၁။ သင့်ကို လိမ်နေတယ်ဆိုရင်တော့ မျက်လုံးမဆုံမိအောင် သူရှောင်နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ကိုသူတို့ ယုံကြည်စိတ်ချမှုမရှိတဲ့အတွက် အောက်ကိုငုံကြည့်တာတာမျိုး ဒါမှမဟုတ် အဝေးကိုငေးကြည့်နေတာမျိုး လုပ်တတ်ကြပါတယ်။ နောက်တစ်မျိုးကတော့ မျက်လုံးဆုံအောင် တမင်တကာ အတင့်ရဲပြီး ပုံမှန်ထက် သင့်ကို တည့်တည့်ကြည့်နေလိမ့်မယ်။ ဒါကတော့ သူ့အလိမ်တွေကို သင်ယုံကြည်သွားအောင် တမင်ဖန်တီးထားခြင်းပဲ ဖြစ်ပါတယ်။
၂။ ချက်ချင်းငြင်းတဲ့ အသုံးအနှုန်းတွေကို မသုံးတတ်ကြပါဘူး။ သူတို့က ဒီကိစ္စကို သင်အယုံအကြည် နည်းသွားအောင် ဘယ်လိုပုံစံလုပ်ရမလဲဆိုပြီး အကြောင်းအရာအားလုံးကို ချိန်ကြည့်ချင်လို့ပဲ ဖြစ်ပါတယ်။ မဟုတ်ဘူး.. မလုပ်ဘူး… ဆိုပြီး ပြောရမယ့်အစား နင်ဘယ်မှာကြားခဲ့တာလဲ… ဘယ်သူပြောပြတာလဲ… ဆိုပြီးတော့ သင့်ကို ပြန်ပြီးမေးခွန်းထုတ်ပါလိမ့်မယ်။
၃။ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို သုံးတတ်ကြပါတယ်။ လိမ်တဲ့သူတွေက သူတို့ကို စကားပြောရင်တောင် သင့်ဘက်ကို