♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 1, 2020

ကိုဗစ်-၁၉ လူနာသစ် ၁,၀၁၀ ဦး၊ သေဆုံးသူ ၁၁ ဦး ထပ်တိုးလာ

 


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၁,၀၁၀ ယောက်နဲ့ သေဆုံးသူ  ၁၁ ယောက်ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁  ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်  ည ၈ နာရီမှ ဒီနေ့  အောက်တိုဘာ ၁ ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၃၅၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၀၁၀ ဦး တွေ့ရှိရတာဖြစ်ပါတယ်။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဒီကနေ့ည ၈ နာရီ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၄,၃၈၃  ယောက်၊ သေဆုံးသူ  ၃၂၁ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၁၅၆   ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

crd ....dvb

Subscribe

လာလည္သူမ်ား

free counters