♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 28, 2016

" ဘာလီကျွန်းက မုဆိုးတွေဟာ မျောက်ကို ဘယ်လိုဖမ်းတယ်ထင်သလဲ "


အုန်းသီးကို အပေါ်ယံက ရှပ်ဖောက်လိုက်တယ်။
ပြီးတော့ အရည်တွေကို သွန်ပြီး အထဲမှာ ထန်းလျက်ခဲတွေ ထည့်ထားလိုက်တယ်။
အုန်းသီးတွေ့တော့ မျောက်က လှည့်ပတ်ကြည့်တယ်။
အထဲက ထန်းလျက်ခဲကိုတွေ့တော့ လက်နဲ့နှိုက်တယ်။
ထန်းလျက်တွေ့တော့ ဆုပ်ပြီးဆွဲထုတ်တယ်။
အပေါက်က မျောက်လက်တစ်နှိုက်စာပဲဆိုတော့ လက်ကိုဆုပ်ထားရင်
ပြန်ထုတ်လို့မရဘူး။ ဒီမှာတင်မရပ်သေးပါဘူး။
နောက်ထပ်တစ်လုံးတွေ့တော့ ကျန်တဲ့ လက်နဲ့ ထပ်နှိုက်ပြန်ရော။
ဒီလက်လဲထုတ်လို့ မရပြန်ဘူး။
လူတွေက မျောက်ကိုလိုက်ဖမ်းတော့
သစ်ပင်ပေါ်တက်ပြေးချင်ပေမယ့် လက်က အုန်းသီးမှာ စွပ်နေလေတော့
တက်လို့မရဘူး။ ဒီလိုနဲ့ မုဆိုးဖမ်းတာ ခံလိုက်ရပါလေရော။
ကျွန်တော်တို့လည်း ဒီမျောက်နဲ့ သိပ်ထူးမယ်မထင်ပါဘူး။
ဆုပ်ကိုင်ထားတဲ့ အရာတွေများလိုက်တာ။ ချစ်ခြင်းမေတ္တာများ၊
သံယောဇဉ်နှောင်ကြိုးများ၊ အမုန်းတရားများ၊ အလိုရမ္မက်များ။
ဆုပ်ကိုင်လေလေ နှောင်ဖွဲ့လေလေ။ ကျွန်တော်တို့ ဆုပ်ကိုင်ထားချင်တဲ့

" မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ စကားအတဲ့လေးများ "

 
-လာမခေါ်နဲ့ !
အဲဒါခေါ်ခိုင်းတာ
မခေါ်ပဲနေကြည့် သေအောင်စိတ်ဆိုးတယ်😐
-အေးးးရတယ်လေ!
အဲတာ မရဘူးးး ကြည့်နေ ငါပြဿနာရှာပြမယ် အဲ့လို 😐
-ပြီးတာပဲ!
အဲ့ဒါ မပြီးဘူး မကျေနပ်လို့ပြောတာ
ခဏနေ သူပြန်ရွဲ့တော့မှာ 😐
-ဘာတစ်ခွန်းမှလာမပြောနဲ့ !
အဲ့တာကောက်သွားတာ
အမြှုပ်ထွက်အောင် သွားရှင်းပြ
ပြောနိုင်မှတော်ကာကျမှာ 😐
-ကြိုက်တာသာလုပ်!
ဘာမှသွားမလုပ်နဲ့  အဲ့တာသူ ပြဿနာရှာဖို့အဆင်သင့်ပဲဆိုတဲ့သဘော😐
-ငါ့ကို အဖက်လာမလုပ်နဲ့ !
ပစ်ထားတာများသွားပီ
သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော
အနီရောင်အဆင့် Shockရှိတယ်😐
-နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး!
အဲ့ဒါ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက်ကြည့်နေတာ

May 27, 2016

" အမာရွက် ထိထိရောက်ရောက် ပျောက်ဖို့ "

အမာရွက်ပျောက်ဆေးဈေးကြီးပေးဝယ်ပြီးလိမ်း ဒါမှမဟုတ်ရင် သဘာဝနည်းလမ်းလေးတွေနဲ့လုပ်ရင်လည်း ရပါတယ် အချိန်တော့ပိုကြာတာပေါ့။

Aloe Vera Gel လျှားစောင်းအနှစ် - အသားအရေ နဲ့ပတ်သက်လာရင်မရှိမဖြစ် လျှားစောင်းကို အမာရွက်မှာပုံမှန်ပွတ်ပေးမယ်ဆိုရင်တော့ သက်သာစေမှာပါ။ လျှားစောင်းက မာကျောနေတဲ့ အမာရွက်တွေကို နူးအိလာစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

Banana – ငှက်ပျောသီး ကို နယ်ပြီး အမာရွက်နေရာကို နေ့စဉ် နှစ်ကြိမ် အုပ်ပေးမယ်ဆိုရင် ထူးခြားမှုရှိစေပါတယ်။ ငှက်ပျောသီးက ညိုမဲနေတဲ့ အမာရွက်ကို လင်းလတ်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

Cilantro Juice – နံနံပင်ရည် မှာ သဘာဝအတိုင်း အအေးဓါတ် ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် အပူလောင်ပြီးရင် နံနံပင်ကို ကြိတ်ပြီး တစ်ရက်နှစ်ကြိမ် ကပ်ပေးရင် အပူလောင်သက်သာစေရုံမက အမာရွက်ဖြစ်ခြင်းကိုလဲလျော့နဲစေပါတယ်။

Cucumber – သခွားသီးကတော့ နံမည်ကြီးပဲဟေ့... ကြိတ်ပြီး အမာရွက်နေရာကို အုပ်ပေးပါ။

Green Tea – လက်ဖက်ခြောက် (ရေနွေးကြမ်း) ထဲမှာ အဝတ်စလေးကိုစိမ်ပေးပြီး အမာရွက်နေရာကို တစ်ရက်သုံးကြိမ် အုပ်ပေးပါ။ Green Tea ဟာ အသားရေလှဖို့အတွက်ဆို ဘယ်နေရာမှာမဆို အသုံးဝင်ပါတယ်။ တချို့တွေဆိုရင် တိုနာ အတွက်တောင် Green Tea ကို သုံးကြပါတယ်။

Honey – ပျားရည်မှာ အံ့သြစရာကောင်းလောက်အောင် Antiseptic လို့ခေါ်တဲ့ အမာရွက်ကိုကျန်းမာစေနိုင်တဲ့ ဓါတ်ကြွယ်ဝလွန်းတာကြောင့် တစ်ရက်နှစ်ကြိမ် ပုံမှန်လိမ်းပေးပါ။

Lavender Oil – Lavender Oil ကို အမာရွက်ပေါ်မှာ တစ်ရက်ကို အကြိမ်တော်တော်များများ လိမ်းပေးရင်လဲ အရေပျားဆဲလ် တွေကို ကုသပေးနိုင်ပါတယ်။

Lemon Juice – ပုံမှန်အတိုင်းပဲ သံပုယိုရည်ကတော့ မရိုးနိုင်အောင်ကို နေရာတကာမှာ အသုံးဝင်နေပြီ... Vitamin C

" ကမ္ဘာ့အသေးဆုံးနိုင်ငံ အန်ကလပ်ဗ်ဗာ "

 
ကမ္ဘာ့ နိုင်ငံ အသစ် ၊ အန်ကလပ်ဗ်ဗာကနေ ကြိုဆိုပါတယ်။

အတိုင်းအတာ အားဖြင့် ၉၃ စတုရန်းမီတာ သာ ကျယ်ဝန်းတဲ့အတွက် ကမ္ဘာ့ အသေးငယ်ဆုံးနိုင်ငံလို့လည်း ပြောလို့ရပါတယ်။

စလိုဗေးနီးယား နိုင်ငံ နဲ့ ခရိုအေးရှား နိုင်ငံတို့ရဲ့ နယ်စပ်နေရာမှာ တည်ရှိပြီး စတင်တည်ထောင်တဲ့သူတွေ ကတော့ နှစ်နိုင်ငံလုံးပိုင်ဆိုင်တဲ့ နယ်နိမိတ်မဟုတ်တဲ့ အတွက် ထိုနယ်မြေမှာ နိုင်ငံတစ်နိုင်ငံ ထူထောင်လို့ရနိုင်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

စတင်တည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Piotr Wawrzynkiewicz ဆိုသူကတော့ "လူတိုင်း အသားအရောင်ခွဲခြားမှုတွေကိုမေ့ပြီး၊ ဘာသာတရားနဲ့ နိုင်ငံသား ခွဲခြားမှုတွေကိုမေ့ပြီး သူတို့ရဲ့ အတွေးအခေါ်တွေကို ဖော်ပြခွင့်ရှိမယ့် ၊ လွတ်လပ်စွာ သင်ကြားခွင့်ရှိမယ့် ၊ အခွန်ကိစ္စ ပူစရာမလိုပဲ ပိုက်ဆံ ရှာနိုင်မယ့် နေရာသစ်တစ်ခုကို ဖန်တီးချင်တာပါ" လို့ သူတို့ရဲ့ နိုင်ငံ တစ်နိုင်ငံ ထူထောင်ရခြင်း အကြောင်းအရင်း ကို ပြောပြပါတယ်။

ထို နိုင်ငံမှာတော့ နိုင်ငံသားတွေမရှိကြသေးပါဘူး။ ထိုနိုင်ငံဟာ စလိုဗေးနီးယား နိုင်ငံက Metlika မြို့နဲ့ အနီးမှာ တည်ရှိပြီး ခရိုအေးရှားနိုင်ငံရဲ့ မြို့တော် Zagreb ရဲ့ အနောက်ဘက် ၅၀ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။

Enclava ဟာ တစ်လအတွင်း ဖြစ်တည်လာတဲ့ ဒုတိယမြောက် နိုင်ငံငယ်(Micro Nation) ဖြစ်ကြောင်းကို ထို နိုင်ငံကို ရှာဖွေတွေ့ရှိခဲ့တဲ့ ၀င်ရိုးစွန်းနိုင်ငံများ အဖွဲ့က ကြေညာခဲ့ပါတယ်။

ထိုနိုင်ငံမှာ အင်္ဂလိပ် ၊ ပိုလန် ၊ စလိုဗေးနီးယား ၊ ခရိုအေးရှား နဲ့ မန်ဒါရင် ဘာသာစကား ၅ မျိုးကို အသုံးပြုမှာဖြစ်ပြီး မကြာမီ နှစ်အနည်းငယ်အတွင်း မှာ လူဦးရေ တိုးပွားလာလိမ့်မယ်လို့ တည်ထောင်သူတွေကဆိုပါတယ်။ ထိုနိုင်ငံမှာ

" ဆောင့်ကြောင့်ထိုင် အနေအထားနဲ့ အိမ်သာတက်ခြင်းဟာ အမှန်ကန်ဆုံးနည်းလမ်းဖြစ် "

 
လူသားတွေ မစင်စွန့်တဲ့ အကြောင်းအရာဟာ မပြောသင့်မပြောအပ် တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပေမယ့်လည်း သိပ္ပံ ပညာရှင်တစ်ယောက်က မစင်စွန့်တဲ့ နည်းလမ်းအကြောင်း ပြောပြီး အောင်မြင်မှု ရပြီးတဲ့နောက် လူတိုင်းအတွက်လည်း ပြောစရာ တစ်ခုဖြစ်လာခဲ့ပါပြီ။

ဂျာမနီ နိုင်ငံက အနုဇီဝ ပညာရှင် တစ်ယောက်ဖြစ်တဲ့ Giulia Enders ဆိုသူ အခိုင်အမာ ပြောပြခဲ့တာ ကတော့ အနောက်နိုင်ငံတွေမှာ အိမ်သာတက် ၊ မစင်စွန့်တဲ့အခါ ငုတ်တုတ်ထိုင်ပြီး ပြုလုပ်ခြင်းဟာ မှားယွင်းနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကတော့ အရှေ့တိုင်း အာရှ နိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ငုတ်တုတ်ထိုင် မစင်စွန့်ခြင်း က ဘာကြောင့်မှားယွင်းရသလဲဆိုတာကိုလည်း ဂျာမနီနိုင်ငံ Frankfurt မြို့မှာ အနုဇီဝ ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရဖို့ ကြိုးစားနေတဲ့ မစ္စ Enders က ရှင်းပြထားပါတယ်။

အနောက်နိုင်ငံတွေမှာလို ငုတ်တုတ်ထိုင် အိမ်သာတက်ခြင်းဟာ မစင်စွန့်ခြင်း လုပ်ဆောင်ချက်တွေကို ပိုမို ကြာရှည်စေပါတယ်။ ဒါ့အပြင် လိပ်ခေါင်းရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါ (Diverticulitis) လို အူမကြီးအတွင်းမှာ နာကျင်မှု ကိုခံစားရတဲ့ ရောဂါ တွေဟာ အာရှနိုင်ငံတွေမှာ ထက် အနောက်နိုင်ငံတွေမှာ ဖြစ်ပွားတာ ပိုများပါတယ်။ ဒါဟာ အိမ်သာတက်တဲ့ ပုံစံ အနေအထားကြောင့်ပါ။

"၁.၂ ဘီလီယံ အရေအတွက် ရှိတဲ့ ကမ္ဘာတစ်ဝှမ်းက ဆောင့်ကြောင့်ထိုင် ပြီး အိမ်သာတက်တဲ့သူတွေဟာ ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလေ့သိပ် မရှိ သလို လိပ်ခေါင်းပြသနာ လည်း မရှိကြပါဘူး" လို့ Enders က Guardian

" လူငယ်တဦး မိမိကိုယ် ခြင်္သေ့ စာကြွေးပြီး သတ်သေ "

ချီလီ နိုင်ငံ စံဒေရာဂိုမြို့  တိရိစ္ဆာန်ဥယျာဉ်က ခြင်္သေ့တွေလှောင်ထားတဲ့ နေရာကို အသက် (၂၀)အရွယ် လူငယ် တဦး ဟာ အတားအဆီးတွေကိုဖျက်ဝင် သွားခဲ့ပြီး မိမိကိုယ်မိမိ ခြင်္သေ့စားကြွေးကာ သတ်သေသွားခဲ့ကြောင်း သိရပါတယ်။


အားလပ်ရက်ဖြစ်တာကြောင့် လာရောက်ကြည့်ရူ့ နေကြတဲ့သူတွေရှေ့ မှာတင်
Franco Luis Ferrada Roman ဖရမ်ကို လူးရစ် ဖါရာဒါ ရိုမန် ဆိုသူ လူငယ်ဟာ ယခုလို မိမိကိုယ်

May 26, 2016

" ချစ်သူနဲ့ အတူတူအိပ်ဖို့  စိတ်ကူးရှိနေတဲ့ အပျိုစစ်စစ် မိန်းခလေးများသာဖတ်ရန် " ( 18+ )

 
 ခေါင်းစဉ်ကြည့်ပြီး တမျိုးမထင်နဲ့ အုံး
အအိုဖြစ်သွားတဲ့သူတွေဖတ်ရင် ရင်ထုမနာဖြစ်မှာစိုးလို့ နော်

အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ

တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်

အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူ

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့

ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ။

ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ရင်

နောင်တွင် ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။ အဲကျမှတော့ နောင်တရပါတယ်လို့ သိသွားလည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူနေခဲ့တဲ့

" ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ဝန်ဆောင်သည် အသက်၅ နှစ်ကလေး ငယ် "

lina medina
ဆေးပညာသမိုင်းတစ်လျှောက်မှာ ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ဝန် ဆောင် မိန်းကလေးတစ်ဦးအဖြစ် ပီရူးနိုင်ငံက လီနာမီဒီနာဆိုသူကို မိန်းကလေးကို သတ်မှတ်ထားပါတယ်။ အသက် ၅ နှစ်အရွယ်က တည်းက ကိုယ်ဝန်ကိုလွယ်ထားရပြီး သူမရဲ့လွယ်ထားရတဲ့ သား ယောက်ျားလေး ကိုယ်ဝန်ကို ၇ လနဲ့ ၂၁ ရက်မှာ မွေးဖွားပေးနိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၃၉ ခုနှစ်ဆိုတဲ့ နှစ်ပေါင်းအတော်ကြာ သမိုင်းကြောင်း မှာရှိခဲ့ဖူးတဲ့ ဒီထူးခြားသမိုင်းကြောင်း အဖြစ်အပျက်ထဲမှာ လီနာရဲ့ မိဘဖြစ်သူတွေက သမီးဖြစ်သူရဲ့ ဝမ်းဗိုက်တဖြည်းဖြည်းဖောင်းကား ကြီးထွားလာခဲ့တာကို ဆေးရုံသို့သွားရောက်ပြသစစ်ဆေးစဉ်မှာ သူ တို့ရဲ့သမီးဖြစ်သူက အကြိတ်လုံးတည်နေတာမျိုး မဟုတ်ပဲကိုယ်ဝန် ဆောင်ထားရခြင်းဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အသက်ငါးနှစ်အရွယ်ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်သေးသေးလေး နဲ့ မလိုက်အောင်ကို လွယ်ထားရတဲ့ ဒီကိုယ်ဝန်ကို

" ကမ္ဘာပတ်ပြီး ပိုးကောင်အကိုက်ခံသူ ပိုးကောင်မျိုးပေါင်း ၈၀ ကျော် အကိုက်ခံပြီး ဖြစ် "

အလုပ် လုပ်ရတာ အလွန်ပဲနာကျင်ဖွယ်ကောင်းတယ်ဆိုရင်  ဂျက်စတင်ရှမစ်ဆိုတဲ့ လူကို သတိရလိုက်ပါ။

 ဂျက်စတင်ဟာ ပိုးမွှားဗေဒပညာရှင်ဖြစ်ပြီး Hymenoptera လို့ခေါ်တဲ့ ပိုးမွှားအုပ်စုကို အထူးပြုလေ့လာသူဖြစ်ပါတယ်။ ဒီပိုးမွှားအုပ်စုမှာ နကျယ်ကောင်၊ ပုရွက်ဆိတ်၊ ပျားနဲ့ မျိုးတူ သတ္တဝါတွေ ပါဝင်ပါတယ်။ သူဟာ ကမ္ဘာတစ်ဝန်း ကိုလှည့်လည် လေ့လာပြီး ဒီလိုပိုးကောင်တွေရဲ့ အကိုက်ကို ခံခဲ့ရာမှာ ပိုးကောင်မျိုးပေါင်း ၈၃ မျိုး ရှိပြီလို့ သိရပါတယ်။

ပိုးကောင်တွေရဲ့ တုပ်အား၊ ကိုက်အားကို တစ်ကနေ လေး အထိ အဆင့်ခွဲခြားထားပါတယ်။ အဆိုးဆုံးက အဆင့်လေးဖြစ်ပြီး  tarantula hawk လို့ ခေါ်တဲ့ ပင့်ကူနကျယ်ကောင်မျိုးဖြစ်ပါတယ်။ ကိုက်လိုက်ရင် မျက်လုံးတွေက ဘာမှမမြင်ရတော့ဘဲ

" လမ်းမခွဲဖို့ ချစ်သူကို ခြေထောက်ဖက်ပြီး တောင်းပန်ရသူ "

 
ချစ်သူနှစ်ဦး လမ်းခွဲရတဲ့ ကိစ္စဟာ ဘယ်တော့မှ လွယ်ကူတယ်ဆိုတာ မရှိပါဘူး။ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ သူ့ရဲ့ချစ်သူကို ခက်ခက်ခဲခဲ  လမ်းခွဲခဲ့ရတဲ့ ဗီဒီယိုသက်သေတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ယွမ်စုပြည်နယ်က ဟွေ့အန်းမြို့ရဲ့လမ်းထက်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ အမျိုးသမီးငယ်တစ်ဦးက သူ့ရဲ့ချစ်သူလို့ ယူဆရသူ ကောင်လေးကို လမ်းခွဲဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားငယ်ဘက်က ကောင်မလေးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံခဲ့ပဲ ငြင်းဆန်ခဲ့ပါတယ်။

ကောင်မလေးက ထွက်သွားဖို့ ကြိုးစားရာမှာ ကောင်လေးက ကောင်မလေး ခြေထောက်ကို လိုက်ဖက်ထားခဲ့တာဖြစ်ပါတယ်။ လူများတဲ့ လမ်းမလယ်ခေါင်မှာ ကောင်လေးရဲ့ အပြုအမူကြောင့် နှစ်ဦးသား လူရယ်စရာ ဖြစ်ခဲ့ရပါတယ်။

" ငါ့ကို ထားမသွားပါနဲ့" လို့ ကောင်လေးက ပြောပြီး ကောင်မလေးရဲ့ ခြေထောက်ကို ဆွဲထားတာပါ။ ကောင်မလေးကတော့

" လယ်ငါးခူ သရက်သီးအစပ်ဆီပြန်"

ဒီတစ်ပတ်ပိတ်ရက်လေးမှာ ငါးဟင်းလေးရှူးရှဲအစပ်လေးချက်ပြီး ထမင်းစားမြိန်စေဖို့အတွက် ဖော်ပြပေးလိုက်ပါ တယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။လယ်ငါးခူများကို ခေါင်းဖြုတ်ဗိုက်ဖောက်၍မွှန်းကာ ရေစင်အောင် ဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်တို့နှင့် နယ်ထားပါ။

၂။သရက်သီးစိမ်းကို အခွံနွှာ၍ ခြစ်ပြီးအရည်ညှစ်ချပါ။

၃။ငရုတ်ပွခြောက်ကို ရေစိမ်အစေ့ထုတ်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့နှင့်ရောကာ ညက်အောင်ထောင်းပါ။

၎။ဒယ်အိုးထဲတွင် ဆီထည့်၍ ပူလာလျှင် ထောင်းထားသောအနှစ်များ နှင့် ပုစွန်ငါးပိကိုထည့်ကာဆီသတ်ပါ။

၅။အနှစ်များကြွပ်၍ မွှေးလာလျှင် လယ်ငါးခူများကိုထည့်ကာလုံးပါ။

၆။ထို့နောက် သရက်သီးခြစ်နှင့် ဓားပြားရိုက်ထားသော ငရုတ်သီးစိမ်း ထည့်မွှေပေးပါ။

၇။ငါးအသားနူးစေရန် ရေနွေးနည်းနည်းစီထည့်၍ တည်ပြီးစိတ်ကြိုက် အရသာဖြစ်လျှင် နံနံပင်အုပ်၍ မီးပိတ် ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

" ထိတ်လန့်သည်းဖို ရုပ်ရှင်ကြည့်ပြီး ကြောက်လန့်နေတဲ့ ကြောင်ကလေး "

 
အွန်လိုင်း အသစ်ထွက်ရှိပြီး ခေတ်စားနေတဲ့ ဗီဒီယိုကတော့ ကြောင်လေးတစ်ကောင် ဂန္တ၀င်ထိတ်လန့်သည်းဖိုရုပ်ရှင် Psycho ကို ကြည့်ပြီး ကြောက်ရွံ့နေတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ရိုက်ကူးမှတ်တမ်းတင်ထားသူကတော့ Andrew Parrish ဆိုသူဖြစ်ပြီး သူ့ရဲ့ ၉ လသားအရွယ် Tabby-Bengal စပ်ဖွားမျိုးဖြစ်တဲ့ Topegi ဆိုတဲ့ ကြောင်လေးက တီဗီရှေ့ကမခွာတမ်း ရုပ်ရှင်ထိုင်ကြည့်ပြီး ထိတ်လန့်နေပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Topegi ဟာ ရုပ်ရှင်နောက်ခံတီးလုံးအတိုင်း စိတ်လှုပ်ရှားထိတ်လန့်နေပြီး မျက်လုံးပြူးကာ ရှေ့တိုးနောက်ဆုတ်နဲ့

May 25, 2016

" ထိုင်းအမျိုးသားတဦး အိမ်သာတက်စဉ် လိင်အင်္ဂါ စပါးအုံးမြွေကိုက်ခံရ " ( သတိထားးးးးးးး ကြပါဗျို့ )

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့ဘက် Chachoengsao ခရိုင်က အသက် ၃၈ နှစ်အရွယ် Atthaporn ဆိုသူဟာ ဒီကနေ့မနက် သူ့အိမ်က ဆောင့်ကြောင့်ထိုင် အိမ်သာမှာတက်နေတုန်း သူ့ရဲ့လိင်အင်္ဂါကို အိမ်သာခွက်ထဲမှာ ရှိနေတဲ့ စပါးအုံးမြွေရဲ့ ကိုက်ခြင်းကို ခံလိုက်ရပါတယ်။
.

စပါးအုံးမြွေက လိင်အင်္ဂါ အဆုံပတ်လည်ကို ကိုက်ခဲတာ သိလိုက်ရတဲ့ အချိန် သူ့ရဲ့ အမျိုးသမီးဖြစ်သူကို အော်ဟစ်အကူအညီတောင်းကာ ကြိုးတချောင်းယူလာဖို့မှာလိုက်ပြီး ၄ မီတာလောက်ရှည်လျားတဲ့ မြွေကြီးနဲ့ အခန်းထဲမှာ လုံးထွေးသတ်ပုတ်ရင်း မြွေရဲ့ခေါင်းကို ကြိုးနဲ့ချည်ပြီး အခန်းတခါးနဲ့တွဲချည်ခဲ့တယ်လို့ ဆိုပါတယ်။
.

အဲဒီနောက် သွေးထွက်လွန်ပြီး မေ့လဲသွားတဲ့ Atthaporn ကို နီးစပ်ရာဆေးရုံကိုပို့ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေကတော့ ဆောင့်ကြောင့်ထိုင်အိမ်သာမှာ တကောင်လုံးနီးပါးတစ်နေတဲ့ စပါးအုံးမြွေကြီးကို ရှင်းထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
.

အာဏာပိုင်တွေကတော့ ဒီမြွေဟာ ရေပိုက်လိုင်းကတဆင့် အိမ်သာထဲဝင်လာတာ ဖြစ်နိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပြီး

" ရွှေမည်းတွင်းတွေရဲ့ နေဝင်ချိန် "

ရေနံလုပ်သားများကို မတ်လ နောက်ဆုံးပတ်က တွေ့ရစဉ်။ နေအောင်/ မြန်မာတိုင်း(မ်)
မကွေးမြို့ကနေ ၁၈ မိုင်အကွာမှာရှိတဲ့မင်းလှ မြို့အနောက်ဘက်ဒေသက တောင်ကမူတွေရဲ့
ကျောကုန်းပေါ်မှာအစိမ်းရောင်မိုးကာစတွေနဲ့ ကာထားတဲ့ ရွက်ဖျင်တဲတွေ၊ သစ်သား မျောတိုင်တွေကို 
သုံးချောင်းဆိုင်ထားတဲ့ ရေနံတူးစင်တွေ၊ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ရေနံစိမ်းခပ်ကျဲကျဲ တချို့တွေကို
နေရာအနှံ့ တွေ့ရမှာပါ။

ဒါက မင်းလှမြို့နယ်အတွင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းတွေက ရေနံထွက်ရှိမှု လျော့ကျလာပြီး
ရေနံဈေးကျဆင်းမှုကြောင့် ရေနံအပေါ်မှီခိုနေရတဲ့ ဒေသခံတွေရဲ့စီးပွားရေး ကျဆင်းလာတာကို
ညွှန်ပြနေပါတယ်။

ဧရာဝတီမြစ်ဟာ မကွေးတိုင်းမှာ မြောက်ကနေ တောင်ဘက်ကိုဖြတ်သန်းစီးဆင်းနေပြီး ဧရာဝတီမြစ်နဲ့
အနောက်ရိုးမတောင်တန်း တွေကြားက တောင်ကြောတောင်တန်းတွေ တစ်လျှောက်မှာ ရေနံ၊
ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်ရှိနေပါတယ်။

မင်းလှမြို့နယ်အတွင်းမှာ ရေနံလက်ယက် တွင်းတူးဖော်တဲ့လုပ်ငန်းကို လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်
၂ဝဝ၄ ခုနှစ်လောက်က စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး စတင်တူးဖော်ခဲ့စဉ်ကစပြီး ၂ဝ၁၅ ခုနှစ်
နှစ်ဆန်းပိုင်းအထိ တစ်နေ့ကို ရေနံစိမ်းပီပါ အလုံးရေ နှစ်ထောင်ကျော် ထွက်ရှိခဲ့ပါတယ်။

လက်ရှိအခြေနေမှာတော့ မင်းလှမြို့နယ်အတွင်းက ရေနံမှော်တွေမှာ တစ်ရက်ကိုပီပါ တစ်ထောင်ခန့်သာ
ထွက်ရှိပြီး ရေနံထွက်ရှိမှုနှုန်း ကျဆင်းလာတယ်လို့ ရေနံလုပ်ငန်းရှင်တွေကဆိုပါတယ်။

ရေနံပေါများစွာ ထွက်ရှိချိန်ကာလတွေမှာ မင်းလှဒေသခံတွေဟာ 'တစ်နေ့ရွှေ တစ်နေ့ငွေ'လို့
ဆိုရလောက်အောင် စီးပွားရေး စံနှုန်းတွေမြင့်တက်လာခဲ့ပြီး ရေနံထွက်တဲ့ ရွာတွေမှာ အိမ်တိုင်းနီးပါး
ကားစီးနိုင်တယ်လို့ ရေနံမကျေးရွာကကိုနိုင်ကပြောပါတယ်။

ရေနံအထွက်နှုန်းကျဆင်းလာတာနဲ့ ရေနံဈေး ကျဆင်းလာမှုတွေကြောင့် ရေနံ လက်ယက်တွင်းတွေအပေါ်
မှီခိုနေကြရတဲ့ မင်းလှမြို့နယ်အတွင်းက လယ်မဲ့ယာမဲ့ ဒေသခံတချို့ဟာ ဖေဖော်ဝါရီလဆန်းပိုင်းက
စတင်ကျင်းပခဲ့တဲ့ မင်းဘူးမြို့နယ်အတွင်းက မန်းရွှေစက်တော်ရာ ဘုရားပွဲတော်မှာ ကြုံရာကျပန်း အလုပ်တွေ
လုပ်ကိုင်ခဲ့ကြရပါတယ်။

''အရင်ကတော့ ရွာမှာရေနံအလုပ်က ကောင်းတော့ အလုပ်ကပေါတယ်။ အခုရေနံ လုပ်တဲ့သူက
ရှားသွားတော့ မန်းရွှေစက်တော်မှာ သွားလုပ်ခဲ့ရတယ်။ ရွာမှာလိုတော့ ငွေကြေးပေါပေါသီသီ

" တစ်ဈေးတည်းပဲ ... "

 
အမျိုးသမီးတစ်ဦးဟာ အကောင်းစားဟိုတယ်တစ်ခုမှာ သွားတည်းပြီး သူ့ရဲ့ မွေးနေ့ကို
ကုန်ဆုံးစေပါတယ်။

နောက်တစ်နေ့မှာ ဟိုတယ်ကနေပြန်ဖို့ ငွေရှင်းတဲ့အခါ အခန်းခက ဒေါ်လာ ၂၅၀ တောင်
ဖြစ်နေပါတယ်။

ဈေးအရမ်းများနေတာမို့ အမျိုးသမီးဟာ ဟိုတယ်ဝန်ထမ်းနဲ့ အငြင်းအခုံဖြစ် စကားများနေတဲ့ အချိန်မှာပဲ
ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ဟိုတယ်မန်နေဂျာ ရောက်လာပါတော့တယ်။

မန်နေဂျာ - "ကျွန်တော်တို့ ဟိုတယ်မှာ ဧည့်သည်အတွက် ပေးထားတဲ့ ၀န်ဆောင်မှုတွေ
အများကြီးပဲလေ .. အစ်မကြီးရယ်။ Spa ၊ ရေကူးကန်၊ အားကစားခန်းမတွေကို အခမဲ့
အသုံးပြုလို့ရပါတယ်။ အဲဒီအတွက် ၀န်ဆောင်ခတွေကို အခန်းခထဲမှာ ထည့်ပေါင်းထားပြီးသားပါ"

အမျိုးသမီး - "ဒါပေမဲ့ ကျွန်မ အဲဒါတွေကို တစ်ခုမှ မသုံးဘူးလေ။ ဒီတော့ ဘာကြောင့်
ပိုက်ဆံပေးရမှာလဲ"

မန်နေဂျာ - "ဒါကတော့ အစ်မကြီး အမှားပဲလေ။ သုံးသုံး မသုံးသုံး ပေးရမှာပါခင်ဗျာ"

မန်နေဂျာစကားအဆုံးမှာ အမျိုးသမီးက ဒေါ်လာ ၅၀ တန် ချက်လက်မှတ်တစ်စောင်ကို

" ကူးတို့ခ " (သရဲတစ္ဆေကဏ္ဍ)

 
"ဟဲ့သေနာကောင် ဘအေး"
အကြော်သည် ဒေါ်ခင်လှက သားဖြစ်သူ ဘအေးကို လှမ်းအော်လိုက်သံ ...

"အမေကလည်း အမေရာ ... အမေ့ပိုက်ဆံကို သားမသုံးလို့ ဘယ်သူသုံးမှာလည်း"

"ဟဲ့သေနာကောင်လေး .. ငါ့ပိုက်ဆံတွေပြန်ထားခဲ့"

"မထားဖူး အမေရာ ယူမှာပဲ"

ဘအေးက အကြော်ရောင်းရငွေထဲက ငွေငါးရာယူသွားပြီး အရက်ဆိုင်ကိုထွက်သွားရာ ဒေါ်ခင်လှက ..

"အေး အေး ငါ့နဖူးက ခြေမအထိချွေးပေါက်ပေါက်ကျအောင် ရှာထားတဲ့ပိုက်ဆံကို အနိုင်ကျင့်ပြီး အရက်သောက်ဖို့ ယူသွားတဲ့အကောင် အန်ဖတ်ဆို့ပြီး သေပါစေတော် အဲ့ဒီပိုက်ဆံက နင့်အတွက် ကူးတို့ခပဲ"

"ကူးတို့ခဆိုလည်း နေ့တိုင်းကူတို့ခလာတောင်းမယ်"

"တယ်လေ သေနာကောင် ဘအေး" ..

ပြောပြောဆိုဆို ဒေါ်ခင်လှက ဘအေးကို ထင်းချောင်းနဲ့ပစ်ပေါက်ရာ .. ဘအေးမှာလည်း အရက်ဆိုင် တစ်ချိုးထဲပြေးလေသည် .. သည်မြင်ကွင်းမှာ နေ့တိုင်းမြင်နေကြ မြင်ကွင်းလေးတစ်ခု ..

ရေပြာချောင်းကလေး နံဘေးက ဒေါ်ခင်လှရဲ့အကြော်တဲလေး .. အကြော်သည် ဒေါ်ခင်လှနဲ့ သူ့သားအရက်သမားဘအေးကို

" လူမြင်ကွင်းမှာ တပည့် ကျောင်းသူကို အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့ တရုတ်ကျောင်းဆရာတစ်ဦး "

တရုတ်နိုင်ငံအထက်တန်းကျောင်း တစ်ခုကနေထွက်လာတဲ့ ဓာတ်ပုံ တစ်ပုံက ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေကို ရှော့ခ်ရသွားစေခဲ့ပါတယ်။

 အဲ့ဒါက ဘာလဲဆိုတော့ ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူအများအပြား ရှိနေရက်လူမြင်ကွင်းထဲမှာ ကိုယ်လုံးတီး ချွတ် အထူးပြုဘာသာရပ် ကျောင်းဆရာတစ်ဦးက တပည့်ကျောင်း သူမိန်းကလေး ငယ်တစ်ဦးကို လိင်အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ကျောင်းခန်းပေါက်ဝရဲ့ နံရံဘက်ကိုနောက်တွန့် ရုန်းကန်ရင်း အော်ဟစ် အကူအညီတောင်းနေတဲ့  ကျောင်းသူမိန်းကလေးကို အဆိုပါ ကျောင်းဆရာက အတင်းချုပ်ကာ ပြုကျင့်စော်ကားဖို့ ကြိုးစားနေတဲ့ ဒီမြင်ကွင်းကို

" အလကားနေရင်းဖုန်းဘေလ် ဖိုးရှာကြမယ် with OK$..." (Ko Pauk)


Ok$ အကောင့်ဖွင့် နည်း
=============

မင်္ဂလာပါ Ok$ မှကြိုဆိုပါတယ်

ဟုတ်ကဲ့ ယခုတလော လူသုံးများနေတဲ့ Ok $ ဖွင့်နည်းလေးပါ သူကဘာတွေသုံးလို့ရသလဲဆိုတော့ { ဘတ်စ်ကားများစီးနိုင်ခြင်း၊ရထားများစီးနိုင်ခြင်း၊Super Marketများတွင်သုံးနိုင်ခြင်း၊
ကားလတ်မှတ်ဖျတ်နိုင်ခြင်း ၊ဖုန်းဘေလ်ထည့်နိုင်ခြင်း၊ရေခွန် မီးခွန်ဆိုသည့် အခွန်ဆောင်နိုင်ခြင်း၊Ok$ အချင်းချင်းငွေလွှဲနိုင်ခြင်း၊ဂိတ်ကြေးများ၊ပါကင်ကြေးများ၊သဘောင်္များ၊Taxi ခများ၊
ဟိုတယ်ခများ၊ဈေးဆိုင်များ၊စက်သုံးဆီဆိုင်များ အစရှိသည့် ငွေလွှဲ ငွေသုံး ၀န်ဆောင်မူများအားလုံး အသုံးပြုနိုင်ပါတယ်ခင်ဗျ

အောက်တွင်ဖွင့်ပုံ ဖွင့်နည်း ပြထားပါတယ်ခင်ဗျ...
ကြိုက်တဲ့ ဖုန်းနံပါတ်တွေနဲ့ register လုပ်လို့ရပါတယ်
MPT . Telenor . Ooredoo ကိုယ့်သုံးတဲ့ကဒ်နဲ့ လုပ်လို့ရပါတယ်ဗျာ။
ဒီနေ့နဲ့ပါ ဆိုရင် ဘေလ် 5000 ရနေပြီ
ဘေလ်တကယ်ထုပ်လို့ရပါတယ်ဗျာ

OK dollar application ကို download ဆွဲရပါတယ်..
appရယူရန်ကြိုက်ရာလင့်ကနေဒေါင်းနိုင်ပါတယ်

appဒေါင်းပြီးရင်အကောင့်ဖွင့်ရပါမယ်(အကောင့်ဖွင့်နည်းကိုအောက်မှာပုံနှင့်တကွပြထားပါတယ်)
‪#‎အကောင့်ဖွင့်နည်းပြောပြပါမယ်‬

May 24, 2016

" Tandoori ကြက်သား တုတ်ထိုးကင် "

 Tandoori_Chicken_Skewer4
မြောက်ပိုင်းအိန္ဒိယစတိုင် နံမည်ကြီးတဲ့ Tandoori ကြက်သားကို တုတ်ထိုးပြီ ကင်ထားတဲ့ ကင်နည်း တမျိုးပါ။ အသားကို နူးအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ကြက်ကင်တွင် ပါဝင်ပစ္စည်းများ
  • ကြက်သား ရင်ဗုံသား – ၈၀၀ ဂရမ်
  • Tandoori မဆလာမှုန့် – စားပွဲတင်ဇွန်း ၈ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

  • ဒိန်ချဉ် – ၁ခွက်
  • ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
  • နံနံပင် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ကြက်သွန်နီ – ၂လုံး (အ၀ိုင်းလှီထားပါ) (ပြင်ဆင်ရန်)
  • သံပရာသီး – ၂လုံး (၈စိပ်စပ်ထားပါ) (ပြင်ဆင်ရန်)
Tandoori မဆလာမှုန့် ပါဝင်ပစ္စည်းများ
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • အနီရောင်စိုးဆေး (red food coloring) – လက်ဖက်ရည်ဇွန်း ၁ဇွန်း (optional)

ကြက်ကင်နည်း
၁။ ခွက်တစ်ခုထဲတွင် tandoori မဆလာမှုန့်တွင် ပါဝင်သော (မာဆလာ၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံစေ့မှုန့်၊ ဆနွင်း၊

" ပုံပျက်သွားတဲ့ ရိုးသားမှု "


တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကိုအလွန်မြတ်နိုးသည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည်တစ်ဦးက အပြေးသန်သောထိုမြင်းကို မျက်စိကျခဲ့သည်။

တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှစည်းစိမ်နှင့်လဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှမလဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုးအကြံထုတ်လေတော့သည်။

တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာလမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင်ရှင်ကတွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသောသူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ… ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေသည်။
မြင်းပိုင်ရှင်က “ ကောင်းပြီလေ… မြင်းကို ခင်ဗျားပိုင်သွားပါပြီ… ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ” “ မြင်းကို ကျွန်တော်ပိုင်ပြီပဲ…

" ချစ်သူအတွက် ယောင်္ကျားလေး တစ်ယောက်ရဲ့ ပေးဆပ်ခြင်း "


 ယောင်္ကျားလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ၊ အနေအထိုင်တွေ ပြောင်းလဲသွားနိုင်တယ်နော်။

ဘာတွေ ပြောင်းလဲသွားမလဲဆိုတာကို ယောင်္ကျားလေးတစ်ယောက်ရဲ့ ခံစားချက်အတိုင်း တင်ပြလိုက်ပါတယ်။

★ သန့်သန့်ရှင်းရှင်းနေတတ်လာပြီ
အရင်တုန်းကတော့ ဖြစ်သလိုနေ၊ ယောင်္ကျားလေး သူငယ်ချင်း တသိုက်နဲ့ သွားလာ ပျော်ပါးနေတော့ ဘာပဲဝတ်ဝတ် ဘယ်လိုပဲနေနေ၊ အဆင်ပြေခဲ့တယ်။ အခုတော့ သူ့အတွက် အလေးထားပြီး အင်္ကျီဆိုရင်လည်း သပ်သပ်ရပ်ရပ်၊ အများလေးစားအောင် နေထိုင်တတ်လာမှာပါ။

★ သူရဲ့အပြုအမူလေးတွေကို အမြဲအကဲခတ်နေမိတယ်
သူက ကိုယ့်ကို ပြုံးပြနေတာလား၊ ရယ်ပြနေတာလား၊ သူကိုယ့်ရဲ့လက်မောင်းကို ကိုင်လိုက်တာလား၊ ကိုယ့်ရှေ့မှာ ဆံပင်လေးကို သပ်လိုက်တာလား။ အားလုံးကို ကြည့်နေမိတယ်။ ဒီအထဲမှာ သူက ပြုံးပြလိုက်တယ်ဆိုရင်တော့ တနေ့လုံး ပျော်နေမိတယ်။

★ Facebook ကနေ မဆင်းတော့ပါ
သူနဲ့ ပထမဆုံးအကြိမ်တွေ့ချိန်မှာ သူ့အကြောင်းက ခေါင်းထဲကိုက မထွက်တဲ့အတွက် အိမ်ပြန်ရောက်တော့ ချက်ချင်း သူ့ရဲ့ Facebook Account လေးကို ပြေးကြည့်မိတယ်။ပထမဆုံးအရေးကြီးဆုံးအချက်ကတော့ Relationship က ဘာဖြစ်နေလဲဆိုတာပေါ့နော်။ သူ့ရဲ့ဓါတ်ပုံ၊ သူကြိုက်တဲ့ စာအုပ်လေးတွေ၊ သူကြိုက်တတ်တဲ့ ဆိုင်လေးတွေကို မှတ်ထားမိတယ်။သူရဲ့ Post လေးတွေကို Like လုပ်ထားတဲ့ အခြားကောင်လေးတွေကော ရှိလားဆိုတာကြည့်မိပြီး သဝန်တိုနေတတ်ပြီ။ Chat Box ကနေ Message လေးတွေပို့လိုက်တဲ့အခါ သူ့ဆိုက စာလေးတွေကို စောင့်နေမိမှာပါ။

★ သူငယ်ချင်းတွေကို ခဏမေ့လိုက်ပြီ
သူငယ်ချင်းတွေနဲ့ အရင်ကဆိုရင် Game ကစားနေရင် အမေကခေါ်ခေါ်၊ ဘယ်သူကဖုန်းပဲဆက်ဆက် မကိုင်ပါ။ အခုတော့ သူဖုန်းမြည်လာရင်တော့ Game လည်း ခဏမေ့ထားလိုက်ပြီ။

★ Facebook ပေါ်သီချင်းတွေတင်ပြီ
သူ့ကို ချစ်တယ်ဆိုတာ တိုက်ရိုက်မပြောရဲသေးသောအချိန်မှာအချစ်သီချင်းတွေကို Facebook ပေါ်ကို ခဏခဏ တင်နေမိတယ်။ သူက Like လုပ်ပြီဆိုရင် သူရဲ့အဖြေလားဆိုပြီး ရင်တွေခုန်နေမိတယ်။

★ သွားမယ် ၊စားမယ်၊ ကျွေးမယ်
သူနဲ့အတူတူ လျှောက်လည်ရတာကိုက နတ်ပြည်ရောက်နေသလို စိတ်ထဲမှာ ကြည်နှုးနေမိတယ်။ သူဘာစားချင်သလဲ၊ ဘာလိုချင်သလဲဆိုတာကို တတ်နိုင်သလောက် ဖြည့်စီးပေးမယ်ဆိုပြီး ရှိတာလေးတွေ အကုန်သုံး၊ ကုန်ပြီ။

★ သူလုပ်သမျှ လိုက်လုပ်မှာပဲ
သူဘာပဲလုပ်လုပ် လိုက်လုပ်မယ်။ သူက Gym သွားမယ်ဆိုရင်လည်း လိုက်မှာပါ။ ဘယ်သွားသွား သူ့ရဲ့ Body

“ သရဲတစ်ကောင်၏ အရှုံး " ( ပာာသ )

 
တခါက လူနှစ်ယောက်ရှိတယ်။ တယောက်က မျက်စိမမြင်တဲ့သူ။

ဒါပေမယ့် ဉာဏ်တော့ရှိတယ်။ သူ့ နာမည်က ဖိုးဉာဏ်

တဲ့၊ နောက်တယောက်တော့ ဗလကောင်းကောင်းနဲ့ လူပဲ။ ဆိုးတာက

သူကဉာဏ်တော့မရှိဘူး။ အဲ့ သူသိတာတခုတော့ ရှိတယ်အဲ့ဒါ

ဖိုးဉာဏ်ကို ဆရာတင်ရမယ် ဆိုတာပဲ။

သူ့ နာမည် ဗလတဲ့။ သူတို့က အတွဲတော့ညီသား။

ဗလ က ဖိုးဉာဏ် ကို ကုန်းပိုးပြီးသွားတတ်သလို ဖိုးဉာဏ်တော့

ဗလ ပြောတာနားထောင်ပြီး ဆုံးဖြတ်ပေးတတ်တယ်။

ဘယ်လောက်တောင် လဲဆိုတော့ တခါက သူတို ညပိုင်းကြီးပြန်လာတာ

ဗလ က …

“ဟေ့ကောင် ဖိုးဉာဏ်ငါတို့ဆီကို

ခပ်လင်းလင်းဟာကြီးနှစ်ခု ပြေးဝင်လာတယ်”

ဖိုးဉာဏ် ကစဉ်းစားပြီး

“ဘယ်လိုဟာလဲ ဟ”

“ခပ်လင်းလင်းနဲ့ အသံတွေလဲ ထွက်နေတယ် နှာမူတ်သံကြီးနဲ့

" အသက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ တွဲသင့်တဲ့ အကြောင်းပြချက်တချို့ "

 
လူမှုအသိုင်းအ၀ိုင်းမှာ အများစုလက်ခံထားတာက ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ထက် အသက်ပိုကြီးမှ လိုက်ဖက်တယ်လို့ပေါ့။ အသက်လေးဆယ် အရွယ်လောက်ရှိတဲ့ အမျိုးသားတစ်ယောက်က သူ့အသက် ထက်ဝက်လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲတာ ၊ ယူတာကို လက်ခံပေးတတ်ကြပေမယ့် အမျိုးသားတွေ အတွက်မှာတော့ သူ့ထက်တစ်နှစ်လောက်ပိုကြီးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲရင်တောင် အနည်းငယ် ထူးဆန်းချင်ကြပါတယ်။

ဒါကြောင့် အသက်ကြီးတဲ့ အမျိုးသမီးတွေကိုမှ date လုပ်ချင်သူများအတွက် ဆင်ခြေကောင်းကောင်း ပေးစရာ အချက်အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

(၁) အချင်းချင်းကြားတွင် ပုဂ္ဂိုလ်ရေးစည်းရှိခြင်း

ပတ်သက်မှုမရှိခင်ရော ရှိပြီးနောက်မှာပါ သင့်အတွက်ရော သူမအတွက်ပါ ကိုယ်ရေးကိုယ်တာ ကိစ္စတွေဟာ ဘယ်လောက် အရေးကြီးမှန်း သူမသိပါတယ်။ သူမအနားမှာ အချိန်ပြည့်ရှိနေဖို့ မတောင်းဆိုသလို သင့်ရဲ့ ကိုယ်ပိုင်ကိစ္စတွေကိုလည်း လေးစားတတ်ပါတယ်။ ခပ်ချွဲချွဲ ကောင်မလေးတွေလိုတော့ သင့်အနားမှာ ကော်လိုလိုက်ကပ်နေမှာ မဟုတ်ပါဘူး။

(၂) ပိုပြီး ပြတ်သားခြင်း

ဆက်ဆံရေးတစ်လျှောက် ဘာဆုံးဖြတ်စရာပဲ ရှိရှိ သင့်ကိုချည်း လွှဲချပြီး သင့်ဆီက အရာအားလုံး မျှော်လင့်နေသူ မိန်းကလေးမျိုးကိုတော့ သင်လိုချင်မှာ မဟုတ်ပါဘူး။ ထက်မြတ် ပြတ်သားတဲ့ မိန်းမတစ်ယောက်အနေနဲ့ သူမဘယ်သူဆိုတာနဲ့ သူမလိုချင်တာ ဘာဆိုတာကို သေချာသိပါတယ်။ ဒီလို မိန်းမသားမျိုးဟာ သင်တို့ချစ်ခရီးလမ်းမှာ အပိုအလုပ်တွေကို ဖြတ်တောက်ပစ်မှာဖြစ်ပြီး လိုရင်းကိုသာ တိုက်ရိုက်သွားပါလိမ့်မယ်။

(၃) ပညာဥာဏ်ပြည့်ဝသူ ဖြစ်နိုင်ခြင်း

သင့်အနေနဲ့ သင့်အမျိုးသမီးဆီက သင်ခန်းစာတွေ ပြန်သင်ယူတာမျိုး မလုပ်ချင်မှာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီလို

" Online ပေါ်မှ အရောင်းသွက် ပစ္စည်းများ "

ဒီတစ်ပတ်တော့ Online ပေါ်မှာ အရောင်းသွက်လာတဲ့ ပစ္စည်းအချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်..
-
ဆေးလိပ်ဖြတ်စက်+ဆေးလိပ်ဖြတ်ဆေးလိပ်
သင်ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီလား?
သင့်စိတ်သာ ခိုင်ပါစေ သင်ဆေးလိပ်ပြတ်ဖို့
အသုံးဝင်ဆုံး ပစ္စည်းကောင်းလေးများ ရှိနေပါပြီ

>>> ဆေးလိပ်ဖြတ် နားကပ် - 9500/-



- ZeroSmoke ဗူးထဲတွင် ရွှေရောင်သံလိုက်တုံးလေး အကြီးတစ်ခု အသေးတစ်ခု ပါရှိပြီး အသုံးပြုနည်းစာအုပ်ကို နိုင်ငံတကာသုံး ဘာသာစကားပေါင်းများစွာဖြင့် ရေးသား ထားပေးပါသည်။ ၎င်းသံလိုက်တုံးအသေးကို ဘယ်ဘက် နား၏ အတွင်းဘက်၌၎င်း အကြီးကို နား၏အပြင်ဘက်၌၎င်း ကပ်လိုက်ပါ။ သံလိုက်၂ခု၏ ဆွဲအားကြောင့် အလိုအလျောက် ကပ်သွားပါလိမ့်မည်။

- မနက် အချိန်၂နာရီခန့်၊ ညနေ အချိန်၂နာရီခန့်
နေ့စဉ်မပြတ် အချိန်မှန်ကပ်ထားရုံဖြင့် ၂ပတ်ခန့်အကြာ တွင် သိသိသာသာ ဆေးလိပ်သောက်ချင်စိတ်လျော့ပါး လာပြီး

May 23, 2016

" တစ်ဦးနဲ့တစ်ဦး တကယ်မေတ္တာအစစ်နဲ့ ချစ်ကြပြီဆိုရင် "

 
တစ်ဦးနဲ့တစ်ဦး
တကယ်မေတ္တာအစစ်နဲ
ချစ်ကြပြီဆိုရင် မကြာခဏ ရန်ဖြစ်ပါလိမ့်မယ်..
စိတ်မညစ်ပါနဲ့ ရန်ဖြစ်ပြီးလျှင် ပြန်ချစ်တတ်ပါတယ်။

မကြာခဏ မျက်ရည်ကျပါလိမ့်မယ်။
သင့်ကို ချစ်လို့ ကျတဲ့မျက်ရည်တွေကို
လက်ဖမိုးနဲ့အသာသုပ်ပေးလိုက်ပါ။

လွှတ်ခနဲ အမှတ်မထင်ပြောမိတဲ့ စကားတစ်ခွန်းက
သူ့အတွက် နာကျင်စေမိတယ်ဆိုရင်
သင် နှစ်သိမ့်ပေးပါ။ သင့်စကားတိုင်းကို အလေးထားပြီး
ဂရုစိုက်တတ်တဲ့ချစ်သူတစ်ယောက်အတွက်။

မကြာခဏ ငြင်းခုန်နေမိပြီဆိုလျှင်
သင့်ဘက်က အလျော့ပေးပြီး
စိတ်အေးစွာထား၍ ပြန်ရှင်းပြပါ။
သင့်ချစ်သူက သင့်အား အနိုင်ယူလို၍
ဆိုးနွဲ့ချင်၍သာ ငြင်းခုန်ခြင်းဖြစ်ပါတယ်.။

ချစ်သူက သင့်အား သ၀န်တို၍
တိုပဲတိုနိုင်လွန်းတယ်ဆို၍ စိတ်တွင်မမှတ်ပါနှင့်..
သင့်အား အရမ်းချစ်၍ ဆုံးရှုံးရမည်အား
စိုးရိမ်သောကြောင့်ဖြစ်ပါတယ်..

ရန်ဖြစ်ခြင်း၊ မျက်ရည်တွေ၊ နာကျင်မှုတွေ၊
ငြင်းခုံမှုတွေ ၊ မနာလိုမှုတွေ နှစ်ယောက်အတူ
ရင်ဆိုင်နိုင်ပြီဆိုလျှင်တော့ ဘာပြဿနာပဲရှိရှိ
သင်တို့ အချစ်ခိုင်မြဲပါလိမ့်မည်။
 
 

" အရမ်းကောင်းတဲ့ ပညာပေးလေးမို့ မိန်းကလေးတိုင်း ကို ဖတ်စေချင်တယ် "

 မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူး (having sex) တဲ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။
စိတ်ဝင်စားစရာကောင်းတာနဲ့ ကောင်လေးက ချက်ချင်းသဘောတူလိုက်တယ်။

ကောင်မလေးရဲ့ချစ်စရာ အပြုအမူလေးတစ်ခုမို့လည်း ကြည့်ကြည့်ဖြူဖြူပေးခဲ့တာပေါ့။
လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲဖြစ်မှာပါဆိုပြီး ကောင်လေးက မှတ်ချက်ပြုထားတာပေါ့။

အဲ့လိုပဲ . .သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်းအဲ့ဒီအလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။
တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေအရမ်းမူးပြီးပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည်အံ့သြသွားတယ်။
တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူးထူးခြားနေတာပေါ့။
အိမ်ထဲရောက်ပြီးခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကိုဖွင့်ပြောပြလိုက်တယ်။
.
" ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ်

" ကိုယ်အရမ်း ကြိုက်နှစ်သက်တဲ့ ဂျင်းဘောင်းဘီတွေ ကျပ်နေတဲ့အခါ ပြန်ချောင်အောင် ဒီလိုလုပ်နိုင် "

မိမိနှစ်သက်သဘောကျတဲ့ ဂျင်းဘောင်းဘီတွေ အချိန်ကြာလာနဲ့အမျှ ပိုပိုကျပ်လာတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ပထမတော့ အဝတ်ခြောက်ခံစက်မှ ဆွဲထုတ်ထုတ်ချင်းမှာ ကျပ်ရုံသာရှိပြီး နောက်တော့ တစ်ချိန်လုံး တင်းကျပ်သွားတာမျိုးပါ။

အဲဒီလိုမျိုးဖြစ်တဲ့အခါ ခြေထောက်တွေ ဆန့်ထုတ်ပြီး ထမင်းစား၊ ဆောင့်ကြောင့်ထိုင်ပြီး ခုန်ဆွခုန်ဆွလုပ် စသဖြင့် သင့်မှာလည်း ပုံမှန်လုပ်နေကျ ချောင်လာအောင် ဆွဲဆန့်နည်းတွေရှိပါတယ်။ ဒီနည်းက အတော်အတန် ချောင်ချိစေတတ်ပါတယ်။ ဒါပေမယ့် ဒါတွေထက် ပိုမိုမြန်ဆန်ထိရောက်တဲ့ နည်းလမ်းရော ရှိသေးပါသလား။
 ဂျင်းဘောင်းဘီ လျော့ရိလျော့ရဲ ဖြစ်သွားစေတဲ့ နည်းလမ်း (၃) ရှိပါတယ်။

ဂျင်းဘောင်းဘီကို ရေနွေးနွေးလေး ဖျန်းပြီး ကြမ်းပြင်မှာ ခင်းလိုက်ပါ။ ခြေထောက်နဲ့ တစ်ဖက်တစ်ချက်စီနင်းပြီး ဂျင်းဘောင်းဘီကို ရေစိုနေတုန်း လက်နဲ့ ဆွဲဆန့်ပါ။ အမှန်တော့ ဒီနည်းက ခန္ဓာကိုယ်ပေါ် ဝတ်ဆင်လျက် လုပ်ရန် မဟုတ်ပါဘူး။ ဂျင်းဘောင်းဘီကို ဝတ်ဆင်နေတုန်းမှာထက် ကြမ်းပြင်ပေါ်ချခင်းလျက် ရေဖျန်းပြီး လုပ်တာ

" ဘာသာစကားပေါင်းများစွာကို အချိန်နဲ့ တပြေးညီ ဘာသာပြန်ဆိုပေးမယ့် နားတပ်ဘာသာပြန်ကိရိယာ "

 
နိုင်ငံခြားဘာသာ စကားတစ်ခုခုကို ကြားလိုက်ချိန်မှာ ကိုယ့်ဘက်က စကားပြော ဆက်ဆံဖို့ ကြိုးစားရာကနေ ကသိကအောက် ဖြစ်ရတဲ့ အခြေအနေတွေ ကျွန်ုပ်တို့ ကြုံဖူးကြပါတယ်။ တခါတလေ ပျော်စရာကောင်းပြီး တခါတလေ အရှက်ရစေတာလည်း ရှိပါတယ်။  ဒါပေမယ့် ခုပြောပြပေးမယ့် ဘာသာကိရိယာအသစ်တစ်မျိုးရဲ့ ကျေးဇူးကြောင့် ဘာသာခြားစကား ခက်ခက်ခဲခဲကြိုးစားပြောဆိုတဲ့ နေ့ရက်တွေ မကြာမီ နိဂုံးချုပ်သွားတော့မှာပါ။
ယင်း ကိရိယာကို The Pilot စနစ်လို့ ခေါ်ဆိုပြီး ဒီအလွန်ထူးခြားပြောင်မြောက်တဲ့ အိုင်ဒီယာနောက်ကွယ်မှာ ရှိနေတာက Waverly Labs ကုမ္ပဏီဖြစ်ပါတယ်။ ဒီစက်ကိရိယာကို စက်တင်ဘာလအတွင်း စတင်ရောင်းချချိန်မှာ ယင်း system မှ အချိန်နဲ့ တပြေးညီ ဘာသာချက်တွေကနေတဆင့် ဝယ်ယူသုံစွဲသူတွေကို ဘာသာစကားတချို့ကို နားလည်နိုင်စေမှာ ဖြစ်ပါတယ်။
အလွယ်တကူသယ်ဆောင်နိုင်တဲ့ app က မိမိလိုချင်တဲ့ ဘာသာစကားကို မိမိလိုရာ ခလုတ်နှိပ်ပြီး ရွေးချယ်စေနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်စရာထဲမှာ ပြင်သစ်၊ စပိန်၊ အီတလီနဲ့ အင်္ဂလိပ်ဘာသာစကားတွေ ပါဝင်ပါတယ်။ ၁၂၉ ဒေါ်လာဖြင့် လက်လီရောင်းချမှာဖြစ်ပြီး ကြိုတင် မှာထားနိုင်ပါတယ်။ နောက် အင်္ဂလိပ်ဘာသာနဲ့လည်း

" အဆိုတင်မကပဲ အတီးပါ ၀ါသနာပါတဲ့ Myanmar Idol ရဲ့ Winner ဆုရှင် စောလားထော်ဝါး နှင့်တွေ့ဆုံခြင်း "

 
 မြန်မာနိုင်ငံမှာ Voting စနစ်ပေးပြီး ပထမဆုံးပြုလုပ်ကျင်းပခဲ့တဲ့ Myanmar Idol ပွဲမှာ ပထမဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိသူကတော့ စောလားထော်ဝါးပဲဖြစ်ပါတယ်။ ပြိုင်ပွဲစဉ်တစ်လျှောက်မှာ သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ သူကြိုးစားရုန်းကန်ရပုံတွေကို သူ့ကို မေးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာဆိုရင် စောလားထော်ဝါးဟာ နယ်ရှိုးတွေထွက်ဖြစ်နေပြီး Myanmar Idol က ဆန်ကာတင် ၁၁ ဦးနဲ့အတူ အုပ်စုလိုက် အခွေစီစဉ်နေသလို တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကိုလဲ ထွက်ရှိနိုင်အောင်ကြိုးစားနေသူတစ်ယောက်ပါ။

-Myanmar Idol မှာ ဆုရပြီးတော့ လက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
အခုကျွန်တော် မဂ္ဂဇင်းတွေ ရိုက်ဖြစ်တယ်။ နောက်ပြီး Myanmar Idol ပြိုင်ပွဲဝင် ၁၁ ယောက်လုံးပေါင်းပြီး Media Company ကလုပ်ပေးတဲ့ အုပ်စုလိုက် အခွေထွက်ဖို့ရှိတယ်။ နောက်ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ခွေလုပ်ဖို့ရှိပါတယ်။

-တစ်ကိုယ်တော်အခွေအတွက် ဘယ်လိုမျိုးပြင်ဆင်နေတာလဲ။
သီချင်းအားလုံးကိုတော့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။ အချိန်ကတော့ နည်းနည်းပေးရမယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်၊ ပရိသတ်လဲကျေနပ်အောင်တော့ အကောင်းဆုံးကြိုးစားနေပါတယ်။

-ဘယ်လိုသီချင်းအမျိုးအစားတွေပါမလဲ။
ကျွန်တော်အားသန်တာကတော့ Slow တို့ Slow Rock တို့အားသန်တယ်။ နောက် Rock တွေလဲကျွန်တော်ကြိုက်တယ်။ အတတ်နိုင်ဆုံး Rock တော့ ထည့်ချင်တယ်။ မြူးဆစ်ပုံစံမျိုးစုံကို ထည့်ချင်တယ်။ ဒါပေမဲ့ကျွန်တော်က pop နဲ့ slow rock ကိုပိုပြီးအားသန်ပါတယ်။

-ပထမဆုံး မြန်မာနိုင်ငံမှာပြုလုပ်တဲ့ Myanmar Idol မှာ ပထမဆုကိုရရှိတဲ့ စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။
ကျွန်တော်တစ်ခါမှ မမှန်းရဲဘူး။ မျှော်လဲမမျှော်လင့်ထားဘူး။ မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ပွဲမှာ ပထမဆုကိုရတာကတာ့ ဒါဟာ ပရိသတ်တွေရဲ့ကျေးဇူးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ ပရိသတ်ကိုလဲအများကြီးကျေးဇူးတင်ပါတယ်။ အရမ်းလဲဝမ်းသာပါတယ် ။ ကျွန်တော်ဝမ်းသာသလိုပရိသတ်တွေလဲဝမ်းသာမယ်လို့ထင်ပါတယ်။

-ဒီပွဲမှာ အဆင့်ဆင့်ပြိုင်ခဲ့ရတယ်။ ကိုယ်နဲ့အတူတူဝင်ပြိုင်ရတဲ့ သူငယ်ချင်းတွေကို ကျော်လွှားပြီး Winner ဆုကိုရရှိပိုင်ဆိုင်ခဲ့တဲ့အတွက်အစ်ကို့ရင်ထဲကပီတိလေးကိုလဲသိချင်ပါတယ်။
သူငယ်ချင်းတွေအကုန်လုံးကတကယ်တော်လို့ကောင်းလို့အခုလိုအခြေအနေထိရောက်လာတာပါ။ ပြိုင်ပွဲသဘောအရ အပြိုင်အဆိုင်ကြိုးစားပြီးဆုယူရတာဆိုပေမဲ့ ကိုယ်လဲသူတို့ဆီက အတုယူရတာမျိုးတွေရှိတယ်။ စကားပြောတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ သီချင်းဆိုတဲ့ အချိန်မှာပဲဖြစ်ဖြစ် သူတို့ကို လိုက်လေ့လာတယ်။ သီချင်းအပေါ် ဘယ်လိုသဘောထားတယ်။ ဘယ်လိုဆိုတယ်ဆိုတာတွေကိုလေ့လာဖြစ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်

" တစ်နေ့တာလုံး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်နေရသူတွေ သိထားရမယ့် အချက်များ "

သင်ဟာ အလုပ်မှာ တစ်နေ့လုံးနီးပါး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်ရသူဆိုရင်တော့ သင့်မျက်လုံးအတွက် ဂရုစိုက်ပေးရမယ့် အချက်လေးတွေ ရှိလာပါပြီ။ ဒီအချက်ကလေးတွေကို ဂရုမပြုပဲ ကွန်ပျူတာရှေ့ မနားမနေ အလုပ်လုပ်နေမယ်ဆိုရင်တော့ မျက်လုံးအားနည်းလာမှာဖြစ်ပြီး၊ မျက်ရည်ပူကျတာမျိုး၊ ခေါင်းကိုက်တာမျိုး စတဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားလာရမှာ အသေအချာပါပဲ။ ဒီတော့ ခုပြောပြပေးမယ့် အချက်ကလေးတွေကို သေချာလိုက်နာ လုပ်ဆောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။မျက်လုံးကို မကြာခဏ မှိတ်ပေးပါ။
အလုပ်လုပ်နေချိန်အတွင်း တစ်နေ့ကို အနည်းဆုံး ခြောက်ကြိမ်လောက် မျက်လုံးမှိတ်ပေးသင့်ပါတယ်။ တစ်ခါမှိတ်ရင် ၁၀ စက္ကန့်လောက်ကြာအောင် မှိတ်ပေးထားလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက မျက်သားခြောက်သွေ့ခြင်းကနေ ကင်းဝေစေပါလိမ့်မယ်။ 
၂။မျက်စဉ်းခတ်ဆေး အသုံးပြုပေးပါ။
ကွန်ပျူတာ စကရင်ကို အာရုံစိုက်နေတဲ့အခါ မျက်တောင်ခတ်နှုန်းဟာ အရင်ကထက် အကြိမ်အရေအတွက် လျော့နည်းသွားပါတယ်။ ဒါဟာ မျက်လုံးရဲ့အပေါ်အလွှာကို ခြောက်သွေ့စေတာပါပဲ။ ဒီတော့ မျက်စဉ်းမကြာခဏခတ်ပေးခြင်းက သင့်ကို ခုလို ပြသနာကနေ ကင်းဝေးစေပါလိမ့်မယ်။
၃။ထိုင်ခုံမှာ ပုံစံကျစွာ သေချာထိုင်ပြီး ကိုယ်အလုပ်လုပ်တဲ့နေရာက အလင်းရောင်သေချာရရဲ့လား သတိပြုပါ။
သင်ဟာ ကွန်ပျူတာနားကို အတင်းကပ်ပြီး ကြည့်တတ်တဲ့သူဆိုရင် သင့်မျက်လုံးဟာ အာရုံစိုက်တဲ့အခါ ပြသနာဖြစ်စေပါတယ်။ ဒီတော့ အလုပ်လုပ်နေချိန် ကိုယ်နေဟန်ထားကလည်း အရေးကြီးပြန်ပါတယ်။ ဒါ့အပြင် ကိုယ်အလုပ်လုပ်တဲ့ အခန်းက အရမ်းလင်းလွန်းအားကြီးနေရင်လည်း သင့်မျက်လုံးအတွက် မကောင်းပါဘူး။ ဒီတော့
Subscribe

လာလည်သူများ

free counters