♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 26, 2016

" ကမ္ဘာပတ်ပြီး ပိုးကောင်အကိုက်ခံသူ ပိုးကောင်မျိုးပေါင်း ၈၀ ကျော် အကိုက်ခံပြီး ဖြစ် "

အလုပ် လုပ်ရတာ အလွန်ပဲနာကျင်ဖွယ်ကောင်းတယ်ဆိုရင်  ဂျက်စတင်ရှမစ်ဆိုတဲ့ လူကို သတိရလိုက်ပါ။

 ဂျက်စတင်ဟာ ပိုးမွှားဗေဒပညာရှင်ဖြစ်ပြီး Hymenoptera လို့ခေါ်တဲ့ ပိုးမွှားအုပ်စုကို အထူးပြုလေ့လာသူဖြစ်ပါတယ်။ ဒီပိုးမွှားအုပ်စုမှာ နကျယ်ကောင်၊ ပုရွက်ဆိတ်၊ ပျားနဲ့ မျိုးတူ သတ္တဝါတွေ ပါဝင်ပါတယ်။ သူဟာ ကမ္ဘာတစ်ဝန်း ကိုလှည့်လည် လေ့လာပြီး ဒီလိုပိုးကောင်တွေရဲ့ အကိုက်ကို ခံခဲ့ရာမှာ ပိုးကောင်မျိုးပေါင်း ၈၃ မျိုး ရှိပြီလို့ သိရပါတယ်။

ပိုးကောင်တွေရဲ့ တုပ်အား၊ ကိုက်အားကို တစ်ကနေ လေး အထိ အဆင့်ခွဲခြားထားပါတယ်။ အဆိုးဆုံးက အဆင့်လေးဖြစ်ပြီး  tarantula hawk လို့ ခေါ်တဲ့ ပင့်ကူနကျယ်ကောင်မျိုးဖြစ်ပါတယ်။ ကိုက်လိုက်ရင် မျက်လုံးတွေက ဘာမှမမြင်ရတော့ဘဲ
ဓာတ်လိုက်သလိုပဲလို့ ဆိုပါတယ်။ တောင်အမေရိကတိုက် မျိုးရင်းဖြစ်တဲ့ မီးတောက် ပုရွက်ဆိတ်မျိုးကတော့ အဆင့် တစ်လောက်ပဲရှိပြီး ရုတ်တရက်စူးသွားတာမျိုး လို့ ဆိုပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters