♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 19, 2015

"ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ"

 
ထမင်းစားပြီးပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားပြီးပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

၁။ ဆေးလိပ်မသောက်ရ

ထမင်းစားပြီးပြီးချင်း စီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက်ချင်တယ်ဆိုရင်တောင်မှ အစာစားပြီးပြီးချင်း မသောက်သုံးသင့်သေးပါဘူး။

၂။ အသီးချက်ချင်း မစားရ

အချို့ က ထမင်းစားပြီးရင် အချိုတည်းတဲ့အနေနဲ့ သစ်သီးဝလံတို့ကို ချက်ချင်းစားကြ ပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အလေ့အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံတတ်ပါတယ်။ ဒါကြောင့် ဝမ်း လေထိုးလေအောင့် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။

၃။ လက်ဘက်ရည် မသောက်ရ

လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစာစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ့အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲသွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။

၎။ ခါးပတ်မလျော့ရ

အချို့ က အစားစားနေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ခါးပတ်လျော့တတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။

၅။ ရေမချိုးရ

ထမင်းစားပြီး တကယ် ရေမချိုးသင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက သွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။

၆။ လမ်းမလျှောက်ရ

အစားပြီးပြီးချင်း လမ်း တစ်ရာ လျှောက်ရင် အသက်၁၀၀ နေရမယ် ဆိုတဲ့ ဆိုရိုးတောင် ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲံ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အတွက် စားသုံးလိုက်တဲ့ အစားစာမှ အာဟာရဓာတ်များကို အစာချေဖျက် စနစ်က လုံလောက်စွာ မဆုပ်ယူနိုင်ပါတယ်။ အခြားသော အကျိုးဆက်များလည်း

"ယောက်ျားတွေ ဖောက်ပြန်ကြတဲ့အခါ ဘာလို့  ‘အငယ်အနှောင်း’ ကိုပဲ လူတွေ အပြစ်ပုံချတတ်ကြတာလဲ"

သူတစ်ပါးအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့သူ ဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်လိုက်ပါ။ စိတ်ထဲ အမျိုးသားပုံရိပ်
 ပေါ်လာသလား ဒါမှမဟုတ် အမျိုးသမီးပုံရိပ်ပေါ်လာလား။ အိမ်ထောင်ရေးဖောက်ပြားမှုတွေမှာ လူအများစုဟာ ‘တစ်ဖက်မိန်းကလေး’ ကိုပဲ အပြစ်ပုံချချင်ကြပါတယ်။ ဘာလို့ များပါလိမ့်။ တန်ဂိုကဖို့ လူနှစ်ယောက်လိုပါတယ်။ လက်ဝါးနှစ်ဖက်တီးမှ လက်ခုပ်မြည်ပါတယ်။ ဒါနဲ့ များ ဘာလို့ လက်တစ်ဖက်တည်းကိုပဲ အပြစ်ပုံချချင်ကြတာလဲ။ စိတ်ပညာနည်းနဲ့ ဒီအဖြေကို လေ့လာကြည့်ရအောင်။

၁။ ယောင်္ကျားဆိုတာ ဘာပဲဖြစ်ဖြစ် ဆိုးသွမ်းဖောက်ပြားတတ်တယ်လို့ ကျွန်တော်တို့ ယူဆကြလို့ 
တီဗီမှာကြည့်နေရတဲ့ ဇာတ်လမ်းတွေ၊ ဖတ်ရတဲ့ ဇာတ်လမ်းတွေမှာ လူဆိုးအများစုက ယောင်္ကျားပါပဲ။ ရက်စက်
ယုတ်မာတဲ့ပြစ်မှုတွေ ကျူးလွန်တာလည်း ယောင်္ကျားပဲ။ ဒီမှာ ယူဆချက်က ဘယ်လိုဖြစ်သွားလဲ ဆိုတော့
 ယောင်္ကျားဆိုတာ ခွေးတိရိစ္ဆာန်၊ မိန်းမဆိုတာ အပြစ်ကင်းစင်တယ်လို့  ထင်သွားကြတယ်။ “ ဒီအခါမှာ အမျိုးသမီး တစ်ယောက် မကောင်းတာ တစ်ခုခုလုပ်မိရင်၊ သူတို့ ကို အကုန်လုံးက ၀ိုင်းအပြစ်တင်၊ဒေါသထွက်ကြတယ်။ ဘာလို့ လည်းဆိုတော့ အပြစ်ကင်းစင်တယ်ဆိုတဲ့ သဘာဝနဲ့ ဆန့် ကျင်တာ လုပ်လိုက်မိလို့ ပေါ့” လို့ လူ့ အမူအကျင့်ဆိုင်ရာ နဲ့  အိမ်ထောင်ရေးပညာရှင် ပါမောက္ခ Christine Hartman က ဆိုပါတယ်။ ဖောက်ပြန်တဲ့နေရာမှာ အမျိုးသမီးကိုတော့ ကြာခိုတဲ့ကောင်မလို့ သမုတ်ကြပြီး အမျိုးသားကိုတော့ အမှားလေး လုပ်လိုက်မိတယ်လို့  သတ်မှတ်ကြပြန်တယ်။ တကယ်တမ်းတော့ အမျိုးသားကိုယ်တိုင်က အိမ်ထောင်ရှိရဲ့သားနဲ့ ဖောက်ပြန်တာ မဟုတ်ဘူးလား။

၂။ တခြားကောင်မလေး ကို မုန်းဖို့ ပိုလွယ်တယ်
ရိုင်းရိုင်းပြောရရင် မယားငယ်က အဓိက ပစ်မှတ်ပဲ။ အထူးသဖြင့် ကိုယ်နဲ့ မသိတဲ့ မိန်းကလေး ဒါမှမဟုတ် ကိုယ့်မိတ်ဆွေ မဟုတ်တဲ့ မိန်းကလေး ဆိုရင်ပေါ့။ ပြီးတော့ ကိုယ်ချစ်လို့ ယူထားတဲ့ ယောင်္ကျားကို အပြစ်တင် လိုက်ရမှာက စိတ်က သိကအောက်ဖြစ်စရာပါ။“ အမျိုးသားအပေါ် အပြစ်ပုံချမယ်ဆိုရင် ကိုယ့်ဘာသာကို နာနာကျင်ကျင် ပြန်မေးရမယ့် မေးခွန်းတွေပေါ်လာတတ်တယ်။ သူ ငါ့ကို မချစ်ဘဲ လိမ်ညာယူခဲ့တာလား။ ငါတို့ အိမ်ထောင်ရေးက အရေခြုံ သက်သက်ပဲလား။ သူက ငါထင်ထားတဲ့ လူစားမျိုး မဟုတ်ပါလား။ ငါ့လက်ကျန်ဘ၀လေးမှာ တစ်ယောက်တည်း နေရတော့မှာလား။ စသဖြင့် မေးခွန်းတွေ အစီလိုက်ပေါ်လာတတ်တယ်။ ဒါကြောင့်မို့ လို့ ၊ အများစုဟာ ကိုယ့် အိမ်ထောင်ဖက်ကိုလည်း လက်မလွှတ်ချင်ဘူး။ ဒေါသတွေကိုလည်း တစ်နေရာရာကို ပုံချမယ့်ရတော့မယ် ဆိုရင် ဟိုဘက်မိန်းကလေးကိုပဲ ပုံချတတ်ကြပါတယ်။

၃။ သူမက ကိုယ့်ချစ်သူကို သွေးဆောင်ဖြားယောင်းတာလို့ ထင်တတ်ကြပြန်တယ်
“ ငါသာ အဲ့ကောင်မကို မောင်းထုတ်လိုက်နိုင်ရင် အရာရာအဆင်ပြေသွားမှာ” ဘာလို့ လည်းဆိုတော့ အဲ့ ကောင်မက

"တရုတ်ပြည်မှာ ဘတ်စ်ကားဒရိုင်ဘာ မသိအောင် ခွေးကို ကလေးလိုထုတ်ပိုး သယ်ဆောင် "

 
တရုတ်ဘတ်စ်ကားတစ်စီးပေါ်က လုံခြုံရေးကင်မရာတစ်ခုမှာ အမျိုးသမီးတစ်ဦးဟာ “ အိမ်မွေးတိရိစ္ဆာန် သယ်ဆောင်ခွင့် မပြုတဲ့အတွက် သူ့ရဲ့ခွေးလေးကို ကလေးလို ပြင်ဆင်သယ်ဆောင်တာကို ရိုက်ကူးထားနိုင်ခဲ့ပါသတဲ့။

ဒီ ဗီဒီယိုထဲမှာ Zhengzhou က လုံခြုံရေးကင်မရာနဲ့ ရိုက်ကူးထားပြီး လူအများ စီးနင်းလိုက်ပါတဲ့ ဘတ်စ်ကားပေါ်ကို ကလေးငယ်လေးတွေကို အနှီးထုပ်သလို သူ့ခွေးလေးကို ထုပ်ပြီးသယ်ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

အမျိုးသမီးဟာ ဒရိုင်ဘာ သိသွားမှာကို စိုးရိမ်တဲ့အတွက် ခုလိုသယ်ဆောင်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ခွေးကလေးက

" အသက်လေးဆယ်ကျော် အမျိုးသမီးတွေ အမြဲတမ်း စတိုင်ကျနေစေဖို့ ..."

 
အသက်အရွယ်ကြီးလာလေလေ စတိုင်ကျဖို့အတွက် အခွင့်အရေးနည်းသွားလေလို့တွေး နေသူတွေအတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စားပုံလေးဖြစ်အောင် ပြင်ဆင်လို့ရတယ်ဆိုတာ သိထားရအောင် အကြံပြုချင်ပါတယ်။

ရောင်စုံလည်ဆွဲများအသုံးပြုခြင်း - အသက်အရွယ်ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက်အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။

သက်တူရွယ်တူအနုပညာရှင်ကို တုပခြင်း
ကိုယ်နဲ့သက်တူရွယ်တူ၊ခန္ဓာကိုယ်အရွယ်အစားတူ၊ အသားရောင်တူပြီး ကိုယ်သဘောကျတဲ့ အနုပညာရှင်ရဲ့စတိုင်တွေကို မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရင်း အတုယူဝတ်ဆင်တာ မျိုးလည်းလုပ်နိုင်ပါတယ်။

ခေတ်ရေစီးကြောင်းအတိုင်းလိုက်ခြင်း
ဗီရိုထဲမှာ ခေတ်ပေါ် အဝတ်အစားတစ်စုံ၊ နှစ်စုံလောက်ရှိနေရင်ကိုပဲ ကိုယ်က ဒိတ်အောက်နေတဲ့ စာရင်းထဲမပါနိုင်တော့ပါဘူး။ အဝတ်အစားအတွက် အချိန်မပေးနိုင်ဘူးဆိုပေမယ့် ရှော့ပင်း ထွက်ရင်းကိုယ့်အသက်တန်းအတွက် ဘာဒီဇိုင်းတွေခေတ်စားနေလဲဆိုတာ လေ့လာထားဖို့ လိုပါတယ်။

ခြေထောက်အလှပေါ်သည့် အဝတ်အစားရွေးခြင်း
အသက် (၂၀) အရွယ် ပြန်မရနိုင်တော့ဘူးဆိုတာနဲ့ အင်္ကျီပွပွ ရှည်ရှည်ကြီးတွေပဲဝတ်ရမှာမဟုတ်ပါဘူး။
 ခြေထောက်အလှပေါ်လွင်စေမယ့် ဒူးအထက် ၁ လက်မ၊ ၂ လက်မစကတ်အတိုပုံစံမျိုးလည်း ဝတ်သင့်သလို

"အစောင့်လုံခြုံရေး အမျိုးသမီးတစ်ဦးရဲ့ ရင်သားကို အငမ်းမရကိုက်ခဲ့တဲ့ Azealia Banks အဖမ်းဆီးခံရ"

 
၂၀၁၁ ခုနှစ်ကစ ပရိသတ်အသည်းစွဲဖြစ်လာတဲ့ ရက်ပ်အဆိုတော် Azealia Banks ဟာ တရားရေးပြသနာ အနည်း
ငယ်ရင်ဆိုင် ရင်ဆိုင်နေရပြန်ပါတယ်။ Banks ဟာ မူးယစ်ဆေးသုံးစွဲပြီး အမျိုးသမီးအစောင့်လုံခြုံရေးတစ်ဦးကို လက်
သီးနဲ့ထိုး၊ သူမရင်သားကို သွားနဲ့ ကိုက်ပြီးတဲ့နောက်မှာတော့ နိုက်ကလပ်တစ်ခုရဲ့ အပြင်ဘက်မှာ ဖမ်းဆီးခံခဲ့ရတာ
ဖြစ်ပါတယ်။

Banks က သီးသန့်ပါတီပွဲတစ်ခုအတွက် သွားတယ်ဆိုပေမယ့် ၄င်းကလပ်မှ လုံခြုံရေးတွေနဲ့ သဘောထားကွဲလွဲမှုရှိကြောင်း သိပြီးတဲ့နောက် သူမကို ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီကလပ်ပိုင်ရှင်ရဲ့ မွေးနေ့ပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည်တစ်ဦးနဲ့အတူ သူမ ရောက်လာခဲ့ပုံရပါတယ်။ အောက်ထပ်က လုံခြုံရေးတွေက သူမကို အပေါ်ထပ်သို့ ဆက်
တက်သွားဖို့ သက်ဆိုင်ရာ သီးသန့်ပါတီခန်းသို့ ဝင်ရောက်ဖို့ တံဆိပ်ခေါင်းတစ်ခုကို ယူဖို့ လိုအပ်ကြောင်း သူမအား
 ပြောပြခဲ့ပါတယ်။

အဲဒီချိန်မှာ အမျိုးသမီးလုံခြုံရေးတစ်ဦးနဲ့ အမျိုးသားလုံခြုံရေးတစ်ဦး ရှိနေခဲ့ပြီး သူတို့ Banks ကို သတိမထားမိကြကြောင်း၊ အဲဒီအခါမှာ သူမ ငယ်သံပါအောင် အော်ဟစ်ဆဲဆိုပြီး လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေ စတင်ပြောဆိုပါတယ်လို့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ ကလပ်ပိုင်ရှင်တစ်ဦးမှ ရုတ်ရုတ်သဲသဲဖြစ်တာကို သတိထားမိပြီး သူမအား အထဲဝင်ရောက်ခွင့်ပြုပေးလိုက်ပါတယ်။ ဒါပေမယ့် သူမ အထဲကို ၁၅ ပေခန့် ရောက်သွားတာနဲ့ အစောင့်များကို သူမ ဘယ်သူ၊ ရီဟားနားအခွေထဲမှာ ပါဝင်သူဖြစ်ကြောင်း ရှင်းပြကာ စတင် ဆဲဆိုသွားကြောင်း သိရပါတယ်။

ကိုယ်ရံတော်နဲ့ စောင့်ရှောက်ခံနေရလို့ လုံခြုံရေးစောင့်အမျိုးသမီးရဲ့ ရင်သားကို သူမ သွားနဲ့ ကိုက်ခဲ့ပြီး အကျီင်္်တောင်

"Frozen ထဲက မင်းသမီးလေး Elsa နဲ့ တစ်ထေရာတည်းတူတဲ့ ဘရာဇီးနိုင်ငံက ပင်ကိုယ်အလှရှင်မလေး"

ဘရာဇီးလ်နိုင်ငံ၊ Blumenau မြို့ က အသက် ၂၃ နှစ်အရွယ် Andressa Damiani ဟာ Elsa ရဲ့ မျက်နှာ အသွင်အပြင်နဲ့ 
တစ်ထေရာတည်းနီးပါး တူညီပြီး၊ အရုပ်မလေးရဲ့ ပြူးကျယ်ရွှန်းလဲ့တဲ့ မျက်လုံးပုံစံအတိုင်းရအောင်လို့ မျက်ကပ်မှန်တပ်ထား
တာကလွဲလို့  ခွဲစိတ်ပြုပြင်မှု တစ်ခုမှ မလုပ်ထားဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် သူမရဲ့ ကြွေရုပ်မလေးလို လှပတဲ့ မျက်နှာအသွင်အပြင်ကြောင့် လမ်းမှာတွေ့ တဲ့ တစ်ချို့ လူတွေ ကြောက်လန်.တ
ကြားဖြစ်ရပြီး ညဘက် သူမလမ်းလျှောက်လာတာ မြင်တဲ့လူတွေဆိုရင် ထွက်ပြေးကြတာ မျိုး တောင်ရှိတယ်လို့ Andressa က ၀န်ခံပြောကြားခဲ့ပါတယ်။  တိရိစ္ဆာန်အထူးကုဆရာဝန်လည်း ဖြစ်တဲ့  Andressa ဟာ Disney ရဲ့ကာတွန်းရုပ်ရှင်ကား
 Frozen ထဲက မင်းသမီးလေး Elsa နဲ့ တော်တော်တူတာမို့  သူမကတွေ့ တဲ့ လမ်းသွားလမ်းလာတွေက ‘Elsa’ လို့ ခေါ်ရာ
ကနေဘရာဇီးနိုင်ငံမှာ နာမည်ကြီးသွားခဲ့သူ ဖြစ်ပါတယ်။
ဒီလို အရုပ်နဲ့ တူတဲ့အသွင်အပြင်ကို ရဖို့ အတွက် မိတ်ကပ်အနည်းငယ်သာ လိမ်းထားပြီး အစာလျှော့စားတာ လေ့ကျင့်ခန်း
လုပ်တာတွေ တစ်ခုမျှမရှိဘူးလို့ လည်း တိရိစ္ဆာန်ဆရာဝန်မလေးက ဆိုပါတယ်။“ ကျွန်မ မှတ်မိသလောက်တော့ အရင်က
တည်းက အရုပ်နဲ့ တူတာရှင့်။ မိတ်ကပ်တွေ အထူကြီး မလိမ်းတတ်သလို၊ အစားအသောက်ကို အတိုင်းအချင့်နဲ့ လည်း မစားတတ်ဘူး။ လေ့ကျင့်ခန်းဆိုလို့  ခွေးနဲ့ လမ်းလျှောက်တာပဲ ရှိပါတယ်။ အရုပ်မလေးနဲ့ တူတာကို ကျွန်မကြိုက်တာပေါ့။ ကျွန်မကိုချစ်တဲ့ ပရိသတ်တွေဆီက ချစ်ဖို့ ကောင်းတဲ့ မက်ဆေ့တွေ အများကြီးရတယ်။ ဒါပေမယ့် ဝေဖန်တာတွေလည်း
 တွေ့ ရတယ်”လို့ သူမက ပြောပါတယ်။
Andressa က သူမအနေနဲ့ ပလတ်စတစ်ဆာဂျရီ တစ်ခုမှ မလုပ်ထားဖူးလို့ ပြောတော့ လူတွေက မယုံချင်ကြဘူးလို့ 
ဆိုပါတယ်။ သူက အရမ်းပိန်နေတဲ့အတွက် ကိုယ့်ကိုကိုယ် အစာငတ်ခံနေတယ်လို့ လည်း လူတွေက ထင်နေကြပြီး၊ သူ့ ကို လူလိမ်လူညာ လို့ ခေါ်ကြတယ်လို့  Andressa က ဘရာဇီးနိုင်ငံက တီဗီအစီအစဉ် မှာ ပါဝင်စဉ်က ပြောပြခဲ့ပါတယ်။၂၀၁၂

December 18, 2015

" ချစ်တယ်..ချမ်းတယ်ဆိုတာ ..အတူတူပဲလား နှမရယ် "

. ချစ်တယ် ..
မွန်ပြည်နယ်မှာ " ချမ်းတယ်" ဆိုတဲ့ စကားကို “ချစ်တယ်” လို့ အဓိပ္ပါယ်ရပါတယ်တဲ့.. ထူးဆန်းမှုတစ်ခုလား၊ တိုက်ဆိုင်မှု တစ်ခုလား တကယ်ကို မသိခဲ့တာပါ။
ကျော်တို့ ရန်ကုန်မြို့တော်သူ/သားအပေါင်း မတော်တဆ ဆောင်းမှာ
မွန်ပြည်နယ် ရောက်ခဲ့ရင် ချမ်းတဲအခါ အေးတယ်လို့ပဲ ပြောကြပါ။
တစ်ခွန်းတည်းနဲ့ Heart ထိသွားရင် တာဝန်ကြီးပါတယ်တဲ့..
ဒါမှမဟုတ် အခွင့်အရေးရတုန်းလေး ချစ်နေတဲ့အကြောင်း
အလွယ်တကူ ရင်ဖွင့်မယ်ဆိုရင်
“ ကိုယ်…အရမ်း…ချမ်းနေတယ်…” လို့သာ ပြောလိုက်ပါ။
အဆင်ပြေမှာပါ။ အဆင်မပြေရင်လည်း အသံဗြဲနဲ့ ပွင့်ပွင့်လင်းလင်း အတင်းပြောခံရရုံ၊ မွန်လေးတွေဆို စကားမေးမရတော့ပဲ ပြုံးပဲပြုံးကြည့်ခံရရုံကလွဲ သူတို့ ဘာမှမလုပ်ပါဘူး။ အင်မတန် သဘောဖြူတဲ့ တိုင်းရင်းသူ/သားတွေပါ။
မွန်ပြည်နယ်ကို သိသလောက် မိတ်ဆက်ပေးရမယ်ဆိုရင်တော့ တန်ခိုးကြီးဘုရားများစွာ တည်ရှိတယ်. အစားအသောက်ကောင်းတယ်. မိန်းမလှများစွာ နေထိုင်ကြတယ်. အဲဒါ မွန်ပြည်နယ်..အော်.ပြီးတော့ အရမ်း အရမ်းလည်း ချမ်းတယ်..
ဒီနေ့အတွက်ကတော့ စန္ဒီမြင့်လွင်ရဲ့ “ချစ်နေတုန်းပဲ” သီချင်းလေးက “ချမ်းနေတုန်းပဲ” ဖြစ်သွားတယ်။ မြင်မြင်ချင်း ချစ်မိတာကို

"ခေါင်းလျှော်ဆိုင်သွား သတိထား ……."

ခေတ်လည်းမှီတယ် လွယ်လည်းလွယ်တယ်ဆိုပြီး အများအားဖြင့် ဆံကေသာအတွက် ဆိုင်မှာလျှော်ခြင်း ၊ ဆံပင်နှင့်ပတ်
သက်သည့်ပေါင်းတင်ခြင်း ၊ အရောင်ဆိုးခြင်း အပါအဝင် ဆံကေသာအလှတွက် လုပ်ဆောင်နေကြပါတယ် ။ အားလုံးအတွက် အစဉ်ပြေပေမဲ့ ကျန်းမာရေးအတွက် သတိလေးတော့ ပေးချင်လို့ ပါ ။
လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုသည့် ဇီဝဖြစ်စဉ်တွေအများအပြားရှိပါတယ် ။ များသောအားဖြင့် အမျိုးသမီးများတွင် တစ်ယောက်က ဆံကေသာကိုဒါလေးလုပ်ထားတယ် လှတယ် အစဉ်ပြေပေမဲ့ နောက်တစ်ယောက်အတွက်ကျတော့ လူု့ အရေပြားမှာ တစ်ခြားတစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အရောင်ဆိုခြင်းတွေတွင် ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ် ။ အဲလိုမျိုးတွေရှိပါတယ် ။ ခေါင်းလျှော်နေသည့် ဦးခေါင်းအနီးတွင် ပန်ကာလေခံခြင်း ၊ အဲယာကွန်းလေ တည့်တည့်ကျရောက်နေရာမျိုးတွင် ခေါင်းလုံးဝ လျှော်ခြင်း မပြု့ လုပ်သင့်ပါ ။
လျှော်ပေးသူသည် တစ်ကိုယ်ရည်သန့် ရှင်းရန်လည်း လိုအပ်ပါတယ် ။ လူအများအပြားဥိးခေါင်းကို ကိုင်တယ်ရသဖြင့် အရေပြားကူးစက်ပိုးများသည့် လက်သည်းကြားအတွင်းမှနေ တစ်ခြားကို ဝင်ရောက်ကူးစေတက်လို့ ပါ ။ လက်သည်ရှည်ထားပြိး မသန့် ရှင်းခြင်း ၊ တစ်ဦးလျှော်ပြီးလျှင် လက်ကို ပိုးသတ်ဆေးရည်များဖြင့် မဆေးကြောခြင်းကြောင့် တစ်ခြားတစ်ဦးကို ရောဂါ ကူးစေတက်သည် ။
ခေါင်းလျှော်ပြီးလို့  နှိပ်နယ်ပေးခြင်းသည် အလွန်သတိထားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ် ဒါကို မသိနားမည်ဘဲ ခေါင်းနဲ့ ဂုတ်ပိုးများကို နှိပ်နယ်ခံယူတက်ကြပါတယ် ။ ခေါင်းလျှော်စင်ပေါ်တွင် အိပ်နေသည့်နေအထားဖြစ်နေပြီး ခေါင်းကိုမပြီး နှိပ်နယ်ပေးခြင်း နားနောက်နေရာတွင် နှိပ်နယ်ပေးခြင်း နားထင်များကို

"ဂမ္ဘီရ ၀တ္ထုတွေ ဖတ်ရတာ ၀ါသနာပါသူတွေအတွက် ဂမ္ဘီရ၀တ္ထုစာအုပ်တွေကို တစုတည်း ဒေါင်းယူနိုင်ပါပြီ"


တခါတလေ အချစ်ဝတ္ထုတွေ ဖတ်ရတာပျင်းလာရင် ဒီလိုမျိုး ဂမ္ဘီရ၀တ္ထုတွေဖတ်ကြည့်

စိတ်ဝင်စားရင်တော့ ဖတ်ရတာကောင်းပါတယ်။စုစုပေါင်း 35အုပ် တစ်ဖိုင်ထဲထည့်

လိုအပ်သူများ အလွယ်ရနိုင်ဖို့ တင်ပေးလိုက်တယ်။စုထားချင်သူ ဖတ်ချင်တဲ့သူတွေ

အောက်ကလင့်မှာ ဒေါင်းပါ။ စာရေးဆရာ အစုံပါပဲ တြိစက္က၊တြိသိင်္ခ ပိုများပါတယ်။

"မြန်မာနိုင်ငံ ​​Facebook သုံးရင်းနဲ့ တစ်​ဖက်​တစ်​လမ်းက ဝင်​​ငွေရ​အောင်​ လုပ်​နည်း​လေးပါ "

လက်​​တွေ့​ကိုယ်တိုင်စမ်းပြီးလို့ ​​​အမှန်​ကန်​ရပါတယ်​ 100% Working "
 

အခုတင်​​ပေးလိုက်​တဲ့နည်းက ကျ​နော်​ကိုယ်​တိုင်​ တကယ်​ပိုက်​ပိုက်​ ထုတ်​ရပြီးလို့ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​တာပါ။ 
ကျွန်တော် ဒီ ၄ ရက်အတွင်း ဖုန်းဘေလ် ၅သောင်း​​ကျော် ​ထုတ်ပြီးပြီ။ တကယ်ရပါတယ်။ ဖုန်း​ဘေမထုတ်​ချင်

"အမျိုးသား သီးသန့်ထောင်မှာ ကျခံနေရတဲ့ အမျိုးသမီးတစ်ဦး ထိတ်လန့်နေ "

ပတ်စ်ပို့ မှာ အမျိုးသားဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ လုံခြုံရေးကြောင့် အမျိုးသားသီးသန့် အကျဉ်းထောင်မှာကျခံနေရ
တယ်လို့ သတင်းရရှိပါတယ်။

အမျိုးသားအဖြစ်နဲ့ မွေးလာတဲ့ လိင်အင်္ဂါပြောင်း အဲ့ဒီ့အမျိုးသမီးဟာ သူမရဲ့လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်နေပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Tara Hudson ဟာ သူမရဲ့ အရွယ်ရောက်ပြီးနောက်ပိုင်း ဘဝကကို အမျိုးသမီးတစ်ဦးအနေနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။ ၆နှစ်တာအတွင်း လိင်အင်္ဂါပြောင်း ခွဲစိတ်မှုကို ခံယူနေခဲ့ပါတယ်။ သူမဟာ မိတ်ကပ်ပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းက ဘားတစ်ခုမှာ ခိုက်ရန်ဖြစ်ပြီး ရိုက်နှက်မှုနဲ့ ထောင် ၁၂ပတ် ကျခံနေရပါတယ်။ သူမရဲ့ ထောင်ဒဏ်ကို Category-B အမျိုးသား အကျဉ်းထောင်မှာ ကျခံရမယ်လို့ အောက်ရုံးတရား သူကြီးကနေ အမိန့်ချမှတ်လိုက်ပါတယ်။ သူမရဲ့ ပတ်စ်ပို့မှာ အမျိုးသားတစ်ယောက်အဖြစ်ပဲ ပြနေသေးလို့ပါ။

သူမဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေပြီဆိုတာ ဆရာဝန်တွေတောင်မှ အတည်ပြုပြီးပြီလို့ သူမရဲ့ မိခင်ကပြောပြီး ဒီလိုအမိန့်ချမှုကို ရှုံ့ချခဲ့ပါတယ်။ သူ့သမီးကို အမျိုးသားအကျဉ်းသားတွေရဲ့ သားကောင်ဖြစ်မှာကိုလည်း ထိတ်လန့်နေကြောင်း အကျဉ်းဦးစီးဆီကို စာရေးအကြောင်းကြားခဲ့ပါတယ်။

“သူမနဲ့ ပတ်သက်ပြီး ဘာယောကျာ်းလေးမှ မဟုတ်ဘူး။ ဘယ်သူမှ ခွဲခြားတတ်မှာလဲမဟုတ်ဘူး။ သူမပုံက အမျိုးသမီးတစ်ယောက်ပဲ။ အရမ်းလဲ လှတယ်။ အမျိုးသားတွေက သူမနောက်ကိုလိုက်ကြတော့မယ်ဆိုတာ ကျွန်မ သိတယ်။

December 17, 2015

"ယောက်ျားတွေလိုချင်တာ ဒီလိုမိန်းမမျိုးပါ"

 ယောက်ျားတစ်ယောက်က ပြောတယ်......
(၁) မိန်းကလေးတစ်ယောက်ဟာ သိပ်ချောသိပ်လှစရာမလိုဘူး။ လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး အိမ်အပြန်ခေါ်ပြန်လာ
လို့ရရင် ရပြီ။

(၂) ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်း
ချစ်ရင် ရပြီ။

(၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာလုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင်
 နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်။

(၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကိုပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။

(၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။ ဒါပေမယ့် ငါ့ဖုန်းဘယ်တော့မှ ပိတ်မထားဘူး... ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို နင်ရှာတွေ့နိုင်စေရမယ်။

(၆) သူငယ်ချင်းတစ်သိုက်နဲ့ ငါ ထွက်သောက်ဖြစ်တဲ့အခါတိုင်း နင့်ကိုငါခေါ်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် ခမ်းခမ်းနားနား
ကျင်းပတဲ့ပွဲမှန်သမျှ နင့်ကို ငါဂုဏ်ရှိရှိတွဲခေါ်ပြီး လူတွေနဲ့မိတ်ဆက်ပေးလို့ရတယ်။

(၇) တချို့ကပြောတယ်.. မိန်းမယူတာ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်းဖို့တဲ့။ ငါတော့ ဒီလိုမထင်ဘူး။ အိမ်မှု
ကိစ္စတွေကို ငါခွဲဝေကူလုပ်ပေးနိုင်တယ်။ ဒါပေမယ့် ငါလုပ်တယ်ဆိုပြီး နင်မလုပ်တော့တာ မဖြစ်ပါစေနဲ့။

(၈) ဝမ်းနည်းတဲ့ဘယ်လိုကိစ္စမျိုးမဆို ငါ့ကို နင်ပြောပါ။ ငါရဲ့ခိုင်ခံ့တဲ့ပခုံးနဲ့ နင့်ကိုငါအမှီပေးမယ်။

(၉) ငါ့မှာ ယောက်ျားမာန်ဆိုတာရှိတတ်တယ်။ အပြင်မှာ၊ ငါ့မိတ်ဆွေသူငယ်ချင်းရှေ့မှာ ငါ့ကိုမျက်နှာသာပေးဖို့ မမေ့ပါနဲ့။ အိမ်မှာ နင့်ကို ငါမျက်နှာသာပေးထားတယ်။

(၁ဝ) နင်အရမ်းရင့်ကျက်ဖို့ ငါမလိုဘူး။ ရင့်ကျက်တဲ့မိန်းမတစ်ယောက်ဟာ အရမ်းမောရတတ်တယ်။ ငါ့ကို နင်ချွဲနွဲ့လို့ရတယ်။ နင့်ကို ဂရုစိုက်ကာကွယ်တာဟာ ငါရဲ့တစ်သက်တာ တာဝန်ပါ။

(၁၁) တစ်ချိန်ချိန်မှာ ငါပိုက်ဆံမရှိတော့သွားတဲ့အခါ ငါ့ရဲ့အရည်အချင်းကို နင်အကဲမဖြတ်ပါနဲ့။ ဘဝဆိုတာ ဗုံလုံတစ်လှည့်

" နှလုံးစူးအောင့်၍ ခွဲစိတ်ရာမှ သွားကြားထိုးတံ စိုက်နေကြောင်း တွေ့ရ "


အသက် ၄၂နှစ် ရှိပြီ ဖြစ်တဲ့ Horacio Rodriguez ဆိုသူဟာ နှလုံး စူးအောင့် နေရာမှ ခွဲစိတ်မှု ခံယူရာ သွားကြား ထိုးတံ တစ်ချောင်းကို ထူးဆန်းစွာ တွေ့ရှိခဲ့ ရပါတယ်။

နှလုံးကို သွားစိုက်နေတဲ့ သွားကြား ထိုးတံကို ဖယ်လိုက်တဲ့ အခါမှာတော့ သူဟာ နေပြန်ကောင်း လာတယ်လို့ သိရပါတယ်။

အဲ့ဒီ့သွားကြားထိုးတံဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ အမှတ်မထင် မြိုချမိခဲ့ တာဖြစ်တယ်လို့ သူကပြော ပါတယ်။ ၇နာရီကြာ ခွဲစိတ်ပေး ခဲ့ရတဲ့ ဆရာဝန်တွေ ကတော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိ မှုကို တအံ့တသြ ဖြစ်လို့နေ ပါတယ်။

Horacio ဟာ အဖျားကြီးတာကို အဆုတ်ရောင် တာလို့ မှားယွင်း စစ်ဆေး မိခဲ့ပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။ သူ့မှာ နှလုံးပိုးဝင်နေပြီး သွေးအန်ကာ ရင်ဘတ်နားတွေကို ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့ နှလုံးထဲမှာ မရှိသင့်တာ တစ်ခုခုရှိနေပြီဆိုတာ ခွဲစိတ်ဆရာဝန်တွေက သိခဲ့ပြီး Ferbabdez ဆေးရုံမှာ နှလုံးကို ခွဲစိတ်ဖို့ ပြုလုပ်ခဲ့တာပါ။

Horacio ဆယ်ကျော်သက် တုန်းက သွေးကူးပြောင်း ခဲ့ရဖူးပြီး သွေးထုတ်ယူတဲ့ ပြွန်သေး တစ်ခု ကျန်နေတာလို့ ဆရာဝန်တွေက ထင်ခဲ့ မိပါတယ်။ နှလုံးခွဲစိတ်ရင်း သွားကြားထိုးတံ ရှာတွေ့တယ် ဆိုတာ ရှားရှားပါးပါးပါ။

“Horacio နေပြန်ကောင်းလာတဲ့ အခါ သူ့ထဲမှာ ဘာတွေ့ ခဲ့တယ်ဆိုတာ ကျွန်တော် ပြောပြတော့သူကရယ်တော့ တာပဲ။ ပြီးခဲ့တဲ့ နှစ်တုန်းက စားမြိန်တာတွေ သူ အများကြီး စားခဲ့ ကြောင်းကို ဝန်ခံခဲ့တယ်။” လို့ နှလုံးအထူးကု ဆရာဝန်

"သင်္ချိုင်းကုန်း ဖောက်ပြီး အလောင်းခိုးတဲ့ အမျိုးသား ၃ ဦး အဖမ်းခံရ"

လူဆိုး အဖွဲ့ တစ်ဖွဲ့ဟာ သုသာန်ကနေ အလောင်းခိုးမှု နဲ့ သံသယ ရှိခံရတဲ့ အတွက် အဖမ်းခံ ခဲ့ရပါတယ်။ သူတို့ဟာ ထို အလောင်းကို သရဲ မင်္ဂလာဆောင် အတွက် ရောင်းချဖို့ ဖြစ်တယ် လို့လည်း သိရပါတယ်။

တရုတ်ပြည်မြောက်ပိုင်း Shanxi ခရိုင်က ရဲတပ်ဖွဲ့တွေဟာ သချီုင်းကုန်း ဖောက်ထွင်းမှု နဲ့ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခဲ့ရပါတယ်။ ရဲအရာရှိတွေ အခိုင်အမာဆိုခဲ့တာကတော့ အဓိက သံသယ ရှိခံရသူ အသက် ၇၂ နှစ် အရွယ် Hou ဆိုသူကတော့ သူဟာ အလောင်းခိုးခဲ့တယ်ဆိုတာ ၀န်ခံထားပြီး ထို အလောင်းရဲ့ နာရေး သတင်းကို ကြားကတည်းက ခိုးဖို့ ကြံစည်ခဲ့ တာဖြစ်တယ်လို့ လည်း ထွက်ဆိုထားကြောင်း iCross China သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။

ရဲအရာရှိတွေရဲ့ ပြောကြားချက်အရတော့ ထို အလောင်းသူခိုး အမျိုးသား ၃ ယောက်ဟာ အခိုးခံရတဲ့ အမျိုးသမီး အလောင်းနဲ့ ဆွေမျိုးတော်စပ်တယ်လို့ သိရပြီး သူတို့ဟာ ထို အမျိုးသမီးအလောင်းကို စတာလင်ပေါင် ၂၅၀၀ နဲ့ ရောင်းချဖို့ ကြိုးစားခဲ့ကြတာပါ။

ထို သချိုင်းကုန်း တည်ရှိတဲ့ ကျေးရွာနေ ပြည်သူတွေက အခေါင်းကြီးပွင့်နေတာကို တွေ့ရတဲ့အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဒေသအချို့မှာတော့ "Netherworld Marriage" ဆိုတဲ့ တမလွန် မင်္ဂလာဆောင်ကို ကျင်းပလေ့ရှိပြီး ရိုးရာ ယုံကြည်မှုအရတော့ မင်္ဂလောင်မဆောင်လိုက်ရတဲ့ အမျိုးသားတွေကို တမလွန် မင်္ဂလာဆောင် ပြုလုပ်ပေးခြင်းက ကျန်ရစ်သူ မိသားစုကို လာဘ်လာဘ ကောင်းစေတယ် လို့ သိရပါတယ်။

ဒါကြောင့် ကျန်ရစ်သူမိသားစုတွေက အမျိုးသမီး အလောင်းကိုဝယ်ပြီး သေဆုံးသွားတဲ့ မင်္ဂလာမဆောင်ရသေးသူ

" ရေငုပ်ငါးဖမ်း အလွန်ကျွမ်းတဲ့ တင်ကျီးငှက် ဆိုတာ.. "

 
တင်ကျီးငှက်များကို လူတိုင်း မြင်ဖူး ကြားဖူး ကြလိမ့်မယ် မထင်ပါဘူး။ လူတိုင်း မမြင်ဖူး မကြားဖူးတဲ့ တင်ကျီးငှက် အကြောင်း လေးကို ပြောပြချ င်ပါတယ်။

တင်ကျီးငှက်ဟာ ‌ခြေ‌ချောင်းများကြားမှာ အ‌ရေပြားရှိတဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ ရေတွင်ငုပ်၍ ငါးများကိုအစာအဖြစ် လိုက်လံဖမ်းဆီးစား‌သောက်တတ်ပါတယ်။ အများအားဖြင့် ‌ရေငုပ်၍ ငါးဖမ်းရာ၌ ‌ရေထဲတွင် ကြာရှည်စွာ‌နေနိုင်တာပါ။

‌ရေကူးရာမှာ အ‌ရေပြားရှိတဲ့ ‌ခြေများကိုအသုံးပြုတတ်ပါတယ်။ ပျံသန်း‌သောအခါ ‌ရေမျက်နှာပြင်နှင့်ကပ်၍ ပျံသန်းပြီးလျှင် ငါးများကိုဖမ်းယူတတ်ကြပါတယ်။ အဲ့ဒါမှမဟုတ်ရင် ရေပေါ်တွင် ကိုင်းလျက်ကျရောက်နေသော သစ်ကိုင်း‌ပေါ်တွင် နားကာငါး‌ပေါ်လာမည်ကို ‌စောင့်‌မျှော်နေတတ်ပါတယ်။

ငါးဖမ်းအလွန် လျင်မြန်တယ်လို့ ဆိုရပါမယ်။ အစာစားရာတွင် ‌လောဘတကြီးနဲ့ စားမျိုလေ့ရှိပါတယ်။ မိတဲ့အစာကို မမျိုမှီ အများအားဖြင့် ‌ရေပေါ်သို့ ယူလာတတ်ပါတယ်။ အစာကို ‌ခေါင်းပိုင်းမှစ၍ မျိုချ‌လေ့ရှိပါတယ်။

တင်ကျီးငှက်ဟာ ဇီဝ‌ဗေဒအလိုအားဖြင့် ‘ဖယ်လာကရိုကိုရက်စီဒီး’ မျိုးရင်းဝင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် တင်ကျီးငှက်အမျိုးမျိုးကို ‌တွေ့နိုင်ပါတယ်။ အများအားဖြင့် တင်ကျီးငှက်တို့ဟာ ပင်လယ်ကမ်း‌ခြေတွင် ‌နေ‌လေ့ ရှိကြသော်လည်း မြစ်များနှင့် အိုင်များတွင်လည်းမကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။

ငှက်ကြီးဝံပိုနှင့် တင်ကျီးငှက်တို့ဟာ နီးစပ်တူပါတယ်။ တင်ကျီးငှက် ကြီးမျိုးဟာ အလျား လက်မ ၃၀ မက ရှည်ပါတယ်။

တင်ကျီးငှက်အားလုံးတွင် သန်မာ၍ရှည်‌သော နှုတ်သီးနှင့် အတောင်ပံများရှိပြီး နှုတ်သီးရဲ့ အဖျားက ကောက်ပါတယ်။ အမြီးရှိ အ‌မွှေးများဟာ အနည်းငယ်ဖွင့်ထား‌သော ယပ်‌တောင်ကဲ့သို့ ပြန့်ကားလျက်ရှိပါတယ်။

မြန်မာနိုင်ငံရှိ တင်ကျီးငှက်ဟာ အလျား ၃၂ လက်မခန့်ရှိပါတယ်။ သား‌ပေါက်ချိန်ဖြစ်‌သော စက်တင်ဘာလဆန်းမှ ဒီဇင် ဘာလလယ်အထိဖြစ်ပါတယ်။ တင်ကျီးငှက်ကို မြင်လိုက်တာနဲ့ မှတ်မိလွယ်နိုင်တဲ့အချက်က သူ့ရဲ့ ပါးနှစ်ဘက်နှင့် နံ‌ဘေးတို့မှာ အဖြူရောင်ရှိတဲ့အချက်လို့ ဆိုရမှာပါ။ ငှက်ငယ်လေးများဟာ ပို၍ အ‌ရောင်ညိုပြီးလျှင် ‌အောက်ပိုင်းတွင် အဖြူရောင်ရှိပါတယ်။ ဘေးဖက်နှင့် တစ်ခါတစ်ရံကိုယ်အလယ်ပိုင်းတို့တွင် အညိုကွက်များ ရှိတတ်ပါတယ်။

မြန်မာနိုင်ငံရှိ တင်ကျီးငှက်မျိုးတို့ဟာ ‌ရေချိုမှာသာကျက်စားတတ်တဲ့ ငှက်မျိုးဖြစ်ပါတယ်။ မြစ်များနှင့် အိုင်များတွင် အုပ်စုဖွဲ့ ကာ‌နေကြတာကို မကြာခဏ ‌တွေ့ရတတ်ပါတယ်။

သူ့ရဲ့ ပျံသန်းပုံ ပျံသန်းနည်းက ထူးခြားပါတယ်။ လည်ပင်းကို ‌ရှေ့သို့ဆန့်ထုတ်ပြီး အ‌တောင် ကိုမှန်မှန်ရိုက်ခတ်ကာ အ‌တော်မြန်မြန်ပျံသန်းတတ်ကာ ပျံရာ၌ တည့်တည့်ပျံတတ်ပါတယ်။

နား‌နေတဲ့အခါတွင် ဝမ်းဘဲများကဲ့သို့ ရေပေါ်၌ မနားဘဲ၊ ကမ်း‌ခြေ‌ပေါ်မှ ကျောက်တုံးများ ‌ပေါ်တွင်လည်းကောင်း၊ သစ်ပင်များ‌ပေါ်၌လည်းကောင်း နား‌နေ‌လေ့ရှိပါတယ်။ အဲ့ဒီလို နား‌နေခိုက်မှာ

"လူယုံကြည်မှု ရနိုင်စေသည့် ကိုယ် အမူအယာ (၅) မျိုး "

 
ဤ ကိုယ်ဟန် အမူအရာ မျက်နှာရိပ် မျက်နှာကဲနှင့် စကားပြောနည်း ဆိုင်ရာ လျှို့ဝှက်ချက် ငါးချက်နှင့် လူတို့၏ ယုံကြည်မှု ကို ရယူ လိုက်ပါ။

စီးပွားရေး လုပ်ငန်းတွင် ဖြစ်စေ၊ တသီးပုဂ္ဂလ ဆက်ဆံရေး များတွင်ဖြစ်စေ၊ အဆင်ပြေ ချောမွေ့မှု ရှိကာ အောင်မြင်မှု ရရှိစေ ရန် ကျွန်ုပ်တို့အားလုံး လိုအပ်သော အရာ တစ်ခု ရှိပါသည်။

Trust ခေါ် ယုံကြည်မှုပင် ဖြစ်သည်။ ကျွန်ုပ်တို့ အားလုံး သည် လူအများက ကျွန်ုပ်တို့အား ယုံကြည် လာကြစေရန် ကြိုးပမ်း ကြသည်သာ ဖြစ်သည်။ သို့သော် ယုံကြည်မှု ဆိုသည်မှာ တည်ဆောက်ရန် ခက်ခဲသော အရာ ဖြစ်သည်မှာ အမှန်တရားပင် ဖြစ်သည်။

ကံကောင်းစွာပင် ချက်ချင်းပင် ပိုမို၍ ယုံကြည် စိတ်ချ အားကိုးရသော ပုံစံပေါက် စေရန် သင် လုပ်ဆောင်နိုင်သော အရာများ ရှိပါသည်။ ဤဆောင်းပါးတွင် ကိုယ်ဟန် အမူအရာ မျက်နှာရိပ် မျက်နှာကဲနှင့် စကားပြောနည်း ဆိုင်ရာ လျှို့ဝှက်ချက် ငါးချက်နှင့် လူတို့၏ ယုံကြည်ချက်ကို မည်သို့ ရယူနိုင်သည်ကို တင်ပြ လိုက်ပါသည်။

(၁) မျက်လုံးများက ပြောပြနေ ပါသည်။

ယုံကြည်မှု တည်ဆောက်သော အခါ သင်မှတ်မိ လိုသည့် ပထမဆုံးသော အရာမှာ မျက်လုံးချင်း ဆက်သွယ်မှု ပင်ဖြစ်ပါသည်။ မျက်လုံးချင်း ဆုံကာ ဆက်သွယ် မိခြင်းသည် လူတစ်ယောက်နှင့် တွေ့တိုင်း ကျွန်ုပ်တို့၏ မသိစိတ်တွင် ဂရုပြုမိသော အရာများထဲမှ တစ်ခုပင် ဖြစ်ပါသည်။

ခြေထောက်ကို ထိလိုက်ကြွလိုက်ဖြင့် အဆက်မပြတ် နေရာရွေ့နေပြီး ဟိုဟို ဒီဒီ ကြည့်နေ တတ်သော လူစားမျိုးနှင့် စကားပြောဆိုရန် သင်ကြိုးစား ခဲ့ဖူး ပါသလား။

မျက်လုံးချင်း ဆက်သွယ်မှု ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခြင်းသည် စိတ်ဝင်စားမှု မရှိခြင်း၊ အာရုံပျက် နေခြင်းနှင့် မရိုးမသား ဖြစ်ခြင်း ကိုပင်လျှင် တဖက်သူအား အဓိပ္ပါယ် သက်ရောက် စေပါသည်။ သင်စကားပြောသည့် အချိန်တိုင်း ကောင်းမွန် တည်ငြိမ်သော မျက်လုံးချင်း ဆက်သွယ်မှု ရှိနေစေရန် သေချာအောင် ပြုလုပ်ပေးပါ။

(၂) ဂုဏ်ယူ ၀ံ့ကြွားမှု ရှိပြီး၊ ဘာမဆို ရင်ဆိုင် လုပ်ကိုင်နိုင်သည့် ပုံစံမျိုး နေပါ။

သင်သည် ခေါင်းဆောင်မှု နေရာ တစ်မျိုးမျိုး ဆီသို့ ကြိုးစား လုပ်ကိုင်နေသူ တစ်ဦး ဦးဖြစ်ပါက သင့်ဘာသာ သင် မေးသင့်သော မေးခွန်းတစ်ခုမှာ “သင်၏ ပုခုံး များအား မည်သို့ ထားသနည်း။” ဟူသော မေးခွန်းပင်ဖြစ်သည်။

သင်၏ ကိုယ်နေဟန်ထားမှ ပြောဆိုနေသော စကားများသည် သင် ယူဆကောင်း ယူဆထား သည်ထက် ပိုမို၍ အရေး ပါလှ ပါသည်။ ခါးကိုင်းထားသော အနေ အထားနှင့် ပုခုံးတွဲကျ နေသော အနေ အထားများသည် ယုံကြည်ချက် မရှိခြင်း သို့မဟုတ် ကြိုးစား အားထုတ်မှု မရှိခြင်းတို့ကို တဖက်သူအား အဓိပ္ပါယ် သက်ရောက်စေ ပါသည်။

အကယ်၍ သင်သည် ယုံကြည်ချက်ပြည့်ဝပြီး၊ လုပ်ကိုင်နိုင်စွမ်း ရှိသူ တစ်ဦးအဖြစ် အခြား သူများအား မြင်စေ လိုပါက ဝံ့ဝံ့ကြွားကြွားနှင့် ဘာမဆို ရင်ဆိုင်လုပ်ကိုင်နိုင်သည့် ပုံစံမျိုးနေကာ သင့်ပုခုံးများ ကို နောက်ဘက်သို့ မတ်မတ် ဆွဲထား လိုက်ပါ။

(၃) ဖွင့်ထားသော လက်များ (ဖက်လဲတလင်း ပုံစံပြခြင်းကို ဆိုလို)

သင့်လက်များ မည်သို့ ထားရမည် ဆိုပါက ဖွင့်ထားသော အနေအထား ထားရန် သတိရ လိုက်ပါ။ သင်၏ လက်များကို တောင့်တောင့်ကြီး ထားခြင်း သို့မဟုတ် သင်၏ နောက် ဘက်တွင် လက်ယှက် ဆုတ်ကိုင် ထားခြင်းပြုပါက ဟန်များသော ပုံစံအဖြစ် အမြင်ခံရ မည်ဖြစ် သကဲ့သို့ သင်၏ ရင်ဘတ်ရှေ့တွင် လက်ပိုက်၍ ထားပါကလည်း

December 16, 2015

"ဆရာကြီးဦးအောင်သိန်း ကိုယ်တွေ့ ဗမာ့သိုင်းပညာများ စာအုပ်"

Myanmar Martial Arts By U Aung Thein

ဒီကနေ့ တင်ပေးတဲ့ စာအုပ်ကတော့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဝင် ဗမာ့သိုင်းလက်ရုံးရည် ပညာပြန့်ပွားရေးအဖွဲ၏ ဆရာကြီးဦးအောင်သိန်း ပြုစုရေးသားသော ကိုယ်တွေ့ဗမာ့သိုင်းပညာများ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို scan ဖတ်ပြီးသားပုံတွေ ရထားတာတော့ ကြာပါပြီ။ ကိုလူငယ်ဆီကပါ။ ဒီနေရာမှာ ကိုလူငယ်ကို ကျေးဇူးတင်ကြောင်းလည်း  မှတ်တမ်းတင်ပါတယ်ခင်ဗျာ။
ကိုယ်တွေ့ဗမာ့သိုင်းပညာများ (ဦးအောင်သိန်း)
 
ဒေါင်းလုဒ်လုပ်ရန်............................   ဒီမှာပါ..    

"ဆေးဖက်ဝင်တဲ့ သပြေသီး မှည့်လေးများ "



“ ၀ါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးေ တာင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ”

မိုးတွင်းကာလ သပြေသီးမှည့်ပေါ်ချိန်ရောက်တဲ့အခါတိုင်း ဆရာကြီး မင်းသုဝဏ်ရေးသားခဲ့ပါသော ငယ်ငယ်တုန်းက ကျောင်းမှာ သံပြိုင် ဆိုခဲ့ဖူးတဲ့ကဗျာလေးကို အောက်မေ့သတိယမိပါ တယ်။ တစ်နှစ် မှတစ်ကြိမ်သာ အသီးသီးတဲ့သပြေကြီးပင်တို့ ဟာ အရိပ်ရ နှစ်ရှည်ပင် အမျိုး အစားဖြစ်ြ က ပါတယ်။ ပင်စည်ရဲ့  အသားဟာ ရေဒဏ်ခံနိုင်တာကြောင့် လည်း ရှေးအခါ က မြန် မာ နှင့် အိန္ဒိယနိုင်ငံ တွေရဲ့  မီး ရထားစလီဖား တုံး တွေ၊ မော်တာစက်ထိုင်ခုံတွေ၊ အိမ်ေ ထာင်ပရိဘောဂ အိမ်ဆောက်ပစ္စည်းတွေ၊ လယ်ယာသုံးပစ္စည်း တွေမှာ သပြေပင်များရဲ့ ပင် စည်ေ တွကို အသုံးပြုလေ့ရှိပါတယ်။ ကြက်သွေးရ င့်ေ ရာင် ဆန်ဆန် နက်မှောင်သော သပြေ သီး မှည့်၏ အရသာမှာ ချို၍၊ အတန်ငယ်ချဉ်ဖန်ပြီး လျှာပေါ်မှာ ခရမ်းရောင်စွဲထင်ကျန်ရစ် ခဲ့ပါ တယ်။ အသီးထဲမှာ အဖြူရောင်အစေ့ တစ်လုံး ပါရှိပြီး၊ ထိုအစေ့ကနေ အပင်စိုက်ပျိုးနိုင် ပါ တယ်။(သပြေကြီးအမျိုးအစားဖြစ်ကာ၊ အရိပ်အာဝါသ ကောင်းတာကြောင့် ကျေးဌက် သာလိ ကာ တို့ ပျော်မွေ့ ကြပြီး၊ ရွက်ညှာနုများကလည်း ၄င်းသတ္တ၀ါ လေးတွေအတွက် ၀မ်းစာအာဟာ ရ ဖြစ်စေပါတယ်) ထို သပြေကြီးပင်တွေကို အာရှတိုက်၏ မြန်မာနိုင်ငံနဲ့  အိန္ဒိယနိုင်ငံ တို့ မှာ အများအပြားတွေ့ ရပြီး၊ အနောက်နိင်ငံမှာတော့ အမေရိ ကန်ပြည်ထောင်စု၏ ဖလော်ရီဒါ နဲ့  ဟာဝိုင်အီတို့ မှာတွေ့ ရ တတ်ပါတယ်။ မြန်မာပြည်မှာ ရာသီစာသီးနှံအဖြစ်စားလေ့ရှိပြီး၊ အိန္ဒိယ နဲ့  အမေရိကန်ပြည်ထောင်စုများမှာတော့ အသီးကိုအချဉ်ဖောက်ကာ ၀ိုင်၊ ရှာလ ကာ ရည်များချက်လုပ်ခြင်း၊ ယို၊ ဂျယ်လီ စသည် ဖြင့် စားသောက်ကြပါတယ်။ အသီးသာမက၊ အစေ့၊ အရွက်၊ ပင်စည်နှင့် အခေါက်တို့ က လည်း လွန်စွာဆေးဘက်ဝင်လှရာ၊ ရှေးမြန်မာကြီးများက “အိမ်ရှေ့မှာ သပြေကြီးပင် တစ်ပင်စိုက်ထား ရုံဖြင့် ကျက်သရေ မင်္ဂလာပြည့်ဝစေတဲ့အြ ပင်ေ ဆးဆရာတစ်ဦး အိမ်သို့ပင့်ထားလေသည်” ဟု ဆိုရိုးရှိခဲ့ပါတယ်။

နိုင်ငံတကာဆေးသိပ္ပံပညာရှင်များ၏ လက်တွေ့ စမ်းသပ်ချက်များအရ၊ သပြေသီးမှည့် ၁၀၀ ဂရမ် ထဲမှာ လူသားတို့  ကျမ္မာရေးကို အထောက်အကူပြုစေ၍ ချေဖျက်လွယ်သော အမျှင်ဓာတ် ၀.၆ ဂရမ်၊ ကစီဓာတ် ၁၄ ဂရမ်၊ ခွန်အား ၆၀ ကယ်လိုရီ၊ အဆီဓာတ် ၀.၂၃ ဂရမ်၊ ပရိုတင်း ၀.၉၉၅ ဂရမ်၊ ရေဓာတ် ၈၄.၇၅ ဂရမ်၊ ကယ်လ်စီယမ် ၁၁.၆၅ မီလီ ဂရမ်၊ သံဓာတ် ၁.၄၁ မီလီ ဂရမ်၊ မဂ္ဂနီစီယမ် ၃၅ မီလီဂရမ်၊ နီအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၀.၂၄၅ မီလီဂရမ်၊ မီးစုန်း ၁၅.၆ မီလီဂရမ်၊ ပိုတက်စီယမ် ၅၅ မီလီဂရမ်၊ ရီဘိုဖလာဗင် (ခေါ်) ဗီတာမင်ဘီ(၂) ၀.၀၀၉ မီလီဂရမ်၊ ဆိုဒီယမ် ၂၆.၂ မီလီဂရမ်၊ သီအာမင် (ခေါ်) ဗီတာမင်ဘီ(၁) ၀.၀၁၉ မီလီဂရမ်၊ ဗီတာမင်ဘီ(၆) ၀.၀၃၈ မီလီ ဂရမ် နှင့် ဗီတာမင်စီ ၁၁.၈၅

**မေတ္တာမပျက်ကြေး**

 
ချစ်သူတွေ၊လင်မယားတွေအများစုကချစ်လျက်နဲ.ခဏခဏရန်ဖြစ်ကြ စကားများကြနဲ.ဖြစ်တတ်ကြတာ ထုံးစံပဲနော်။ တခါတလေ တချို.သူတွေကဗျစ်တောက်ဗျစ်တောက်နဲ.ပြောတတ်ကြတယ်။ တကယ်တမ်းလဲပြတ်နိုင်ကြတာမဟုတ်ဘဲနဲ.။ ဘာလို.့ မုန်းစရာကောင်းအောင်လုပ်တတ်ကြတာလဲမသိဘူးနော်။ သူတစ်ခွန်းငါတစ်ခွန်းပြန်ပြောနေမယ့်အစား အဲ့လိုအချိန်မျိုးဆို ထိပ်တိုက်မတွေ.တာက ပိုကောင်းပါတယ်။ သူရဲ.ကောင်းကြောင်းတွေ၊သူကိုယ့်ပေါ်ဘယ်လိုကောင်းခဲ့ တာတွေပဲစဉ်းစားနေမယ်ဆိုရင် သူ.အပေါ်ဖြစ်လာတဲ့ကိုယ့်ရဲ.ဒေါသတွေလည်း ပျောက်သွားမှာ ပေါ့နော်။ဒီနည်းလမ်းကချစ်သူအချင်းချင်း လင်မယားစုံတွဲအချင်းချင်းမှာမှမဟုတ်ပါဘူး။ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊

" မိန်းမတန်ဘိုး အဖိုးဖြတ်မနိုင်"

ဇနီးမယားဆိုတာ ပိုက်ဆံပေးစရာမလိုတဲ့ ပြည့်တန်ဆာလား??? ကလေးမွေးပြီးသွားတဲ့ မိန်းမက ဘယ်လောက်တန်သလဲ???”
လောကကြီးမှာ မိန်းမတော်တော်များများက မိမိရင်သွေးလေးတွေ ကျန်းမာပျော်ရွှင်စွာ မွေးဖွားကြီးပြင်းလာဖို့အတွက်နဲ့ ကိုယ်ဝန်စဆောင်ချိန်ကစပြီး လုပ်နေကြလုပ်ငန်းတွေ ရပ်ပစ်လိုက်ရတယ်... သန္ဓေသားအထိအခိုက်မရှိရအောင် (၉)လကျော်မျှ ဂရုတစိုက်စိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ရင်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနေထိုင်ရတယ်...
ဒါပေမယ့် လူတော်တော်များများက အကောင်းမပြောကြဘူး... ခင်ပွန်းသည်တွေအပါအဝင်ပေါ့... “အလုပ်လုပ်စရာမလိုဘဲ အိမ်မှာ ကလေးထိန်းရင်း အေးအေးဆေးဆေးနေလို့ရတာကို ပင်ပန်းတယ်လား???”တဲ့...
အိမ်သူဇနီးမယားတော်တော်များများ ကိုယ့်ယောကျာ်းစီက ဈေးဖိုးမရှိလို့ လက်ဖြန့်တောင်းရတဲ့အချိန်မှာ ဘယ်လောက် သိမ်ငယ်ရသလဲဆိုတာ ဘယ်သူမှမခံစားတတ်ဘူး... မသိရင်ဘဲ ယောကျာ်းက တစ်အိမ်လုံးအတွက်ရှာကျွေးနေပြီး မိန်းမက ရသမျှပိုက်ဆံ အေးဆေးထိုင်ဖြုန်းနေတဲ့ပုံပဲ...
အိမ်အလုပ်လုပ်တာ ဝင်ငွေမရှိဘူးတဲ့လား??? အမေတစ်ယောက်ရဲ့ အလုပ်တာဝန်နဲ့ အလုပ်တန်ကြေးကို တွက်ပြပါရစေ...
အမေတစ်ယောက်ဆိုတာဖြစ်လာရင် အောက်ကအလုပ်တွေ စပြီးတာဝန်ယူရပြီ...
၁) အိမ်အကူ >> ဈေးဝယ်၊ ဟင်းချက်၊ အဝတ်လျှော်၊ သန့်ရှင်းရေး...
(လခ - ၁သိန်း)
၂) ကလေးထိန်း >> ထမင်းကျွေး၊ ရေချိုး၊ ကလေးချော့/သိပ်၊ အန္တရာယ်မဖြစ်ရအောင် စောင့်ရှောက်...
(လခ - ၁သိန်း၅သောင်း)
၃) ဆရာမ >> စာသင်၊ ပုံပြင်ပြော၊ အပြင်ထွက်လည်၊ မပျက်စီးအောင် ပဲ့ပြင်ဆုံးမ...
(လခ - ၂သိန်း)
၎) အိမ်တော်ထိန်း >> အိမ်စောင့်၊ တောက်တိုမယ်ရ ခိုင်းသမျှလုပ်၊ ငွေကြေးစီမံ...
(လခ - ၃သိန်း)
၅) ဆရာဝန် >> အိမ်သားတွေရဲ့ ကျန်းမာရေးဂရုစိုက်...
(လခ - ၅သိန်း)
{ဒီလခပမာဏတွေက အပြင်မှာလူခေါ်ရင် ပေးရမယ့် ပေါက်ဈေးကို ပျမ်းမျှတွက်ယူပြထားတာပါ...}
ပထမကာလ >> သန္ဓေစယူချိန်
တာဝန် >> ကိုယ်ဝန်ဆောင်ပေး၊ သန္ဓေသားစောင့်ရှောက်၊ မွေးဖွားဖို့ ကြိုတင်ပြင်ဆင်၊ အနာဂတ်အတွက် စီမံခန့်ခွဲ...

" ပန်းလေးများ အမှတ်တရ ... "က" ကြီးမှ "အ" အထိ ပန်းအမည်များနှင့် ပုံများ "

 
ချစ်ခင်ရသော သူငယ်ချင်း မသက်ဝေမှ Tag ထားလို့ ချစ်ခင်စွာဖြင့် ရေးပါတယ်။ တစ်မျိုးလေး ဆန်းသွားအောင် ပန်းချစ်တတ်တဲ့ မဆွိတီမှ နှစ်သက်တဲ့ ပန်းကလေးတွေအကြောင်း ကကြီးမှ အ အထိ အမှတ်တရလေးများနဲ့ တင်ပြလိုက်ပါတယ်။ ပန်းနာမည်မရှိတဲ့ အက္ခရာလေးတွေတော့ ချန်လှပ်ထားခဲ့ရပါတယ်။ မူရင်း TAG ရဲ့ အဓိပ္ပါယ်နဲ့ နဲနဲ လွဲချော်နေပေမဲ့ စာရေးမကျွမ်းသူ၊ အတွေးမသန်သူမှို့ ခွင့်လွှတ်တော်မူကြပါ။ ကကြီးမှ အ အထိဆို ပုံတွေရောပေါင်းရင် ပို့စ်ရှည်သွားမှာစိုးလို့ တစ်ဝက်စီ ခွဲလိုက်ရပါတယ်။

ပန်းလေးတွေ google ချင်သူများအတွက် အင်္ဂံလိပ်လို ပန်းနာမည်လေးတွေပါ တစ်လက်စတည်း လက်ဆောင်ပေး
လိုက်ပါတယ်။

က- ကံ့ကော် ၊ ကြာ(Lotus)၊ ကြက်တူရွေးနှုတ်သီးပန်း (Heliconia rostrata or Lobster-claw)၊ ကသစ်ပန်း (Erythrina arborescens)၊ ကြွေပန်း (Begonia )၊ ကြက်မောက်ပန်း (Celosia argentea “christata”)၊ ကစ်စ်မီ ကွတ် (Euphorbia milii or Crown of thorns)

ကံ့ကော်ပန်း(Mesua ferrea)
ငယ်ငယ်က နွေရောက်လို့ ကန့်ကော်ပွင့်ပြီဆို အလုအယက် ခူးခဲ့ရတဲ့ ပန်းကလေးတွေ။ ခြောက်သွားရင် ၀တ်ဆံလေးတွေ အခြောက်လှမ်း၊ သနပ်ခါးထဲ ထည့်သွေးလိမ်းရင်း ပန်းနံ့ကို တစ်နှစ်ပတ်လုံး ထိမ်းသိမ်းထားခဲ့ရတယ်။

December 15, 2015

" ကိုရီးယား ထမင်းသုတ် (Bibimbap) စားကြမယ် " (Wut Yee Food House )

 
 
ကိုရီးယားထမင်းသုတ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊ ရေပန်းအစားဆုံး ထမင်းသုပ်တမျိုး
ဖြစ်ပါသည်။ တချို့ကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။
ပါဝင်သောပစ္စည်းများ
  • အမဲသား (သို့) ကြက်သား [Chicken]                  ♦ ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ချက်ပြီသား ထမင်း [cooked rice]                     ♦ ဆန်နို့ဆီဗူး ၁လုံးခွဲ
  • ပဲပင်ပေါက် [bean sprout]                            ♦ လက်တစ်ဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)
  • မုန်လာဥနီ [carrot]                                      ♦ ၁ဥ (အရှည်လိုက်လှီးပါ)
  • မှိုခြောက် [wild mushroom]                         ♦ ၄ခု (ရေနွေးဖြင့် ပြုတ်ပြီး အရှည်လှီးပါ)
  • သခွာသီး [cucumber]                                  ♦ ၁လုံး (အခွံမနွာပဲ အရှည်ပါးပါး လှီးပါ)
  • ကိုရီးယား ငရုတ်သီးအနှစ် [hot pepper paste] ♦ စားပွဲတင်ဇွန်း ၂ဇွန်း

*အခက်ကြုံ ..မယားပုံကြည့် *

https://t1.ftcdn.net/jpg/00/85/36/16/240_F_85361667_XviSKkoHreaaXGLUbjaAZbF6V0gTC94a.jpg
မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်းရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ် ဘာလို.လဲ။

လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ.အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။

မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။

" အချစ် အလွမ်း နဲ့ ကဗျာ "

 

►► တကယ်ချစ်လာတဲ့အခါ
ကဗျာတွေ ဖြစ်မလာတော့ .. ။
အချစ်ဟာ အချစ်သက်သက်
တိတ်တိတ်လေး ငြိမ်သက် .. ။
►► တကယ်လွမ်းလာတဲ့အခါ
ကဗျာက မစွမ်းသာတော့ .. ။
အလွမ်းဟာ အလွမ်း သက်သက်
ရင်ထဲမှာ ခါးသက် .. ။
►► ပတ်သက်ခြင်း ဒီဂရီဟာ
တရိပ်ရိပ်တက်လာတော့
အချစ် က အချစ်မှာ မွေ့
အလွမ်း က အလွမ်းမှာပဲ မြေ့တယ် .. ။
►► ဒီမယ် .. ကိုယ့်လူ
အချစ် အတွက် နဲ့ များ

" အသက် (၁၀၄) နှစ် ရှိပေမယ့် ဆံပင် အရောင် မပြောင်းလဲသူ အမယ်အို "

 
အသက်အရွယ်လေး ရလာရင် ခန္ဓာကိုယ်မှာ ပြောင်းလဲခြင်း သဘောတရားတွေ ရှိလာ တတ်ပါတယ်။ အထူးသဖြင့် လူအတော် များများဟာ အသက်ကြီးလာတဲ့ အခါ ဇရာရဲ့ သဘောအရ ဆံပင်တွေဖြူလာ တတ်ပါတယ်။ အချို့ဆိုရင် အသက် ငယ်ရွယ်စဉ်မှာ ကတည်းက ဆံပင်ဖြူတဲ့ လက္ခဏာ တွေပြနေတာမြင် တွေ့ဖူးပါ လိမ့်မယ်။ ဒါပေမဲ့ အင်္ဂလန်နိုင်ငံက အဘွားအို တစ်ဦးဟာ ကုသိုလ်ကံ ထူးခဲ့ပြီး အသက် (၁၀၄) နှစ်ပြည့် သွားပေမယ့် ဆံပင် အရောင် မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။ကမ္ဘာစစ်ကြီး နှစ်ခုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသူ ကိုဗင်ထရီမြို့သူ ဖရီဒါတေလာဟာ ပြီးခဲ့တဲ့ အပတ်မှာ အသက် (၁၀၄) နှစ် မွေးနေ့ကို ကျင်းပခဲ့ပြီး နုပျိုမှုကို ပြသခဲ့ပါတယ်။ ပင်စင်စား အဘွားအိုဟာ လက်ရှိ အချိန်အထိ ဆံကေသာနဲ့ ပတ်သက်တဲ့ အလှပြင် ပစ္စည်းတွေ တစ်ကြိမ်မှ အသုံးပြုခဲ့ခြင်း မရှိပါဘူး။ ဖရီဒါ တေလာပာာ နဂိုမူလ ပုံစံဖြစ်တဲ့ အညိုရောင် အတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။ အချို့ကတော့ ဖရီဒါ တေလာ  ဆံပင်အရောင် မပြောင်းလဲခြင်း အပေါ်အံ့အားသင့်ခဲ့ကြ ပါတယ်။
ဒါ့အပြင် ဖရီဒါတေလာဟာ သတိရှိ နေဆဲ ဖြစ်ပြီး ငယ်စဉ်က အကြောင်းအရာ တွေကို မှတ်မိနေဆဲ ဖြစ်ပါတယ်။  ဖရီဒါတေလာက မိမိရဲ့ဆံကေသာဟာ ငယ်စဉ် ကတည်းက အတိုင်း ဖြစ်ကြောင်း၊ ဆေးလိပ်နဲ့ အရက် မသောက်ခြင်း ကြောင့် ပုံစံမပျက် ရှိနေဆဲ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။  ဖရီဒါတေလာဟာ အစ်ကိုတွေ ကြားမှာ ကြီးပြင်း လာပေမယ့် ဖခင် ဖြစ်သူရဲ့ တိုက်တွန်း မှုကြောင့် ဆေးလိပ် သောက်သုံးမှုကို  လုံးဝ ရှောင်ကြဉ်ခဲ့တာ ဖြစ်ပါတယ်။ ဖရီဒါတေလာဟာ ဒုတိယ ကမ္ဘာစစ် မတိုင်မီမှာ လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့ ပါတယ်။ဖရီဒါတေလာဟာ ငယ်စဉ် ကတည်းက အလုပ် ကြိုးစားခဲ့သူ ဖြစ်ပြီး ငွေလွှဲ လုပ်ငန်းမှာ ၀င်ရောက် လုပ်ကိုင်ခဲဖူး ပါတယ်။ ဖရီဒါတေလာက သူ့ အနေနဲ့ စစ်ကြီးနှစ်ခု အတွင်းမှာ အမှတ်ရစရာများ ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး မှတ်မိနိုင်မှု စွမ်းအားကို ပြသခဲ့ပါတယ်။ ဖရီဒါတေလာဟာ ငယ်စဉ်

" အရက်မူးနေတဲ့ ဖခင်ကို (၇)နှစ် အရွယ်သား ဖြစ်သူက ကားမောင်းပြီး ပြန်ခေါ်ခဲ့ "

တရုတ်နိုင်ငံက မီဒီယာတွေမှာ ကလေးငယ်တစ်ဦးကားမောင်းနေတဲ့ အကြောင်းကို ငြင်းခုံပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားမောင်းခဲ့တဲ့ ကလေးငယ်ဟာ အသက်ခုနစ်နှစ်သာရှိပြီး အရက်မူးနေတဲ့ ဖခင်ကို ကားပေါ်တင်ကာ ပြန်ခေါ်ယူခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ အရက်မူးနေတဲ့ ဖခင်ဟာ ကားနောက်မှာခြေထောက်တင်ကာလဲ လျောင်းနေပြီး သားဖြစ်သူက ကားကို မောင်းနှင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမြင်ကွင်းကို ဓာတ်ပုံရိုက်ကာ လူမူကွန်ရက်မှာ လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ Yizhou မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကလေးငယ်ဟာ နေအိမ်ကိုရောက်ဖို့ (၁၅)မိုင်အကွာ အဝေးကို ကားမောင်းလာခြင်းဖြစ်ပါတယ်။
          ကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ သားဖြစ်သူကိုစေလွှတ်ပြီး အရက်မူးနေတဲ့ ဖခင်ကို ပြန်ခေါ်ခိုင်းခြင်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့အမည်က ဂျန်ယီဖြစ်ပြီး၊ အန္တရာယ်များတဲ့ အလုပ်ကို ပြုလုပ်ခဲ့လို့  မိဘတွေဟာ ဝေဖန်ခြင်းခံနေရပါတယ်။ ကလေးငယ်ဟာ သုံးဘီးတပ်မော်တော်ယာဉ်ကို မောင်းနှင်ခဲ့တာ ဖြစ် ပါတယ်။  ကလေးငယ်ရဲ့ ဖခင်ဟာ နေ့စဉ် အရက်သောက်ပြီး အချိန်မီ  ပြန်မရောက်လို့ သားဖြစ်သူက သွားခေါ်ရခြင်းဖြစ်ပါတယ်။ ဒီအကြောင်း လူမှုကွန်ရက်မှာ လူပြောများ လာပြီးတဲ့နောက် ရဲတပ်ဖွဲ့က စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီနောက် ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး အရေး ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အသက်(၁၈)နှစ်ပြည့်မှ ယာဉ်မောင်း ခွင့်ရမှာဖြစ်ပြီး၊ အသက်မပြည့်ဘဲ မောင်းနှင်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ကလေးငယ်ရဲ့မိဘတွေကိုအရေးယူ

December 14, 2015

"အမှိုက်ကားပေါ်မှာ စက်နဲ့ နှစ်ကြိမ်တိုင် ဖိခံခဲ့ရပေမယ့် အသက်မသေခဲ့"

 Republic Services picked up the trash bin, similar to the one pictured, and accidentally dumped in a homeless man who was sleeping inside (file photo)
အမှိုက်ပုံးထဲ ၀င်အိပ်ခဲ့တဲ့ အမျိုးသား တစ်ဦးဟာ အမှိုက်ကားပေါ် ရောက်သွားပြီး အမှိုက်တွေ သိပ်သည်းအောင် လုပ်တဲ့စက်နဲ့ နှစ်ကြိမ်တိုင် ဖိခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမွန့်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီသူဟာ စားသောက်ဆိုင် အနောက်ဘက်က အမှိုက်ပုံးကြီးထဲ ၀င်အိပ်နေခဲ့တာဖြစ်ပြီး အမှိုက်ကား လာသိမ်းချိန်မှာ အမှိုက်တွေနဲ့ အတူ အမှိုက်ကားပေါ် သွန်ချခံခဲ့ရပါတယ်။ အမှိုက်ကားပေါ်မှာ အမှိုက်တွေ ပိပြားနေစေဖို့ စက်နဲ့ ဖိခဲ့လို့ သူလည်း အမှိုက်တွေနဲ့အတူ ရောကြိတ်ခံခဲ့ရပါတယ်။ ပြီးတော့ အမှိုက်ကားက နောက်ထပ် စားသောက်ဆိုင် တစ်ဆိုင်က

"သင်တို့ နှစ်ဦး ဘာမဟုတ်တာလေးတွေနဲ့ အမြဲပြသနာ တက်နေကြတာမျိုးဟာ လမ်းခွဲတဲ့အထိ ဖြစ်သွားစေမှာ "

 
စုံတွဲတိုင်း ပြသနာတော့ တက်ဖူးကြပါတယ်။ စကားများဖူးကြတယ်။ ငြင်းခုံဖူးကြတာချည်းပါပဲ။ ဒါပေမယ့် ဘာမဟုတ်
တာလေးတွေနဲ့ ပြသနာခဏခဏတက်တာကို အချိန်ကြာလာလည်း ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒီအချစ်ရေးဟာ
 ပျော်စရာလည်း ကောင်းမှာ မဟုတ်တော့ပါဘူး။ ပြန်စဉ်းစားဖို့ အချိန်ပါပဲ။ ဒီတော့ နှစ်ဦးသားဖြစ်တဲ့ ပြသနာတွေဟာ ဘာမဟုတ်တာလေးတွေလား။ ခုဖော်ပြပေးတဲ့ ပုံစံအတိုင်း ပြသနာတက်နေသလားဆိုတာ တစ်ချက်ကြည့်ပြီး ရှေ့ဆက်
ဘယ်လိုစခန်းသွားမယ်ဆိုတာကို စဉ်းစားဖို့ အချိန်ရောက်ပါပြီ။

၁။ပြသနာတက်တာက ခဏခဏပဲ။ နည်းသွားတယ်မရှိဘူး။ ပိုတောင် အကြိမ်ရေစိပ်လာသေးတယ်။

ဖြစ်လိုက်တိုင်းလည်း ကြီးကြီးမားမား မဟုတ်ပဲ ဒီနေ့လာကြိုမှာလားလို့ မေးတာကို တစ်ဘက်က မကြိုဖြစ်လို့ ဖြစ်တဲ့ပြသနာ၊ ကိုယ်ဝတ်သွားမိတဲ့ အကျီအရောင်က တစ်ဖက်လူရဲ့ အကျီအရောင်နဲ့ ကွဲနေတာကြောင့် စိတ်ကောက်ရင်းဖြစ်တဲ့ပြသနာတွေဆိုရင် သင်တို့နှစ်ဦးဟာ ဘာမဟုတ်တာလေးတွေနဲ့ ပြသနာအကြိမ်ကြိမ်တက်နေတာလို့ ပြောရပါလိမ့်မယ်။

၂။ရန်ဖြစ်ပြီးသွားရင် ကိုယ်သူ့ကို ဘာတွေပြောခဲ့မှန်းတောင် မမှတ်မိတော့ဘူး။

တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံပြောဆိုပြီး ရန်ဖြစ်ပြီဆိုတာနဲ့ ပါးစပ်ထဲရှိတာတွေ ပြောချတတ်လွန်းလို့ ရန်ဖြစ်ပြီး ကိုယ်ဘာတွေပြောခဲ့မိမှန်းတောင် မသိအောင် ဖြစ်နေတတ်တယ်။ တစ်ယောက်ရဲ့စကားကို အလေးပေး နားထောင်ဖို့ ဘယ်တော့မှ မတွေးတော့ဘူး။

၃။လက်တွေ ခြေတွေ နည်းနည်းပါလာတတ်နေပြီ။

သူများတွေလို မျက်နှာကို ပိတ်ရိုက်တာမျိုးတွေ တစ်ခုခုနဲ့ ရိုက်တာမျိုးတွေ မဟုတ်ပေမယ့် အဲ့ဒီရဲ့အစ တစ်ယောက်ရင်ဘတ်ကို

"မျက်ကပ်မှန်သုံးသူတွေ သိထားသင့်တဲ့ အလှအပအတွက် အကြံပြုချက်"


 

မျက်ကပ်မှန်ကို မျက်လုံးအရောင် လှချင်ရုံသီးသန့်အတွက်သာမက အမြင်အာရုံချို့ယွင်းတဲ့သူတွေဆို ရင်လည်း မျက်မှန်ကြောင့် အလှ မပျက်ချင်တာကြောင့် မျက်ကပ် မှန်တွေဟာလည်း အသုံးတွင် ကျယ်လာပါတယ်။ မျက်စိအ တွက် အန္တရာယ်ကင်းကင်းနဲ့ အလှ လည်းပိုစေဖို့အတွက် မျက်ကပ်မှန်သုံးသူတွေ သိသင့်တာလေး တွေဖော်ပြပေးလိုက်ပါတယ်။

မျက်ကပ်မှန်တွေဟာ နူးညံ့ ပါးလွှာတဲ့ပစ္စည်းနဲ့ထုတ်လုပ်ထား တာကြောင့် သိမ်းဆည်းရင်လည်း စနစ်တကျသေချာသိမ်းဆည်းဖို့ လိုအပ်ပါတယ်။ မျက်ကပ်မှန်တပ် တော့မယ်ဆိုတာနဲ့ လက်မှာ ဆီ၊ ဖုန်မှုန့်၊ မိတ်ကပ်၊ လိုးရှင်းစတာ တွေမရှိရလေအောင် သန့်စင်ပေး ဖို့လိုအပ်သလို မျက်ကပ်မှန်ကို လည်း ဆေးရည်နဲ့ သန့်စင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ မျက်စိ ယားယံတာ၊ မျက်စိကို ရောဂါကူး စက်မှုတွေကနေ ကာကွယ်ပြီး သားဖြစ်စေမှာပါ။

နောက်တစ်ချက်က မိတ် ကပ်မလိမ်းခင်မှာ မျက်ကပ်မှန် တပ်ထားဖို့လိုပါတယ်။ မိတ်ကပ် လိမ်းပြီးမှ တပ်တဲ့အခါ မျက်စိထဲ ကို အမှုန်အမွားနဲ့ ရောဂါပိုးဝင်နိုင် ခြေများလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် နူးညံ့တဲ့မျက်ကပ်မှန်တွေကို မထိ ခိုက်မပျက်စီးစေဖို့အတွက်လည်း  ဓာတုပစ္စည်းနည်းနည်းပဲပါပြီး သ ဘာဝပစ္စည်းတွေနဲ့အခြေခံထုတ် ထားတဲ့ မိတ်ကပ်နဲ့ မျက်နှာသန့် စင်ဆေးရွေးသုံးဖို့ လိုပါတယ်။

နောက်ပြီး မျက်ကပ်မှန်တပ် ပြီး မိတ်ကပ်လိမ်းတုန်း အမှုန်အ မွှားဝင်တဲ့အခါ ကြမ်းကြမ်းတမ်း တမ်းမပွတ်မိဖို့အထူးသတိထားရ ပါမယ်။ အဲဒီအခါမှာ မျက်ကပ်မှန်စုတ်ပြဲသွားနိုင်သလို မျက်စိကိုလည်း ဒဏ်ဖြစ်စေလို့ပါ။

မျက်ကပ်မှန်သမားတွေမိတ် ကပ်ပြင်တဲ့အခါ ကြုံရတတ်တဲ့ ပြ ဿနာကြီးတစ်ခုကတော့ အိုင်း လိုင်နာဆွဲတဲ့အခါပဲဖြစ်ပါတယ်။ ထူးပိန်းနေအောင်ဆွဲထားတဲ့အခါ မျက်လုံးကိုခြောက်သွေ့စေကာ မျက်စိနာတာမျိုးဖြစ်စေတဲ့အ တွက် သတိပြုရပါမယ်။

အိုင်းရှဲဒိုးသုံးရင်လည်းအမှုန့် ပုံစံထက် ခရင်မ်လိုပုံစံက မျက် ကပ်မှန်သမားတွေနဲ့ ပိုပြီးသင့် တော်တယ်ဆိုပေမယ့်လည်း နှစ်ခု စလုံးက မျက်စိထဲဝင်နိုင်တာကို အမြဲတမ်းသတိရပါ။

အလှကုန်ပစ္စည်းတွေဝယ် တဲ့အခါမှာလည်း အဆီများတဲ့ပစ္စည်းတွေရှောင်ဖို့လိုပါတယ်။ အခန့်မသင့်လို့ မျက်စိထဲဝင်ခဲ့ရင် မျက်ကပ်မှန်ခွာရခက်စေတဲ့အ ပြင် မြန်မြန်လည်းပျက်စီးစေပါ တယ်။ နောက်ပြီး မိတ်ကပ်ဖျက် တော့မယ်ဆိုရင်လည်း အန္တရာယ် ကင်းအောင် မျက်ကပ်မှန်ချွတ်ပြီး မှ လုပ်ဖို့လိုအပ်ပါတယ်။

မျက်တောင်တုတပ်တာက လည်း မျက်ကပ်မှန်သမားအ တွက်ကတော့ ကောင်းတဲ့လုပ် ဆောင်ချက်မဟုတ်ပါဘူး။ မျက် တောင်တုတပ်တဲ့ကော်က မျက် လုံးထဲဝင်ပြီး မျက်ကပ်မှန်ကို ဒုက္ခ ပေးနိုင်သလို မျက်တောင်ကော့ ဆေးတွေအများကြီးတင်တာက လည်း မျက်စိစပ်ပြီး နာတာမျိုး၊စူး အောင့်တာမျိုးတွေလည်း ဖြစ်နိုင်

"လက်ချောင်းလေးတွေ နူးညံ့လှပနေအောင် ဘယ်လို ဂရုစိုက်ထိန်းသိမ်းနည်းနိုင်သလဲ"

 
အမျိုးသမီးတိုင်း လှပတဲ့ လက်မျိုးလေးတွေ ပိုင်ဆိုင်ချင်ကြပေမယ့် အချိန်မရှိခြင်းကြောင့် သူတို့လက်တွေကို ဂရုစိုက်ဖို့ လျစ်လျူရှုခဲ့ကြရပါတယ်။ လက်တွေဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကဲ့သို့ ဆဲလ်သေများ ဖယ်ရှားပေးဖို့နဲ့ အရေပြား အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။
မိမိကိုယ်ကို ပုံမှန်ဂရုစိုက်စောင့်ရှောက်သူ အမျိုးသမီးအများစုဟာ အရေခွံချွတ်ဖို့ မေ့လေ့ရှိကြပြီး တစ်ချို့ကျတော့လည်း ဒါကို လျစ်လျုရှူလေ့ရှိကြပါတယ်။ လက်တွေ ပြန်လည်ဝင်းပစေဖို့နဲ့ ကြည့်ကောင်းရှုကောင်းဖြစ်စေဖို့ ပစ္စည်း (၂) မျိုးသာ လိုအပ်တဲ့အပြင် အကုန်အကျလည်း သက်သာစေမှာလည်း ဖြစ်ပါတယ်။

လိုအပ်သည့် ပစ္စည်းများ
သကြား ထမင်းစားဇွန်း (၁) ဇွန်း
သံလွင်ဆီ ထမင်းစားဇွန်း (၁) ဇွန်း ( သံလွင်ဆီ မရလျှင် အုန်းဆီကို သုံးစွဲနိုင်ပါတယ်)

ပြင်ဆင်ပုံပြင်ဆင်နည်း 

"ချစ်သူအမျိုးသားတွေ အမြဲစွန့်ခွာထွက်ပြေးတာမျိုး ခံကြရတဲ့ အမျိုးသမီး (၅) မျိုး "

 
ချစ်သူရည်းစားနဲ့ လမ်းခွဲလိုက်ရတာ ဘယ်နှစ်ခါရှိနေပြီဖြစ်ပါသလဲ။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားသုံးသပ်တဲ့အခါ ငါအကောင်းဆုံးနေထိုင်ခဲ့တယ်၊ သူ့အပေါ် သစ္စာမဖောက်ဘူး၊ အခြားတစ်ယောက်လည်း မထားဘူး။ ဒါနဲ့များ ဘာဖြစ်လို့ ငါ့ကို လမ်းခွဲစကားတွေ ပြောထွက်ရတာလဲဆိုပြီး အဖြေရှာမရ ဖြစ်နေတတ်ပါလိမ့်မယ်။ သင့်ဆီက သင့်ချစ်သူ အမျိုးသားထွက်ပြေးသွားတယ်ဆို၇င် သင်ဟာ ဒီလိုအမျိုးအစား (၅)မျိုးထဲ ပါနေပြီလားဆိုတာ တွေးပါ။ အဲ့ဒါကတော့

၁။ကိုယ့်ချစ်သူကို ကိုယ်ကချည်း ထိန်းချုပ်အနိုင်လိုချင်သူ

သင်ဟာ ပြသနာတစ်ခုခုကို အမြဲဖြေရှင်းပေးနေရတဲ့ ဆရာမကြီးပုံစံမျိုးနဲ့ သင့်ချစ်သူကို ဆက်ဆံတတ်သူဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ သင့်ချစ်သူဟာ စိတ်ပျက်လာပါလိမ့်မယ်။ နောက်တစ်ခုက သူ့ကိုဘာလုပ်ဖို့၊ ဘယ်သွားဖို့၊ အားလုံးကို ထိန်းချုပ်ပစ်ချင်သူဆို ပိုဆိုးပါတယ်။

၂။အမေက သားတစ်ယောက်ကို ဆက်ဆံသလို ပြုမူဆက်ဆံတတ်သူ

သင့်ရဲ့လေသံကိုကတည်းက အမေတစ်ယောက်လို ဖြစ်နေတတ်တယ်။ သူ့အပေါ် ဒီနေ့ဘာတွေပြီးအောင်လုပ်နော် ဆိုတာမျိုး ဖိအားလည်း ပေးတတ်တယ်။ သင့်ရဲ့ထိတွေ့ဆက်ဆံမှုက ကျောလေးပွတ်သပ်ပေး၊ ဆံပင်လေးတွေ သပ်ပေးတာက မပိုဘူး။ သင်နဲ့သူ့အကြား ဆက်ဆံရေးဟာ ထင်ထားတာထက် ကွာဟမှုတွေ များများလာတယ်။

၃။အမြဲတမ်း စိတ်ဓာတ်ကျနေတတ်သူ

ရုပ်ရှင်တွေထဲမှာတော့ စိတ်ဓာတ်ကျနေတဲ့ မင်းသမီးလေးကို မင်းသားလေးက နှစ်သိမ့်ပေးမယ်၊ နောက်ဆုံး ကောင်မလေးနဲ့ ကောင်လေး လက်ထပ်သွားကြမယ်ဆိုတာမျိုးတွေပေါ့။ တကယ့်လက်တွေ့ဘ၀မှာ ဒါအဆင်မပြေနိုင်ပါ ဘူး။ သင်ဟာ နေ့စဉ်နဲ့အမျှ အဆင်မပြေတာတွေချည်း သူ့ဆီ ညည်းတွားမယ်။ စိတ်ဓာတ်ကျနေမယ်ဆိုရင်တော့ သင့်ချစ်သူကောင်လေးဟာ သင့်ကို စွန့်ခွာဖို့သာစဉ်းစားပါလိမ့်မယ်။

၎။ညီမျှမှုရှိမရှိ အမြဲစဉ်းစားတွက်ချက်နေတတ်သူ

ဒီလို ကောင်မလေးမျိုးကတော့ နှစ်ဦးသားအချစ်ရေးမှာ ဘယ်သူကတော့ဖြင့် ပိုအနစ်နာခံတယ်။ ငါက ပိုသည်းခံရတယ်။ ပိုငွေကြေးအကုန်အကျများတယ်။ ငါ ဒါလုပ်ပေးပြီးပြီ နင်ဘာပြန်လုပ်ပေးမှာလဲဆိုပြီး အမြဲတွက်ချက်နေတတ်သူပေါ့။

၅။မင်းသမီးလေးတစ်ပါးလို နေတတ်သူ

အချစ်ရေးမှာ ဘယ်သူ့ကို ပိုအလေးပေးရမယ်ဆိုတာမျိုး မရှိပါဘူး။ တစ်ယောက်ကိုတစ်ယောက်က အပြန်အလှန် ဂရုစိုက်ပြီး

December 13, 2015

"ငါ့ကလေးကို စိတ်မချဘူး" (သရဲတစ္ဆေကဏ္ဍ)

 
ကျွန်မကကြောက်သာကြောက်တတ်တာ..အသုဘတို့ သရဲကြောင်းတို့ လာထား ရှေ့ဆုံးကပဲ..

ဟဲဟဲ...

ကျွန်မကျောင်းကပြန်လာပြီး အလုပ်ထဲပြန်မ၀င်ခင်ကပေါ့..ကျွန်မတို့အိမ်
မျက်စောင်းထိုးက အမျိုးသမီးတစ်ယောက်.ကလေးငယ်ငယ်လေးနဲ့မီးယပ်ဝမ်းလိုက်ပြီး သေသွားခဲ့ပါတယ်
ကျွန်မလည်းအလုပ်တွေ ထားခဲ့ပြီးအဲ့သေတဲ့အိမ်ကိုသွားကြည့်တာပေါ့

အမျိုးသမီးအမည်က ''မခင်စန်း''တဲ့သူတို့အိမ်လှေကားထစ်အပေါ်ဆုံးလည်းရောက်ရော
 ခြေလှမ်းတွေတန့်သွားတယ်..မတန့်ပဲနေမလား...မြင်ရတဲ့မြင်ကွင်းက ချောက်ချားစရာပါ
ည သာဆို သွေးပျက်လောက်တယ်..သူ့ယောက်ျားက ခေါင်းရင်းကနေ..
အီး..အိ..အိ နဲ့ငိုနေတယ်...မခင်စန်းက နဂိုတည်းက သွားက မသိမသာခေါ နေပါတယ်..ဆုံးလည်းဆုံး
တော့ အရိုးပေါ်အရေတင်..နေမကောင်းလို့ခေါင်တုံး တုံးထားတော့.
ခေါင်းတုံးဆံပင်ပေါက်နဲ့..မျက်ကွင်းတွေ ပါးတွေက အထဲကို
တော်တော်ချိုင့်ဝင်နေတာပေါ့..အဲ့ဒါနဲ့ကျွန်မ ရှေ့ဆက်မတက်ရဲပဲခဏရပ်ကြည့်ပြီး ပြန်ဆင်းလာတာပေါ့...
ဆင်းရဲလိုက်တာလည်း ပြောမနေပါနဲ့.....အိမ်မှာ ကြမ်းကအပြည့်မရှိဘူး..

တစ်နေ့လုပ်မှ တစ်နေ့စားပေါ့...သဂြိုဟ်ဖို့တောင်မရှိလို့ ရပ်ကွက်ထဲလိုက်အလှူခံရပါတယ်...
အဲ့မခင်စန်းမှာ သားသမီး ၄ ယောက်ရှိပါတယ်..အငယ်ဆုံးကလေးက
 သုံးလ အရွယ်ပဲရှိသေးပါတယ်...နေ့ ၁ နာရီ လောက်သဂြိုဟ်ဖို့လုပ်တော့

 အဲ့ကလေးကို လိပ်ပြာခွဲတာပေါ့ကျွန်မကရှေ့ဆုံးကလေ...ဘယ်သူ့မှမပေးဘူးဆရာ
.ခေါင်းမာချက်..ကြာတော့လိပ်ပြာခွဲပေးတဲ့ဦးလေးကြီးက စိတ်တိုလာတာပေါ့..
ဘေးက တဖက်ကတုတ်ကြီး ကိုင်ပြီး မာန်ပြီး.နင် ခုမပေးဘူးလား ပေးမှာလား..

ငါ မရိုက်ချင်ဘူးနော်..တဲ့....ဆိုပြီး သုံးလေးခါလောက်မာန်တော့မှသူ့လင်ညီအစ်မ

" ပထမဆုံးအကြိမ် ချစ်တယ် လို့ပြောဖို့ ကြိုးစားသောအခါ"

 သင် လူတစ်ယောက်ကို ပထမဆုံးအကြိမ် ချစ်တယ် လို့ပြောဖို့ တုန့်ဆုတ်ပြီး မဝံ့မရဲ ဖြစ်နေတယ်လို့ ခံစားနေရပါသလား။
ပထမဆုံး အကြိမ် ဆိုတာကို လူတိုင်းက အကောင်းဆုံး အဆင်အပြေဆုံး စိတ်ကူးယဉ် အဆန်ဆုံးဖြစ်ချင်ကျတာ သဘာဝပါ။
အောက်မှာ အချက်လေး အနည်းငယ်ကို ဖော်ပြထားပါတယ်။

-အချိန်ကောင်းလို့ ယူဆတဲ့ အချိန်မှာပြောလိုက်ပါ။အမှတ်တရ ဖြစ်ပြီး မေ့ပျောက်လို့ မရနိုင်တဲ့နည်း လူသုံးနည်းတဲ့ နည်း
လမ်းကို ရွေးချယ်ပါ။ဘာလို့လဲ ဆိုတော့ ဒါမှ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်ကြား က ခြားနားချက်ကို သတိပြုမိမှာပါ။

-အချစ် ကို ဖော်ထုတ်ပုံက တစ်ယောက်နဲ့တစ်ယောက် မတူကျပါဘူး။သင့်အဖော်က သင့်ကို သူတတ်တဲ့ နည်းအတိုင်း ချစ်ပေးတာကို နားလည်ပေးပါ။သူ လုပ်တာ သင်နှစ်သက်တဲ့ နည်းဖြစ်ချင် ဖြစ်မယ် မဖြစ်ရင်လည်း မဖြစ်ဘူး ဒါပေမယ့် မမေ့ပါနဲ့။သင်လုပ်ရပ်တိုင်းကလည်း သူကြိုက်တာချည်း မဟုတ်လောက်ဘူးလေ။

-“ I love you” လို့ ပြောတဲ့အချိန်မှာ ကိုယ့်ကို ကိုယ် အလွန်ယုံကြည်ချက်ရှိနေတဲ့ ပုံစံမျိုး သိပ်သေချာ နေတဲ့ ပုံစံမျိုး မလုပ်ပါနဲ့။အဲ့လိုဆို သင့်အပေါ် သံသယဝင်နိုင်ပါတယ်။အရမ်း ကြင်နာတတ် တဲ့ပုံစံလေးကို အသုံးပြုပါ။

-တကယ်လို့ သင့်အချစ်ကို ပြန်တုန့်မပြန်ဘူး ဆိုရင်တောင် သင်နားလည်ပေးရမှာပါ။အနည်းဆုံးတော့ သင်သူ့ကို သဘော
ကျနေတယ် ဆိုတာ သူသိသွားတာပေါ့။

-လူချင်း တွေ့တဲ့ အချိန် ဖွင့်ပြောပါ။ရှက်လို့ မျက်နှာပူလို့ ဆိုပြီး စာပို့တာ ဖုန်းထဲက ပြောတာတွေထက် အပြင်မှာ ပြောတာ က ပိုသင့်တော်တာပါ။

-အပိုတွေ အများကြီး မလုပ်မိပါစေနဲ့။သင်ပြောနေတုန်း သူပျင်းတာ ဖြစ်လာနိုင်သလို သင့်အတွက်လည်း အကျိုးမရှိပါဘူး။
အချိန်ကောင်းမှာ တစ်ကြိမ် တည်း ပြောလိုက်ပါ။

နောက်ဆုံးအချက်ကတော့ လူတော်တော် များများလုပ်မိနေတဲ့ အမှားလေးတစ်ခုပါ။သင် သူ့ကို ချစ်တယ် လို့

"သင်လက်ထပ်မယ့်သူဟာ ဒီလို အမျိုးသမီးမျိုးဆိုရင် လက်မထပ်ခင် သေချာစဉ်းစားဖို့ လိုအပ်"

မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီတော့ ဘ၀တစ်လျှောက်လုံးအတွက် မှန်ကန်တဲ့ လူတစ်ယောက်ကို ရွေးချယ်ပြီး ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက်ဆိုရင် ကိုယ့် ဘက်က စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိနေပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။

၁။သူဟာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်း၊ ငွေကြေးကြောင့် ချစ်တာဆိုရင်။
သင်ဟာ ယောင်္ကျားလေးမို့လို့ သူလိုချင်တဲ့အရာတိုင်း အမြဲတမ်း ၀ယ်ပေးခဲ့ရတယ်။ နှစ်ယောက်သွား အပြင်သွားတဲ့အချိန်၊ ချိန်းတွေ့တဲ့အချိန်တိုင်းလည်း သင်ပဲ ပိုက်ဆံအမြဲရှင်းရတယ်။ ဒါတွေက ထားလိုက်ပါတော့၊ ခု အိမ်ထောင်ကျပြီးတဲ့အခါကျပြန်ရင်လည်း ရသမျှငွေကို သူ့ကိုပဲ အပ်ရမယ်၊ သူလည်း အဲ့ဒီအချိန်အလုပ်ကထွက်ပြီး အိမ်မှာပဲနေမယ် စတာတွေကို ခုချိန်ကတည်းက ကြိုပြောလေ့ရှိတယ်။ အိမ်ထောင်ကျပြီးသွားရင် တိုက်ခန်းဝယ်တဲ့အခါ သူ့နာမည်နဲ့ ၀ယ်ပေးဖို့ သင့်ကို တတွတ်တွတ်ပြောနေမယ်ဆိုရင်တော့ ဒီလိုချစ်သူမျိုးဟာ ကိုယ့်ကိုဘာအတွက်ကြောင့် ချစ်တာလဲ၊ ကြိုက်တာလဲဆိုတာ ထည့်စဉ်းစားဖို့ လိုပါပြီ။

၂။ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့ ညဘက်ထွက်တိုင်း ပြဿနာရှာတတ်တဲ့ လူမျိုးဆိုရင်။
ကိုယ့်ချစ်သူကို သ၀န်တိုတာ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်တာကို ဘယ်ကောင်မလေးကမှ လက်ခံမှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ပြဿ      နာရှာပြီး ပွားတတ်တဲ့သူဆိုရင်လည်း ဒီလိုအခြေအနေမျိုးက ကြာရင်  ပြဿ နာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။

၃။သူမဆီမှာ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိတဲ့သူဆိုရင်။
ကိုယ့်ကောင်မလေးမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အပေါင်းအသင်းလည်း မရှိဘူးဆိုရင် ဒါဟာ တော်တော်လေး ထူးဆန်းတဲ့ ကိစ္စလို့ မထင်ဘူးလား။ ဘယ်သူမဆို တိုင်ပင်ရာ တိုင်ပင်ဖက် သူငယ်ချင်းတစ်ယောက်လောက်တော့ လူတိုင်း ရှိတတ်ကြတာပါပဲ။ အဲ့ဒီလိုတောင် မရှိဘူးဆိုရင် ကိုယ့်ချစ်သူဟာ သာမာန်မဟုတ်ဘူးဆိုတာ နားလည်ထားလိုက်တော့ပေါ့။

၎။သူနဲ့ကိုယ်နဲ့ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲရှိသေးတာကို တွေ့တိုင်း ယူဖို့ချည်း ပြောနေပြီဆိုရင်။
သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်လည်း မသိသေးဘဲ၊ လပိုင်းလောက်တွဲပြီး ယူမယ်လို့ ဆုံးဖြတ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး သေချာလေ့လာကြဖို့ အချိန်ယူကိုယူရမှာပါ။ ဒါမှသာ တစ်ယောက်ရဲ့မိသားစုက ဘယ်လိုရှိတယ်ဆိုတာ သိလာမယ်၊ သူဘာတွေမကြိုက်ဘူး၊ ဘယ်အရာတွေ လက်မခံနိုင်ဘူး ဆိုတာတွေ သေချာသိလာမှာပါ။

"ကိုယ်သင်းနံ့လေး…..မွှေးစေဖို့ (အမျိုးသားများအတွက်အထူး) "

လူမှုဆက်ဆံရေးနယ်ပယ်မှာကိုယ်သင်းနံ့လေးကောင်းမွန်မှသာမိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။

ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့အကြောင်းရင်း
 တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက်
 လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။

ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိကအကြောင်းအရာတွေ လို့ လေ့လာတွေ့ရှိရပါတယ်။

ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။

ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးကအလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူး စတွေနဲ့ ပွတ်တိုက်ပေးပါ။

ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့နည်းလမ်းပါပဲ။

ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့အဝတ်အစားများကိုသာဝတ်ဆင်ပါ။

ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေ
လို့ပါပဲ။အဲ့ဒီလောက်အထိ ဆိုးမသွားစေနဲ့နော်ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး
ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။

- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့ သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။

- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း

" လက်ဖက်ရည်တိုက်တဲ့ နတ်သား "


၁၉၆၄ ခုနှစ်မှ သူကွယ်လွန်သွားသည့် ၂၀၁၂ ခုနှစ် မေလပိုင်းအထိ လူ့အသက်ပေါင်း ၁၆၀ ခန့် အနည်းဆုံး သူကယ်တင်ခဲ့ပြီးပါပြီ။

သူသည် နေ့စဉ်နေ့တိုင်း ဆစ်ဒနီရှိ သူ့အိမ်ကလေး၏ အပြင်ဘက်မှ ပစိဖိတ်သမုဒ္ဒရာ၏ ရင်သပ် ရှုမောလောက်သည့် မြင်ကွင်းကို ငေးကြည့်လေ့ရှိသည်။ ပင်လယ်၏ အလှတရားကို ခံစားလိုသည့်အတွက် သက်သက်တော့မဟုတ်။ နောက်ထပ် ဇာတ်လမ်းဇာတ်ကွက် တစ်ခုကလည်း သူ့ကို ဖမ်းစားထားသောကြောင့် ဖြစ်သည်။
ဒွန်ရစ်ခီ ပြတင်းပေါက်မှ ပင်လယ်ဘက်သို့ ငေးနေရခြင်းတွင် အခြားရည်ရွယ်ချက်တစ်ခု ရှိပါသေးသည်။
တကယ့်ကိန်းဂဏန်းက ထိုထက်လည်းများနိုင်သည်။
သူကွယ်လွန် သွားသည့်အချိန်တွင် အသက် ၈၆ နှစ်အရွယ် ရှိသွားပြီဖြစ်ပြီး ကျောက်ဆောင် ကမ်းပါးစောင့်နတ်သား ဆိုသည့် အမည်နာမကို သြစတြေးလျ နိုင်ငံသားများက ပေးခဲ့ကြသည်။ သူသည် သြစတြေးလျတွင် မိမိကိုယ်ကိုယ် သတ်သေသူများ မျက်စိကျကြသည့် ခုန်ချချင်စရာ ကျောက်ဆောင်ကမ်းပါးသို့ လာရောက် သတ်သေကြသူများစွာကို လက်လွန်ခြေလွန် မဖြစ်အောင် နှစ်ပေါင်း ၅၀ ကျော်ကြာ စေတနာ့ဝန်ထမ်း နှစ်သိမ့်ခြင်းအားဖြင့် လူ့အသက်ပေါင်းများစွာ ကယ်ခဲ့သောကြောင့်ပင် ဖြစ်သည်။
ဆစ်ဒနီ ကမ်းရိုးတန်း ပင်လယ်ကမ်းနံဘေး ချောက်ကမ်းပါးယံများသည် မျှော်လင့်ချက် ပျောက်ဆုံးပြီး ဘဝကို ကိစ္စတုံးချင်သူများအဖို့ သံလိုက်ဓာတ်ကြီးကြီးဖြင့် ဆွဲဆောင်လျက်ရှိသည်။ သို့ပါသော်လည်း ထိုကမ်းပါးယံအနီးတွင် တည်ငြိမ်သောအသံ၊ ကိုယ်ချင်းစာနာမှု လေသံအပြည့်ဖြင့် နတ်သားတစ်ပါး အမြဲတမ်း ကိုယ်ထင်ပြလေ့ ရှိသည်။ သူသည် မစ္စတာရစ်ခီ ဖြစ်ပါသည်။
သေကြောင်းကြံမည့် လူတစ်ယောက်ကိုတွေ့လျှင် အမြဲတမ်း ချဉ်းကပ်သွားပြီး စကားစမြည် သွားပြောခဲ့သည်။
ဒွန်ရစ်ခီ၏ ပုံစံက ထည်ထည်ဝါဝါ ခမ်းခမ်းနားနားမဟုတ်၊ ရိုးရိုးကုပ်ကုပ်ပင် ဖြစ်သည်။
ခရစ်နှစ် ၁၈၀၀ ပတ်ဝန်းကျင် ကာလများကတည်းက သြစတြေးလျ နိုင်ငံသားများက အဆိုပါ ကျောက်ဆောင် ချောက်ကမ်းပါးသို့ လာပြီး သတ်သေကြလေ့ရှိသည်။ အကာအရံကလည်း သုံးပေ ကျော်ကျော်သာရှိသမို့ ကျော်ဝင်ပြီး မကြံကောင်း မစည်ရာ လုပ်နိုင်သည်။ တစ်ပတ်ကို တစ်ယောက်နှုန်း လောက်လာပြီး သေကြောင်းကြံနေကြသဖြင့် ဒေသခံ အရာရှိများက သံဆူးကြိုး မြင့်မြင့်ကာရန်၊

"နိုကိုဥ၏ ကျန်းမာရေး အကျိုးကျေးဇူးများ"

နိုကိုဥရဲ့  အရသာက ချိုမြတာကြောင့် လူအများစု၊ အထူးသဖြင့် ကလေး ငယ်တွေ ကြိုက်နှစ်သက်ကြပါတယ်။ အရသာရှိတဲ့ နိုကိုဥကို စားပေးရင် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 
(၁) ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
နိုကိုဥမှာ ဖိုင်တိုကမ်မီကယ်လ် အ များအပြားပါဝင်တာကြောင့် ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် Glucosinolates ပါဝင်တာကြောင့် အ သည်းကနေ ကင်ဆာဖြစ်စေတဲ့ ဓာတ် တွေကို ချေဖျက်ရာမှာ ကူညီနိုင်ပါတယ်။ နိုကိုဥမှာ အင်တီအောက်ဆီးဒင့်ပါဝင်မှု များတာကြောင့် ဆဲလ်တွေမှာ ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ် ထိခိုက်ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။
(၂) ဗီတာမင်စီများစွာ ပါဝင်ပါတယ်
နိုကိုဥ တစ်ခွက်စာ ပမာဏမှာ ဗီ တာမင်စီ တစ်နေ့တာ လိုအပ်တဲ့ အတိုင်း အတာရဲ့ ၁၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ နိုကိုဥပင်စည်ပိုင်းမှာ အစွမ်း ထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ် တဲ့ ဗီတာမင်စီ များများ ပါဝင်ပါတယ်။
(၃) ကိုယ်ခံစွမ်းအားစနစ်ကို တိုးစေပါတယ်
နိုကိုဥမှာ ဗီတာမင်စီများများပါဝင် တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို အား ကောင်းစေပြီး နာမကျန်းမှုကို တွန်းလှန် ပေးကာ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) စွမ်းအင်ကို တိုးစေပါတယ်
နိုကိုဥမှာပါတဲ့ ဗီတာမင်စီဟာ ခန္ဓာ ကိုယ်မှ သံဓာတ်လို မရှိမဖြစ် သတ္တုဓာတ် စုပ်ယူမှုကို အားကောင်းစေတာကြောင့် စွမ်းအင်တိုးစေပါတယ်။
(၅) ကြွက်သားနဲ့ နာ့ဗ်ကြော လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေပါတယ်
နိုကိုဥအစိမ်းတစ်ခွက်မှာ ပိုတက်စီ ယမ် တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ၁၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပိုတက်စီ ယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောလုပ် ငန်းဆောင်တာတွေကို ကောင်းမွန်စေပါ တယ်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေ ရဲ့ ကာဗိုဟိုက်ဒရိတ်သိုလှောင်ပြီး လောင် စာအဖြစ် အသုံးပြုမှုမှာ ကူညီပေးပါတယ်။
(၆) အစာခြေ စနစ်ကို ကျန်းမာစေပါတယ်
နိုကိုဥတစ်ခွက်စာ ပမာဏမှာ တစ် နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အမျှင်ဓာတ် ဟာ အစာကြေညက်စေပြီး ပုံမှန် အူလှုပ် ရှားမှု ကောင်းစေကာ ဇီဝရုပ်ဖြစ်ပျက်မှု ကျန်းမာစေတဲ့အပြင် အူတွေကို သန်စွမ်း စေပါတယ်။
(၇) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
နိုကိုဥတစ်ခွက်စာ ပမာဏမှာ ကယ် လိုရီ ၃၆ ပဲ ပါဝင်တာကြောင့် ပါဝင်တဲ့ ကယ်လိုရီနဲ့စာရင် အာဟာရပါဝင်မှု အား ကောင်းပါတယ်။ နိုကိုဥမှာပါတဲ့ အမျှင် ဓာတ်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကျန်းမာ ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။
(၈) သွေးလှည့်ပတ်မှု စနစ်ကို ကောင်းမွန် စေပါတယ်
နိုကိုဥဟာ နှလုံးနဲ့ သွေးလှည့်ပတ်မှု စနစ်ကို ကျန်းမာစေပါတယ်။ အကြောင်း ကတော့ နိုကိုဥမှာ ပြည့်ဝဆီ ပါဝင်မှု မရှိ သလောက် နည်းလို့ပါ။
(၉) နှလုံး ကျန်းမာစေပါတယ်
နိုကိုဥမှာ ကိုလက်စထရောနဲ့ မ ကောင်းတဲ့ အဆီပါဝင်မှု လျော့နည်းပြီး ပိုတက်စီယမ် ပမာဏ များစွာ ပါဝင်ပါ တယ်။ နိုကိုဥမှာပါတဲ့ ပိုတက်စီယမ်ဟာ
Subscribe

လာလည်သူများ

free counters