♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 19, 2016

" ချစ်တင်းနှောခြင်းမှ သင့်အား ဆွဲဆောင်မှုအပြည့်စေရှိပြီး လှပအောင်ဖန်တီးပေးတဲ့အရာ ၅ မျိုး " (18 +)

 
 
ကာမဆက်ဆံခြင်းဟာ သင့်ရဲ့အသားအရေ ဝင်းလက်လှပစေတယ်ဆိုတာကို သင်သိပါသလား။ ကာမဆက်ဆံခြင်းမှ ရရှိတဲ့အကျိုးကျေးဇူးများကို လေ့လာကြပါစို့။  ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်တဲ့အစားအစာတွေကို မျှမျှတတစားသောက်ခြင်းဟာ အလှတရား ကို တိုးပွားစေသလို ကာမဆက်ဆံခြင်းဟာလည်း အသားအရောင် ဝင်းလက်လှပစေပါတယ်။ ကာမဆက်ဆံခြင်းဟာ သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရေတွက်နိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်စေပြီး အလှတရားကို ဆထက်ထမ်းပိုး တိုးပွားစေတယ်လို့ သိပ္ပံပညာရှင်တွေ က ဒီလို သက်သေပြသလိုက်ပြီဖြစ်တယ်။

သင့်အား ဝင်းလက်လှပစေခြင်း
မကြာခဏကာမဆက်ဆံခြင်းဟာ အမျိုးသမီးဟော်မုန်းဓါတ် (estrogen) ထုတ်လုပ်ပေးတဲ့အတွက် ဆံပင်နှင့် အရေးပြားအသားအရေကို ဝင်းလက်လှပစေပါတယ်။ အဲလိုကာမဆက်ဆံခြင်းမှ သင့်အသားအရေကို အိစက်ညက်ညောစေတဲ့အပြင် တင်းတင်းရင်းရင်းဖြစ်စေတဲ့ ဟော်မုန်းဓါတ် (collagen) ကို ပိုမိုထုတ်လုပ်ပေးတယ်လို့ ဆေးဝါးသုံးသပ်ချက်များဂျာနယ်မှာ ဖော်ပြထားပါတယ်။ သင့်အသားအရေ ဝင်းလက်လှပမှုရှိ/မရှိကို အမှုမဲ့အမှတ်မဲ့ဖြစ်နေရင် ကာမ မဆက်ဆံခင်အချိန်နှင့် ဆက်ဆံပြီးအချိန်ကို မှန်ရှေ့မှာ ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ်ကြည့်ပါ။

လေ့ကျင့်ခန်းလုပ်သလို ဖြစ်စေခြင်း
ကာမဆက်ဆံခြင်းဟာ သွေးပူကိုယ်လက်လေ့ကျင့်ခန်းတစ်ခုလိုဖြစ်စေပြီး သင့်အား ကျန်းမာရေးနှင့်ပြည့်စုံစေကာ ခန္ဓာကိုယ်အချိုး ကျအောင် ပုံဖော်ပေးပါတယ်။ ကာမဆက်ဆံခြင်းမှ အမျိုးသမီးတစ်ဦးကို ၃.၁ ကယ်လိုရီ လောင်ကျွမ်းပြီး အမျိုးသားကိုမူ ၄.၂ ကယ်လိုရီ လောင်ကျွမ်းစေတယ်လို့ William Masters နှင့် Virginia Johnson တို့ ပြုလုပ်တဲ့ သုတေသနတစ်ခုက ဆိုပါတယ်။ လှပသပ်ရပ်တဲ့ ခန္ဓာကိုယ် ပိုင်ထားရပါက ပိုမိုယုံကြည်စိတ်ဖြစ်စေပါတယ်။

စိတ်ကျရောဂါကို ချေမှူန်းပေးခြင်း
ကိုယ်လက်နှီးနှောပြီး ချစ်တမ်းနှောနေချိန်ဟာ စိတ်ကျရောဂါတိုက်ဖျက်တဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်တယ်။ အဲဒီစိတ်ခံစားချက်မျိုးကို ဖြစ်ပေါ်လာတဲ့အခါ ပျော်ရွှင်ကြည်နူးစိတ်ကိုဖြစ်စေတဲ့ ဆီရိုတိုနင်(serotonin )ဓါတ်ကို ထုတ်လုပ်ပေးတယ်လို့ Mayo Clinic Proceedings ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ တကယ်ပါ သင်ပျော်ရွှင်ကြည်နူးနေတဲ့အခါ အသားအရေးတွေ ဝင်းလက်စိုပြေပြီး ပိုမိုအလှတိုးစေပါတယ်။

သောကကင်းဝေးစေခြင်း
စိုးရိမ်သောကစိတ်ဟာ မျက်နှာပြင်ပေါ်မှာ ထင်ဟပ်စေပြီး သင့်အားထိုင်းမှိုင်းမောပန်းစေပါတယ်။ ကာမဆက်ဆံမှု အထွတ်အထိပ်ကို ရောက်နေတဲ့အခါ အောက်ဆီတိုစင်(oxytocin) ဓါတ်အမြောက်အများ ထုတ်လုပ်ပေးတယ်လို့
အမေရိကန်ပြည်သူကျန်းမာရေးဂျာနယ် မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အောက်ဆီတိုစင်(oxytocin) ဓါတ်ဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီဇော (cortisol) ဟော်မုန်းဓါတ်ကို လျှော့ချပေးပါတယ်။

ကျန်းမာဝဖြိုး အလှတိုးစေတယ်
ကလေးသားဖွားမီးယပ်ဆရာဝန်ရဲ့ ပြန်လည်သုံးသပ်ချက်များအရ သင်ကာမဆက်ဆံတဲ့အခါ အသားအရေလှပစေပြီး ဆွဲဆောင်မှုရှိစေ တဲ့ ဖီရိုမုန်း(pheromones) ဓါတ်ကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင်း ကာမဆက်ဆံခြင်းဟာ အသားအရေဝင်းလက်လှပလာအောင် ဖန်တီးပေးပါတယ်။ ဒါကြောင်း ကိုယ်ရဲ့ချစ်သူနဲ့ အခွင့်အခါကြုံလာရင် ပျော်ပျော်ကြီးချစ်တင်းနှောပါ။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

No comments:

Subscribe

လာလည်သူများ

free counters