လှမ်းသစ်တွေ မလှမ်းခင်၊ သင်တို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အစီအစဉ်မဆွဲခင် တစ်ယောက်နဲ့တစ်ယောက် သေချာမေးထား
ရမယ့် မေးခွန်းလေး (၅) ခုရှိနေပါတယ်။ ဒီမေးခွန်းတွေကို စိတ်တိုင်းကျ မေးမြန်းပြီးပြီ သဘောတူကြည်ဖြူတယ်ဆိုရင်တော့ မင်္ဂလာပွဲအတွက် စစီစဉ်သင့်ပြီပေါ့နော်။ ကဲ မေးခွန်း(၅)ခုကို ပြောပြရရင်ဖြင့်
၁။ငွေကြေးနဲ့ပတ်သက်ပြီး သင့်ရဲ့အယူအဆက ဘယ်လိုများလဲ။
သင်တို့တစ်ဦးချင်းစီရဲ့ ငွေကြေးအနေအထားအကြောင်း ခုချိန်မှာ ပွင့်လင်းစွာပြောဆိုဆွေးနွေးသင့်တဲ့အချိန်ပါပဲ။ ပြီးတဲ့အခါ တစ်လကို ဘယ်လောက်ဝင်တယ်။ အသုံးစရိတ်ကဘယ်လောက်ရှိတယ် စတာတွေကိုလည်း နှစ်ဦးသား တိုင်ပင်သင့်နေပါပြီ။ တစ်ချို့စုံတွဲတွေကတော့ တစ်လမှာဘယ်လောက်ဝင်တယ်။ ဘယ်လောက်သုံးပြီး ဘယ်လောက်စုမယ်။ ဘယ်နှစ်လတစ်ခါ ခရီးသွားမယ် စတာတွေအထိပါ တွက်ချက်ထားလေ့ရှိကြပါတယ်။
၂။ကလေးယူဖို့ ၊ မယူဖို့။
အိမ်ထောင်ကျသွားတော့မှ တစ်ယောက်က ကလေးလိုချင်တယ်။ တစ်ယောက်က မလိုချင်ဘူး စသဖြင့် အငြင်းပွားမှုတွေ ရှိလာခဲ့ရင် အိမ်ထောင်ရေးအတွက် ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒီတော့ သင်တို့နှစ်ယောက်အနေနဲ့ တစ်ယောက်က လိုချင်ရဲ့သားနဲ့ အိမ်ထောင်ကျပြီးပြီးချင် မယူချင်သေးတာလား။ ဒါမှမဟုတ် လုံးဝမယူချင်တာလား စတာတွေကို သေချာဆွေးနွေးပါ။ ဒီအချက်ကလည်း အရေးကြီးပါတယ်။
၃။သင်တို့နှစ်ယောက်ထဲက တစ်ယောက်က တခြားတစ်ယောက်ကို စိတ်ဝင်စားတာမျိုး၊ သံယောဇဉ်တွယ်သွားတာမျိုးတွေ ရှိလာရင် ဒါကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ။
ဒီအခြေအနေကတော့ နာကျင်စရာကောင်းပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကြုံလာရမယ်ဆိုရင် နှစ်ယောက်စလုံး ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးကိုတော့ ခုကတည်းက ကြိုတွေးထားရပါမယ်။ ဒီလိုအခြေအနေမျိုးက