♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 13, 2015

" ငါးကြင်းပေါင်း "

လိုအပ်သော အရာများ..
ငါးကြင်း ၅၀သား
စပါးလင် ၂ပင်
ဂျင်း လက် ၁ဆစ်
ဗီနီကာ ၄ဇွန်း
ကြက်သွန်ဖြူ ၆မွှာ
ကြက်သွန်နီ ၄လုံး
ခရမ်းချဉ်သီး ၆လုံး
နံနံပင် အနည်းငယ်
ငံပြာရည် ။
နနွင်း ။
ငရုတ်ပုထောင်း ။
သကြား(သို့)အချိ
ုမှုန့် ။
ငါးကြင်းကိုရေဆေး ရေစစ်ပြီး ဆား၊ နနွင်းနယ်ပြီးနှပ်ထားပါ။ ပြီးရင်
pressurecooker ထ
ဲသို့ စပါးလင်အပေါ်ပိုင်းကို ဖြတ်စည်းပြီးအောက်ကခင်း၍ အပေါ်ကငါးတင်ပါ။ စပါးလင် ၁ချောင်း
ကိုထုထည့်ပါ။ဂျင်း၂ပြား၊ကြက်သွန်ဖြူ၂မွှာ၊ငံပြာရည်၊ဗီနီကာ၊ရေနို့ဆီဘူး၂ဘူးထည့်၍မီးအနေတော်ဖြင့်၁နာရီခန့်ပြုတ်
ပါ။ ရလျှင် အရိုးကိုကိုင်ကြည့်ပြီးနူးလျှင်ရပါပြီ။ မနူးသေးလျှင်ေ ရေထပ်ထည့်၍ တည်ပါ။
ဆီထည့်ပါ။ ကြက်သွ
န်နီ၃လုံး၊ ကြက်သွန်ဖြူ   ၄မွှာ၊ ဂျင်း ၁ပြား၊ စပါးလင်ပါးပါး၂ပြား၊ ကိုနနွင်းငရုတ်ပုထောင်းနှင့် ဆီသတ်ပါ။ခရမ်းချဉ်သီး ၄လုံးပါးပါးလှီးထည့်ပါ။ အနည်းငယ်နွမ်းသွားလျှင် အအေးခံ၍ဆီစစ်ပြီး blenderထဲ၍ ကြိတ်ပါ။ (သို့)ရေ

ထည့်ပြီး အနှစ်ကျအောင် လုပ်လဲရပါတယ်။ အိုးထဲသို့ ပြန်ထည့်ပြီးရေအနည်းငယ် ထည့်ပါ။ မဆလာ၊ ငံပြာရည်၊ သကြားအချိုမှုန့်ထည့်ပါ။
ဆီပြန်လာလျှင် ငါးထည့်ပြီးအောက်မကပ်ရုံမွှေပါ။ ငါးပြုတ်တုန်းကပိုတဲ့ရေထည့်ပါ။ အရမ်းမမွှေပဲအောက်မကပ်ရံ 
 မွှေပါ။ ကြက်သွန်နီ၊ခရမ်းချဉ်သီးအကွင်းလှီး၍ထည့်ပါ။ရေခမ်း ဆီပြန်လျှင် နံနံပင်အုပ်၍ရပါပြီရှင်။
 
ရှာလကာရည် ထည့်ပါ ။ အရောင်လှချင်ရင် ပဲငံပြာရည်အနောက်ထည့်ပါ။ရှာလကာရည်ခမ်း ပြီး ငါး နဲနဲ အရည်ထွက်ပြီး မာသွားရင်ရေမြှုတ် အောင်ထည့် ပရက်ရှာကွတ်ကာကိုပိတ်ပြီးတယ်ပါ။ဒါဆိုငါးမကြေတော့ပါ။စားကောင်းကြပါစေ။မြန်မြန်လည်းနူးတယ်။တစ်နာရီလောကပါပဲ။
မီးညီရင်ပေါ့။

 

No comments:

Subscribe

လာလည်သူများ

free counters