♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 25, 2016

" ထိုင်းအမျိုးသားတဦး အိမ်သာတက်စဉ် လိင်အင်္ဂါ စပါးအုံးမြွေကိုက်ခံရ " ( သတိထားးးးးးးး ကြပါဗျို့ )

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့ဘက် Chachoengsao ခရိုင်က အသက် ၃၈ နှစ်အရွယ် Atthaporn ဆိုသူဟာ ဒီကနေ့မနက် သူ့အိမ်က ဆောင့်ကြောင့်ထိုင် အိမ်သာမှာတက်နေတုန်း သူ့ရဲ့လိင်အင်္ဂါကို အိမ်သာခွက်ထဲမှာ ရှိနေတဲ့ စပါးအုံးမြွေရဲ့ ကိုက်ခြင်းကို ခံလိုက်ရပါတယ်။
.

စပါးအုံးမြွေက လိင်အင်္ဂါ အဆုံပတ်လည်ကို ကိုက်ခဲတာ သိလိုက်ရတဲ့ အချိန် သူ့ရဲ့ အမျိုးသမီးဖြစ်သူကို အော်ဟစ်အကူအညီတောင်းကာ ကြိုးတချောင်းယူလာဖို့မှာလိုက်ပြီး ၄ မီတာလောက်ရှည်လျားတဲ့ မြွေကြီးနဲ့ အခန်းထဲမှာ လုံးထွေးသတ်ပုတ်ရင်း မြွေရဲ့ခေါင်းကို ကြိုးနဲ့ချည်ပြီး အခန်းတခါးနဲ့တွဲချည်ခဲ့တယ်လို့ ဆိုပါတယ်။
.

အဲဒီနောက် သွေးထွက်လွန်ပြီး မေ့လဲသွားတဲ့ Atthaporn ကို နီးစပ်ရာဆေးရုံကိုပို့ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေကတော့ ဆောင့်ကြောင့်ထိုင်အိမ်သာမှာ တကောင်လုံးနီးပါးတစ်နေတဲ့ စပါးအုံးမြွေကြီးကို ရှင်းထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
.

အာဏာပိုင်တွေကတော့ ဒီမြွေဟာ ရေပိုက်လိုင်းကတဆင့် အိမ်သာထဲဝင်လာတာ ဖြစ်နိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပြီး
သဘာဝတောထဲကို ပြန်လွှတ်ဖို့ အစီအစဉ်ရှိတယ်လို့ဆိုကြပါတယ်။
.

Atthaporn ရဲ့အခြေအနေကတော့ စိုးရိမ်စရာမရှိတော့ပါဘူးလို့ ဆရာဝန်တွေက ထုတ်ပြန်ထားပါတယ်။ သူ့ရဲ့လိင်အင်္ဂါကိုလည်း မပျက်စီးအောင် ကုသပေးနိုင်ဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။
.

ဓာတ်ပုံ – khaosodenglish.com
Credit: irrawaddy news

Credit: http://www.searchmyanmar.com/link/comment/cid/58314/domain/myanmarlatestnews.com

No comments:

Subscribe

လာလည်သူများ

free counters