♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 19, 2016

" အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အချက် (၁၂) ချက် "

 

၁။ စက္ကန့် ၉၀ တိုင်းမှာ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်လွယ်ထားလျုက် သို့မဟုတ် သားဖွားရင်းနဲ့ သေဆုံးနေရပါတယ်။

၂။ အမျိုးသားတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို စကားလုံး ၇၀၀၀ လောက်သာ ပြောကြပါတယ်။ အမျိုးသမီးတွေကတော့ ပျမ်းမျှအားဖြင့် တစ်နေ့ကို စကားလုံး ၂၀၀၀၀ လောက် ပြောနေကြပါတယ်။ ဒါတောင် ပျမ်းမျှတွက်ချက်မှုသာ ရှိပါသေးတယ်။ စကားများများပြောတတ်တဲ့ အမျိုးသမီးတွေသာဆိုရင်တော့ ဒီထက် သုံးဆလောက် ပိုဖွယ်ရှိပါတယ်။

၃။ အမျိုးသမီးတစ်ဦးရဲ့ သက်တမ်းထဲက တစ်နှစ်စာခန့်ဟာ ဘာဝတ်ရမလဲဆိုတာ စဉ်းစားနေရတာနဲ့ အချိန်ကုန်သွားပါသတဲ့။

၎။ ပျမ်းမျှတွက်ချက်မှုအရ အမျိုးသမီးတွေဟာ တစ်နှစ်လျှင် အကြိမ် ၃၀ မှ ၆၄ ကြိမ်ခန့် ငိုကြွေးကြတယ်လို့ ဆိုပါတယ်။

၅။ စကားများများသာပြောပေမယ့် အမျိုးသမီးတွေဟာ အမှန်ကိုပြောလေ့ရှိကြပါတယ်။ အမျိုးသားတွေက တစ်နေ့ကို ၆ ကြိမ်လောက် လိမ်ညာပြောနေချိန်မှာ အမျိုးသမီးတွေရဲ့ အလိမ်အညာစကားဆိုတာ တစ်နေ့မှ ၂ ကြိမ်တည်းပါ။

၆။ နှလုံးရောဂါလက္ခဏာတွေဟာ အမျိုးသမီးနဲ့ အမျိုးသားမှာ ထွက်ပေါ်လာပုံ ကွာခြားပါတယ်။ နှလုံးမအောင့်ဘဲနဲ့ နှလုံးရောဂါဖြစ်နေတတ်ပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်ပေါ်တဲ့ နှလုံးရောဂါလက္ခဏာတွေကတော့ မအီမသာဖြစ်ပြီး ပျို့အန်ချင်တာ၊ အစာမကြေတာနဲ့ လက်မောင်းတွေကိုက်ခဲမှုတွေ ဖြစ်ပါတယ်။ ဒါတွေကြုံနေရရင် ဆရာဝန်ဆီသာ မြန်မြန်သွားလိုက်ပါတော့။

၇။ နှလုံးခုန်နှုန်းမှာဆိုရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမြန်ပါတယ်။

၈။ အမျိုးသမီးတွေရဲ့ သက်တမ်းထဲက ရာသီသွေးစီးဆင်းနေချိန်တွေကို တွက်လိုက်ရင် ၄ နှစ်ကျော် ရှိပါသတဲ့။

၉။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အရသာခံနိုင်ပါတယ်။ လျှာပေါ်မှာရှိတဲ့ ရသာခံအဖုလေးတွေက
ပိုများနေလို့ပါ။

၁၀။ အမျိုးသမီးထုရဲ့ ၂ ရာခိုင်နှုန်းကသာ ကိုယ့်ကိုယ်ကိုယ် လှပကျော့ရှင်းတယ်လို့ လက်ခံကြပါတယ်။ တကယ်တော့ အမျိုးသမီးတိုင်းမှာ ကိုယ်ပိုင်အလှတွေရှိနေကြပြီးသားပါ။ မလှဘူးလို့ မထင်ပါနဲ့။

၁၁။ အမျိုးသမီး ၈၀ ရာခိုင်နှုန်းက ဘရာစီယာကို မှန်မှန်ကန်ကန်မရွေးချယ်ကြပါဘူး။ ဝတ်ဆင်ပုံတွေလည်း မှားယွင်းနေတတ်ပါတယ်။

၁၂။ အိပ်မက်ဆိုးတွေနဲ့ စိတ်ခံစားချက်နဲ့ ဆက်နွယ်နေတဲ့ အိပ်မက်တွေကိုလည်း အမျိုးသမီးတွေက ပိုပြီးမက်ကြပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters