>
စနေချစ်သူ – သုမောင်
စနေနေ့
မန္တလေးဆောင်
အခန်း – M ၁၀၄
“နာမည်ကလေး သိပါရစေ”
“………………….”
“အဖြူသက်သက် ထင်ပါရဲ့”
“အဖြူရောင်ဆိုတာ ဘာရောင်တင်တင် အရာထင်တယ်၊ ခေါ်ချင်သလို ခေါ်ရမလား”
“မနှောင့်ယှက်ပါနဲ့….”
“နာမည်မေးတာ နှောင့်ယှက်တာတဲ့လား”
“ဆရာနဲ့ တိုင်လိုက်မယ်….”
“ပဲ့ပါသွားတာကျနေတာပဲ…”