♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 16, 2015

"လူပျိုကြီးရဲ့ အချစ်ဇာတ်လမ်း" (ဟာသ)

 
တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီး Friday Night ဖြစ်လို့ Night Out ထွက်ဖို့ သားနားစွာပြင်ဆင်ထားတယ် ။ အပြင်မထွက်ခင်မှာပဲ ကပ်လျက် တိုက်ခန်းက တံခါးလာခေါက်တယ် ။ ဒါနဲ့ တံခါးဖွင့်ကြည့်လိုက်တော့ ကောင်မလေး ကို မမျှော်လင့်ပဲတွေ့လိုက်ရတာကြောင့် ပျော်ရွှင်သွားတယ် ။

ဒီလိုနဲ့ မိန်းမချောလေးက စိတ်ပျက်ညိုးငယ်နေတဲ့အကြည့်နဲ့ လူပျိုကြီးကို စပြီး စကားဆိုတယ် ။

" ရှင် ဒီညအားရမယ်ဆိုရင် တစ်ခုလောက်ကူညီပါလား ၊ ကျွန်မစိတ်ညစ်နေလို့ပါ  “

အပြင်အတူတူသွားဖို့အတွက် ဂွင်တွေ့သွားတာကြောင့် မိန်းကလေးစကား မဆုံးခင်မှာပဲ လူပျိုကြီးက -

“ သိပ်အားတာပေါ့ မိန်းကလေးရယ် ၊ ကိုယ် ဘာကူညီပေးရမလဲ..ပြော “

" ဒါဆိုရင် ကျွန်မရဲ့  တူလေးတွေကို ဒီည ရှင်ခနကြည့်ပေးထားပါလား.. ကျွန်မအပြင်ခနသွားမို့လို့ပါ “

ဂိန် !

ဇာတ်လမ်းကပေးတဲ့ သင်ခန်းစာ -

ဒီနိုင်ငံခြားဟာသကို ဖတ်ဖူးတဲ့ သူတွေလည်းရှိမှာပါ ။ ရယ်ချင်စရာဆိုပေမယ့် ယူတတ်ရင်ရတဲ့

သင်ခန်းစာလေးရှိပါတယ် ။ ကျွန်တော်တို့ အပြင်လောကမှာလည်း တစ်ခါတလေ လူတွေနဲ့ ဆက်ဆံတဲ့အခါ

သူများစကားမဆုံးခင်မှာ ဖြတ်ပြောပြီး ကိုယ်ထင်တဲ့ အရာကို အလျင်အမြန် မှားမှားယွင်းယွင်း ပြောဆိုလေ့ရှိကြတယ် ။ အထက်ပါ ဇာတ်လမ်းကလည်း အလားတူပါပဲ ။ ဒါကြောင့် ပညာရှိကြီး အိုင်းစတိုင်းပြောသလို" သူများစကားပြောနေတဲ့ အချိန် ဖြတ်ပြီးမပြောပါနဲ့ " ဆိုတဲ့ သင်ခန်းစာ လေးရစေပါတယ် ။


Credit :ဖိုးသူတော် (www.phothutaw.com)
Credit :Khun Nay

No comments:

Subscribe

လာလည်သူများ

free counters