အဆိုပါရေကန်နဲ့ထိတွေ့ခဲ့တဲ့ လူပေါင်း တစ်ရာကျော်မှာလည်း အဆိပ်သင့်လက္ခဏာတွေ တွေ့နေရပြီး နေမကောင်းဖြစ်ခြင်း၊ အရေပြားယားယံခြင်း၊ အော့အန်ခြင်း စတာတွေ ကြုံတွေ့နေရပါတယ်။ ရေထုထဲမှာ ဆိုင်ယာနိုဘက်တရီးယား ပါဝင်မှုနှုန်း မြင့်တက်လာခြင်းက ရေကန်ကို အန္တရာယ်ရှိတဲ့ အဆိပ်သင့်နေရာအဖြစ် ပြောင်းလဲသွားစေတာပါ။ အဲဒီကန်အတွင်းက ရေတွေကို လုံးဝမသုံးစွဲဖို့ အနီးအနားကလူတွေကိုလည်း သတိပေးထားရပါတယ်။
အဆိုပါဘက်တီရီးယားတွေ သေဆုံးသွားရင် ကျန်ရှိခဲ့တဲ့ ဆဲလ်တွေက ရေပြင်ကို အဆိပ်ဖြစ်စေတာလို့ ဆိုပါတယ်။ နမူနာ
စစ်ဆေးချက်တစ်ခုမှာဆိုရင် ရေထုထဲမှာ ဆိုင်ယာနိုဘက်တီးရီးယား ဆဲလ်ပေါင်း ၇ သိန်းကျော် တွေ့ရတယ်လို့ ဆိုပါတယ်။
Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
No comments:
Post a Comment