♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 28, 2016

" မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ စကားအတဲ့လေးများ "

 
-လာမခေါ်နဲ့ !
အဲဒါခေါ်ခိုင်းတာ
မခေါ်ပဲနေကြည့် သေအောင်စိတ်ဆိုးတယ်😐
-အေးးးရတယ်လေ!
အဲတာ မရဘူးးး ကြည့်နေ ငါပြဿနာရှာပြမယ် အဲ့လို 😐
-ပြီးတာပဲ!
အဲ့ဒါ မပြီးဘူး မကျေနပ်လို့ပြောတာ
ခဏနေ သူပြန်ရွဲ့တော့မှာ 😐
-ဘာတစ်ခွန်းမှလာမပြောနဲ့ !
အဲ့တာကောက်သွားတာ
အမြှုပ်ထွက်အောင် သွားရှင်းပြ
ပြောနိုင်မှတော်ကာကျမှာ 😐
-ကြိုက်တာသာလုပ်!
ဘာမှသွားမလုပ်နဲ့  အဲ့တာသူ ပြဿနာရှာဖို့အဆင်သင့်ပဲဆိုတဲ့သဘော😐
-ငါ့ကို အဖက်လာမလုပ်နဲ့ !
ပစ်ထားတာများသွားပီ
သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော
အနီရောင်အဆင့် Shockရှိတယ်😐
-နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး!
အဲ့ဒါ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက်ကြည့်နေတာ
တစ်ချက်မမှားနဲ့ ရစ်ပလိုက်လို့နားကားသွားမယ်
-နင့်သဘောနဲ့နင် !
အဲ့တာသူ့ဆီအရင်ခွင့်တောင်းခိုင်းတာ
ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $?&?@?အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး အစစ်ဆေးလာခံခိုင်းတာ😐
-ကောင်းပီလေ!
မကောင်းဘူး တော်တော်မကောင်းတာ
ပြဿနာစဖို့ အစပျိုးတာ😐
-အော်....အဲ့လိုလားးး!
သွားပီ အဲ့တာရွဲ့ပြီ စောင်းပီ
ဘုဂလန့် လုပ်ပီ စိတ်ဒုက္ခပေးပီ😐
-ကြည့်မရဘူး!
အမှန်ကကြည့်မဝတာ😐
-နင့်ရုပ်လဲမမြင်ချင်ဘူး!
အဲ့လိုပြောရင် သွားတွေ့ လိုက်😐
-နင့်အသံလဲမကြားချင်ဘူး!
ဖုန်းလေးတော့ ဆက်လိုက် သူချည်းဒိုင်ခံပြောလိမ့်မယ်😐
-မုန်းတယ် သလား!
ချစ်လို့ပြောတာ 😐
အဲ့လိုလေးတွေရှိတယ် မောင်တို့ရဲ့
အရွဲ့ကိုအတည်မှတ်မနေနဲ့....
တချို့တွေများ မခေါ်နဲ့လို့ပြောတာနဲ့ မခေါ်တော့ဘူးလေ။
Credit ~ လူမှုဘဝ

Credit : ပြောချင်လွန်းလို့

No comments:

Subscribe

လာလည်သူများ

free counters