ရင်သွေးကလေး ရခါစကတော့ ပျော်လို့ရွှင်လိ
ု့ပေါ့။ ကလေးမျက်နှာကလေး
ကို တစိမ့်စိမ့် ငုံ့ကြည့်နေမိသည
်မှာ ထမင်းဆာတာလည်း သတိမရ။ အိပ်ရမှာလည်း သတိမရ။ တော်တော်အအိပ်ကြ
ီးသော သကောင့်သား (သို့) သကောင့်သမီးကလေး
ကို နှိုးပင်နှိုးလိုက
်ချင်သေးတော့။
တပါတ်ကနေ နှစ်ပါတ်၊ နှစ်ပါတ်ကနေ သုံးပါတ် ဖြစ်လာတော့ သည်အမေ အသစ်စက်စက်ကလေး ခါတိုင်းထက် ကိုယ်ဘယ်လောက် ပို၍ အိပ်ပျက်နေသည်ကိ
ု ရိပ်မိစပြုလာပြါ
ပီ။ မောပန်းနွမ်းနယ်
၍ ခေါင်းကအုံခဲ့လာ
ပါပြီ။ အပျိုတုန်းကလို (ကလေးမရှိခင်တုန
်းကလို) လှဲချ၍ တချီတမောင်း အကြာကြီး နှိုးမယ့်လူမရှိဘ
ဲ အိပ်ချလိုက်ချင်လိုက်တာဟု မြည်
တွန်တောက်တီ
းစ ပြုလာပါပြီ။
(သည်ဆောင်းပါးက သည်အမေကလေးနှင့်
တခါတရံ အဖေကလေးကိုပါ ကူညီရန် ရည်ရွယ်၍ ရေးပါသည်)။
(မွေးကင်းစကလေး ဘယ်လိုအိပ်ပါသလဲ
)
မွေးကင်းစကလေး၏ အိပ်စက်ခြင်းနှင
့် ကလေးကြီး၊ သို့မဟုတ်-လူကြီ
းအိပ်စက်ခြင်း မတူညီပါ။ ဒါကို သဘောပေါက်ရန်မှာ
လူတဦး အိပ်ပျော်နေချိန
်တွင် အိပ်စက်ခြင်း နှစ်မျိုးရှိကြေ
ာင်းကို အရင်သဘောပေါက်မှ
ဖြစ်ပါမည်။
၁။ မျက်ခွံအောက်တွင
် မျက်လုံး လှုပ်ရှားမှုရှိသေ
ာ အိပ်စက်ခြင်း (Rem Sleep)
ထိုကဲ့သို့ အိပ်စက်နေစဉ်အတွ
င်းတွင် အိပ်မက်မက်နေတတ်
ပါသည်။ နိုးလာလျှင် မှတ်မိသည်လည်း ရှိမည်။ မမှတ်မိသည်လည်း ရှိမည်။ ဆိုလိုတာက လူက နိုးနိုးကြားကြာ
း ဖြစ်နေမည်။ လှိမ့်မည်။ စန့်မည်။ အသံထွက်မည်။ ကလေးဆိုလျှင် တပြွတ်ပြွတ် နှုတ်ခမ်းချည့်ပဲ
စို့နေတတ်သေးသည်
။ လူကြီးများတွင်ေ
တာ့ သည်လိုအိပ်စက် ခြင်းမျိုးကို သန်းခေါင်နောက်ပ
ိုင်း မိုးလင်းခါနီးအခ
ျိန်တွင် တွေ့ရတတ်ပါသည်။ ဒါကြောင့်လည်း အိပ်မက် မက်ပါက ထိုအချိန်တွင် မက်တတ်ကြခြင်း ဖြစ်ပါသည်။
၂။ မျက်ခွံအောက်တွင
် မျက်လုံးလှုပ်ရှာ
းမှုမရှိသော အိပ်စက်ခြင်း (Non-Rem Sleep)
သည်လိုအိပ်စက်ေ
နချိန်တွင်တော့ ဦးနှောက်ကလည်း အပြည့်အ၀ အနားယူနေမည်။ ကြွက်သားလှုပ်ရှာ
းမှုလည်း နည်းသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသည့်
အချိန်ဆိုပါတော့
။ လူကြီးများက ညဦးပိုင်းမှစ၍ သည်လိုအိပ်ပျော်
လေ့ရှိကြသည်။
ဒီနှစ်မျိုးကို ရှင်းပြနေရသည်က အကြောင်းရှိသည်။
လူကြီးများသည် အိပ်ချိန်၏ ၂၅%တွင်သာ ပထမအိပ်စက်ခြင်း
(မျက်လုံးလှုပ်ရှ
ား၍) အမျိုးအစားနှင့်
အိပ်စက်ကြသော်လည
်း မွေးကင်းစ ကလေးများသည်ကား ထိုအမျိုးအစားနှ
င့် သူတို့အိပ်ချိန်
၏ ၅၀-မှ ၈၀% ကို ကုန်လွန်စေတတ်ြေ
ကာင်း ပြောပြချင်၍ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့ကလေးတွေသည
် အိပ်ပျော်နေစဉ်တ
ွင်ပင် အသံထွက်ကြလိမ့်မ
ည်။ လှုပ်ရှားကြလိမ့်
မည်။ ကန်ကျောက်ကြလိမ်
့မည်။ ဒါတွေ ကြားရတိုင်း တွေ့ရတိုင်း ကိုယ့်ကလေးနိုးသ
ွားပြီဟု မထင်ပါနဲ့။
ပြီးတော့ အိပ်စက်သည်ဆိုတာ
က တဆက်တည်း ဖြစ်နေသော ဖြစ်စဉ်မဟုတ်။ နည်းနည်းကလေး နိုးလာလိုက်၊ ပြန်အိပ်မောကျသ
ွားလိုက် စသဖြင့် ဆက်တိုက်ဖြစ်နြေ
ခင်းမျိုးဖြစ်သည
်။ လူကြီးတွေကတော့