♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 19, 2014

"ဥ ဥတဲ့ သဘောင်္သီး"

 “ဥ ဥတဲ့ သင်္ဘောသီး”
ဒီနေ့ ရုံးရောက်တော့ အလုပ်ကလည်းများ…..ခေါင်းစားတဲ့လူကလည်းပေါ….ရာသီဥတုကလည်း ပူလိုက်အေးလိုက်
နှင့်ဆိုတော့..ကိုယ်ခန္ဓာကြီးက ပွလိုက် ကျုံ့လိုက်ဖြစ်နေသရောင်ပါဘဲ….….အလုပ်များပြီး…ဘာလုပ်လို့ ဘာကိုင်ရ
မယ်…ဘယ်က ဘာစလုပ်ရမယ်ဆိုတာကို…ချီတုန်ချတုန်..တုံတုံယင်ယင်ဖြစ်နေတုန်း…...အစ်ကိုဖြစ်သူ ရောသမ
အစ်ကိုကြီးဆီကနေ….whatsapp message တစ်ခုဝင်လာတော့တာဘဲ…......အမလေး လေးလေး!!! ယောင်
ပြီးသွားဖြေမိရင်တော့….အလုပ်ဘဲလုပ်ရမလား……ဒင်းကိုဘဲဖြေနေရမလားးးဘဲ…... သူက တခါတခါ အလိုက်ကို
မသိတတ်ဘူး….မရမက အတင်းချတ်တော့တာဘဲ…..…မက်ဆစ်ဂ်ျဝင်သံတွေကြားရင် မှန်နေဂျောင်ဂြီးဂ…မျက်မှန်
ဂိုင်မဲဂြီးဂို ပင့်ကျော်ကျော်ပြီး လှမ်းလှမ်းကြည့်နေဒတ်တယ်……သတိပေးဒဲ့ သဘောပေါ့….ညည်းကောင်းဂေါင်းနေ.
အလုပ်ဆက်လုပ်ပါ…ဆိုဒဲ့သဘောပေါ့….. ကျမလည်း….မှန်နေဂျောင်ဂြီးဂို ကျေးဇူးတင်ရမလိုဖြစ်နေပြီပေါ့….သူက
ဂျောင်ထဲကနေ မှန်လိုထိုင်ကြည့်နေတတ်တော့…….မှန်နေဂျောင်ကြီးပေါ့…... ဒီနေတော့ မှန်နေဂျောင်ဂြီး မရှိတော့
အစ်ကိုကြီး ကိုပြန်ဖြေလိုက်မိတယ်…….တော်တော်ကြာကြာ မလွတ်တမ်း…..မနားတမ်း သူရွှီးနေတာတွေကို ပြုံးစိ
စိနှင့် ဖတ်ရင်း…..အိမ်ပြန်ဘို့အချိန်တန်တော့…အစ်မဖြစ်သူနှင့် ပေးချတ်ထားပြီး.…ဖိုင်တွေကို သိမ်းလိုက်ရပါတော့
တယ်……
           အိမ်ပြန်ရောက်တော့…အနားယူပြီး…စားစရာတစ်ခုခု ချက်ဖို့ မီးဖိုချောင်ထဲကို ရောက်သွားတယ်….ဗိုက်
ကလည်းစာနေတော့…လက်လှမ်းမှီရာ ဟိုနဲနဲ ဒီနဲနဲ ယူပြီး ပါးစပ်ထဲ ကောက်ထည့်ဝါးရင်းးး သံဇလုံထဲထည့်ထားတဲ့
သင်္ဘောသီး အစိမ်းခပ်ဝဝဂြီးကို တွေ့လိုက်ရပါတယ်…….ဒါနှင့် ဟန်ကျဒါဘဲ…ငါသင်္ဘောသီးသုပ် သုပ်စားဦးမှ ဆိုပြီး
အံဆွဲထဲ ထည့်ထားတဲ့ ဓါးကိုယူပြီး စဉ်းနှီးတုံးပေါ်တင်ထားလိုက်တယ်…..သင်္ဘောသီးဂြီးဂီုမတော့ တော်တော်လေး
လေးဒါဘဲ……မနိုင့်တနိုင်မပြီး သင်္ဘောသီးရဲ့ ဂေါင်းဗိုင်း( အညာရှိဒဲ့ဘက်) ကို ဒါးနှင့် အားယူပြီးဖြတ်လိုက်ပါတယ်..
အဲ့လိုဖြတ်လိုက်တော့…..အတွင်းဘက်က အစေ့တွေ ထွက်မလာဘဲ အခေါင်းလေးဖြစ်နေတယ်..အခေါင်းပေါက်ကို
ချဲ့လိုက်တော့……..အမလေးးးးးလေးလေးးးးး ကျမရဲ့ဦးခေါင်းဟာ အိုးထိန်းဇက်ဂြီး လည်သလို လည်ပတ်သွားတော့
ဒါဘဲ…..အသက်ရှူတာရပ်လုမတတ်ပါဘဲ…ခြေဖျား လက်ဖျားတွေ အေးစက်ကုန်တာပါဘဲ...…ဒီကြားထဲ မျက်ခုံး
တွေလှုပ်ကုန်သလားဘဲ…တော်တော်ကြာကြာမှင်သေသေဖြစ်သွားမိပါတယ်…...သင်္ဘောသီးအစိမ်းဂြီးထဲက ကြက်
ဥအရွယ်လောက်ကြီးဒဲ့ “ဥဂြီး”ဒွေ ကိုတွေ့လိုက်ရပါတော့ဒယ်…..

         ကျမလည်း တော်တော်လေးကြောက်သွားမိပါဒယ်……..လက်နှင့်လည်း အဲဒိ “ဥဂြီးဒွေ” ကိုထိမိလိုက်သေး
တယ်……အနီးမှာရှိတဲ့ လက်နှီးဇုပ်နှင့် လက်ကို အသာပွတ်ရင်း…....ဟိုးးးးးးးးးးးးးး တချိန်ဒုန်းဂ နယ်ဘက်က အမေ့
အသိ တွေဖြစ်တဲ့ ဦးရောင်ဘွား ရဲ့ ဇနီး ဒေါ်ဇဒုံးသေးမ (ဆံထုံးသေးမ) ပြောပြဘူးတာကို…….. သွားသဒိရမိဘာဒယ်
ဒေါ်ဇဒုံးသေးမက ပြောပြဒါကတော့………..တချို့တချို့သော သင်္ဘောပင်ဒွေဟာ…စိတ်ဖောက်ပြန်ဒတ်တယ်လို့ဆိုပါ
ဒယ်……... သင်္ဘောပင်စိတ်ဖောက်ပြန်ဒါမဖြစ်နိုင်ဘူးလို့ လူဒွေက ပြောဂြမှာပါဘဲဒဲ့….ဒဂယ်ဒေါ့ ဒါဟာ ဒဂယ်ဘဲရှိပါ
သဒဲ့……….... အဲ့လို သင်္ဘောပင်တွေဟာ သူ့ အမြစ်နားမှာရှိတဲ့ မြေအောင်းကြက်၊ မြေအောင်းဂျိုး၊ မြေအောင်း ငန်း
ဗုတ်မြွေ ကြီးတွေရဲ့ အသိုက်ထဲဂ ဥဒွေကို အမြစ်ကတဆင့် …….စုပ်ယူပြီး အသီးထဲမှာ ဝှက်ထားတတ်တယ်လို့ ဆိုပါ
ဒယ်…. …..သင်္ဘောပင်ရဲ့ အမြစ်တချို့မှာ ပိုက်လုံးလို အခေါင်းပေါက်ပါရှိပြီး အဲဒီအခေါင်းပါတဲ့ အမြစ်ပိုက်ကတဆင့်
အဆင့်ဆင့် စုပ်ယူထားခြင်း ဖြစ်တယ်လို့ပြောပြခဲ့တယ်……..…...ကျမက ဆက်မေးတော့ သင်္ဘောပင်ရဲ့ ပင်စည်ကို
ဖြတ်ကြည့်ရင် ပိုက်လုံးလို ဟောင်းလောင်းပေါက် ပါတဲ့ အခေါင်းပါပြီး အမြစ်ကနေ ပင်ဇီ ပင်ဇီဂနေ အရိုး…...အဂရိုး
ဂနေ.. ..အသီးထဲ စုပ်သွင်းလိုက်ကြောင်းကိုသေသေချာချာလေး ရှင်းပြပါဒယ်..….သင်္ဘောဗင် ဆိုတာ ပင်ဇည်ဂေါ…
အရိုးဂေါ… ..အမြစ်ဂေါ..အကုန်အခေါင်း ဗေါက်ပါပါဒယ်………. အဲဒိလို ဥဒွေဂို ခိုးယူပြီး အသီးထဲမှာ ဖွက်ထားရင်
မြေအောင်း ကြက်၊ ငှက်၊ မြွေတွေဟာ သူတို့ ဥဒွေ ပျောက်လို့ အမွေး တထောင်ထောင်….…. ဇလုပ်မွေး တဖောင်း
ဖောင်း ……....အမြီး တလှုပ်လှုပ်…..ဗဗြင်း (ပါးပျဉ်း) တထောင်ထောင် နှင့် သွေးရူးသွေးဒန်းနှင့် ရှာနေတာဂို မြင်ပြီး
သင်္ဘောပင်ဟာ ပီတိဒွေဖြာပြီး အတွင်ကြိတ်ပျော် ပျော်ပြီး ..……..တခွိခွိနှင့် နေတတ်တယ်...ဥပျောက်လို့ ရှာနေဒဲ့
အကောင်က…….. သင်္ဘောပင်ကို လှမ်းကြည့်မိလိုက်ရင် ခပ်တည်တည်နှင့် ဘာမှမသိသလို နေတတ်တယ်လို့ ပြော
ပါဒယ်…….…..ကျမလည်း ဒေါ်ဇဒုံးသေးမ ပြောပြဒုန်းဂ သူ့ဇဂါးဂို တအင်းးးအင်းးး နှင့် ..နားထောင်နေရသော်လည်း
မယုံခဲ့ပါဘူးး….....ဟောာာာာ အခုဒေါ့ လက်တွေ့မြင်နေရပါပြီ ဗဂေါ.…… ဒေါ်ဇဒုံးသေးမပြောပြတာဂ မပြီးဆုံးသေး
ပါဘူး…..ကျန်နေသေးတယ်…....အဲ့ဒိလို… မြေအောင်း အကောင်ဒွေရဲ့ ဥဒွေကို အငှါးယူဥဒဲ့ သင်္ဘောသီးထဲက ဥဒွေ
ရဲ့ အာနိသင်တွေဒွေဟာ ထူးထူးခြားခြားရှိဒယ်လို့ပြောဘာဒယ်.….မြေအောင်းကြက်ရဲ့ ဥဂို စားမိရင် ဥပိုင်ရှင် ကြက်မ
ဂြီးဂ….စားဒဲ့လူရဲ့ အိပ်မက်ထဲ ရောက်လာပြီး….ငါ့ဥဂို ခိုးစားဒဲ့သူ.……ဆိုပြီး…အဲ့ဒိလူရဲ့ လက်ဝါးထဲ “အခင်းဂြီး”လာ
စွန့်တတ်တယ်ဒဲ့……မနက်အိပ်ယာ ထဒဲ့အခါ.. ဘာမှ ပေကျံနေဒါမတွေပေမဲ့…..လက်ဝါးထဲဂ…...အနံ့ဇိုးဒွေ..ထွက်
တတ်သဒဲ့……မြေအောင်းဂျိုးဥဂို…စားမိရင်…..ဒုတ်ပြီး…ဒါးပြီး တယ်ဒဲ့…… တချို့ ဂျိုးဥက နှစ်ကြာသွားရင် သင်္ဘော
သီးမကြွေကျခင်မှာ သင်္ဘောသီးထဲကနေ သဘောင်္ပင်ရဲ့ ပင်ဇည်ထဲ ပြန်ဝင်သွားတယ်လို့ဆိုပါဒယ်….အဲ့ဒိ သင်္ဘောပင်
ထဲ ပြန်ဝင်သွားတဲ့ မြေအောင်းဂျိုးဥ ဟာ.…ရော်ဘာ ဘောလုံးလို မာနေပြီး ဂျိုးအမဒေ (ချိုး အမြုတေ) ဖြစ်သွားတယ်
လို့ ဒေါ်ဇဒုံးသေးမက ပြောပြပါဒယ်ရှင်……....အဲ…နောက်ပြီး ငန်းပုပ်ဥကိုတော့ ရောင်ပြီးလို့တောင် မကိုင်မိစေနှင့်ဒဲ့
ဒဂယ်လို့ မတော်တဆ ကိုင်မိရင်ဒေါ့…..လက်နှီးဇုပ်နှင့် လက်ကို အမြန်ပွတ်ဘိုက်ရမယ်ဒဲ့….…လက်နှီးဇုပ်က အနံ့ဇိုးဂ
ကိုယ့်လက်မှာကပ်နေဒဲ့ ငန်းပုပ်ဥ ရဲ့ အနံ့ဂို …ဖျောက်လိုက်တယ်လို့ဆိုပါဒယ်……လက်မှာ ငန်းပုပ်ဥနံ့ ကပ်နေရင် ငန်း
မြွေမဂြီးဟာ ဥသူခိုးကို လိုက်ရှာရင်း………..ကိုယ်ဆီရောက်လာတတ်တယ်လို့ပြောပါဒယ်…..သင်္ဘောပင်ဂ သူများ
ဥဂို ခိုးပြီး…ကိုယ်ဂ…သူခိုးမဟုတ်ပေမဲ့လည်း…….သူခိုး..လက္ခံပစ္စည်းဂို…..စားသုံးမှုနှင့်….အချောင်နေရင်း..အလဂါး
ဂြားထဲဂနေ ဒုက္ခမရောက်အောင်လို့ပေါ့………ငန်းမြွေမဒွေဂို…ရှင်းပြလို့မလွယ်ဘူးဒဲ့…….…အံဒရာယ် (အန္တရာယ်)
သိပ်ကြီးဒယ်ဒဲ့……ငန်းဗုတ်မဒွေဂို……ရှင်းပြရင်အာညောင်းရုံသာရှိပြီး….သူဒို့ဂ တရှူးရှူးတရှဲရှဲနှင့်…
ရန်တွေ့ဒတ်တယ်ဒဲ့……………….ကျမလည်း ဒေါ်ဇဒုံးသေးမ ပြောပြခဲ့ဒါဒွေဂို ပြန်လည်ကြားရောင်မိရင်း………….
သင်္ဘောသီးဂို ပလပ်စတစစ်နှင့်ထုပ်ပြီး…လွင့်ပစ်ဖို့အတွက်..ဇလုံဂိုကြမ်းပြင်ပေါ်ချပြီး….ထဘို့အားယူလိုက်ချိန်မှာဘဲ.
ကြမ်းပြင်ကြီးတစ်ခုလုံး….တုံလှုပ်လာပါဒယ်……သင်္ဘောသီးထဲက..ဥဒွေလဲ..ယိမ်းခါကုန်ပါဒယ်….အလိုလိုမှ..သွေးလန့်တတ်တဲ့ ကျမဟာ… ခြေဖျားလက်ဖျားတွေ တုံယင်ပြီး….ဒူးနှစ်ဘက်လဲ…ပျော့ခွေသွားပြီး…ကြမ်းပြင်ပေါ်ကိုထိုင်
လျက်သားကျသွားပါဒေါ့ဒယ်ရှင်… ကြောက်လွန်းလို့ သဒိ မလစ်တမယ်ရုံပါဘဲ….အဲဒိလိုဖြစ်နေဒုန်း…မီးဖိုဝမှာ အရိပ်
မဲကြီးတစ်ခု..က ကြမ်းပြင်တုံလှုပ်မှုနှင့်အတူ…..ရောက်ရှိလာပြီး...အဲဒိ အပေါက်ဝမှာဘဲရပ်တန့်သွားပါဒယ်……ကျမလဲ …အသက်ရှူရပ်တန့်လုမတတ်ဖြစ်သွားပြီး…..မျက်စိနှစ်လုံးကို တင်းတင်းကြပ်ကြပ် ဇုံမှိတ်ချလိုက်ပါဒေါ့
တယ်…..ရင်တွေကလည်း…တလှပ်လှပ်တုံနေပါဒယ်….အဲဒိအခါမှာ…အပေါက်ဝဂနေ…ဟဲ့!!! မိအဝှါ!!! ညည်းဂ
ဒီမှာ ဘာလုပ်နေဒါဒုန်းးးးး… ဆိုဒဲ့…အဒေါ်ဖြစ်သူ…ဒေါ်ဘီလုံးရဲ့ အသံဂိုကြားလိုက်တော့မှ…..ကျမလည်းမျက်စိဂို
တဇဂျင်း….တဖြေးဖြေးဂျင်းဇီ…..ခပ်ကြောက်ကြောက်နှင့် ဖွင့်ကြည့်လိုက်တော့မှ…နဲနဲ အကြောက်ပျယ်သလိုရှိ
လာပါဒေါ့ဒယ်….သို့သော်…ငန်းမြွေမဂြီးဂ ကျမရဲ့ အဒေါ်အယောင်များဆောင်လေလာဒါလား….ဆိုပြီးးးးး သံသယ
ဖြစ်ဖြစ်နှင့်…လှမ်းကြည့်နေရာ…….ဟဲ့…ကောင်မလေး..ငါမေးနေဒါ ဖြေလေ…ဘာဖြစ်နေဒါဒုန်းးးး ညည်းနေ့ဂင်း
ကြောင်တောင်….အိပ်မက်မက်ပြန်ဗလားးးး??? ဆိုမေးနေရာ…ကျမမှာ အဒေါ့်ဂို ပြန်ဖြေနိုင်ဘို့ …ဗဇပ်တွေ အာ
ဒွေခြောက်ကပ်ပြီး….ဇဂါးပြန်ဖြေဘို့..အားယူလို့ပင်မရဒေါ့ပါ….သြောာာာာ် !!!! ညည်းဂ ငါကြက်ဥဒွေ ထည့်ဖုတ်
ဖို့ ထားထားဒဲ့….သင်္ဘောသီးဂို…..ဖြတ်မိပြီး…ကြောက်နေဒယ်ပေါ့ဟုတ်စ???? အဟင်းးဟင်းးးဟင်းးဟင်းးး..ငှိငှိငှိ
ဆိုပြီး…အဒေါ်ဖြစ်သူဂ…အားရပါးရ….ဆီးထွက်မတတ်ရယ်တော့မှ….ကျမလည်းမျက်စိသူငယ်..နားသူငယ်နှင့်..
ရောရောင်ပြီး…..ရယ်လိုက်ကပါဒေါ့ဒယ်………..အဒေါ်ဖြစ်သူဂ…ဒူးနာတတ်တဲ့အတွက်ကြောင့်….သင်္ဘောသီး
အစိမ်းထဲမှာ…..ကြက်ဥထည့်ပြီးမီးဖုတ်စားရင်….ဒူးနာပျောက်တယ်လို့ ..ဆိုဒဲ့အတွက်…မီးဖုတ်ဖို့ ..ကြက်ဥဒွေဂို…
ပျင်ညာ(ပညာ)သား ပါဇွာ…….သင်္ဘောသီးကို ဥတလုံးဝင်ဇာ….ဖောက်ပြီး သေချာပြန်ကပ်ထားတာဂို..ကျမသဒိ
မပြုမိ ဂဲ့ဂြင်းသာ ဖြစ်ကပါဒယ်…..
ဒါနှင့်….သဒိရဒုန်း.. မှာဇရာလေး….တစ်ခုရှိဘာဒယ်…..အဲဒါဂဒေါ့…..
ဦးရောင်ဘွား…..ဒေါ်ဇဒုံးသေးမ တို့ရဲ့ အကြောင်းလေးပါ.သူဒို့ရဲ့ နှစ်ဦးရဲ့ အကြောင်းအပြင်…သူတို့ရဲ့ ကြောင်လေး
မောင်သက်ရှည်ဟာ ကျားကြီးတစ်ဂေါင် ဖြစ်သွားခဲ့တယ် ဆိုဒဲ့ အကြောင်းလေးလည်းအဓိက ပါပါဒယ်…အဲဒါဂဒေါ့.
“သန်းဆီ သောက်မိ ကြောင်း ကျားဖြစ်” ဆိုဒဲ့ ဂေါင်ဇဉ် နှင့် လာဗါလိမ့်မယ်………
အားလုံးဂိုကျေးဇူးတင်ဗါဒယ်……..သူ -ငယ် -ချင်း တို့ ရေ………….ကျမ “ဇဒုံးလတ်မ” ပါ…..အဟိဟိဟိ….
ခစ်ခစ်ခစ်………ရောသမအစ်ကိုကြီးတင်ဆက်ထားတာပါဗျာ
ကျွန်တော်ရောသမမောင်စိုးကို ဆက်သွယ်ချင်တဲ့ဆိုရင်တော့ mgsoemin1995@gmail.com
ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ မောင်စိုးဖုန်းနံပါတ်ကတော့ 09250370904 ဖြစ်ပါတယ်
ကျွန်တော်မောင်စိုးကတော့ ပညာသင်ဖြစ်ပါတယ်ဗျာ ဆရာကြီးမပာုတ်ပါဘူး
နောင်ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ဗျာ ဖြစ်နိုင်မယ်ဆိုရင် ကြော်ငြာကိုကလစ်နှိပ်ပေးပါနော်.…

No comments:

Subscribe

လာလည်သူများ

free counters