♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 11, 2015

"သိုင်းပညာတော်ပြီး သိုင်းဆရာကြီးဖြစ်ချင်လျှင်... ဥနှစ်လုံး အဆုံးခံရမည်လို့ ဆိုပါလား " ဟိဟိ

 
အတွင်းအားတွေ စုစည်းထားနိုင်ဖို့ အားကုန်စေမယ့် အရာတွေကို ဖြတ်ထုတ်ပစ်ရမယ်ကွယ့် တပည့်ရဲ့ ...
 
တရုတ်နိုင်ငံ၊ ကျီလင်းဒေသမှ အသက် ၆၀ အရွယ်ရှိအမျိုးသားကြီးတစ်ဦးဟာ ကွန်ဖူး ပညာမှာ တစ်ဖက်
ကမ်းခပ် တတ်မြောက်ကျွမ်းကျင်လိုတာမို့ လွန်ခဲ့ သည့် တနင်္လာနေ့ က ၎င်းကိုယ်၎င်း မျိုးဆက်သစ်တို့ တိုး
တက်ရစ်ဖို့ စိတ်မကူး မရည်ရွယ်တော့ ပဲ ဝှေးသင်းခဲ့ ( သင်းကွပ်ခဲ့  ) လိုက်ပါတယ်...

၎င်းရဲ့ ရှီးဖော် ( ကွန်ဖူးဆရာ၊ မာစတာ ) က ချိကုန်း လို့ ခေါ်တဲ့ သိုင်းပညာမှာ ဆရာကြီးတစ်ဆူအဆင့် အထိ
ရောက်ချင်ယင် ကိုယ့် ရဲ့ ငယ်ဖွား၊ ရွှေဥများကို ဖြတ်ပစ်၊ စွန့် လွှတ်ရမယ်လို့ အိပ်မက်ပေးကာ ညွှန်ကြားခဲ့ 
တာဖြစ်တယ် လို့ ထိုအမျိုးသားကြီးကပြောကြားခဲ့ ပါတယ်...
ထို့ အပြင် ၎င်းရဲ့ ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာများအားလုံးကိုလည်း စွန့် လွှတ်ရမယ့် လို့ ဆရာကြီးက အမိန့် ပေး
ညွှန်ကြားခဲ့ ပါသေးတယ်...

နောက်တစ်နေ့ အိပ်ယာမှနိုးလာတဲ့ အခါမှာတော့ သူဟာ ရှီးဖော် ရဲ့ အမိန့် ကိုလိုက်နာပြီး ကိုယ့် ကိုယ်ကို
ယောကျာင်္းပီပီ စံချိန်မမှီ နိုင်အောင်ပြုလုပ်ခဲ့ လိုက်ပါတော့ တယ်...
ကျန်း လို့ မျိုးရိုးအမည်ရှိသည့် ထိုသူဟာ ထိုသို့ ပြုလုပ်ခဲ့ ရာမှာ နာကျင်လွန်းလို့ ၎င်းရဲ့ အိမ်ထဲမှာ အော်ဟစ်ခုန်ပေါက်နေခဲ့ ရပါတယ်...

၎င်းနောက်တော့ ခြံဝန်းထဲမှာပဲ လဲကျကာသတိလစ်သွားခဲ့ ရပါတော့ တယ်...
တနင်္လာနေ့ နံနက် ၇ နာရီခွဲလောက်မှာတော့ တရုတ်နိုင်ငံ၊ ကျီလင်းဒေသ၊ နူရှင်းဒင်း မြို့ မှ အိမ်တစ်အိမ်
တွင် လူတစ်ယောက် အ၀တ်အစားဗလာ ကိုယ်ခန္ဓာဖြင့် သွေးအိုင်ထဲတွင်လဲကျနေခဲ့ သည်ဟု ရွာသားတစ်
ဦးက ရဲတပ်ဖွဲ့ ကိုအရေးတစ်ကြီးအကြောင်းကြားခဲ့ ပါတယ်...

ရဲတပ်ဖွဲ့ ဟာ ထိုသူကိုဆေးရုံသို့ ပို့ ဆောင်ခဲ့ ပါတယ်....၎င်းနောက် သူတို့ ဟာ ထိုသူရဲ့  ဖြတ်တောက်ထားခဲ့ 
သည့် ရွှေဥနှစ်လုံးကို အိမ်ထဲတွင်တွေ့ ရှိခဲ့ ရပါတယ်...
ထိုသူသတိပြန်လည်ရလာသည့် အခါတွင်တော့ ၎င်းမှ အိပ်မက်အကြောင်းကို ရဲတပ်ဖွဲ့ အားပြောပြခဲ့ ပါတော့
တယ်...
 
သူဟာပြန်လည်သက်သာလာခဲ့ ပေမယ့် ခန္ဓာကိုယ်နဲ့ အိုးစားကွဲသွားခဲ့ တဲ့ ကိုယ်ပိုင်ပစ္စည်းနှစ်ခုကိုတော့ ပြန်
လည် တပ်ဆင်၊ ကုသပေးလို့ မရတော့ ပါဘူး...
ထိုအဖြစ်အပျက်ဖြစ်ပွားနေခဲ့ စဉ် ၎င်း၏ဇနီးနှင့် ကလေးတို့ ကတော့ နိုင်ငံရပ်ခြားကိုရောက်နေခဲ့ ပါတယ်...

 
 

No comments:

Subscribe

လာလည်သူများ

free counters