♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 26, 2016

" လယ်ငါးခူ သရက်သီးအစပ်ဆီပြန်"

ဒီတစ်ပတ်ပိတ်ရက်လေးမှာ ငါးဟင်းလေးရှူးရှဲအစပ်လေးချက်ပြီး ထမင်းစားမြိန်စေဖို့အတွက် ဖော်ပြပေးလိုက်ပါ တယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။လယ်ငါးခူများကို ခေါင်းဖြုတ်ဗိုက်ဖောက်၍မွှန်းကာ ရေစင်အောင် ဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်တို့နှင့် နယ်ထားပါ။

၂။သရက်သီးစိမ်းကို အခွံနွှာ၍ ခြစ်ပြီးအရည်ညှစ်ချပါ။

၃။ငရုတ်ပွခြောက်ကို ရေစိမ်အစေ့ထုတ်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့နှင့်ရောကာ ညက်အောင်ထောင်းပါ။

၎။ဒယ်အိုးထဲတွင် ဆီထည့်၍ ပူလာလျှင် ထောင်းထားသောအနှစ်များ နှင့် ပုစွန်ငါးပိကိုထည့်ကာဆီသတ်ပါ။

၅။အနှစ်များကြွပ်၍ မွှေးလာလျှင် လယ်ငါးခူများကိုထည့်ကာလုံးပါ။

၆။ထို့နောက် သရက်သီးခြစ်နှင့် ဓားပြားရိုက်ထားသော ငရုတ်သီးစိမ်း ထည့်မွှေပေးပါ။

၇။ငါးအသားနူးစေရန် ရေနွေးနည်းနည်းစီထည့်၍ တည်ပြီးစိတ်ကြိုက် အရသာဖြစ်လျှင် နံနံပင်အုပ်၍ မီးပိတ် ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

လယ်ငါးခူ(၃၀)ကျပ်သား

သရက်သီးစိမ်း(၁)လုံး

ပုစွန်ငါးပိလက်ဖက်ရည်ဇွန်း (၁)ဇွန်း

ငရုတ်သီးစိမ်း(၁၅)တောင့်

ငရုတ်ပွခြောက်(၄)တောင့်

ကြက်သွန်နီ(၃)လုံး

ကြက်သွန်ဖြူ(၄)မြွှာ

နံနံပင်အနည်းငယ်

ဆီစားပွဲတင်ဇွန်း (၇)ဇွန်း

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်


Credit - 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

Credit : http://www.searchmyanmar.com/link/comment/cid/58333/domain/7daydaily.com

No comments:

Subscribe

လာလည်သူများ

free counters