♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 14, 2015

"ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ခဲ့တဲ့ ချစ်သူရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့တဲ့ Jim Carrey "


ရုပ်ရှင်သရုပ်ဆောင် Jim Carrey က စနေနေ့က အိုင်ယာလန်မှာ ပြုလုပ်ခဲ့တဲ့ Cathriona White ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အသက် ၃၀အရွယ် မိတ်ကပ်ပညာရှင် Cathriona ဟာ Carrey နဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း တွဲလိုက်ကွဲလိုက် ရှိနေခဲ့တာပါ။ စက်တင်ဘာ ၂၈ရက်နေ့က သူဟာ Los Angeles မှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တဲ့အနေနဲ့ ဆေးအလွန်အကျွံ သုံးပြီး သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

ဝမ်းနည်းပူဆွေးသူ ထောင်ပေါင်းများစွာဟာ သူ့ရဲ့ မွေးရပ်မြေ Tiperrary ရှိ Cappawhite မှာပြုလုပ်တဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတယ်လို့ People မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

မိသားစုနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးကလည်း မင်းသားကို ကြည့်ရတာ တော်တော်စိတ်မကောင်းဖြစ်နေပုံပဲ လို့
ထုတ်ဖော်ပြောကြားထားပါတယ်။

 “ သူဟာ Cathriona ရဲ့ခေါင်းတလားကို သယ်ဆောင်ပေးခဲ့တာပါ။ Cathriona ရဲ့ညီအစ်မတွေနဲ့ မိသားစုကလည်း သူ့ကို ဒီလိုတွေ့ရတာ သဘောကျနေကြပုံပါပဲ” လို့ ပြောထားပါသေးတယ်။




Credit:ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters