ထိုင်ဝမ် ခရီးသည် တဦးက ကလေးကို ၂ လကြာ စောမွေး ခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ ပါလာတဲ့ ဆရာဝန် တဦးက လေယာဉ် မြေပြင်ပေါ်ကို မဆင်းသက်မှီ မိနစ် ၃၀ စော မွေးဖွားပေး ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းလိုင်းက လေယာဉ် မောင်မယ်တွေက ခရီးသည်တွေထံ ကနေ ဆေးကုသမှု ဆိုင်ရာ အကူအညီ ပေးဖို့ တောင်းဆိုတဲ့ အတွက် လိုက်ပါ စီးနင်းလာတဲ့ ဆရာဝန်က မွေးဖွားပေး လိုက်တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် တဦးက ရိုက်ကူး ခဲ့ပါတယ်။ ခရီးသည် တဦးက ဒါက တသက်မှာ တခါကြုံ ရတဲ့ ဖြစ်ရပ် ဖြစ်သလို ဒီခရီးသည် တွေက ဒီလို ဖြစ်ရပ်ကို နောင်ဘယ်တော့မှ ပြန်ကြုံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီနောက်မှာတော့ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေး အတွက် လေယာဉ်ကို အမေရိကန်က အလစကားမှာ အရေးပေါ်ဆင်းသက်
ခဲ့ပါတယ်။ ကလေးနဲ့ မိခင်ကို ဆေးရုံခေါ် သွားပြီး ၂ ဦးစလုံးရဲ့ ကျန်းမာရေး တည်ငြိမ်နေ တယ်လို့ သတင်းက ရေးပါတယ်။
Credit : http://simon-knowledge.blogspot.co.uk/2015/10/blog-post_15.html
No comments:
Post a Comment