♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

October 1, 2020

ကိုဗစ်-၁၉ လူနာသစ် ၁,၀၁၀ ဦး၊ သေဆုံးသူ ၁၁ ဦး ထပ်တိုးလာ

 


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၁,၀၁၀ ယောက်နဲ့ သေဆုံးသူ  ၁၁ ယောက်ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁  ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်  ည ၈ နာရီမှ ဒီနေ့  အောက်တိုဘာ ၁ ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၃၅၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၀၁၀ ဦး တွေ့ရှိရတာဖြစ်ပါတယ်။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဒီကနေ့ည ၈ နာရီ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၄,၃၈၃  ယောက်၊ သေဆုံးသူ  ၃၂၁ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၁၅၆   ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

crd ....dvb

September 23, 2016

လိင်မှုဘ၀သာယာရေးအတွက် Testosterone တိုးမြင့်စေမည့် နည်းလမ်းများ (18+)

 Image result for good couple
ကျန်းမာရေးစာစုများအတွက်
Testosterone ဆိုတာကတော့ အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားလိင်အင်္ဂါပစ္စည်းတွေ ဖွံ့ဖြိုးဖို့အတွက်ရော ကြွက်သားနဲ့ အရိုးကြီးထွာဖို့၊ ခန္ဓာကိုယ်အမွှေးအမျှင်တွေ ပေါက်ဖို့အတွက်တို့ကိုပါ အရေးကြီးပါတယ်။ အထူးသဖြင့်တော့ လိင်မှုကိစ္စစွမ်းဆောင်ရည်အတွက် သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ Testosterone ပမာဏကို သဘာဝအတိုင်း တိုးတက်များပြားလာပြီး ခန္ဓာကိုယ်တောင့်တင်းမှုနဲ့ အိပ်ရာအတွင်းစွမ်းဆောင်ရည်ကောင်းလာစေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။
ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသည့် စားစရာများ များများစားပါ။
အခုခေတ်အမျိုးသား (၃)ယောက်မှာ (၁)ယောက်က သွေးဖိအားများတဲ့ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒီပြဿနာက သင့်ရဲ့နှလုံးကို ဆိုးကျိုးပေးပြီး သွေးလည်ပတ်စီးဆင်းမှုကို ချို့ယွင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားလိင်အင်္ဂါထောင်မတ်မှုကို အားနည်းစေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပိုတက်ဆီယမ်ဓာတ်က ကူညီပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါရှိတဲ့ စားသောက်စရာတွေ မှီဝဲပေးခြင်းအားဖြင့် သင့်ရဲ့သွေးဖိအားကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ပမာဏမှာ ရှိနေစေပါတယ်။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ စားသောက်စရာတွေကတော့ အာလူး၊ ဟင်းနုနွယ်၊ သခွားမွှေး၊ ခရမ်းချဉ်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ ကီဝီသီးနဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။

အငံစားသုံးမှုကို လျှော့ချပါ။
အငံဓာတ်၊ ဆိုဒီယမ်ဟာ ခန္ဓာကိုယ်အတွင်း ရေနဲ့အတူလှည့်ပတ်ပါတယ်။ ဆားငံတာတွေ များများစားရင် သွေးကြောတွေတလျှောက် ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိသွားပြီး သွေးဖိအားကိုတိုးစေပါတယ်။ သွေးဖိအားများခြင်းက လိင်တံထောင်မတ်မှုကို

August 22, 2016

" နှုတ်ခမ်းထောင့်စွန်း အက်ကွဲရခြင်းအကြောင်းအရင်း "

မိမိတို့ခန္ဓာကိုယ်မှာ သင့်တင့်လျောက်ပတ်စွာ အလုပ်လုပ် မနေကြောင်း ညွန်ပြတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီရောဂါလက္ခဏာဟာ အန္တရာယ်ရှိဖြစ်စေနိုင်ပြီး တားဆီးမယ့် နည်းလမ်းတွေ ဖော်ပြပေးချင်ပါတယ်။ နှုတ်ခမ်းထောင့်ချိုးအက်ကွဲစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့…  
·         ဗီတာမင် B ချို့တဲ့ခြင်း
·         နှုတ်ခမ်းအမြှေးပါးတွေ စားတဲ့ gastric acid ထုတ်လုပ်မှုလွန်ကဲခြင်းနဲ့ ဆက်စပ်တဲ့ အစာအိမ်ရောဂါများ
·         သံဓာတ်ချို့တည့်မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ
·         ခံတွင်းသန့်ရှင်း ကောင်းစွာမရှိခြင်း သို့မဟုတ် သန့်ရှင်းမှုအားနည်းခြင်း
·         ကိုယ်ခံအား အားနည်းခြင်း
·         ဆီးချိုရောဂါ
·         စကားပြောနေစဉ် လျှာနဲ့ နှုတ်ခမ်းတွေ စိုအောင် ပြောသူတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။
ဒီရောဂါလက္ခဏာက zinc နဲ့ B vitamin (B3, B2 and B12) ချို့တဲ့မှု လက္ခဏာတစ်ခုဖြစ်ပါတယ်။
ဖြေရှင်းနည်း - တို့ဟူး၊ ဒိန်ချဉ်၊ ဟင်းနုနွယ်၊ မြေပဲ၊ တရုတ်ဆီးသီး၊ ကညွတ်၊ အစေ့နဲ့ပဲထောင့်ရည်မျိုးတွေ ပိုစားပေးပါ။ နောက်

August 14, 2016

" အသက် ၁၁၃နှစ် အဘိုးအို ရဲ့ ကျန်းမာရေး လျှို့ဝှက်ချက် "

 
ပုံကိုကြည့်ပြီးတော့ သူ့ အသက် ဟာ ၁၁၃နှစ် လို့ပြောရင် ယုံနိုင်ပါ့မလား။ ဘာနာဒို လာပယ်လို ကို ၁၉၀၁ ခုနှစ် မှာမွေးဖွား ခဲ့ပါတယ်။ ခုဆိုရင်တော့ သူရဲ့ အသက်ဟာ ၁၁၃နှစ် ရှိသွားပါပြီ။

သူရဲ့ ဘ၀တစ်လျှောက် မှာ မနာ မကျန်းမဖြစ်ခဲ့ပါ ဘူးတဲ့။သူဟာ အသား ကိုရှောင်ကျဉ်ပြီးတော့ လတ်ဆတ် တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီး သစ်ဖု တွေကိုပဲ များသော အားဖြင့် စားဖြစ်တယ် လို့ပြောပါတယ်။

သူဟာ အသက်၁၁၃နှစ်ဖြစ် လို့ သူ ဘာမှ မလုပ်နိုင်ဘူး လို့ သင် ထင်နေရင်တော့ သင်မှားသွား ပါပြီ။ သူဟာ ပဟေဌိ အမြောက် အမြား ကို ဖြေနိုင်တဲ့ အပြင် စာအုပ်တွေ ကိုလည်း ဖတ်နိုင်ပါသေးတယ်။

ဘာနာဒို က သူရဲ့ကျန်းမာရေး လျှို့ဝှက်ချက်ဖြစ် တဲ့ အစားစာ (၅)မျိုး အကြောင်း ကို ပြောပြခဲ့ ပါတယ်။ အဲ့ဒီ(၅)မျိုး ကတော့……….
၁။ ကြက်သွန်ဖြူ
——————
ကြက်သွန်ဖြူ ဟာ ကျန်းမာရေး အတွက် အထူးကောင်းမွန်တဲ့ အရာ ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့် မယ်။ ကြက်သွန်ဖြူ က ရောဂါ အမျိုးမျိုး အတွက် ဆေးဖြစ်တဲ့ အပြင် နေ့စဉ် စားသုံးပေး ပါက ကင်ဆာရောဂါ ကိုတောင် ကာကွယ်ပေးပါတယ်။

၂။ပျားရည်
————
ပျားရည် ကို အားတိုးဆေး လို့တောင် ဆိုလို့ ရပါတယ်။ မည်သူ မဆို ပျားရည် ကို တစ်နေ့ တစ်ဇွန်း စားသုံး ပါက ကင်ဆာရောဂါ များကို ကာကွယ်ခြင်း၊ အသား အရေ လှခြင်း၊ ဆံပင် လှခြင်း၊ အိုမင်းမှု ကို နှေးကွေးစေခြင်း နှင့် ကိုယ်

July 28, 2016

" အရိုးကျည်းပေါင်းကို ကာကွယ်ပေးနိုင်တဲ့ ပေါက်ပွင့် "

 
 ပေါက်ပွင့်ကို စားပေးလျှင် အရိုးကျည်းပေါင်းဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။ Sesbania grandiflora လို့ခေါ်တဲ့ ပေါက်ပန်းမှာ ပါဝင်ထားတဲ့ ဓါတ်တစ်မျိုးဟာ အရိုးကျည်းပေါင်း ဖြစ်စေနိုင်တဲ့ ဆဲလ်များကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ပေါက်ပန်းမှာ အဖြူရောင်နဲ့ အနီရောင် ရှိပါတယ်။ ၂မျိုးစလုံး ဆေးဖက်ဝင်ပါတယ်။ သဘာဝအတိုင်း အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး ဈေးထဲမှာလည်း အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်။ ပေါက်ပန်း၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများ၊ ဆေးဖက်ဝင်ပုံများကိုလည်း မကြာခဏ ဖတ်ရှုလေ့လာရပါတယ်။

ဒါ့ကြောင့် ဈေးလည်းမကြီး၊ အလွယ်တကူလည်း ရနိုင်တဲ့ ပေါက်ပွင့်ကို မကြာခဏ ပြုတ်၍ တို့စရာမဖြစ် စားပေးခြင်း၊ အသား၊ ငါးတို့နဲ့ ဟင်းချက်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်းတို့ ပြုလုပ်ပေးပြီး အရိုးကျည်းပေါင်းရောဂါကို

July 19, 2016

" ချစ်တင်းနှောခြင်းမှ သင့်အား ဆွဲဆောင်မှုအပြည့်စေရှိပြီး လှပအောင်ဖန်တီးပေးတဲ့အရာ ၅ မျိုး " (18 +)

 
 
ကာမဆက်ဆံခြင်းဟာ သင့်ရဲ့အသားအရေ ဝင်းလက်လှပစေတယ်ဆိုတာကို သင်သိပါသလား။ ကာမဆက်ဆံခြင်းမှ ရရှိတဲ့အကျိုးကျေးဇူးများကို လေ့လာကြပါစို့။  ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်တဲ့အစားအစာတွေကို မျှမျှတတစားသောက်ခြင်းဟာ အလှတရား ကို တိုးပွားစေသလို ကာမဆက်ဆံခြင်းဟာလည်း အသားအရောင် ဝင်းလက်လှပစေပါတယ်။ ကာမဆက်ဆံခြင်းဟာ သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရေတွက်နိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်စေပြီး အလှတရားကို ဆထက်ထမ်းပိုး တိုးပွားစေတယ်လို့ သိပ္ပံပညာရှင်တွေ က ဒီလို သက်သေပြသလိုက်ပြီဖြစ်တယ်။

သင့်အား ဝင်းလက်လှပစေခြင်း
မကြာခဏကာမဆက်ဆံခြင်းဟာ အမျိုးသမီးဟော်မုန်းဓါတ် (estrogen) ထုတ်လုပ်ပေးတဲ့အတွက် ဆံပင်နှင့် အရေးပြားအသားအရေကို ဝင်းလက်လှပစေပါတယ်။ အဲလိုကာမဆက်ဆံခြင်းမှ သင့်အသားအရေကို အိစက်ညက်ညောစေတဲ့အပြင် တင်းတင်းရင်းရင်းဖြစ်စေတဲ့ ဟော်မုန်းဓါတ် (collagen) ကို ပိုမိုထုတ်လုပ်ပေးတယ်လို့ ဆေးဝါးသုံးသပ်ချက်များဂျာနယ်မှာ ဖော်ပြထားပါတယ်။ သင့်အသားအရေ ဝင်းလက်လှပမှုရှိ/မရှိကို အမှုမဲ့အမှတ်မဲ့ဖြစ်နေရင် ကာမ မဆက်ဆံခင်အချိန်နှင့် ဆက်ဆံပြီးအချိန်ကို မှန်ရှေ့မှာ ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ်ကြည့်ပါ။

လေ့ကျင့်ခန်းလုပ်သလို ဖြစ်စေခြင်း
ကာမဆက်ဆံခြင်းဟာ သွေးပူကိုယ်လက်လေ့ကျင့်ခန်းတစ်ခုလိုဖြစ်စေပြီး သင့်အား ကျန်းမာရေးနှင့်ပြည့်စုံစေကာ ခန္ဓာကိုယ်အချိုး ကျအောင် ပုံဖော်ပေးပါတယ်။ ကာမဆက်ဆံခြင်းမှ အမျိုးသမီးတစ်ဦးကို ၃.၁ ကယ်လိုရီ လောင်ကျွမ်းပြီး အမျိုးသားကိုမူ ၄.၂ ကယ်လိုရီ လောင်ကျွမ်းစေတယ်လို့ William Masters နှင့် Virginia Johnson တို့ ပြုလုပ်တဲ့ သုတေသနတစ်ခုက ဆိုပါတယ်။ လှပသပ်ရပ်တဲ့ ခန္ဓာကိုယ် ပိုင်ထားရပါက ပိုမိုယုံကြည်စိတ်ဖြစ်စေပါတယ်။

စိတ်ကျရောဂါကို ချေမှူန်းပေးခြင်း
ကိုယ်လက်နှီးနှောပြီး ချစ်တမ်းနှောနေချိန်ဟာ စိတ်ကျရောဂါတိုက်ဖျက်တဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်တယ်။ အဲဒီစိတ်ခံစားချက်မျိုးကို ဖြစ်ပေါ်လာတဲ့အခါ ပျော်ရွှင်ကြည်နူးစိတ်ကိုဖြစ်စေတဲ့ ဆီရိုတိုနင်(serotonin )ဓါတ်ကို ထုတ်လုပ်ပေးတယ်လို့ Mayo Clinic Proceedings ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ တကယ်ပါ သင်ပျော်ရွှင်ကြည်နူးနေတဲ့အခါ အသားအရေးတွေ ဝင်းလက်စိုပြေပြီး ပိုမိုအလှတိုးစေပါတယ်။

သောကကင်းဝေးစေခြင်း
စိုးရိမ်သောကစိတ်ဟာ မျက်နှာပြင်ပေါ်မှာ ထင်ဟပ်စေပြီး သင့်အားထိုင်းမှိုင်းမောပန်းစေပါတယ်။ ကာမဆက်ဆံမှု အထွတ်အထိပ်ကို ရောက်နေတဲ့အခါ အောက်ဆီတိုစင်(oxytocin) ဓါတ်အမြောက်အများ ထုတ်လုပ်ပေးတယ်လို့

July 11, 2016

" ဓမ္မတာလာစဉ်ကာလအတွင်း ရှောင်ကြဉ်သင့်တဲ့အစားအစာများ "

 
အမျိုးသမီးပရိသတ်ကြီးအနေနဲ့ လစဉ် ဓမ္မတာလာတဲ့အခါမှာ အစားသောက်ဆင်ခြင်ဖို့ လိုပါတယ်။ အကြောင်းကတော့ တစ်ချို့သော အစားအစာတွေဟာ ဓမ္မတာလာစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ ဟိုမုန်းတွေနဲ့ မတည့်ပဲ … အဆိပ်အတောက် ဖြစ်လေ့ရှိပါတယ်။

(၁) အဆီရွှမ်းသော အသားအမျိုးမျိုး

အသားထဲမှာပါတဲ့ အဆီဓာတ်ဟာ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေလို့ ဘယ်အသားမျိုးမဆို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ရာသီလာနေစဉ်မှာ အဲဒီအသားကနေ ရတဲ့ အဆီဓာတ်ဟာ အင်္ဂါယောင်ရမ်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်ဆိုတဲ့ ငါးကိုတောင် ရှောင်သင့်ပါတယ်။

(၂) ရေခဲမုန့်

အမျိုးသမီးတွေ အသဲစွဲ ရေခဲမုန့်ကို ဒီအချိန်မှာတော့ နားထားလိုက်ပါဦး။ အကြောင်းကတော့ ရေခဲမုန့်ဟာ Diary တွေနဲ့ ထုတ်လုပ်ထားတာများလို့ အဆီဓာတ် ပါဝင်ပါတယ်။ ဒါကလည်း ရာသီလာစဉ်မှာ ကိုက်ခဲနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

(၃) အသင့်စား ဆီကြော် Snack များ

နောက် အမျိုးသမီးတွေ သိပ်ကြိုက်တဲ့ အာလူးကြော်၊ နှစ်ပြန်ကြော်နဲ့၊ အခြား အဆီဓာတ်ပါဝင်နိုင်တဲ့ အကြော်မုန့်တွေကိုလည်း ဒီလိုအချိန်မျိုး ရှောင်ထားရမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အစားအစာတွေနဲ့

July 8, 2016

" ကော်ဖီသောက်သူတိုင်း သိရမယ့် လျှို့ဝှက်ချက်တစ်ခု "

ကော်ဖီခွက်ငှဲ့ပြီဆိုတာနဲ့ ရေတစ်ခွက်ကိုပါ တစ်ခါတည်းငှဲ့ထားသင့်ပါတယ်။

ကော်ဖီစွဲနေတဲ့ လူတွေအတွက် Huffington Post မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။

ကော်ဖီတစ်ခွက် သောက်ပြီးတိုင်း ရေသောက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်ပြီး လူကို မောပန်းရင်တုန်တာတွေ ဖြစ်စေပါတယ်။ ကော်ဖီသောက်ပြီး ရေသောက်နည်းသွားတဲ့အခါ သွေးဟာ ပြစ်လာပါတယ်။ စွမ်းအင်ပိုသုံးရပြီး နှလုံးဟာ အလုပ် ပင်ပင်ပန်းပန်း လုပ်လာရပါတယ်။

ကဖိန်းဓာတ်ကြောင့်ရော၊ ရေဓာတ်ခန်းခြောက်တာကြောင့်ပါ ကော်ဖီကို ပိုသောက်ဖြစ်လာပြီး မောပန်းရင်တုန်တာတွေ ပိုဖြစ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကော်ဖီသောက်ပြီးတိုင်း ရေနှစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

ဒါပေမဲ့ ကော်ဖီခွက်ငှဲ့ပြီဆိုတာနဲ့ ရေတစ်ခွက်ကိုပါ

July 3, 2016

" ကော်ဖီသောက်သူတိုင်း သိရမယ့် လျှို့ဝှက်ချက်တစ်ခု "

ကော်ဖီစွဲနေတဲ့ လူတွေအတွက် Huffington Post မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။
ကော်ဖီတစ်ခွက် သောက်ပြီးတိုင်း ရေသောက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်ပြီး လူကို မောပန်းရင်တုန်တာတွေ ဖြစ်စေပါတယ်။ ကော်ဖီသောက်ပြီး ရေသောက်နည်းသွားတဲ့အခါ သွေးဟာ ပြစ်လာပါတယ်။ စွမ်းအင်ပိုသုံးရပြီး  နှလုံးဟာ အလုပ် ပင်ပင်ပန်းပန်း လုပ်လာရပါတယ်။


ကဖိန်းဓာတ်ကြောင့်ရော၊ ရေဓာတ်ခန်းခြောက်တာကြောင့်ပါ ကော်ဖီကို ပိုသောက်ဖြစ်လာပြီး မောပန်းရင်တုန်တာတွေ ပိုဖြစ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကော်ဖီသောက်ပြီးတိုင်း ရေနှစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။
ဒါပေမဲ့ ကော်ဖီခွက်ငှဲ့ပြီဆိုတာနဲ့ ရေတစ်ခွက်ကိုပါ

" မှတ်ဉာဏ်ဆုံးရှုံးမှုအတွက် သိထားရမည့် အချက်များ "

 
သော့များ (သို့မဟုတ်) စာကြည့်မျက်မှန်ထားခဲ့သော နေရာကို မေ့လျော့ခြင်းကဲ့သို့ မပြင်းထန်သော မှတ်ဉာဏ်ထိခိုက်မှုများသည် စိုးရိမ်စရာကောင်းသော်လည်း သာမန်အခြေအနေသာဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။


သို့သော် ကားသော့ကို ရေခဲသေတ္တာထဲထည့်သိမ်းခြင်းကဲ့သို့ အချို့သော မှတ်ဉာဏ်ပြဿနာများမှာ ပို၍ ပြင်းထန်သော အခြေ အနေတစ်ရပ်ကို ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်သည့် မှတ်ဉာဏ်ပြဿ နာများကို သိထားရန်လိုသည်။ ဥပမာ- စာရင်းစာအုပ်ကို ကိုက်ညှိ ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကားမောင်းခြင်းတို့ ကဲ့သို့ နေ့စဉ်လုပ်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေသည့် မှတ်ဉာဏ်ဆုံးရှုံးမှု (သို့မဟုတ်) ချိန်းဆိုထားခြင်းများကို ပုံမှန်ဆိုသလို မေ့လျော့ခြင်း၊ ကားရပ်ထားခဲ့ရာနေရာကို မေ့လျော့ခြင်းတို့ကဲ့သို့ မကြာခဏမှတ်ဉာဏ်ပျောက်ဆုံးခြင်းများမှာ ဆေးကုသမှုခံယူရန်လို အပ်ကြောင်း အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံကွပ်ကဲရေးဌာန (FDA)က ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

အခြားသတိထားရမည့်အချက်များတွင် ပြောစကားများအား လုံးမေ့သွားခြင်း၊ ဆွေမျိုးများ (သို့မဟုတ်) ရင်းနှီးသောမိတ်ဆွေများ ၏ အမည်များကို မေ့လျော့ခြင်း၊ စကားတစ်ခွန်းကို အကြိမ်ကြိမ် ပြောမိခြင်း (သို့မဟုတ်) လူတစ်ယောက်ကို မေးခွန်းတစ်ခုတည်း အကြိမ်ကြိမ်မေးနေမိခြင်းတို့ ပါဝင်သည်။

နောက်ထပ်သတိထားရမည့်အချက်မှာ အချိန်ကြာသည်နှင့် အမျှ ပိုဆိုးလာသည့် မှတ်ဉာဏ်ဆုံးရှုံးမှုအခြေအနေ ဖြစ်သည်။

မှတ်ဉာဏ်ပြဿနာများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ လျော့ပါးစေရန် သွေးထဲရှိ ကိုလက်စထရောပါဝင်မှုကို လျှော့ချပြီး သွေးမတိုးအောင်နေထိုင်ခြင်း၊ ဆေးလိပ်နှင့်အရက်ရှောင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်းစွမ်းရည်သစ်တစ်ခုသင်ယူ ခြင်း၊ ဂိမ်းကစားခြင်းနှင့် ဥယျာဉ်စိုက်ပျိုးခြင်းတို့ ပြုလုပ်နိုင်သည်။

မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာရှိပြီး ဆေးဝါးများအသုံးပြုနေရခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းတွင်ဒဏ်ရာရခြင်း၊ HIV၊ တီဘီ ၊ ဆစ်ဖလစ်နှင့်

June 29, 2016

" ချွေးနံ့ပျောက်ဆေးထဲက အလူမီနီယံက ရင်သားကင်ဆာဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်အနံ့ဆိုးဖျောက်ရန် သံပုရာသီး အသုံးပြုပါ "

 
ချွေးထုတ်ခန်းမဟုတ်ရင် ချွေးထွက်တာ သိပ်အဆင်မပြေပါဘူး။ ချွေးထွက်ခြင်းက ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေ ဖယ်ရှားပြီး အပူလွန်ကဲမှုမဖြစ်အောင် တားဆီးပေးပါတယ်။ ဟော်မုန်းမတည်ငြိမ်မှုနဲ့ စိုးရိမ်သောက၊ ကြောက်စိတ်တို့လို အလွန်ပြင်းထန်တဲ့ စိတ်ခံချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Eccrine ဂရင်းက ချွေးထုတ်ပေးတဲ့အချိန်မှာ apocrine ဂရင်းမှ အဆီအက်စစ်နဲ့ အရည်ပုံစံဖြင့် ပရိုတိန်းတွေ ဖျက်ဆီးပေးတဲ့ ဘက်တီးရီးယားတွေ ထုတ်လုပ်ပေးပါတယ်။ အကျိုးပြု ဘက်တီးရီးယားနဲ့ မကျိုးမပြုတဲ့ဘက်တီးရီးပိုးတွေ အရေပြားပေါ် ဟန်မချက်မညီတဲ့အခါ မကောင်းတဲ့ ဘက်တီးရီးယားတွေ အနိုင်ရပြီး ခန္ဓာကိုယ်အနံ့ဆိုးဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ် စိုစွတ်တဲ့အချိန်မှာ ကိုယ်နံ့ဆိုးဖြစ်တာ အကြာဆုံးပါပဲ။
ချွေးထွက်တာက သဘာဝနဲ့ မရှိမဖြစ်လိုအပ်တဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တစ်ခုဖြစ်ပေမယ့် လူတွေ ဒါကို မဖြစ်သင့်ဘူး၊ တစ်ကိုယ်သန့်ရှင်းမရှိဘူးဟု ယူဆကြပါတယ်။ ဒီအချက်က လူတွေ ချွေးမထွက်ပစ္စည်းနဲ့ ချွေးနံ့ပျောက်ဆေးတွေ သုံးစွဲလာစေပါတယ်။ ဒီတော့ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်ချွေးထွက်မှုဖြစ်စဉ် အနှောင့်အယှက်ဖြစ်စေပြီး ရင်သားကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတောင် ဖြစ်စေပါတယ်။
ခန္ဓာကိုယ်တစ်စုံတစ်ရာ အနှောင့်ယှက်မဖြစ်စေဘဲ သန့်ရှင်းလန်းဆန်းစေဖို့အတွက် အောက်ပါနည်းလမ်းကို စမ်းသပ်ကြည့်ပါ။
သံပုရာသီးကို နှစ်ခြမ်းလှီး၊ ချိုင်းကြားကို သန့်ရှင်းခြောက်သွေ့အောင် သုတ်ပြီး တစ်ဖက်တစ်ခုစီ ပွတ်လိမ်းပေးပါ။
ပထမတော့ အသားရေအနည်းငယ် နီမြန်းနိုင်ပေမယ့် ခဏအတွင်း အသားကျသွားပါလိမ့်မယ်။ ထိခိုက်လွယ်တဲ့

June 25, 2016

ဝှေးစေ့ဖြတ်မိလို့ ဆရာဝန် အလုပ်ပြုတ်

         
                                                             
                                                                                  ဝှေးစေ့ မှားဖြတ်တာ လူနာ အသိမပေးခဲ့
 ဗြိတိန်မှာ အမျိုးသား လူနာတယောက်ရဲ့ ဝှေးစေ့ကို မှားယွင်း ဖြတ်တောက်မိတဲ့ ခွဲစိတ် ဆရာဝန် တယောက်ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်တုန်းက ဘက်ကင်ဟမ် ရှိုင်းယားနယ်က ချီလ်တန် ပုဂ္ဂလိက ဆေးရုံမှာ ဒီကိစ္စ ဖြစ်ပွားခဲ့တာပါ။

တရားခံ ဒေါက်တာ မာဝမ် ဖာရွတ်ဟာ အကျိတ် တခု ဖယ်ရှားရမှာကို မှားယွင်းပြီး ဝှေးစေ့ကို ဖြတ်ခဲ့တယ်၊ ဒါကို လူနာကို အသိမပေးခဲ့ဘူးလို့ ဆရာဝန် ခုံရုံး က ကြားနာ ချက်မှာ ပါရှိပါတယ်။

" မိခင်လောင်းအမျိုးသမီးတိုင်းအတွက် သိ သင့် သိ ထိုက် ပါ တယ် ."

ပုံမှန်အားဖြင့် ကလေးမီးဖွားပြီးတဲ့ မိခင်တိုင်းဟာ နို့ထွက်လာမှာဖြစ်ပါတယ်။ နို့တိုက်သတ္တဝါတိုင်းဟာ မီးဖွားပြီးရင် နို့ထွက်တာ ဓမ္မတာမဟုတ်လား။ ဒါကြောင့် နို့တိုက်သတ္တဝါလို့ သတ်မှတ်ထားကြတာပါ။ မီးဖွားပြီးလျက်မှ နို့မထွက်တဲ့မိခင်ဟာ ဘာကြောင့်များလဲ လေ့လာရအောင်နော်။

၁။ ကိုယ်ဝန်ဆောင်ချိန်တလျောက်လုံး ရင်သားကို ကျပ်ကျပ်တည်းတည်း စည်းနှောင်ထားတတ်သော မိခင်လောင်းများဟာ ကလေးမွေးပြီးရင် နို့မထွက်တဲ့အခက်အခဲ ကြုံရတတ်ပါတယ်။

၂။ နို့သီးခေါင်းအထဲဝင်နေတဲ့ မိခင်လောင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက နို့သီးခေါင်းအပြင်ကို ဆွဲမထုတ်ခဲ့ရင် ကလေးဟာ မိခင်နို့သောက်စို့ခွင့်ရရှိနိုင်မှာ မဟုတ်ပါဘူး။

၃။ ဘယ်လိုနို့တိုက်ရမှန်းမသိလို့ မိခင်ကစိတ်ရှုပ်ပြီး စိတ်ဖိစီးမှု ဖြစ်နေရင်လည်း နို့မထွက်တတ်ပါဘူး။

၎။ ပထမဆုံးနို့တိုက်ရမယ့် သားဦးမိခင်တွေဟာ နို့တိုက်ဖို့ အစိုးရိမ်လွန် ၊ အကြောက်လွန်နေခဲ့ရင်လည်း နို့ထွက်ရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။

၅။ မိမိကလေးအား နို့တိုက်ချင်စိတ်မရှိသော မိခင်တွင် မိခင်နို့ကောင်းစွာ မထွက်ပါ။
နို့ထွက်များအောင် ဘာလုပ်မလဲ
ပထမဆုံး မိခင်ဟာ ကလေးကို နို့တိုက်ချင်တဲ့ဆန္ဒရှိရပါမယ်။ နို့တိုက်မိခင်ဟာ အာဟာရပြည့်ဝစွာ စားသုံးရမှာမို့ အစားရှောင်တာတွေကို မပြုဘဲ ကျန်းမာစေတဲ့ အစာမှန်သမျှကို စားသုံးရမှာပါ။ ဘယ်လိုပဲ လက်ရှိအခြေအနေတွေက ရှုပ်ထွေးလို့ စိတ်ဖိစီးစရာ ၊ စိတ်ဆင်းရဲစရာတွေ ရှိနေနေ သားသမီးနို့ဝဝ သောက်စို့ခွင့်ရဖို့ စိတ်မချမ်းသာစရာတွေကို မတွေးဘဲ စိတ်ကို အေးအေးထားပြီး နို့တိုက်ရမှာဖြစ်ပါတယ်။ နို့တိုက်ပြီးလို့ ဆာလာတိုင်း စားရမှာဖြစ်ပြီး ရတဲ့အချိန်လေးကို ကောင်းကောင်း အနားယူ အိပ်စက်ရမှာဖြစ်ပါတယ်။
နို့တစ်ကြိမ်တိုက်တိုင်းမှာ ဘယ်ဘက်ကော ညာဘက်ကော ပြောင်းပြီး မျှတိုက်ရမှာဖြစ်ပါတယ်။ နို့ကျန်တွေကိုတော့ ညှစ်ထုတ်ပစ်ရမှာဖြစ်ပါတယ်။ နို့ကျန်တွေ ညှစ်ထုတ်တာက နို့ကို ပိုထွက်စေပါတယ်။ နို့ကျန်တွေ မညှစ်ထုတ်မိရင် နို့တင်းလာပြီး နို့လာတတ်ပါတယ်။ နို့နာဖြစ်လာလို့ နို့မတိုက်နိုင်ရင် နို့ခမ်းလာနိုင်ပါတယ်။
ကလေးနို့ဝပြီး နို့မချွတ်ဘဲ အိပ်ပျော်သွားတဲ့အခါ မိမိရဲ့ သန့်စင်တဲ့လက်နဲ့ (အထူးသဖြင့် လက်သန်းလေးဖြင့်) ကလေးရဲ့ ပါးစပ်စွန်းထဲ ထိုးထည့်ပြီး နို့ချွတ်တဲ့အခါ အလွယ်တကူ ကျွတ်သွားတဲ့အတွက် ကလေးလဲ မနိုးသလို နို့သီးခေါင်းလည်း မနာပါ။
နို့ဆာလို့ အငမ်းမရစို့တဲ့ ကလေးဝမ်းထဲကို လေတွေ ဝင်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ နို့တိုက်ပြီးတဲ့အခါ ကလေးကို ခဏထောင်ပြီး လေထုတ်ပေးနိုင်ပါတယ်။ လေမထုတ်မိတဲ့အခါ ကလေးလေထပြီး ဗိုက်နာတတ်ပါတယ်။ မပြောတတ်သေးတဲ့ကလေး ငိုနေရင် နို့ဆာလို့ ၊ ဒါမှမဟုတ်ရင် ဗိုက်နာလို့ ၊ ဆီးဝမ်းသွားထားလို့ ၊ (ခြင် ၊ ပုရွတ်ဆိတ်

June 24, 2016

" ဒိန်ချဉ်စားသုံးခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် မိန်းမကိုယ်မှိုစွဲခြင်းရောဂါ လျော့ကျနိုင် "

 Rbb22mkcorfes5qhmtik
(၁) ကျန်းမာရေး ကောင်းမွန်စေတဲ့အချက်အလက်များ

ဒိန်ချဉ်မှာ ကယ်လ်စီယမ်ပါဝင်ခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေပါတယ်။ ဒိန်ချဉ်ဟာ
သွေးဖိအားများခြင်းကို လျော့ကျစေနိုင်တဲ့ အစားအစာဖြစ်တယ်လို့ သုတေသီတွေက
ဆိုထားပါတယ်။ ဒိန်ချဉ်မှာ အဆီဓါတ်ပါဝင်မှုလည်း နည်းပါးတာကြောင့် အဆီချချင်သူတွေ
စားသုံးပေးသင့်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင်ဒီကတော့ အသားအရေတွေကို စိုပြေစေပါတယ်။


(၂) မိန်းမကိုယ်မှိုစွဲရောဂါ လျော့ကျစေခြင်း

ဒိန်ချဉ်မှာ Lactobacillus acidophilusဟာ မိန်းမကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပြီး (Hydrogen
peroxide) ပါဝင်ခြင်းဟာ မိန်းမကိုယ်မှာရှိတဲ့ မှိုတွေကို သေစေပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့
ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေဟာ မိန်းမကိုယ်ထဲသို့ မှိုဝင်ခြင်းကို တားဆီးပေးပါတယ်။
မိန်းမကိုယ် ကျိန်းစပ်နာကျင်နေတဲ့အခါမှာလည်း ဒိန်ချဉ်သောက်သုံးမယ်ဆိုရင်
သက်သာစေနိုင်ပါတယ်။

ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့အပြင် အမျိုးသမီးများအနေနဲ့ မိန်းမကိုယ်မှာ မှိုရောဂါစွဲကပ်ခြင်းကိုပါ လျော့ကျစေနိုင်တဲ့

June 22, 2016

" နုပျိုစေသော အစားအစာ ( ၁၀ ) မျိုး "

 
နုပျိုစေသော အစားအစာ ( ၁၀ ) မျိုး
၁ ။ စတော်ဘယ်ရီ ( Strawberries )
အင်တီအောက်ဆီဒင့် ကြွယ်ဝသည် ။
အဆီဆိုး ( low density lipoproteins LDL ) ၊
ထွိုင်ဂလစ်စထရွိုက် ( triglycerides )
တို့ ကို ကျစေသည် ။
.
၂ ။ ထောပတ်သီး ( Avocado )
ကာဘိုဟိုက်ဒြိတ် နှင့် သကြားဓါတ် နည်းပါးသည် ။
ဖိုင်ဘာဓါတ် ကြွယ်ဝသည် ။
.
၃ ။ ဒိန်ချဉ် ( Yogurt )
ပရိုတိန်းကြွယ်ဝသည် ။
ဗီတာမင် ၊ သတ္တုဓါတ် ကြွယ်ဝသည် ။
ဆီချို ( type 2 diabetes ) မဖြစ်အောင် ကာကွယ်ပေးသည် ။
.
၎ ။ ပန်းသီး ( Apple )
နှလုံးသွေးကြောရောဂါကို ကာကွယ်ပေးသည် ။
.
၅ ။ အခွံမာသီးများ ( Nuts )
ဝိတ်ကျစေသည် ။
နှလုံး ၊ ဆီးချို မဖြစ်အောင် ကာကွယ်ပေးသည် ။
.
၆ ။ ဂေါ် ဖီ စိမ်း ( Broccoli )

June 18, 2016

" Medicines mostly used (5) အသုံးများ ဆေးဝါးများ (N to P) "

 
359. Naproxen သည် (NSAIDs) ဆေးဖြစ်သည်။
360. Natrilix = Indapamide = 2.5 mg OD သွေးတိုးကျဆေး၊
361. Nefzodone 300-600 mg (max 600 mg) စိတ်ကျရောဂါ၊
362. NeoMercazole (Carbimazole) = Anti-thyroid substance 10 mg to 60 mg daily လည်ပင်းကြီး ဟော်မုန်းများသည့် ရောဂါအတွက်ဆေး၊
363. Neomycin (Sulphate) အစာလမ်းကြောင်းအား ပိုးသန့်စေရန်၊ အသဲကြောင့် ဦးနှောက်ထိခိုက်ခြင်း၊ = 1 Gm QID x 1-2 days အနာဒဏ်ရာများ၊ ဆီးအိမ်ရောင်ခြင်း၊ အရေပြားအနာများ၊ အသဲအလုပ်မလုပ်၍ သတိမေ့ခြင်း၊ (ကိုလက်စတီရော) များခြင်း၊ 4-12 gm Daily Orally Neomycin + Erythromycin 1 Gm Orally ခွဲစိတ်လူနာများအား ရောဂါပိုးမဝင်စေရန် ကြိုတင်ပေးပါ၊ Neomycin sulfate + Bacitracin (အင်ဖက်ရှင်) အတွက်လိမ်းဆေး၊ = Ointment, 5 mg; Neomycin sulfate + 500 IU Bacitracin; (0.5% Topical) ဘေးထွက်-ဆိုးကျိုးများ၊ နား-ကျောက်ကပ်တို့အား ထိခိုက်စေသည်။
364. Netilmicin Sulphate (3-4 mg/kg IV/IM TDS) (2.142 mg/kg BD IM/IV) နောက်ကျသော ရင်သားကင်ဆာ၊ ဗက်တီးရီးယားဝင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ ဂနိုးရီးယား၊ နှလုံးအလုပ် မလုပ်တော့ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊ ခွဲစိတ်စဉ် (အင်ဖက်ရှင်) ဝင်ခြင်း၊ အဆစ်ထဲပိုးဝင်ခြင်း၊
365. Neurobion (Vitamin B1 100 mg + Vitamin B6 200 mg + Vitamin B12 200 micrograms)
366. Niclosamide အူနေသန်ကောင်များ၊ = chewable tablet, 500 mg;
367. Nimesulide = NSAID (စတီရွိုက်) မပါသော အနာ-အဖျား-အရောင်ကျဆေး၊ Adults: 100 mg BD Children: 5mg/kg of body weight in 2 or 3 divided doses
368. Nitrazepam (Valium) = အတက်ရောဂါများ၊ မေးခိုင်၊ ဝက်ရူးပြန်၊ အအိပ်ပျက်ခြင်း၊
369. Nitrofurantoin = (0.714 – 1.428 mg/kg QID) 100 mg BD-QID PC x 7 days ဆီးအောင့်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ ဘေးထွက်-ဆိုးကျိုး = ပျို့-အန်၊ မူးဝေ၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ ကိုယ်ပူ၊ အသားဝါ၊
370. Nizatidine = အူသိမ်အစပိုင်းရှိ လေနာဆေး၊ 150 mg OD or BD
371. Nocold (5 ml = Phenylpropanolamine HCl 12.5 mg, Chlorpheniramine maleate 2 mg) Adults: 1 to 2 teaspoonfuls 3-4 times/day; Children: 6-12 years – ½ to 1 teaspoonful 3-4 times/day အအေးမိ၊ နှာစေး၊
372. Norbactin, Norflox, Normax Eye drops မျက်စိနာ၊ မျက်ကြည်လွှာရောင်၊
373. Norethisterone (Acetate, Heptanoate) ရာသီဆင်းများခြင်း၊ ရာသီလာစဉ်နာခြင်း၊ 2.5 to 10 mg
374. Norfloxacin, Norflox, Noroxin ပဋိဇီဝဆေး၊ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ခြားပေးပါ၊ အက်စစ်

" အမျိုးသမီးတွေကို ရင်သားထွားစေပြီး အမျိုးသားတွေကို အားတိုးစေတဲ့ ပဲနံ့သာရွက် "



ကိုယ့်ရဲ့ရင်သားအရွယ်အစားဟာ ဘ၀တစ်လျှောက်မှာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ် - ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ပြောင်းလဲတာမျိုးဖြစ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေဆိုရင် ရာသီလာနေချိန်မျိုးမှာ အရွယ်အစားပြောင်းလဲတာမျိုး ရှိတတ်ပါတယ်။ ရင်သားအရွယ်အစားကို ဖွံ့ဖြိုးကြီးထွားအောင် လုပ်နိုင်မယ့်နည်းလမ်းတွေကို အင်တာနက်မှာလည်း ရှာဖွေတွေ့ရှိ

နိုင်ပါတယ်။ သဘာဝသစ်ဥသစ်ဖုတွေဖြစ်တဲ့ သင်္ဘောသီး၊ ပဲနံ့သာရွက် စတာတွေဟာလည်း ရင်သားကြီးထွားလာစေဖို့ အသုံးပြုနိုင်တဲ့ ဆေးဝါးတွေဖြစ်ပါတယ်။

ပဲနံ့သာရွက်မှာ Estrogen ဟော်မုန်းဖြစ်ပေါ်းစေတဲ့ Diosgenin ဓါတ်တွေပါဝင်တာကြောင့် ရင်သားကို ပိုမိုဖွံ့ထွားလာအောင် အကူအညီပေးနိုင်ပါတယ်။ ရင်သားဆဲလ်အသစ်တွေ ကြီးထွားလာစေဖို့ တိုးမြှင့်ဆောင်ရွက်ပေးတာကြောင့် ရင်သားရဲ့ အရွယ်အစားတင်ရင်းလှပ စေပါတယ်။

ပဲနံ့သာရွက်ကို အမျိုးသမီးတွေအတွက် အလှအပရေးရာမှာ အသုံးပြုနိုင်သလို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအားကောင်းစေခြင်း၊ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းဆိုင်ရာအတွက် အထောက်အကူဖြစ်စေတဲ့ Choline ဓါတ်တွေပါဝင်တာကြောင့် အမျိုးသားတွေအတွက်လည်း သင့်လျော်တဲ့

June 17, 2016

" ရာသီလာစဉ်အတွင်း မပြုလုပ်သင့်တဲ့ အရာများ "

 
အမျိုးသမီးတွေဟာ ရာသီလာစဉ်ကာလအတွင်း ခံစားချက်ပြင်းထန်တာ အမျိုးသားတွေတောင် သိတာမို့ ဒီလိုအချိန်မျိုးမှာ မလုပ်သင့်တဲ့အရာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားအားကစား

ဒီလိုအချိန်မှာ တစ်ကိုယ်လုံး ဖောသွပ်သွပ်ဖြစ်နေတတ်ပါတယ်။ ပြီးရင်တော့ ပြန်လည်တင်းရင်းကျစ်လစ်သွားမှာမို့ မဖြစ်မနေ လေ့ကျင့်ခန်းလုပ်ဖို့တော့ မလိုအပ်ပါဘူး။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရင်း ကိုယ့်အားကစားဝတ်စုံလေး ညစ်ပေလွှတ်ပစ်လိုက်ရဖို့က ပိုများနေတယ်လေ။

ချောကလက်တွေ အများကြီးစားခြင်း

လူတွေ ပြောသမျှစကားကို မယုံပါနဲ့။ ကိုယ့်ရဲ့ ရာသီစက်ဝန်းအတွင်းမှာ ချောကလက်တွေ အများကြီး စားရတယ်ဆိုတာမျိုးပေါ့။ ဒါတွေစားလိုက်လို့လည်း ကိုယ့်ခံစားချက်က ပိုပြီးကောင်းလာမှာ မဟုတ်ပါဘူး။

ရေခဲမုန့်

ရေခဲမုန့့််တွေ အများကြီး စားချင်တတ်ပေမယ့် နို့ထွက်အစားအစာတွေမှာ အဆီဓါတ်တွေ အများကြီးပါတာကြောင့်

June 15, 2016

" ကလေးငယ်တွေကို ဆပ်ပြာ အသုံးပြု ပြီး ရေမချိုးပေးသင့် "


မိခင်တွေဟာ ကလေးငယ်တွေ ရေချိုးပေးဖို့ ဘာသုံးပေးရင်ကောင်းမလဲဆိုတဲ့ ကိစ္စနဲ့ မကြာခဏ ခေါင်းကိုက်တတ်ကြပါတယ်။ ရေချိုးပေးခြင်းက ကလေးငယ်တွေအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခု ဖြစ်ပါတယ်။ အစပိုင်းမှာတော့ မိဘတွေ ကလေးကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်တတ်သေးတာကြောင့် အနည်းငယ်စိုးရိမ်မှု ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရေချိုးပေးဖန်များလာတဲ့အခါ မိဘတွေဟာ ကျွမ်းကျင်မှုရှိလာပြီး အပြန်အလှန်ကျေနပ်ပျော်ရွှင်မှု ပိုမိုရှိလာကြပါတယ်။

ကလေးရဲ့ ပထမ တစ်နှစ်အတွင်း မွှေးကြိုင်တဲ့ ရေချိုးဆပ်ပြာတွေ မသုံးသင့်ပါဘူး။ ရေနွေးဖြင့်သာ ချိုးပေးသင့်ပါတယ်။ ကလေးရဲ့ ဆံပင်ထူနေတယ်ဆိုရင် ခေါင်းလျှော်ရည်ပျော့ပျော့လေးနဲ့ လျှော်ပြီး ရေနဲ့သေချာပြန်ဆေးကြောပြီးနောက် ခြောက်အောင်သုတ်ပြီး ခေါင်းဖြီးပေးသင့်ပါတယ်။

နားရွက်နောက်နား နေရာ၊ လည်ပင်းအလွှာတွန့်တွေ၊ ချိုင်းကြားနဲ့ ပေါင်ခြံတွေကို အထူးသတိထားပါ။ လက်အိပ်စွပ်ပြီး ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ မိဘတွေ မိမိကလေးကို မွှေးကြိုင်အောင် ထားလိုကြတယ်။ ဒါပေမယ့် ဒါ

June 14, 2016

" Massager Silpper (ကျန်းမာရေး အနှိပ်ဖိနပ်) "


ဈေးနှုန်း ~ ၁၅၀၀၀ ကျပ်
တစ်နေကုန်မတ်တပ်ရပ် အလုပ်လုပ်နေရသောရုံးဝန်ထမ်း
များ၊Companyဝန်ထမ်းများကျန်းမာရေးအတွက်အ
ကောင်းဆုံးဖြစ်စေမဲ့ ကျန်းမာရေးအနှိပ်ဖိနပ်လေးပါ။
ခြေဖဝါးမှာရှိတဲ့ သွေးကြောများကို ထိထိရောက်ရောက်နှိပ်
ပေးဖို့အတွက် အကောင်းဆုံးပါ။ကျန်းမာရေးအနှိပ်ဖိနပ်ကို
စီးခြင်းဖြင့် ခြေဖဝါးမှ အပူတွေထွက်လာတော့ တစ်ကိုယ်
လုံးပေါ့ပါးလန်းဆန်းစေပါတယ်။
အိမ်နေရင်းတစ်ရက်ကို ၁၅/၂၀ မိနစ်လောက်စီးပေးခြင်း
ဖြင့် သွေးလည်ပတ်မှု့ကောင်းခြင်း၊ခေါင်းအုံ/ခေါင်းခဲခြင်း
၊ခြေထောက်ကျင်ခြင်း၊ထုံခြင်း တို့အပြင် ကျောက်ကပ်နှင့်ကိုယ်
တွင်းနာကျင်မှု့များကိုပုံမှန်သုံးပေးပါက ၃လအတွင်း
သက်သာစေပါတယ်။ကျန်းမာရေးဖိနပ်တွင်ကပ်ခွာပါ
သောကြောင့် ခြေဖမိုးကြီးသောသူ များ၊ခြေဖမိုးသေးတဲ့
သူများ အားလုံးအဆင်ပြေပြေနဲ့အသုံးပြုနိုင်ပါတယ်။
ပစ္စည်းမှာယူရာတွင် Comment တွင် ဖုန်းနံပါတ်ပေး၍မှာ
Subscribe

လာလည်သူများ

free counters