U S B အကြောင်း သိကောင်းစရာ
ကွန်ပျူတာတွေ၊ ဖုန်းတွေမှာ ပါဝင်တဲ့ USB ပေါက်တွေ အကြောင်းကို သိပါသလား?
USB ရဲ့ အရှည်ကတော့ Universal Serial Bus ဖြစ်ပြီး အခုလက်ရှိ ကမ္ဘာတစ်ဝှမ်းက နည်းပညာသုံးပစ္စည်းတွေ အားလုံးနီးပါးမှာ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။ ဒီ USB တွေရဲ့ အသုံးဝင်မှုကို တော်တော်များများ သိထားပြီးဖြစ်ပေမယ့် USB နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုရှိပါသေးတယ်။
ဒီအချက်ကတော့ USB နည်းပညာကို တီထွင်ခဲ့သူဖြစ်တဲ့ Ajay Bhatt ဟာ သူ့ရဲ့တီထွင်ဖန်တီးမှုနဲ့ ပတ်သက်ပြီး ဘာအကျိုးအမြတ်မှ မခံစားခဲ့ရဘူးဆိုတာပါပဲ။ Ajay Bhatt ဟာ Intel ကုမ္ပဏီရဲ့ စစ်စတမ်းနည်းပညာရှင်ခေါင်းဆောင်ဖြစ်ပြီး USB နည်းပညာကို ဦးဆောင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီလောက် အသုံးတွင်ကျယ်နေတဲ့ USB နည်းပညာကို တီထွင်ခဲ့သူ Ajay Bhatt အနေနဲ့ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်တဲ့အထိ အခွင့်အရေးရှိပေမယ့် မရခဲ့ပါဘူး။ တကယ်တော့ USB နည်းပညာပေါ်က အကျိုးအမြတ်ကို Ajay Bhatt မှ မဟုတ်ပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်မှ မခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းပညာကို မူပိုင်ခွင့် ပိုင်ဆိုင်ထားတဲ့ Intel ကုမ္ပဏီက USB နည်းပညာကို ဘယ်သူမဆိုအခမဲ့ အသုံးပြုခွင့်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။
USB နည်းပညာကို တီထွင်ခဲ့သူ Ajay Bhatt ကလည်း သူ့အနေနဲ့ ဒီနည်းပညာကို ငွေကြေးအတွက် တီထွင်ခဲ့တာ မဟုတ်ကြောင်း၊ အပြောင်းအလဲတစ်ခု ဖြစ်ဖို့ ဖန်တီးခဲ့တာဖြစ်ကြောင်း ပြောကြားထားပါတယ်။ အခုဆိုရင် USB နည်းပညာဟာ ပစ္စည်းတော်တော်များများကို ချိတ်ဆက်ရာမှာ မရှိမဖြစ်နည်းပညာတစ်ခု ဖြစ်လာနေပါပြီ။
နည်းပညာသုံးပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ တစ်ခုတည်းသောပစ္စည်းဆိုတဲ့ Bhatt ရဲ့ စိတ်ကူးက တကယ်ကိုကောင်းပေမယ့် နာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple နဲ့ Microsoft တို့ကို တင်ပြချိန်က သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ Intel ကုမ္ပဏီကသာ Bhatt ရဲ့စိတ်ကူးကို လက်ခံပြီး အကောင်အထည်ဖော်ဖို့







