♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 21, 2014

" ရည်းစားဟောင်း ကိုယ့်ဆီပြန်လာဖို့ ကြိုးစားတဲ့အခါ ဒီအချက်လေးတွေ သိထားရမှာ "

စုံတွဲတစ်ချို့ရဲ့ ဆက်ဆံရေးက ထူးခြားပါတယ်။ ပြတ်သွားပြီဆိုပြီး လေးငါးလကြာမှ  ပြန်တွဲကြတာမျိုး၊ တစ်နှစ်လောက်နေမှ ပြန်တွဲကြတာမျိုးတွေ ရှိပါတယ်။ တစ်ချို့ကျတော့လည်း ပြတ်သွားပြီးမှ ကိုယ့်ချစ်သူကို ကိုယ့်ဆီပြန်လာဖို့ ကြိုးစားကြပေမယ့် အဆင်လုံးဝမပြေတော့တာမျိုးပေါ့။ ဒီလို ကိုယ့်ချစ်သူရည်းစားကို ပြတ်သွားပြီးမှ ပြန်အဆင်ပြေဖို့ ကြိုးစားတဲ့အခါ ကောင်းတဲ့ဘက်ကတွေးရင် တကယ်ချစ်လို့ ပြန်ကြိုးစားတာ ဖြစ်သင့်ပါတယ်။ ကိုယ်တကယ်ချစ်တဲ့သူမို့ အချိန်ပေးရတာ၊ ကြိုးစားရတာ ဒါတန်တယ်လို့ ပြောရပါလိမ့်မယ်။
မကောင်းတဲ့အချက်ကတော့ ကိုယ့်ချစ်သူကို ပြန်ရဖို့ ကြိုးစားကြတဲ့သူတွေ အထူးသဖြင့် အမျိုးသမီးတွေဟာ နည်းလမ်းအမှားတွေနဲ့ ကြိုးစားလေ့ရှိတယ်ဆိုတာ ပါပဲ။ ဒါ့အပြင် ကိုယ့်ချစ်သူ ကောင်လေး၊ ကောင်မလေးကို ပြန်ရတဲ့အခါ အရင်လို ပြန်လည်ပြုမူပြောဆိုပြီး ညှိုနှိုင်းမှုမရှိပြန်ရင်လည်း ကြိုးစားလိုက်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။
ဒီတော့ ကိုယ့်ရည်းစားဟောင်း ကိုယ့်ဆီပြန်လာဖို့အတွက် ကြိုးစားမယ်ဆိုရင် ဒီလိုအချက်မျိုးတွေတော့ ရှောင်သင့်ပါတယ်။
၁။သူ့ဆီဖုန်းမကြာခဏမဆက်ပါနဲ့။ အီးမေးလ်တွေဆက်တိုက်ပို့တာ၊ စာတိုတွေပို့တာ၊ အတင်းလိုက်ဆက်သွယ်တာ ပြီးတော့ ဆိုရှယ်နက်ဝက်ခ်မှာ ပြန်လာဖို့အကြောင်း နေ့တိုင်းရေးတင်တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ်အတင်းလိုက်ရင် သူပြေးတတ်တယ်ဆိုတာ သိထားပါ။ အလွန်အကျွံလို့ တစ်ဖက်က ခံစားထင်မြင်သွားရင် သူ့ဘက်က ပိုတိတ်ဆိတ်နေသွားပါလိမ့်မယ်။
၂။သူ့ကိုပြန်ရဖို့ ဘာတွေဘယ်လိုဖြစ်ဖြစ် လုပ်မှာပဲဆိုတာမျိုး သူ့ကို မပြောမိပါစေနဲ့။
၃။သူ့ရဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေကို သူ့အကြောင်းလိုက်မေးတာမျိုးတွေ မလုပ်ပါနဲ့။
 
လူတိုင်းဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့၊ ဆွဲဆောင်မှုရှိတဲ့ ဂိမ်းမျိုးကိုသာ ကစားချင်ကြတာပါ။ လွယ်ကူလွန်းတဲ့အရာမျိုးကိုတော့ မစမ်းသပ်ချင်ကြပါဘူး။ ဒါ့ကြောင့် သင့်ဘက်က အားလုံးအရှုံးပေးပြီး ပြန်လာပါလို့ လုပ်နေမယ့်အစား ကိုယ်က ပြန်လက်ခံမယ်ဆိုတာမျိုးလောက်သာ သူသိပါစေ။ ဒီတော့ သင့်အနေနဲ့ ပြုလုပ်ရမှာက
 
၁။စိတ်ရှည်ပါ။ အချိန်ပေးပါ။
၂။လုပ်စရာရှိတာတွေ ပြန်လုပ်ရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းနေထိုင်ပြပါ။ အောက်ကျနောက်ကျပုံစံမျိုး လုံးဝမပြသလိုက်ပါနဲ့။
၃။တကယ်လို့ နှစ်ဦးသားဆုံတွေ့ဖြစ်ပြီဆိုရင်လည်း သင်ဟာ အားလုံးအဆင်ပြေပြေ၊ အေးအေးချမ်းချမ်းပုံစံလေးနဲ့ သူ့ကို ဆက်ဆံပါ။ သူ့ရှေ့မှာ သင်ဟာအထာကျနေပါစေ။
 
Ref:yourtango.com
Credit : trend.com.mm

No comments:

Subscribe

လာလည်သူများ

free counters