သည်။ နှစ်ကာလတစ်ခု ဖွင့်လှစ်သည့် မုခ်ဦးကို စောင့်ရှောက်သော တံခါးမှူးကြီး ဖြစ်သည်။ ဦးခေါင်းနှစ်လုံး မျက်နှာနှစ်ဖက်ရှိပြီး တစ်ခုသော မျက်နှာသည် အတိတ်သို့ မျက်နှာမူကာ တစ်ခုသော မျက်နှာသည်







