♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 25, 2016

" လူမြင်ကွင်းမှာ တပည့် ကျောင်းသူကို အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့ တရုတ်ကျောင်းဆရာတစ်ဦး "

တရုတ်နိုင်ငံအထက်တန်းကျောင်း တစ်ခုကနေထွက်လာတဲ့ ဓာတ်ပုံ တစ်ပုံက ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေကို ရှော့ခ်ရသွားစေခဲ့ပါတယ်။

 အဲ့ဒါက ဘာလဲဆိုတော့ ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူအများအပြား ရှိနေရက်လူမြင်ကွင်းထဲမှာ ကိုယ်လုံးတီး ချွတ် အထူးပြုဘာသာရပ် ကျောင်းဆရာတစ်ဦးက တပည့်ကျောင်း သူမိန်းကလေး ငယ်တစ်ဦးကို လိင်အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ကျောင်းခန်းပေါက်ဝရဲ့ နံရံဘက်ကိုနောက်တွန့် ရုန်းကန်ရင်း အော်ဟစ် အကူအညီတောင်းနေတဲ့  ကျောင်းသူမိန်းကလေးကို အဆိုပါ ကျောင်းဆရာက အတင်းချုပ်ကာ ပြုကျင့်စော်ကားဖို့ ကြိုးစားနေတဲ့ ဒီမြင်ကွင်းကို အခြားကျောင်းသူ၊ ကျောင်းသားတွေကလည်း ထိတ် လန့်အံ့သြပြီး မှင်သေသေ ကြည့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

မျိုးရိုးအမည် ဟူလို့အမည်ရတဲ့ အသက် ၃၀ နှစ်အရွယ် အဆိုပါ ကျောင်းဆရာက အရင်က တိုင်ပင်းအလယ်တန်းကျောင်း ဓာတ်ခွဲ ဌာနခန်းမှာ အကြီးအကဲတစ်ဦးအနေနဲ့ လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ သိရပြီး ယင်းအခြေအနေမှာ ဟူက အခန်းအတွင်းမှ ကိုယ်လုံး တီးချွတ်နဲ့ထွက်လာပြီး ကျောင်းသူမိန်းကလေးကို အခွင့်အရေးယူ ကာ အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ထိတ်လန့် အံ့သြစရာနဲ့ စိတ်ပျက်စရာအခြေအနေကို ကျောင်းဆရာနဲ့ ကျောင်းလုံခြုံရေး ဝန်ထမ်းတွေက ဟူကိုဝိုင်းဝန် တားဆီး ထိန်းချုပ်ခဲ့ကြပြီး လက်ရှိမှာ အာဏာပိုင်တွေလက်ထဲ အပ်ခဲ့ကြတယ်လို့ သိရပြီး သူ့အနေနဲ့ စိတ်ရောဂါဖောက်ပြန်မှုတစ် ခုကို ခံစားနေရတယ်လို့လည်း ပြောဆိုထားကြပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters