♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 21, 2014

JJ ခရီးသည်တင်ယာဉ် လမ်းချော် တိမ်းမှောက်

ဂျေဂျေ ခရီးသည်တင်ယာဉ် လမ်းချော် တိမ်းမှောက်၍ ခရီးသည်အချို့ ဒဏ်ရာရ

 နေပြည်တော် သြဂုတ် ၂၀

 ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၂၁ အလွန်တွင် ယနေ့မွန်းလွဲပိုင်းက ဂျေဂျေ ခရီးသည်တင်မှန်လုံ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နိုင်ငံခြားသားသုံးဦး အပါအဝင် ခရီးသည် အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ် ပန်းတင် အမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၂၁/ ၁) နှင့် (၂၂၁/၂) အကြားတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း တင်လင်းအောင် (၃၅ နှစ်) မောင်းနှင်လာသည့် ဂျေဂျေ ခရီးသည်တင် မှန်လုံယာဉ်သည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများကို တိုက်ကာ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၉ ဦးအနက် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း၁၇ ဦး ဒဏ်ရာရရှိ (အားလုံး မစိုးရိမ်ရ) ခဲ့သည်။ ဒဏ်ရာ ရရှိသူများထဲတွင် တရုတ်နိုင်ငံသား နှစ်ဦး၊ ဩစတြေးလျ နိုင်ငံသား တစ်ဦး ပါဝင်သည်။

August 19, 2014

"ဥ ဥတဲ့ သဘောင်္သီး"

 “ဥ ဥတဲ့ သင်္ဘောသီး”
ဒီနေ့ ရုံးရောက်တော့ အလုပ်ကလည်းများ…..ခေါင်းစားတဲ့လူကလည်းပေါ….ရာသီဥတုကလည်း ပူလိုက်အေးလိုက်
နှင့်ဆိုတော့..ကိုယ်ခန္ဓာကြီးက ပွလိုက် ကျုံ့လိုက်ဖြစ်နေသရောင်ပါဘဲ….….အလုပ်များပြီး…ဘာလုပ်လို့ ဘာကိုင်ရ
မယ်…ဘယ်က ဘာစလုပ်ရမယ်ဆိုတာကို…ချီတုန်ချတုန်..တုံတုံယင်ယင်ဖြစ်နေတုန်း…...အစ်ကိုဖြစ်သူ ရောသမ
အစ်ကိုကြီးဆီကနေ….whatsapp message တစ်ခုဝင်လာတော့တာဘဲ…......အမလေး လေးလေး!!! ယောင်
ပြီးသွားဖြေမိရင်တော့….အလုပ်ဘဲလုပ်ရမလား……ဒင်းကိုဘဲဖြေနေရမလားးးဘဲ…... သူက တခါတခါ အလိုက်ကို
မသိတတ်ဘူး….မရမက အတင်းချတ်တော့တာဘဲ…..…မက်ဆစ်ဂ်ျဝင်သံတွေကြားရင် မှန်နေဂျောင်ဂြီးဂ…မျက်မှန်
ဂိုင်မဲဂြီးဂို ပင့်ကျော်ကျော်ပြီး လှမ်းလှမ်းကြည့်နေဒတ်တယ်……သတိပေးဒဲ့ သဘောပေါ့….ညည်းကောင်းဂေါင်းနေ.
အလုပ်ဆက်လုပ်ပါ…ဆိုဒဲ့သဘောပေါ့….. ကျမလည်း….မှန်နေဂျောင်ဂြီးဂို ကျေးဇူးတင်ရမလိုဖြစ်နေပြီပေါ့….သူက
ဂျောင်ထဲကနေ မှန်လိုထိုင်ကြည့်နေတတ်တော့…….မှန်နေဂျောင်ကြီးပေါ့…... ဒီနေတော့ မှန်နေဂျောင်ဂြီး မရှိတော့
အစ်ကိုကြီး ကိုပြန်ဖြေလိုက်မိတယ်…….တော်တော်ကြာကြာ မလွတ်တမ်း…..မနားတမ်း သူရွှီးနေတာတွေကို ပြုံးစိ
စိနှင့် ဖတ်ရင်း…..အိမ်ပြန်ဘို့အချိန်တန်တော့…အစ်မဖြစ်သူနှင့် ပေးချတ်ထားပြီး.…ဖိုင်တွေကို သိမ်းလိုက်ရပါတော့
တယ်……
           အိမ်ပြန်ရောက်တော့…အနားယူပြီး…စားစရာတစ်ခုခု ချက်ဖို့ မီးဖိုချောင်ထဲကို ရောက်သွားတယ်….ဗိုက်
ကလည်းစာနေတော့…လက်လှမ်းမှီရာ ဟိုနဲနဲ ဒီနဲနဲ ယူပြီး ပါးစပ်ထဲ ကောက်ထည့်ဝါးရင်းးး သံဇလုံထဲထည့်ထားတဲ့
သင်္ဘောသီး အစိမ်းခပ်ဝဝဂြီးကို တွေ့လိုက်ရပါတယ်…….ဒါနှင့် ဟန်ကျဒါဘဲ…ငါသင်္ဘောသီးသုပ် သုပ်စားဦးမှ ဆိုပြီး
အံဆွဲထဲ ထည့်ထားတဲ့ ဓါးကိုယူပြီး စဉ်းနှီးတုံးပေါ်တင်ထားလိုက်တယ်…..သင်္ဘောသီးဂြီးဂီုမတော့ တော်တော်လေး
လေးဒါဘဲ……မနိုင့်တနိုင်မပြီး သင်္ဘောသီးရဲ့ ဂေါင်းဗိုင်း( အညာရှိဒဲ့ဘက်) ကို ဒါးနှင့် အားယူပြီးဖြတ်လိုက်ပါတယ်..
အဲ့လိုဖြတ်လိုက်တော့…..အတွင်းဘက်က အစေ့တွေ ထွက်မလာဘဲ အခေါင်းလေးဖြစ်နေတယ်..အခေါင်းပေါက်ကို
ချဲ့လိုက်တော့……..အမလေးးးးးလေးလေးးးးး ကျမရဲ့ဦးခေါင်းဟာ အိုးထိန်းဇက်ဂြီး လည်သလို လည်ပတ်သွားတော့
ဒါဘဲ…..အသက်ရှူတာရပ်လုမတတ်ပါဘဲ…ခြေဖျား လက်ဖျားတွေ အေးစက်ကုန်တာပါဘဲ...…ဒီကြားထဲ မျက်ခုံး
တွေလှုပ်ကုန်သလားဘဲ…တော်တော်ကြာကြာမှင်သေသေဖြစ်သွားမိပါတယ်…...သင်္ဘောသီးအစိမ်းဂြီးထဲက ကြက်
ဥအရွယ်လောက်ကြီးဒဲ့ “ဥဂြီး”ဒွေ ကိုတွေ့လိုက်ရပါတော့ဒယ်…..

August 17, 2014

နွားကျောင်းသားနှင့်ညားတဲ့ နွားမပျို

    လူဖြစ်သွားတဲ့ နွားမပျို
အားလုံးဘဲ မင်္ဂလာပါဗျာ။ ကျွန်တော် မောင်စိုး ပုံပြင်လေး တစ်ပုဒ် ရေးသားတင်ဆက်ထားပါတယ်။ ပုံပြင်လေး ဖြစ်လာ
ဘို့အတွက် ဇာတ်အိမ်လေးကို ရောသမ အစ်ကိုကြီးကပေးထားပါတယ်။ မောင်စိုး တစ်ယောက် ဇာတ်အိမ်ထဲက ဇာတ်
လှေကားလေးပေါ်တက်ပြီး ဇာတ်အပေါ်ထပ်ကိုရောက်သွားပါတယ်။ ဇာတ်အပေါ်ထပ်က ဇာတ်အခန်းကြီးထဲဝင်ပြီးတော့
ဇာတ်တံခါးလေးကို ဖွင့်ပါတယ်၊ ပြီးတော့ ဇာတ်ဝရန်ဒါဘက်ထွက်ပြီး ဇာတ်ကလထိုင် ပေါ်အသာလေး ဟန်ပါပါထိုင်ပြီး
ဇာတ်ပရိသတ်ကြီးကို ဇာတ်ကြောင်းလေး တင်ဆက်ပါရစေ……..ဇာတ်အကြောင်း ပဏာမချီရတာကိုက….ဟူးးးးးးးးးး
မောလိုက်တာ ….အဟွတ် အဟွတ်…ဖွတ်…အဟီးဟီဟီး… စောရီးပါ… မတော် လေချော် ချစ်ပရိတ်ဖော်တို့ရေ…….
ဟိုးးးးးးး လွန်လေပြီးသော…..ဟိုးးးးးးး ကုန်လွန်ပြီးသော မနေ့ကပေါ့… ဟိုးးးးးနိုင်ငံဂြီး တစ်နိုင်ငံမှာ တောဂြီး တစ်ဒေါရှိ
ဒယ်ဒဲ့….အဲဒိတောဂြီးဂို တောဂြီး မြက်မဲလို့ ခေါ်ပါသဒဲ့……အဲ့ဒီတောဂြီးရဲ့ အနီးအနားမှာ ဟိုဒင်းရွာဂြီးဆိုတာ ရှိပါသဒဲ့
အဲဒိ ဟိုဒင်းရွာမှာ…..ကိုဟဝှါဆိုတဲ့ နွားကျောင်းသား တစ်ယောက်ရှိသဒဲ့….. သူဂ နွားတွေကို တောနားက ဇဂျက်မြေ
မှာ သွားကျောင်းပါဒယ်ဒဲ့…. သူ့ရဲ့ နွားတွေထဲမှာ… သိပ်လှတဲ့ နွားမဒန်းလေး တစ်ကောင်လည်းရှိသဒဲ့… နွားသိုးဂြီးဒွေဂ
အဲ့ဒိနွားမဒန်းမလေးကို မြင်ပြီး ပါးစပ်မှာ အမြှုပ်တစီစီထအောင် ငန်းငန်းတက်မတ စိတ်ဝင်စားကြပါသဒဲ့….ဒါပေမဲ့ နွားမ
လေးက သူ့အနားဂို နွားသိုးဇော်နံနေတဲ့ ဘယ်နွားဂိုမှ အကပ်မခံဘူးဒဲ့…..သူက သိပ်အသန့်ကြိုက်တာဒဲ့….ဒါကြောင့်သူ့
အမည်ဂို…. “ဖွေးလက်ဖြူစင်” လို့ မည့်ခေါ်သဒဲ့…… အဲ….အင်းးး…အဲဒါနှင့်…. မနေ့က အစာစားဖို့ ဇဂျက်မှာ လွတ်
ထားတဲ့အခါမှာ….ဖွေးလက်က ပြေးထွက်ပြီး တောထဲဝင်သွားသဒဲ့…..နွားကျောင်းသားကိုဟဝှါက…ဖွေးလက်ကိုလှမ်း
ကြည့်နေတယ်ဒဲ့….ပျောက်သွားမှာစိုးလို့ပေါ့……အဲ့ဒါနှင့် ……ရုတ်တရက် မြက်စားနေတဲ့ ဖွေးလက်ဟာ…နွားအသွင်
ကနေ…ရုတ်ချည်း လူ့အသွင်ပြောင်းသွားပါသဒဲ့…ဘာအပင်ကိုစားမိလိုက်တယ် ဆိုဒါမသိလိုက်ပါဘူးဒဲ့..ကိုဟဝှါလည်း
အန်….အင်…..အိုးးးးးးးးးး……အဲ…အဲ……ဟာာာာာ..…ဆိုဖြစ်နေပြီး.သူ့ရဲ့ ပါးစပ်ဂြီးဟာ..အဟောင်းသားဖြစ်ပြီး..ပါး
စပ်ထဲ ဝါးနေတဲ့ ဖရဲသီးစေ့ တစေ့ဟာလည်း မြေဗြင်ဗေါ်ဂို အသံကျယ်လောင်ဇွာနှင့် ကျသွားသဒဲ့…. အဲ့ဒိဖရဲဇေ့ကျသံ
ကိုကြားပြီး…မြက်ဖုတ်ပေါ်မှာ နွားတွေသန့်စင်ခန်းဝင်ပြီး….ချသွားဒဲ့ ဟိုဒင်းအပုံ….မြေသြဇာပုံပေါ်မှာ နားနေတဲ့ ယင်
တစ်အုပ်လည်း..အရေးပေါ် အခြေအနေ ကျေညာပြီး ထွက်ပြေးသွားဂြသဒဲ့… အလုပ်ပိတ်ရက်မှာ တောဇပ်ထိုင်ဗြီး ခွါ
သဲဆိုးဆေး ဆိုးနေတဲ့ ဆင်မဂြီး တစ်ဂေါင်ဟာလည်း…. လန့်ဖြန့်ပြီး အနီးမှာရှိတဲ့ ချုံထဲမှာ ဝင်အောင်းနေပါသဒဲ့...အဲ့ဒါ
နှင့် ဇဂါးဂို ရှေ့ပြန်ဆက်ရရင်ဒေါ့….ဖွေးလက်ဟာ ပေးရက်စရာမရှိအောင် လှပလွန်းသဒဲ့….သူဟာ နျူးဇီလန်က နို့ဇားနွား
မျိုးဖြစ်တဲ့ အတွက် အသားအရည်…ကိုယ်လုံးကိုယ်ဗောက် ကစပြောဇရာမရှိအောင်လှပတဲ့ နွားမဒန်းလေးဆိုဒေါ့…လူ့အ
သွင်ပြောင်းလာတဲ့အခါ…အသားက ပန်းရောင်..ဇဗင်က ညိုမှောင်မှောင်…ခြေဒံက ဖြောင့်ဖြောင့်..လည်ဒိုင်ဂ ကျော့ရှင်း
မျက်လုံးဂ ဝိုင်းကျယ်ကျယ်…အကြည့်ဂ ရွှန်းရွှန်း…..အထိက နုနှောင်း…လက်တံက…သွယ်သွယ်..နှာဒံက ဖြောင့်စင်း..
အသံဂ စွဲနစ်…အရှေ့ကြည့်လည်း..ဖြီးဖြီး…အနောက်ကြည့်လည်းဖြီးဖြီးဂြီး…ဆိုဒေါ့….ကိုဟဝှါ့ခမျာ…နွားဗြာဂြီးအောက်
သွားမရှိသလိုဖြစ်သွားသဒဲ့….သူဘယ်လိုဖြစ်သွားမယ်ဆိုဒါဂို…စာရှုသူ ညီအကို မောင်နှမများ....သိရှိခံဇားနားလည်နိုင်
မယ်လို့ ထင်ပါဒယ်……(Nose box လို့လည်း မထင်လိုက်ပါနှင့်လို့…..အနုပညာမြောက်အောင် ရေးပြရတာပါခင်ဗျာ)..
ဖွေးလက်လည်း တွေးရက်စရာမိရှိအောင်….ပြောင်းလဲသွားခြင်းခံရဒေါ့….တွေးရှက်စရာဖြစ်လာတာနှင့်….အနီးမှာရှိတဲ့
ပိန်းရွက်တွေဂို….အမြန်ချိုးပြီး…ကိုယ်ပတ်လည်မှာ..သီပတ်ထားလိုက်ရတယ်ဒဲ့….
    အဲဒါနှင့်….ကိုယ်ဟဝှါလည်း ….ဖွေးလက်ဆီသွားပြီး..သူ့ခေါင်းမှာပေါင်းထားတဲ့…ပုဆိုးကိုလက်နောက်ပြန်ထားပြီး
ခြုံပေးလိုက်သဒဲ့….သူ့အင်္ကျီကို ချွတ်ပြီး…ဖွေးလက်ကို..ပေးလိုက်သဒဲ့…ဖွေးလက်က..ကျေးဇူးကမ္ဘာ ကိုဟဝှါလို့ ပြော
လိုက်တော့…သြော်…မင်းဂ ဇဂါးလဲ ပြောဒတ်သဂိုး ဆိုပြီး….ခေါင်းတငြိမ်ငြိမ့်နှင့် သဘောကျနေပါသဒဲ့…ဒါနှင့် သူဒို့နှစ်
ယောက်လည်း….ဇဂါးလက်ဆုံကျသွားတယ်ဒဲ့….အိမ်ပြန်ချိန်ရောက်တော့….
ဇာတ်လမ်းကစတာဘဲ…..ဖွေးလက်နေဘို့…အတွက် နွားတင်းဂုပ်မှာ..နေလို့မှ မရတော့ဒါ…သမံတလင်းပေါ် ကောက်
ရိုးခင်းပြီး နွားအိပ်ယာပေါ် စက်တော်ဘယ်လိုခေါ်နိုင့်ပါ့မလည်း…. ဒါကြောင့် ဖွေးလက်က…...ကျွန်မ…နွားတင်းဂုပ်မှာ
နွားဒဂါဒွေနေသလို နေလို့မရတော့ဘူးရှင့်….သေးဇော်က..ဟောင်…ဝမ်းဇော်ဂ…ဆိုး….ခြင်ဂေါင်ကနှက်…ဂျဗိုးကထိုး
အဲသလိုနေရာမျိုးမှာ….မနေရဲဗေါင်တော်ဟု..ပြောသဒဲ့…..အဲ့ဒိဒေါ့ ရှင်ဆီမှာဘဲ..…ကျွန်မဂို..ထားခွင့်ပြုရမယ်လို့ ပြော
ပါသဒဲ့…
အလိုပါဒဲ့…ကိုဟဝှါလည်း..အပျိုကညာရဲ့..ဇဂါးတွေကို..ပီတိသောမနဿပွားဗြီး..ဟုတ်ကဲ့ဗါ..ဟုတ်..ဟုတ်..ဆိုပြီး တ
ဟုတ်ထဲ ဟုတ်နေပါသဒဲ့…..အဲ့လိုနှင့်….တမိုးအောက်မှာအတူနေဂြဗါသဒဲ့…….ဘလူးစည်း…လူ့စည်းခွဲဗြီး...သစ္စာရှိဇွာနေပါသဒဲ့..
အနေကြာဒေါ့လည်း…အဖြေရှာဇရာဒွေဂလည်းများလာတတ်လေတော့…..သံယောဇဉ်ဆိုဒဲ့..ပဟေဠိဂြီးကို..အဖြေထုတ်
ဖို့ နှစ်ဦးသား တိုင်ပင်ဆွေးနွေးဂြသဒဲ့….အဲဒါနှင့်…မခူးဂင်ဂ..ညွတ်….မဆွတ်ခင်ဂ..ကွေး…မလှမ်းခင်ဂ ကမ်း… မတောင်း
ခင်ဂ…ပေး.. မမေးခင်က..ခေါင်းငြိမ့်….မခေါ်မှီက..အိမ်ပေါ်ရောက်…မကျွေးမှီဂ…ပါးစပ်ပြင်……မတိုက်မှီဂ..သောက်ရန်
ပြင်..အစရှိသော …အကျင့်ဂေါင်းလေများနှင့် ပြည့်ဝနေတဲ့….ကိုဟဝှါက …အိမ်ဒေါင်ပြုရန်…ကမ်းလှမ်းလိုက်ပါသဒဲ့…….
နွားဘဝက ကိုဟဝှါ နှက်လို့ ထိပ်ကွက်မှာ ထင်နေတဲ့အမာရွတ်ကိုတွေ့တိုင်း…စိတ်တိုနေတဲ့..ဖွေးလက်ဟာ..ဒါဟာ ငါ့အ
တွက်အကွက်ကောင်းဘဲ… ဒီလူက အနှက်ကြမ်းတယ်..သူ့ဂို..ချစ်ပေမယ်လို့..လက်စားဒေါ့ ချေဂျင်သေးဒယ်…လို့တွေးပါ
သဒဲ့…. ကိုဟဝှါက ဖွေးလက်ရဲ့ ဘာဆန္ဒကိုမဆို..ဖြည့်ပေးဘို့ အသင့်ရှိပါတယ်လို့ဆိုဒေါ့….ဖွေးလက်က….ရှင်တလတိတိ
ကျွန်မရိုက်တာကို ခံရမယ်…နေ့ဒိုင်း ဆယ်ဂျက် အရိုက်ခံရမယ်…အဲ့လိုခံနိုင်မယ်ဆိုရင်..ရှင့်ဂို လက်ထပ်မယ်လို့..ပြောသ
ဒဲ့….မောင်ဟဝှါက…ဘာကြောင့်ရိုက်ချင်ရတာလည်း..စနေဒါလားလို့မေးဒေါ့ …ကျွန်မရှင့်ဂိုစနေတာ မဟုတ်ဘူး…ရှင်နှက်
လို့..ကျွန်မ ငယ်ထိပ်ပေါက်သွားတာ မှတ်မိလား…အဲ့ဒါအတွက် ကျွန်မလက်စားချေမယ်လို့.. ကျိန်ဆိုထားလို့ပါ..လို့ဆို
သဒဲ့….ကိုဟဝှါလည်း…လက်သင့်ခံလိုက်တယ်….ပထမရက်တွေတော့..တော်တော်နာနာရိုက်တာပေါ့….နောက်တော့
လည်း…..ကျမ်းကျေဝတ်ကုန်….ဆိုသလို တို့ရုံတင်တို့တော့တာပေါ့…..အသေမနှက်တော့ဘူး..…ဒါနှင့်သူတို့နှစ်ယောက်
လည်း လက်ထပ်ပြီး….အတူပျော်ရွှင်စွာနေထိုင်ဂြသဒဲ့…… ဖွေးလက်က…နွားဝသီပါနေလေဒေါ့..မြက်ပင်နုနုလေးတွေကို
ဟင်းချိုချက်သောက်သဒဲ့…..ပါးစပ်ကလည်း စမြုံ့ပြန်သလိုတခုခုဝါးနေရမှ…ကျေနပ်သဒဲ့…ဒါကြောင့်သူ့ဂို နွယ်ချို တောင့်
လေးတွေ ပေးဝါးထားရသဒဲ့……သူဒိုနှစ်ဦးလည်း..သိပ်ကိုပျော်နေဂြသဒဲ့….
သူဒို့နှစ်ယောက်ကို မနာလို သဝန်တိုနေဒဲ့….မြက်ရိတ်သမ… မဟိုဒင်း ဆိုဒါရှိပြန်သဒဲ့…..အဲဒိမဟိုဒင်းဂ…သိပ်ဆိုးသဒဲ့..
တနေ့ကြဒေါ့…မဟိုဒင်းဂ…ကိုဟဝှါတို့လင်မယားကို….သတ်ဖို့ကြံနေသဒဲ့…..ဒါနှင့် မြက်ရိတ်ထွက်သွားတဲ့ မဟိုဒင်းဟာ
ဘာမြက်ပင်ဂို ကိုင်မိဒယ်မသိဘူး…နွားမကြီးအသွင်ကို ပြောင်းလဲသွားသဒဲ့…..ရွာသားတွေလည်း သူတို့မျက်စိရှေ့မှာ အဲ့
ဂလိုဖြစ်သွားဒါ တွေ့ရဒေါ့ အံ့လည်းသြ..ကြောက်လည်းကြောက်ကြဒါပေါ့…. အတိုဂျုပ်ပြောရရင်…အဲ့ဒိ မဟိုဒင်းဂ လူ့
ဝသီပါနေလေဒေါ့ …..မြက်ဆိုလုံးဝမစားဘူးဒဲ့…..တင်းကုပ်မှာ..လုံးဝမအိပ်ဘူးဒဲ့….အိပ်ယာနှင့်..စောင်နှင့်..အိပ်သဒဲ့….
သူလည်း…ဒီနွားဘဝနှင့် ဒုက္ခကို တော်တော်ခံစားရလေဒေါ့..သူ့အပြစ်ကိုသူ..သိပြီးနောင်ဒရ..ယူကြုံးမရ ဖြစ်ကတယ်ဒဲ့..
ဖွေးလက်တို့ လင်မယားရှေ့မှာ မျက်ရေ စီးကြနေတဲ့ နွားမဂြီးဂို ကြည့်ပြီး..ဖွေးလက်က သနားသွားဒယ်ဒဲ့…မဟိုဒင်း တ
ယောက် နောင်ဒရကာ ကိုယ့်အမှား ကိုယ်သိသွားပြီ ဆိုဒါဂို ဖွေးလက်က ပြေးတွက်စရာမလိုဘဲ သိလေဒေါ့ သူစားခဲ့တဲ့
မြက်ပင်ဂို….နွားမဂြီး ဗဇပ်ထဲ ထည့်ပေးလိုက်ပြီးဝါးစားဘို့ပြောဒေါ့ …မဟိုဒင်းဂ ဝါးစားလိုက်တာ တမဟုတ်ချင်း လူပြန်
ဖြစ်သွားတယ်ဒဲ့…..မဟိုဒင်းလည်း သိပ်ဝမ်းသာပြီး ကျေားဇူးလည်းတင်…စိတ်မှား ထားမိတာဂိုလည်းတောင်ပန်တာပေါ့..
နောက်တော့ အကုန်အဆင်ပြေသွားဂြသဒဲ့….အတူပျော်ရွှင်ဇွာနေဂြသဒဲ့….
တရက်မှာတော့…ကိုဟဝှါရဲ့ …..ညီမဖြစ်သူဂ…ကိုဟဝှါဒို့ လင်မယားအတွက် လက်ပ်တော့ တစ်ခု လက်ဆောင်ပေးလိုက်
သဒဲ့…..သူဒို့လင်မယားလည်း…လက်ပ်တော့ပ်ကိုဖွင့်ပြီး ကြည့်ဂြသဒဲ့….ဖွေးလက်က နျူးဇီလန် အနွယ်ဆိုဒေါ့ အင်္ဂလိပ်လို
ကျွမ်းကျင်ဒယ်ဒဲ့….ကိုဟဝှါနားမလည်တာကို သင်ပြပေးသဒဲ့…. အဲဒိလိုနှင့် အလုပ်ပြီးလို့ အစာစားပြီး အနားယူကြသဒဲ့.
လက်ပ်တော့ပ်ကို ဖွင့်ပြီး “ရောရောသမမွှေ” ဆိုဒဲ့ ဘလော့ဂ်ကို ဝင်ကြည့်ကြသဒဲ့….သူဒို့ လင်မယားက ဘာကိုစိတ်ဝင်
ဒဇားဖတ်နေလည်းဆိုဒေါ့……ရူးဂြောင်မူးဂြောင် နိုင်လွန်းလှတဲ့ ရောရောသမ အစ်ကိုကြီး တင်ဆက်ထားတဲ့..
 “ ယုံချင်ယုံ မယုံချင်နေ ကဏ္ဍ” ထဲက
ကြွက်တွင်းထဲ ငါးမန်းများ
ကိုဖတ်ကြည့်နေကြပါသဒဲ့.....သူဒို့ကြည့်နေဒါ
လေးဂို အထက်က လင့်လေးနှိပ်ပြီး ကြည့်လိုက်ပါလား..... သူဒို့နှစ်ဦးနှင့် အတူ ခံစာမှုလေးဒွေ မျှဝေ ခံဇားကြည့်ဂြဒါပေါ့.
ဟုတ်ဖူးလား......
ရောသမအစ်ကိုကြီးက တင်ဆက်ထားတာပါဗျာ
ဖြစ်နိုင်မယ်ဆိုရင် ကြော်ငြာတွေကို ကလစ်တစ်ချက်လောက်နှိပ်ပေးပါနော် မောင်စိုး
Subscribe

လာလည်သူများ

free counters